Premier League

ဘရိုက်တန်နဲ့ပွဲမှာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ၅ ဦး

ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာချင်ခဲ့တဲ့ ချဲလ်ဆီးဟာ အင်္ဂါနေ့ညမှာ ပွဲစဉ် ၂၃ အဖြစ် ဘရိုက်တန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကံဆိုးစွာနဲ့ ချဲလ်ဆီးဟာ နောက်ထပ်တစ်ကြိမ် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ စိတ်ပျက်ဖွယ် တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့သာ အိမ်ပြန်ခဲ့ရပြီး ၃ ပတ်အတွင်း တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ဟာကင်း ဇီယက်ရှ်က သွင်းယူပေးခဲ့ပေမယ့် အောင်ပွဲမခံခဲ့တာကို မြင်တွေ့ခဲ့ရပြီး မိနစ် ၆၀ မှာ အဒမ် ဝက်ဘ်စတာက ခေါင်းတိုက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ဘရိုက်တန်နဲ့ပွဲစဉ်က သရေရလဒ်ဟာ ဒုတိယနေရာက ၂ ပွဲလျော့နေတဲ့ လီဗာပူးလ်နဲ့ ၁ မှတ်အကွာ၊ အမှတ်ပေးဇယားထိပ်ဆုံးက ၁ ပွဲလျော့နေတဲ့ မန်စီးတီးနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၉ နေရာက ဘရိုက်တန်နဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ် ခြေစွမ်းကျဆင်းနေခဲ့တဲ့ ကစားသမား ၅ ဦးအထိ ရှိနေခဲ့ပြီး အဲဒီကစားသမားတွေက ဘယ်သူတွေများလဲ…

၅။ လူကာကူး

လူကာကူးဟာ အမှတ်ပေးဇယားအလယ်က အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် နောက်ထပ်တစ်ကြိမ် အဆုံးအဖြတ်မပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းနောက်ခံလူတွေဟာ လူကာကူးကို အပိုင်ကပ်ထားပြီး ပင်နယ်တီဧရိယာထဲမှာ ဘောလုံးများများစားစား ကိုင်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးးဟာ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ၂ ကြိမ်ထဲက တစ်ကြိမ်က ပိတ်ဆို့ခံခဲ့ရပြီး နောက်တစ်ကြိမ်ကတော့ ကာကွယ်ခြင်းခံခဲ့ရပါတယ်။

၄။ ဂျော်ဂျင်ညို

ချဲလ်ဆီးကွင်းလယ်ဗိုလ်ချုပ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ထူးထူးဆန်းဆန်း ခြေစွမ်းကျဆင်းနေခဲ့ပြီး ၎င်းရဲ့ ပေးပို့မှုတွေဟာ တိကျပေမယ့်လည်း ဘယ်လို အရှိန်အဟုန်မျိုးကိုမှ ထွက်ပေါ်လာစေခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အီတလီကွင်းလယ်ကြယ်ပွင့်ရဲ့ ရွေ့လျားမှုကလည်း ၎င်းဆီကနေ ပရိသတ်တွေ မျှော်မှန်းထားတဲ့အနေအထားနဲ့ တော်တော် အလှမ်းကွာနေခဲ့တာဖြစ်ပြီး ဂိုးပေါက် တစ်ကြိမ်သာ ကန်သွင်းခွင့်ရခဲ့ရာမှာ ဂိုးပေါက်မတည့်ခဲ့သလို အဓိကကျတဲ့ပေးပို့မှုလည်း တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ဂျင်ညိုဟာ တစ်ဦးချင်း ဘောလုံးရင်ဆိုင်လုရာမှာ ၆ ကြိမ်အထိ ရှုံးနိမ့်ခဲ့ပြီး ၄ ကြိမ်အထိ လိမ်ခေါက်ကျော်ဖြတ်ခြင်းလည်း ခံခဲ့ရပါတယ်။

၃။ မားကို့စ် အလွန်ဆို

ချေးဝဲလ် ဒဏ်ရာရနေတာကြောင့် ဘယ်တောင်ပံတကြောအတွက် မားကို့စ် အလွန်ဆိုသာ အားထားစရာရှိတဲ့ ချဲလ်ဆီးအတွက် စပိန်နောက်ခံကစားသမားဟာ အထင်ကြီးဖွယ်ဘောလုံးကစားပုံကို လုပ်ပြနိုင်ဆဲဖြစ်ပေမယ့် အင်္ဂါနေ့ညက ဘရိုက်တန်နဲ့ပွဲမှာတော့ လုပ်သမျှ ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအကယ်ဒမီကစားသမားဟောင်း လန့်ပ်တေးနဲ့ ယှဉ်ပြိုင်ရာမှာ အလွန်ဆိုဟာ တစ်ပွဲလုံး နောက်မှာ ပြတ်ကျန်နေခဲ့ရတာဖြစ်ပြီး မန်စီးတီးနဲ့ပွဲက စတားလင်းနဲ့တုန်းကအတိုင်းပဲ လိုက်မမီလို့ နောက်က လိုက်ဆွဲရင်း အဝါကတ် ထပ်ထိခဲ့ရပြန်ပါတယ်။ အလွန်ဆိုရဲ့ တိုက်စစ်ကစားပုံလည်း တော်တော်လေး မကောင်းမွန်ခဲ့ဘဲ ဖြတ်တင်ဘော ၇ ကြိမ်စလုံးကို ဘရိုက်တန်ခံစစ်က သာသာယာယာ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက် နောက်ခံကစားသမားဟာ ဘောလုံးပိုင်ဆိုင်မှု ၂၅ ကြိမ်အထိ ဆုံးရှုံးခဲ့ပြီး တစ်ဦးချင်းဘောလုံးယှဉ်လုရာမှာ ၃ ကြိမ်ရှုံးနိမ့်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုလည်း တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။

၂။ မေဆန် မောင့်

မန်စီးတီးနဲ့ပွဲမှာ အရန်ခုံမှာ ဥထားခဲ့တဲ့ မေဆန် မောင့်ကို တူဟယ်က အင်္ဂါနေ့ညပွဲမှာ ပွဲထွက်ကစားစေဖို့ ဆုံးဖြတ်ခဲ့ပြီး အထင်ကြီးအောင် လုပ်ပြနိုင်ဖို့ နောက်ထပ် အခွင့်အရေးပေးခဲ့ပါတယ်။ မေဆန် မောင့်ဟာ ပွဲအစကို ကောင်းကောင်း စတင်ခဲ့သလို ဘရိုက်တန်ခံစစ်ကစားသမားတွေကိုလည်း ကောင်းကောင်း ဖိအားပေးနိုင်ခဲ့ပြီး ကွင်းလယ်မှာ အသင်းကို ကူညီဖို့ လုပ်ရမယ့်အရာအားလုံးကို လုပ်နိုင်ခဲ့ပါတယ်။ မေဆန် မောင့်ရဲ့ ဘောလုံးပေးပို့မှုဟာ ပွဲအစပိုင်း မိနစ်တွေမှာ ထက်မြက်နေခဲ့ပြီး ၎င်းရဲ့ ကစားပုံဟာ အထင်ကြီးစရာ ကောင်းခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ကံဆိုးစွာနဲ့ပဲ ဘရိုက်တန်နဲ့ပွဲမှာ ၎င်းရဲ့ အကျိုးသက်ရောက်မှုက ဒီအတိုင်းအတာလောက်ပဲ ဖြစ်ခဲ့ပြီး မေဆန် မောင့်လို အရည်အသွေးရှိတဲ့ကစားသမားအတွက် ဒီလောက်က ကောင်းသင့်သလောက် ကောင်းမွန်ခဲ့တယ်လို့ ပြောလို့မရခဲ့ပါဘူး။ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြိုင်ဘက် ပင်နယ်တီဧရိယာထဲကို ဝင်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်တာမျိုး ရှားပါးခဲ့ပြီး ဂိုးပေါက်တစ်ကြိမ်တောင် ကန်ဖို့ မကြိုးပမ်းနိုင်ခဲ့ဘဲ ဘောလုံးပတ်ပေးနေခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ အဓိကကျတဲ့ပေးပို့မှု ၁ ကြိမ်၊ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးတာ ၁၀ ကြိမ်၊ အောင်မြင်တဲ့ပေးပို့မှု ၂၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲက ၎င်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ မေဆန် မောင့်ကို ပရိသတ်တွေအနေနဲ့ အရန်ခုံမှာ ထပ်မြင်ရမယ်ဆိုရင်လည်း အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

၁။ ဟတ်ဒ်ဆန်-အိုဒွိုင်း

ဟတ်ဒ်ဆန်-အိုဒွိုင်း ပုံမှန်ခြေတွေ့နေတဲ့ နေ့မျိုးဆိုရင် အင်အားတစ်ခု ဖြစ်နိုင်ပေမယ့် ကံဆိုးစွာနဲ့ ဘရိုက်တန်နဲ့ပွဲမှာ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဟာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကို ဖျက်ဆီးနိုင်လောက်တဲ့ အနေအထားမျိုးမှာ ရှိမနေခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ဟတ်ဒ်ဆန်-အိုဒွိုင်းဟာ ချဲလ်ဆီးရဲ့ အဆိုးရွားဆုံးကစားသမားလို့ ပြောရင် ပိုမှန်မှာဖြစ်ပြီး အထူးသဖြင့် ချဲလ်ဆီးကစားသမားတွေ တစ်ယောက်မှ အထင်ကြီးဖွယ်ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာ အိုဒွိုင်းဟာ အပိုင်အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာကြောင့် အဆိုးရွားဆုံးကစားသမားလို့ မသတ်မှတ်လို့ မရတော့ပါဘူး။

ပထမပိုင်းမပြီးဆုံးခင် အိုဒွိုင်းဟာ ညာတောင်ပံမှာ နေရာလွတ်ရှာတွေ့ခဲ့ပြီး အလယ်မှာရှိနေတဲ့ မေဆန် မောင့်ဆီ ဘောလုံးခင်းပေးရမယ့်အစား ဂိုးရှေ့ကို ဆွဲပြေးသွားပြီး မိုးပေါ်ထောင်ကန်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အိုဒွိုင်းဟာ အကျိုးသက်ရောက်မှု ပြသနိုင်အောင် ကြိုးပမ်းခဲ့ပေမယ့် ဘရိုက်တန်က အနီးကပ် လူကပ်ကစားပြီး ချဲလ်ဆီးတောင်ပံကစားသမားကို လှုပ်မရအောင် လုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံးကို ခြုံကြည့်ရရင်တော့ ချဲလ်ဆီးကြယ်ပွင့်ရဲ့ စွမ်းောဆာင်ရည်ဟာ စိတ်ပျက်စရာကောင်းခဲ့တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿပီးခဲ့တဲ့အပတ္က မန္စီးတီးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကေန ျပန္လာခ်င္ခဲ့တဲ့ ခ်ဲလ္ဆီးဟာ အဂၤါေန႔ညမွာ ပြဲစဥ္ ၂၃ အျဖစ္ ဘရိုက္တန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ကံဆိုးစြာနဲ႔ ခ်ဲလ္ဆီးဟာ ေနာက္ထပ္တစ္ႀကိမ္ နိုင္ပြဲ ရယူနိုင္ခဲ့ျခင္းမရွိခဲ့ဘဲ စိတ္ပ်က္ဖြယ္ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔သာ အိမ္ျပန္ခဲ့ရၿပီး ၃ ပတ္အတြင္း တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ ဒုတိယေျမာက္ပြဲစဥ္လည္း ျဖစ္ခဲ့ပါတယ္။ ဘရိုက္တန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ အဖြင့္ဂိုးကို ဟာကင္း ဇီယက္ရွ္က သြင္းယူေပးခဲ့ေပမယ့္ ေအာင္ပြဲမခံခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး မိနစ္ ၆၀ မွာ အဒမ္ ဝက္ဘ္စတာက ေခါင္းတိုက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ဘရိုက္တန္နဲ႔ပြဲစဥ္က သေရရလဒ္ဟာ ဒုတိယေနရာက ၂ ပြဲေလ်ာ့ေနတဲ့ လီဗာပူးလ္နဲ႔ ၁ မွတ္အကြာ၊ အမွတ္ေပးဇယားထိပ္ဆုံးက ၁ ပြဲေလ်ာ့ေနတဲ့ မန္စီးတီးနဲ႔ ၁၂ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။ အမွတ္ေပးဇယား အဆင့္ ၉ ေနရာက ဘရိုက္တန္နဲ႔ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ ေျခစြမ္းက်ဆင္းေနခဲ့တဲ့ ကစားသမား ၅ ဦးအထိ ရွိေနခဲ့ၿပီး အဲဒီကစားသမားေတြက ဘယ္သူေတြမ်ားလဲ…

၅။ လူကာကူး

လူကာကူးဟာ အမွတ္ေပးဇယားအလယ္က အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အက်ိဳးသက္ေရာက္မႈ ျပသနိုင္မယ္လို႔ ေမၽွာ္မွန္းျခင္းခံခဲ့ရေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ အဆုံးအျဖတ္မေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဘရိုက္တန္အသင္းေနာက္ခံလူေတြဟာ လူကာကူးကို အပိုင္ကပ္ထားၿပီး ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးမ်ားမ်ားစားစား ကိုင္ခြင့္မေပးခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးးဟာ ဂိုးေပါက္ကန္သြင္းမႈ ၂ ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ၿပီး ၂ ႀကိမ္ထဲက တစ္ႀကိမ္က ပိတ္ဆို႔ခံခဲ့ရၿပီး ေနာက္တစ္ႀကိမ္ကေတာ့ ကာကြယ္ျခင္းခံခဲ့ရပါတယ္။

၄။ ေဂ်ာ္ဂ်င္ညိဳ

ခ်ဲလ္ဆီးကြင္းလယ္ဗိုလ္ခ်ဳပ္ဟာ ဘရိုက္တန္နဲ႔ပြဲမွာ ထူးထူးဆန္းဆန္း ေျခစြမ္းက်ဆင္းေနခဲ့ၿပီး ၎ရဲ့ ေပးပို႔မႈေတြဟာ တိက်ေပမယ့္လည္း ဘယ္လို အရွိန္အဟုန္မ်ိဳးကိုမွ ထြက္ေပၚလာေစခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ အီတလီကြင္းလယ္ၾကယ္ပြင့္ရဲ့ ေရြ႕လ်ားမႈကလည္း ၎ဆီကေန ပရိသတ္ေတြ ေမၽွာ္မွန္းထားတဲ့အေနအထားနဲ႔ ေတာ္ေတာ္ အလွမ္းကြာေနခဲ့တာျဖစ္ၿပီး ဂိုးေပါက္ တစ္ႀကိမ္သာ ကန္သြင္းခြင့္ရခဲ့ရာမွာ ဂိုးေပါက္မတည့္ခဲ့သလို အဓိကက်တဲ့ေပးပို႔မႈလည္း တစ္ႀကိမ္မွ မျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေဂ်ာ္ဂ်င္ညိဳဟာ တစ္ဦးခ်င္း ေဘာလုံးရင္ဆိုင္လုရာမွာ ၆ ႀကိမ္အထိ ရႈံးနိမ့္ခဲ့ၿပီး ၄ ႀကိမ္အထိ လိမ္ေခါက္ေက်ာ္ျဖတ္ျခင္းလည္း ခံခဲ့ရပါတယ္။

၃။ မားကို႔စ္ အလြန္ဆို

ေခ်းဝဲလ္ ဒဏ္ရာရေနတာေၾကာင့္ ဘယ္ေတာင္ပံတေၾကာအတြက္ မားကို႔စ္ အလြန္ဆိုသာ အားထားစရာရွိတဲ့ ခ်ဲလ္ဆီးအတြက္ စပိန္ေနာက္ခံကစားသမားဟာ အထင္ႀကီးဖြယ္ေဘာလုံးကစားပုံကို လုပ္ျပနိုင္ဆဲျဖစ္ေပမယ့္ အဂၤါေန႔ညက ဘရိုက္တန္နဲ႔ပြဲမွာေတာ့ လုပ္သမၽွ ျဖစ္မလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအကယ္ဒမီကစားသမားေဟာင္း လန႔္ပ္ေတးနဲ႔ ယွဥ္ၿပိဳင္ရာမွာ အလြန္ဆိုဟာ တစ္ပြဲလုံး ေနာက္မွာ ျပတ္က်န္ေနခဲ့ရတာျဖစ္ၿပီး မန္စီးတီးနဲ႔ပြဲက စတားလင္းနဲ႔တုန္းကအတိုင္းပဲ လိုက္မမီလို႔ ေနာက္က လိုက္ဆြဲရင္း အဝါကတ္ ထပ္ထိခဲ့ရျပန္ပါတယ္။ အလြန္ဆိုရဲ့ တိုက္စစ္ကစားပုံလည္း ေတာ္ေတာ္ေလး မေကာင္းမြန္ခဲ့ဘဲ ျဖတ္တင္ေဘာ ၇ ႀကိမ္စလုံးကို ဘရိုက္တန္ခံစစ္က သာသာယာယာ ရွင္းထုတ္နိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အကယ္ဒမီထြက္ ေနာက္ခံကစားသမားဟာ ေဘာလုံးပိုင္ဆိုင္မႈ ၂၅ ႀကိမ္အထိ ဆုံးရႈံးခဲ့ၿပီး တစ္ဦးခ်င္းေဘာလုံးယွဥ္လုရာမွာ ၃ ႀကိမ္ရႈံးနိမ့္ခဲ့သလို ဂိုးေပါက္ကန္သြင္းမႈလည္း တစ္ႀကိမ္မွ မလုပ္နိုင္ခဲ့ပါဘူး။

၂။ ေမဆန္ ေမာင့္

မန္စီးတီးနဲ႔ပြဲမွာ အရန္ခုံမွာ ဥထားခဲ့တဲ့ ေမဆန္ ေမာင့္ကို တူဟယ္က အဂၤါေန႔ညပြဲမွာ ပြဲထြက္ကစားေစဖို႔ ဆုံးျဖတ္ခဲ့ၿပီး အထင္ႀကီးေအာင္ လုပ္ျပနိုင္ဖို႔ ေနာက္ထပ္ အခြင့္အေရးေပးခဲ့ပါတယ္။ ေမဆန္ ေမာင့္ဟာ ပြဲအစကို ေကာင္းေကာင္း စတင္ခဲ့သလို ဘရိုက္တန္ခံစစ္ကစားသမားေတြကိုလည္း ေကာင္းေကာင္း ဖိအားေပးနိုင္ခဲ့ၿပီး ကြင္းလယ္မွာ အသင္းကို ကူညီဖို႔ လုပ္ရမယ့္အရာအားလုံးကို လုပ္နိုင္ခဲ့ပါတယ္။ ေမဆန္ ေမာင့္ရဲ့ ေဘာလုံးေပးပို႔မႈဟာ ပြဲအစပိုင္း မိနစ္ေတြမွာ ထက္ျမက္ေနခဲ့ၿပီး ၎ရဲ့ ကစားပုံဟာ အထင္ႀကီးစရာ ေကာင္းခဲ့တယ္ဆိုတာ ျငင္းလို႔မရပါဘူး။

ကံဆိုးစြာနဲ႔ပဲ ဘရိုက္တန္နဲ႔ပြဲမွာ ၎ရဲ့ အက်ိဳးသက္ေရာက္မႈက ဒီအတိုင္းအတာေလာက္ပဲ ျဖစ္ခဲ့ၿပီး ေမဆန္ ေမာင့္လို အရည္အေသြးရွိတဲ့ကစားသမားအတြက္ ဒီေလာက္က ေကာင္းသင့္သေလာက္ ေကာင္းမြန္ခဲ့တယ္လို႔ ေျပာလို႔မရခဲ့ပါဘူး။ အဂၤလန္လက္ေရြးစင္ၾကယ္ပြင့္ဟာ ၿပိဳင္ဘက္ ပင္နယ္တီဧရိယာထဲကို ဝင္ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္တာမ်ိဳး ရွားပါးခဲ့ၿပီး ဂိုးေပါက္တစ္ႀကိမ္ေတာင္ ကန္ဖို႔ မႀကိဳးပမ္းနိုင္ခဲ့ဘဲ ေဘာလုံးပတ္ေပးေနခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ အဓိကက်တဲ့ေပးပို႔မႈ ၁ ႀကိမ္၊ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးတာ ၁၀ ႀကိမ္၊ ေအာင္ျမင္တဲ့ေပးပို႔မႈ ၂၉ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။ ဘရိုက္တန္နဲ႔ပြဲက ၎ရဲ့ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ လာမယ့္ တနဂၤေႏြေန႔မွာ ေမဆန္ ေမာင့္ကို ပရိသတ္ေတြအေနနဲ႔ အရန္ခုံမွာ ထပ္ျမင္ရမယ္ဆိုရင္လည္း အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။

၁။ ဟတ္ဒ္ဆန္-အိုဒြိဳင္း

ဟတ္ဒ္ဆန္-အိုဒြိဳင္း ပုံမွန္ေျခေတြ႕ေနတဲ့ ေန႔မ်ိဳးဆိုရင္ အင္အားတစ္ခု ျဖစ္နိုင္ေပမယ့္ ကံဆိုးစြာနဲ႔ ဘရိုက္တန္နဲ႔ပြဲမွာ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမားဟာ ၿပိဳင္ဘက္အသင္းရဲ့ ခံစစ္ကို ဖ်က္ဆီးနိုင္ေလာက္တဲ့ အေနအထားမ်ိဳးမွာ ရွိမေနခဲ့တာျဖစ္ပါတယ္။ ဘရိုက္တန္နဲ႔ပြဲမွာ ဟတ္ဒ္ဆန္-အိုဒြိဳင္းဟာ ခ်ဲလ္ဆီးရဲ့ အဆိုးရြားဆုံးကစားသမားလို႔ ေျပာရင္ ပိုမွန္မွာျဖစ္ၿပီး အထူးသျဖင့္ ခ်ဲလ္ဆီးကစားသမားေတြ တစ္ေယာက္မွ အထင္ႀကီးဖြယ္ေျခစြမ္းမျပသနိုင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပထမပိုင္းမွာ အိုဒြိဳင္းဟာ အပိုင္အခြင့္အေရး တစ္ႀကိမ္ ရရွိခဲ့ေပမယ့္လည္း အသုံးမခ်နိုင္ခဲ့တာေၾကာင့္ အဆိုးရြားဆုံးကစားသမားလို႔ မသတ္မွတ္လို႔ မရေတာ့ပါဘူး။

ပထမပိုင္းမၿပီးဆုံးခင္ အိုဒြိဳင္းဟာ ညာေတာင္ပံမွာ ေနရာလြတ္ရွာေတြ႕ခဲ့ၿပီး အလယ္မွာရွိေနတဲ့ ေမဆန္ ေမာင့္ဆီ ေဘာလုံးခင္းေပးရမယ့္အစား ဂိုးေရွ႕ကို ဆြဲေျပးသြားၿပီး မိုးေပၚေထာင္ကန္သြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အိုဒြိဳင္းဟာ အက်ိဳးသက္ေရာက္မႈ ျပသနိုင္ေအာင္ ႀကိဳးပမ္းခဲ့ေပမယ့္ ဘရိုက္တန္က အနီးကပ္ လူကပ္ကစားၿပီး ခ်ဲလ္ဆီးေတာင္ပံကစားသမားကို လႈပ္မရေအာင္ လုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ တစ္ပြဲလုံးကို ျခဳံၾကည့္ရရင္ေတာ့ ခ်ဲလ္ဆီးၾကယ္ပြင့္ရဲ့ စြမ္းောဆာင္ရည္ဟာ စိတ္ပ်က္စရာေကာင္းခဲ့တယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.