La Liga Premier League

ညာနောက်ခံနေရာမှာ ကစားနေတဲ့ တိုမီယာစုအပေါ် သဘောထားကို ပြောပြလိုက်တဲ့ ဘယ်လာရင်

ဟတ်တာ ဘယ်လာရင်ဟာ အာဆင်နယ်ညာနောက်ခံနေရာမှာ ကစားနေတဲ့ တိုမီယာစုဟာ မြောက်လန်ဒန်ကလပ်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာအတွင်း ဝင်ရောက်နိုင်အောင် ကူညီပေးနေတာကြောင့် ဝမ်းမြောက်ကျေနပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမားဟာ မြောက်လန်ဒန်မှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ မိခင်ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ် ဘက်တစ်ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ယခုရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ရင် ၎င်းရဲ့ အနာဂတ်ဟာ မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း သိပ်စိတ်ပူနေခြင်း မရှိတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ရဲ့ Spotify podcast ဖြစ်တဲ့ ‘Wrighty’s House’ မှာ စကားပြောဆိုခဲ့ရာမှာ ဘယ်လာရင်က “အာဆင်နယ်က အရမ်းအံ့အားသင့်စရာတွေကို လုပ်ဆောင်နေပြီး အဲဒါက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်။ ကျွန်တော့်နေရာမှာ သူတို့ ခေါ်ထားခဲ့တဲ့ကစားသမားဖြစ်တဲ့ တိုမီယာစုက အရမ်းကောင်းကောင်း လုပ်နေပါတယ်။ ပြင်းထန်တဲ့ခံစားချက်မျိုး မရှိပါဘူး။ အဲဒါကို မြင်တွေ့ရတာ လှပပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပွဲစဉ်တိုင်းကို ကြည့်ရှုနေဆဲဖြစ်ပြီး အသင်းဖော်တွေ ကောင်းကောင်းလုပ်နိုင်တာကို မြင်ချင်လို့ပါ”

“ဘောလုံးဆိုတာ အဲဒီလိုပါပဲ။ ခင်ဗျားရဲ့ အချိန်ကျတဲ့အချိန်နဲ့ ခင်ဗျားရဲ့ အချိန်မဟုတ်တော့တဲ့အချိန်ကို မြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် အသင်းကို အမြဲတမ်းပြောခဲ့တာက ဒီနေရာကို စွန့်ခွာခဲ့မယ်ဆိုရင် ခင်ဗျားတို့ အကောင်းဆုံးမဖြစ်နိုင်တဲ့အခြေအနေမျိုး ဒါမှမဟုတ် ကျွန်တော့်နေရာမှာ ဘယ်သူမှ အစားထိုးစရာမရှိတဲ့အချိန်မျိုးမှာ စွန့်ခွာသွားမှာမဟုတ်ဘူးဆိုတာပါ။ ကျွန်တော် အားလုံးကို အကောင်းဆုံးဖြစ်စေချင်ပါတယ်”

“ကျွန်တော် အာဆင်နယ်မှာ ၁၀ နှစ်ကျော်ရှိနေခဲ့တာဖြစ်ပြီး ဒီနေရာကို ချစ်မြတ်နိုးပါတယ်။ အားလုံးအတွက် အဆင်ပြေပြီး အသင်းမှာ ဒီလိုအကြာကြီးနေခဲ့တာဟာ မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော့်ကို အမှန်အတိုင်း ပြသနေတာပါ။ ကျွန်တော့်ကောင်တွေ ကောင်းကောင်းလုပ်နေတာကို မြင်ရတာ ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်”

ဘယ်လာရင်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ဘာစီလိုနာလူငယ်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် တစ်ခုအထိ အသင်းမှာ ရှိနေခဲ့တာဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးမှုတို့ကြောင့် ပွဲထွက်ခွင့်မရတဲ့အတွက် နည်းပြ အာတီတာကို အငှားနဲ့ထွက်ကစားခွင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “အာတီတာက အရမ်းနားလည်မှုရှိတဲ့သူဖြစ်နေတာ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ သူက အဲဒီလို တောင်းဆိုတာဟာ ဘောလုံးကစားရတာ ဒါမှမဟုတ် အသင်းနဲ့ ဘာမှ မဆိုင်ဘူးဆိုတာကို သိနေခဲ့ပါတယ်။ လူတွေက စက်ဝန်းတစ်ခုကို ဖြတ်သန်းသွားနေရတာဖြစ်ပြီး ကျွန်တော် အသင်းမှာ မကစားချင်တော့လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ထဲက ဘယ်သူ့ကိုမှ အကူအညီမဖြစ်စေတော့တာကြောင့်ပါ”

“အဲဒီအချိန်မှာ ဒီနေရာက ကျွန်တော် ရှိနေဖို့ လိုအပ်နေတဲ့ နေရာမဟုတ်ဘူးဆိုတာ သိသွားတဲ့အခါမှာ ဘာမှ မလုပ်ဖြစ်ခဲ့ဘဲ အာတီတာက အဲဒါကို တကယ်ကို နားလည်မှုပေးခဲ့ပါတယ်။ သူက ကျွန်တော် အာဆင်နယ်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့အရာအားလုံးကို သိနေပါတယ်။ ကျွန်တော့်ရဲ့ ဒဏ်ရာပြဿနာတွေ၊ အဖြစ်အပျက်တိုင်းကို သူ သိပါတယ်။ သူနဲ့ ပွင့်ပွင့်လင်းလင်းပြောလို့ရတာ ကျွန်တော် အရမ်းကံကောင်းခဲ့ပြီး သူ အပြည့်အဝနားလည်ထားမှပဲ ကျွန်တော်တို့ စကားပြောလို့ ရမှာပါ။ သူက ငါမင်းကို ကူညီချင်တယ်။ နည်းပြတစ်ယောက်အဖြစ်နဲ့ပဲမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ပါ ကူညီချင်တာလို့ ပြောခဲ့ပါတယ်”လို့ ဘယ်လာရင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဟတ္တာ ဘယ္လာရင္ဟာ အာဆင္နယ္ညာေနာက္ခံေနရာမွာ ကစားေနတဲ့ တိုမီယာစုဟာ ေျမာက္လန္ဒန္ကလပ္အသင္းကို ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာအတြင္း ဝင္ေရာက္နိုင္ေအာင္ ကူညီေပးေနတာေၾကာင့္ ဝမ္းေျမာက္ေက်နပ္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ေျမာက္လန္ဒန္မွာ ဆယ္စုႏွစ္တစ္ခုၾကာ ရွိေနခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ မိခင္ကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္ ဘက္တစ္ကို တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။ ဘယ္လာရင္ဟာ ယခုရာသီကုန္မွာ အာဆင္နယ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ရင္ ၎ရဲ့ အနာဂတ္ဟာ မေရရာ မေသခ်ာမႈေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ေပမယ့္လည္း သိပ္စိတ္ပူေနျခင္း မရွိတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ အီယန္ ရိုက္ရဲ့ Spotify podcast ျဖစ္တဲ့ ‘Wrighty’s House’ မွာ စကားေျပာဆိုခဲ့ရာမွာ ဘယ္လာရင္က “အာဆင္နယ္က အရမ္းအံ့အားသင့္စရာေတြကို လုပ္ေဆာင္ေနၿပီး အဲဒါက ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေစပါတယ္။ ကၽြန္ေတာ့္ေနရာမွာ သူတို႔ ေခၚထားခဲ့တဲ့ကစားသမားျဖစ္တဲ့ တိုမီယာစုက အရမ္းေကာင္းေကာင္း လုပ္ေနပါတယ္။ ျပင္းထန္တဲ့ခံစားခ်က္မ်ိဳး မရွိပါဘူး။ အဲဒါကို ျမင္ေတြ႕ရတာ လွပပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ပြဲစဥ္တိုင္းကို ၾကည့္ရႈေနဆဲျဖစ္ၿပီး အသင္းေဖာ္ေတြ ေကာင္းေကာင္းလုပ္နိုင္တာကို ျမင္ခ်င္လို႔ပါ”

“ေဘာလုံးဆိုတာ အဲဒီလိုပါပဲ။ ခင္ဗ်ားရဲ့ အခ်ိန္က်တဲ့အခ်ိန္နဲ႔ ခင္ဗ်ားရဲ့ အခ်ိန္မဟုတ္ေတာ့တဲ့အခ်ိန္ကို ျမင္ဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္ အသင္းကို အျမဲတမ္းေျပာခဲ့တာက ဒီေနရာကို စြန႔္ခြာခဲ့မယ္ဆိုရင္ ခင္ဗ်ားတို႔ အေကာင္းဆုံးမျဖစ္နိုင္တဲ့အေျခအေနမ်ိဳး ဒါမွမဟုတ္ ကၽြန္ေတာ့္ေနရာမွာ ဘယ္သူမွ အစားထိုးစရာမရွိတဲ့အခ်ိန္မ်ိဳးမွာ စြန႔္ခြာသြားမွာမဟုတ္ဘူးဆိုတာပါ။ ကၽြန္ေတာ္ အားလုံးကို အေကာင္းဆုံးျဖစ္ေစခ်င္ပါတယ္”

“ကၽြန္ေတာ္ အာဆင္နယ္မွာ ၁၀ ႏွစ္ေက်ာ္ရွိေနခဲ့တာျဖစ္ၿပီး ဒီေနရာကို ခ်စ္ျမတ္နိုးပါတယ္။ အားလုံးအတြက္ အဆင္ေျပၿပီး အသင္းမွာ ဒီလိုအၾကာႀကီးေနခဲ့တာဟာ မွန္ကန္တဲ့အရာကို လုပ္ေဆာင္ခဲ့တယ္ဆိုတာ ကၽြန္ေတာ့္ကို အမွန္အတိုင္း ျပသေနတာပါ။ ကၽြန္ေတာ့္ေကာင္ေတြ ေကာင္းေကာင္းလုပ္ေနတာကို ျမင္ရတာ ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေစပါတယ္”

ဘယ္လာရင္ဟာ အသက္ ၁၅ ႏွစ္အရြယ္မွာ ဘာစီလိုနာလူငယ္အသင္းကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ဆယ္စုႏွစ္ တစ္ခုအထိ အသင္းမွာ ရွိေနခဲ့တာျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးမႈတို႔ေၾကာင့္ ပြဲထြက္ခြင့္မရတဲ့အတြက္ နည္းၿပ အာတီတာကို အငွားနဲ႔ထြက္ကစားခြင့္ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ “အာတီတာက အရမ္းနားလည္မႈရွိတဲ့သူျဖစ္ေနတာ ကၽြန္ေတာ္ ကံေကာင္းခဲ့ပါတယ္။ သူက အဲဒီလို ေတာင္းဆိုတာဟာ ေဘာလုံးကစားရတာ ဒါမွမဟုတ္ အသင္းနဲ႔ ဘာမွ မဆိုင္ဘူးဆိုတာကို သိေနခဲ့ပါတယ္။ လူေတြက စက္ဝန္းတစ္ခုကို ျဖတ္သန္းသြားေနရတာျဖစ္ၿပီး ကၽြန္ေတာ္ အသင္းမွာ မကစားခ်င္ေတာ့လို႔ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ထဲက ဘယ္သူ႔ကိုမွ အကူအညီမျဖစ္ေစေတာ့တာေၾကာင့္ပါ”

“အဲဒီအခ်ိန္မွာ ဒီေနရာက ကၽြန္ေတာ္ ရွိေနဖို႔ လိုအပ္ေနတဲ့ ေနရာမဟုတ္ဘူးဆိုတာ သိသြားတဲ့အခါမွာ ဘာမွ မလုပ္ျဖစ္ခဲ့ဘဲ အာတီတာက အဲဒါကို တကယ္ကို နားလည္မႈေပးခဲ့ပါတယ္။ သူက ကၽြန္ေတာ္ အာဆင္နယ္မွာ ကၽြန္ေတာ္ ျဖတ္သန္းခဲ့ရတဲ့အရာအားလုံးကို သိေနပါတယ္။ ကၽြန္ေတာ့္ရဲ့ ဒဏ္ရာျပႆနာေတြ၊ အျဖစ္အပ်က္တိုင္းကို သူ သိပါတယ္။ သူနဲ႔ ပြင့္ပြင့္လင္းလင္းေျပာလို႔ရတာ ကၽြန္ေတာ္ အရမ္းကံေကာင္းခဲ့ၿပီး သူ အျပည့္အဝနားလည္ထားမွပဲ ကၽြန္ေတာ္တို႔ စကားေျပာလို႔ ရမွာပါ။ သူက ငါမင္းကို ကူညီခ်င္တယ္။ နည္းျပတစ္ေယာက္အျဖစ္နဲ႔ပဲမဟုတ္ဘဲ သူငယ္ခ်င္းတစ္ေယာက္အျဖစ္နဲ႔ပါ ကူညီခ်င္တာလို႔ ေျပာခဲ့ပါတယ္”လို႔ ဘယ္လာရင္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.