Analysis Carabao & FA Premier League

လီဗာပူးလ်နဲ့ ကာရာဘောင်းပွဲမှာ အာဆင်နယ်ကွင်းလယ်ကို ဘယ်လိုပြင်ဆင်လာနိုင်သလဲ

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ကြာသပတေးနေ့ညမှာ လီဗာပူးလ်အသင်းကို ကာရာဘောင်းဖလား ဒုတိယအကျော့ပွဲစဉ်အဖြစ် လက်ခံ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အဝေးကွင်းမှာ ဂိုးမရှိသရေ ရယူထားနိုင်ခဲ့တဲ့ အသင်းအနေနဲ့ အမ်းမရိတ်မှာ အနိုင်ကစားနိုင်ဖို့က အရေးကြီးနေသလို ဒီထက်တော့ ကွင်းလယ်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာက ပိုအရေးကြီးနေပါတယ်။

ပရီးမီးယားလိဂ်မှာ စပါးစ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ရက်ရွှေ့နိုင်ခဲ့ပေမယ့် ကာရာဘောင်းလို့ လက်ရှိခေါ်နေတဲ့ လိဂ်ဖလားပွဲစဉ်တွေကိုတော့ စိတ်ထင်တိုင်း ရွှေ့ဆိုင်းလို့ မရနိုင်ဘဲ ကိုဗစ်ကစားသမားတွေ ထပ်တိုးလာခြင်း မရှိတော့ဘဲ လူငယ်တွေကိုပါ အသုံးပြုလေ့ရှိတဲ့ ဖလားမှာတော့ ထပ်ပြီးရွှေ့ဆိုင်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မရှိတော့တာကြောင့် အာဆင်နယ်တို့အတွက် ပွဲထဲမှာ ဘာလုပ်မလဲဆိုတာကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီအတွက် နည်းပြ မီခယ်လ် အာတီတာရဲ့ ကွင်းလယ်လို ဘယ်လိုပြင်ဆင်လာမလဲဆိုတာကပဲ အားလုံး စိတ်ဝင်စားတဲ့ အရာဖြစ်နေပြီး အန်းဖီးလ်က မိနစ် ၉၀ ကို မိနစ် ၆၀ ကျော် တစ်ယောက်လျော့နဲ့ ကစားခဲ့အပြီးမှာ အိမ်ကွင်း အမ်းမရိတ်က အားသာချက်ကိုတော့ ဘယ်လိုပုံစံကို ကျင့်သုံးရင် အသာရယူမှုတွေ ရှိနိုင်မလဲဆိုတာ တွေးကြည့်ရအောင်ပါ။

၁။ အော်ဒီဂွါဒ်နဲ့ ၃-၄-၃ ကစားဖို့
အန်းဖီးလ်မှာတုန်းက ကွင်းလယ်လူ ချာကာ အထုတ်ခံလိုက်ရချိန်မှာ အသင်းကို ခံစစ်အတွက် ဗဟိုနောက်ခံလူ ဟိုးလ်ဒင်းနဲ့ ကျားကန်ပြီး တောင့်တင်းအောင် တည်ဆောက်ပြီးမှ သရေယူခဲ့တာပါ။ အဲဒီနေ့က ခံစစ်အစွန်နှစ်ယောက်ကို Wing Back အဖြစ် စဉ်းစားရင် ကစားကွက်က ၃-၃-၃ နဲ့ မစဉ်းစားဘူးဆိုရင် ၅-၃-၁ ကစားသွားခဲ့ချိန်မှာ ကွင်းထဲက တစ်ဦးတည်းသော ကွင်းလယ်ဗဟိုကစားသမားဖြစ်တဲ့ ဆမ်ဘီ လိုကွန်ဂါဟာ အဖျက်ပိုင်းမှာ စပယ်ရှယ်လစ် မဟုတ်ခဲ့ဘဲ နောက်တန်းသုံးယောက်ကသာ အဓိက တာဝန်ယူခဲ့ကြရတာကြောင့် လာမယ့်ပွဲမှာ တစ်မျိုးစဉ်းစားနိုင်ပါတယ်။

3 Back System နဲ့ အန်းဖီးလ်မှာ တောင့်ခံနိုင်ခဲ့ချိန်မှာ အမ်းမရိတ်မှာဆိုရင်တော့ ဒီအတိုင်း ဆက်သွားပြီး ကွင်းလယ်မှာ ဆမ်ဘီ လိုကွန်ဂါကို ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်နဲ့ တွဲကစားခိုင်းပြီး တိုက်စစ် ၃ ယောက်တန်းကိုတော့ အကောင်းဆုံးကစားသမားတွေနဲ့ ပွဲထွက်လာဖို့ပဲဖြစ်ပါတယ်။ ခံစစ်ပဲ ကစားရမှာဖြစ်ပြီး နောက်တန်းတွေက ပိတ်ဆို့ထားချိန်မှာ ၁၁ ယောက်ချင်း ယှဉ်ရမယ့် အသင်းက ခြေကျနေတဲ့ ဟန်ဒါဆန်၊ မီလ်နာတို့လို ကစားသမားတွေ ဦးဆောင်လာမယ့် လီဗာပူးလ်ကွင်းလယ်ကို ကောင်းကောင်း ထိုးနှက်နိုင်မှာပါ။

၂။ ဘန်ဝှိုက်ကို ကွင်းလယ်ပို့ပြီး ကစားကွက် မပြင်ဘဲ ကစားဖို့
ကွင်းလယ်မှာ အဖျက်မရှိဘူးလို့ ဆိုနေပေမယ့် ဘရိုက်တန်ကနေ ပေါင်သန်း ၅၀ ပေးပြီး ခေါ်ထားတဲ့ နောက်ခံလူက ဒီနေရာမှာ အစမ်းသပ်ခံဖူးတာဖြစ်ပါတယ်။ သူ့ရဲ့ ဘရိုက်တန်ကနေ အငှားထွက်ကစားခဲ့တဲ့ နှစ်သင်းဖြစ်ခဲ့တဲ့ ပီတာဘားရားနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတွေမှာ ကွင်းလယ်အဖျက်အဖြစ် ကစားခဲ့ဖူးတဲ့ အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ အာဆင်နယ်အသင်းမှာလည်း ဒီနေရာမှာ ကစားပေးဖို့အတွက် အဆင်သင့်ရှိတယ်လို့ ပြောကြားထားတာပါ။

အာတီတာအနေနဲ့ ကွင်းလယ်မှာ ဘန်ဝှိုက်ကို ဆမ်ဘီ လိုကွန်ဂါနဲ့ အထိုင်ချကစားဖို့ လုပ်ဆောင်လာနိုင်ပြီး သူ့ရဲ့ ဉာဏ်ရည်မြင့်မားတဲ့ ဘောလုံးပေးပို့မှုတွေက ဗဟိုခံစစ်မှာအပြင် ဒီနေရာမှာလည်း အသုံးဝင်မှာဖြစ်သလို ပုံမှန်အတိုင်းဆိုရင်လည်း ခံစစ်ကနေ Roaming တက်လုပ်လေ့ရှိတဲ့ သူ့အတွက် မစိမ်းလှတဲ့ တာဝန်ကို ယူရမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပုံစံ အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာကတော့ နောက်ခံလူ ချိမ်းဘားစ်ရဲ့ ကြံ့ခိုင်မှုအပေါ်လည်း မူတည်နေသေးပြီး သူသာ မပါနိုင်ရင်တော့ ဘန်ဝှိုက် ပွဲထွက်မယ့်နေရာက ညာနောက်ခံလူဖြစ်သွားနိုင်တာဖြစ်ပါတယ်။

၃။ ၄-၃-၃ နဲ့ နံပါတ် ၈ နှစ်ယောက် ကစားဖို့
အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် တိုက်စစ်ကစားဖို့ စဉ်းစားမယ်ဆိုရင် အာတီတာအနေနဲ့ နောက်တစ်မျိုး လုပ်ဆောင်လာနိုင်ဖို့ ရှိပါတယ်။ ဒါကတော့ ပုံမှန်အတိုင်း ခံစစ်ကို 4 Back နဲ့ တည်ဆောက်လာပြီး ကွင်းလယ်မှာတော့ နံပါတ် ၆ အဖြစ် ကစားမယ့် ဆမ်ဘီ လိုကွန်ဂါရှေ့က အော်ဒီဂွါဒ်နဲ့ စမစ်ရိုးတို့ကို နံပါတ် ၈ နှစ်ဦးအဖြစ် Box to Box လွန်းထိုးကစားပြီး အမြန်နှုန်းနဲ့ တစ်ဖက်အသင်းကို ဖိအားပေးနိုင်ဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် သောမတ်စ် ပါတေး မပါနိုင်သေးချိန်မှာ စဉ်းစားခဲ့သမျှ အိုင်ဒီယာ သုံးခုမှာ ဒီတစ်ခုက ခံစစ်အားအနည်းဆုံးဖြစ်နေပြီး ဆမ်ဘီ လိုကွန်ဂါ တစ်ယောက်တည်းအနေနဲ့ တိုးဝင်လာမယ့် လီဗာပူးလ်တိုက်စစ်တွေဖြစ်ကြတဲ့ ဂျိုတာ၊ ဖာမီနိုနဲ့ ချိမ်ဘာလိန်တို့လို ကစားသမားတွေကို ထိန်းချုပ်နိုင်ဖို့က ခက်ခဲမှာဖြစ်သလို အဖျက်ပိုင်းနဲ့ အာရုံစူးစိုက်မှုပိုင်းမှာ အားနည်းခဲ့ရင် ဘယ်လ်ဂျီယမ်သားဟာ အိမ်ကွင်းပေမယ့် ဒုတိယ ချာကာဖြစ်သွားနိုင်သေးတာပါ။

ဒါကြောင့် အာဆင်နယ်တို့အနေနဲ့ ကြာသပတေးနေ့ညမှာ ဘယ်လိုပြင်ဆင်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေသလို ပရိသတ်တွေအတွက်တော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ဖိုင်နယ်မှာ အနိုင်ယူဖို့ ဒီနေ့ပွဲထက် လွယ်ကူမှာဖြစ်တဲ့ ချဲလ်ဆီးနဲ့ပွဲကို ပိုပြီး တွက်ထားနိုင်ချိန်မှာ နောက်ဆုံး ကျော်ဖြတ်ရမယ့် အခက်အခဲဖြစ်တဲ့ အိမ်ကွင်းပွဲကိုတော့ ၃-၄-၃၊ ၄-၂-၃-၁ နဲ့ ၄-၃-၃ ဘယ်ပုံစံတွေက အသင့်တော်ဆုံးဖြစ်နိုင်မလဲ ကြိုတင်ရင်ခုန်နိုင်ဖို့ သုံးသပ်ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ၾကာသပေတးေန႔ညမွာ လီဗာပူးလ္အသင္းကို ကာရာေဘာင္းဖလား ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ လက္ခံ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ အေဝးကြင္းမွာ ဂိုးမရွိသေရ ရယူထားႏိုင္ခဲ့တဲ့ အသင္းအေနနဲ႔ အမ္းမရိတ္မွာ အႏိုင္ကစားႏိုင္ဖို႔က အေရးႀကီးေနသလို ဒီထက္ေတာ့ ကြင္းလယ္ကို ဘယ္လိုျပင္ဆင္ရမလဲဆိုတာက ပိုအေရးႀကီးေနပါတယ္။

ပရီးမီးယားလိဂ္မွာ စပါးစ္နဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲကို ရက္ေ႐ႊ႕ႏိုင္ခဲ့ေပမယ့္ ကာရာေဘာင္းလို႔ လက္ရွိေခၚေနတဲ့ လိဂ္ဖလားပြဲစဥ္ေတြကိုေတာ့ စိတ္ထင္တိုင္း ေ႐ႊ႕ဆိုင္းလို႔ မရႏိုင္ဘဲ ကိုဗစ္ကစားသမားေတြ ထပ္တိုးလာျခင္း မရွိေတာ့ဘဲ လူငယ္ေတြကိုပါ အသုံးျပဳေလ့ရွိတဲ့ ဖလားမွာေတာ့ ထပ္ၿပီးေ႐ႊ႕ဆိုင္းဖို႔ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္လည္း မရွိေတာ့တာေၾကာင့္ အာဆင္နယ္တို႔အတြက္ ပြဲထဲမွာ ဘာလုပ္မလဲဆိုတာကိုပဲ ေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။

ဒီအတြက္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ကြင္းလယ္လို ဘယ္လိုျပင္ဆင္လာမလဲဆိုတာကပဲ အားလုံး စိတ္ဝင္စားတဲ့ အရာျဖစ္ေနၿပီး အန္းဖီးလ္က မိနစ္ ၉၀ ကို မိနစ္ ၆၀ ေက်ာ္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့အၿပီးမွာ အိမ္ကြင္း အမ္းမရိတ္က အားသာခ်က္ကိုေတာ့ ဘယ္လိုပုံစံကို က်င့္သုံးရင္ အသာရယူမႈေတြ ရွိႏိုင္မလဲဆိုတာ ေတြးၾကည့္ရေအာင္ပါ။

၁။ ေအာ္ဒီဂြါဒ္နဲ႔ ၃-၄-၃ ကစားဖို႔
အန္းဖီးလ္မွာတုန္းက ကြင္းလယ္လူ ခ်ာကာ အထုတ္ခံလိုက္ရခ်ိန္မွာ အသင္းကို ခံစစ္အတြက္ ဗဟိုေနာက္ခံလူ ဟိုးလ္ဒင္းနဲ႔ က်ားကန္ၿပီး ေတာင့္တင္းေအာင္ တည္ေဆာက္ၿပီးမွ သေရယူခဲ့တာပါ။ အဲဒီေန႔က ခံစစ္အစြန္ႏွစ္ေယာက္ကို Wing Back အျဖစ္ စဥ္းစားရင္ ကစားကြက္က ၃-၃-၃ နဲ႔ မစဥ္းစားဘူးဆိုရင္ ၅-၃-၁ ကစားသြားခဲ့ခ်ိန္မွာ ကြင္းထဲက တစ္ဦးတည္းေသာ ကြင္းလယ္ဗဟိုကစားသမားျဖစ္တဲ့ ဆမ္ဘီ လိုကြန္ဂါဟာ အဖ်က္ပိုင္းမွာ စပယ္ရွယ္လစ္ မဟုတ္ခဲ့ဘဲ ေနာက္တန္းသုံးေယာက္ကသာ အဓိက တာဝန္ယူခဲ့ၾကရတာေၾကာင့္ လာမယ့္ပြဲမွာ တစ္မ်ိဳးစဥ္းစားႏိုင္ပါတယ္။

3 Back System နဲ႔ အန္းဖီးလ္မွာ ေတာင့္ခံႏိုင္ခဲ့ခ်ိန္မွာ အမ္းမရိတ္မွာဆိုရင္ေတာ့ ဒီအတိုင္း ဆက္သြားၿပီး ကြင္းလယ္မွာ ဆမ္ဘီ လိုကြန္ဂါကို ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ တြဲကစားခိုင္းၿပီး တိုက္စစ္ ၃ ေယာက္တန္းကိုေတာ့ အေကာင္းဆုံးကစားသမားေတြနဲ႔ ပြဲထြက္လာဖို႔ပဲျဖစ္ပါတယ္။ ခံစစ္ပဲ ကစားရမွာျဖစ္ၿပီး ေနာက္တန္းေတြက ပိတ္ဆို႔ထားခ်ိန္မွာ ၁၁ ေယာက္ခ်င္း ယွဥ္ရမယ့္ အသင္းက ေျခက်ေနတဲ့ ဟန္ဒါဆန္၊ မီလ္နာတို႔လို ကစားသမားေတြ ဦးေဆာင္လာမယ့္ လီဗာပူးလ္ကြင္းလယ္ကို ေကာင္းေကာင္း ထိုးႏွက္ႏိုင္မွာပါ။

၂။ ဘန္ဝႈိက္ကို ကြင္းလယ္ပို႔ၿပီး ကစားကြက္ မျပင္ဘဲ ကစားဖို႔
ကြင္းလယ္မွာ အဖ်က္မရွိဘူးလို႔ ဆိုေနေပမယ့္ ဘ႐ိုက္တန္ကေန ေပါင္သန္း ၅၀ ေပးၿပီး ေခၚထားတဲ့ ေနာက္ခံလူက ဒီေနရာမွာ အစမ္းသပ္ခံဖူးတာျဖစ္ပါတယ္။ သူ႔ရဲ႕ ဘ႐ိုက္တန္ကေန အငွားထြက္ကစားခဲ့တဲ့ ႏွစ္သင္းျဖစ္ခဲ့တဲ့ ပီတာဘားရားနဲ႔ လိဒ္စ္ယူႏိုက္တက္အသင္းေတြမွာ ကြင္းလယ္အဖ်က္အျဖစ္ ကစားခဲ့ဖူးတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ အာဆင္နယ္အသင္းမွာလည္း ဒီေနရာမွာ ကစားေပးဖို႔အတြက္ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားထားတာပါ။

အာတီတာအေနနဲ႔ ကြင္းလယ္မွာ ဘန္ဝႈိက္ကို ဆမ္ဘီ လိုကြန္ဂါနဲ႔ အထိုင္ခ်ကစားဖို႔ လုပ္ေဆာင္လာႏိုင္ၿပီး သူ႔ရဲ႕ ဉာဏ္ရည္ျမင့္မားတဲ့ ေဘာလုံးေပးပို႔မႈေတြက ဗဟိုခံစစ္မွာအျပင္ ဒီေနရာမွာလည္း အသုံးဝင္မွာျဖစ္သလို ပုံမွန္အတိုင္းဆိုရင္လည္း ခံစစ္ကေန Roaming တက္လုပ္ေလ့ရွိတဲ့ သူ႔အတြက္ မစိမ္းလွတဲ့ တာဝန္ကို ယူရမွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပုံစံ အလုပ္ျဖစ္ႏိုင္ပါ့မလားဆိုတာကေတာ့ ေနာက္ခံလူ ခ်ိမ္းဘားစ္ရဲ႕ ႀကံ့ခိုင္မႈအေပၚလည္း မူတည္ေနေသးၿပီး သူသာ မပါႏိုင္ရင္ေတာ့ ဘန္ဝႈိက္ ပြဲထြက္မယ့္ေနရာက ညာေနာက္ခံလူျဖစ္သြားႏိုင္တာျဖစ္ပါတယ္။

၃။ ၄-၃-၃ နဲ႔ နံပါတ္ ၈ ႏွစ္ေယာက္ ကစားဖို႔
အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ တိုက္စစ္ကစားဖို႔ စဥ္းစားမယ္ဆိုရင္ အာတီတာအေနနဲ႔ ေနာက္တစ္မ်ိဳး လုပ္ေဆာင္လာႏိုင္ဖို႔ ရွိပါတယ္။ ဒါကေတာ့ ပုံမွန္အတိုင္း ခံစစ္ကို 4 Back နဲ႔ တည္ေဆာက္လာၿပီး ကြင္းလယ္မွာေတာ့ နံပါတ္ ၆ အျဖစ္ ကစားမယ့္ ဆမ္ဘီ လိုကြန္ဂါေရွ႕က ေအာ္ဒီဂြါဒ္နဲ႔ စမစ္႐ိုးတို႔ကို နံပါတ္ ၈ ႏွစ္ဦးအျဖစ္ Box to Box လြန္းထိုးကစားၿပီး အျမန္ႏႈန္းနဲ႔ တစ္ဖက္အသင္းကို ဖိအားေပးႏိုင္ဖို႔ ႀကိဳးစားမွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ ေသာမတ္စ္ ပါေတး မပါႏိုင္ေသးခ်ိန္မွာ စဥ္းစားခဲ့သမွ် အိုင္ဒီယာ သုံးခုမွာ ဒီတစ္ခုက ခံစစ္အားအနည္းဆုံးျဖစ္ေနၿပီး ဆမ္ဘီ လိုကြန္ဂါ တစ္ေယာက္တည္းအေနနဲ႔ တိုးဝင္လာမယ့္ လီဗာပူးလ္တိုက္စစ္ေတြျဖစ္ၾကတဲ့ ဂ်ိဳတာ၊ ဖာမီႏိုနဲ႔ ခ်ိမ္ဘာလိန္တို႔လို ကစားသမားေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔က ခက္ခဲမွာျဖစ္သလို အဖ်က္ပိုင္းနဲ႔ အာ႐ုံစူးစိုက္မႈပိုင္းမွာ အားနည္းခဲ့ရင္ ဘယ္လ္ဂ်ီယမ္သားဟာ အိမ္ကြင္းေပမယ့္ ဒုတိယ ခ်ာကာျဖစ္သြားႏိုင္ေသးတာပါ။

ဒါေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ၾကာသပေတးေန႔ညမွာ ဘယ္လိုျပင္ဆင္လာမလဲဆိုတာက စိတ္ဝင္စားစရာေကာင္းေနသလို ပရိသတ္ေတြအတြက္ေတာ့ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနၿပီး ဖိုင္နယ္မွာ အႏိုင္ယူဖို႔ ဒီေန႔ပြဲထက္ လြယ္ကူမွာျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲကို ပိုၿပီး တြက္ထားႏိုင္ခ်ိန္မွာ ေနာက္ဆုံး ေက်ာ္ျဖတ္ရမယ့္ အခက္အခဲျဖစ္တဲ့ အိမ္ကြင္းပြဲကိုေတာ့ ၃-၄-၃၊ ၄-၂-၃-၁ နဲ႔ ၄-၃-၃ ဘယ္ပုံစံေတြက အသင့္ေတာ္ဆုံးျဖစ္ႏိုင္မလဲ ႀကိဳတင္ရင္ခုန္ႏိုင္ဖို႔ သုံးသပ္ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.