Bundesliga Ligue1 Premier League

မက်ဆီနဲ့ ဆာလားတို့ကို ကျော်ဖြတ်ပြီး ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဆုကို ရခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးအတွက် ၂၀၂၁ ခုနှစ်မှာ ကြောက်မက်ဖွယ်သွင်းဂိုးတွေ သွင်းယူပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ “ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော် ဒီဆုကို ရရှိခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေနဲ့ သက်ဆိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတယ်။ ကျွန်တော့်နားမှာရှိနေတဲ့ ဒီလူတွေနဲ့ အလုပ်လုပ်ရတာ ထူးခြားပါတယ်”

“ကျွန်တော် ဘယ်တုန်းကမှ ဂတ် မူလာရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အိပ်မက် မမက်ခဲ့ဖူးပါဘူး။ ၂၉ ပွဲမှာ ၄၁ ဂိုး သွင်းယူဖို့က ခင်ဗျား လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော့်ကို အဲဒီလို သွင်းဖို့ ဖြစ်နိုင်လားလို့ မေးရင် အဲဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောမှာပါ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူက စံချိန်တွေ အများကြီး ရေးထိုးခဲ့ပြီး ကျွန်တော့်အတွက်တော့ အမြဲတမ်း ချိုးဖျက်ဖို့ ကြိုးပမ်းနေရတဲ့ နောက်ထပ် ခြေလှမ်းဖြစ်ခဲ့ပါတယ်”လို့ လီဗန်ဒေါ့ဗ်စကီးက ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်က ဖီဖာရဲ့ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားကို ပေးအပ်တဲ့ ဖီဖာရဲ့အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိခဲ့တဲ့ မန်ဒီဟာ အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဒွန်နာရမ်းမား၊ ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမား နျူအာတို့ကို ကျော်ဖြတ်ပြီး ဖီဖာရဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဥရောပမှာ အောင်မြင်မှုက နည်းပြ သောမတ်စ် တူဟယ်ကိုလည်း ဖီဖာရဲ့ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်စေခဲ့ပြီး ဂျာမန်လူမျိုးနည်းပြဟာ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာ၊ အီတလီလက်ရွေးစင်နည်းပြ မန်စီနီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ် လာမယ်လာကတော့ ပြီးခဲ့တဲ့ရာသီ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်း တော့တင်ဟမ်ဟော့စပါးအတွက် သွင်းယူပေးခဲ့တဲ့ Rabona ဂိုးကန်သွင်းချက်ကြောင့် အကောင်းဆုံးဂိုးအတွက် ပေးအပ်တဲ့ ပွတ်စ်ကပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ်လာဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ စကော့တလန်အသင်းဘက်ကို ၄၅ ကိုက်အကွာကနေ မယုံနိုင်ဖွယ် ဂိုးသွင်းယူခဲ့တဲ့ ချက်ကြယ်ပွင့် ပက်ထရစ် ရှစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ချဲလ်ဆီးအသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ ပေါ်တိုအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ မေဒီ တာရေမီတို့ရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

FIFPRO ကမ္ဘာ့အကောင်းဆုံး အမျိုးသား ၁၁ ဦးအသင်းမှာ လီယွန်နယ် မက်ဆီ၊ ဒွန်နာရမ်းမား၊ ဒေးဗစ် အလာဘာ၊ ဘိုနူချီ၊ အာလင်း ဟာလန်းနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ ပါဝင်နေပြီး ဖီဖာရဲ့ ဆုပေးပွဲမှာ ၎င်းရဲ့ နိုင်ငံတကာသွင်းဂိုး ၁၁၅ ဂိုးကြောင့် အထူးဆုအဖြစ် တစ်ဦးချင်းဆုတစ်ခု သတ်မှတ်ပေးအပ်ခံခဲ့ရတဲ့ ရော်နယ်လ်ဒိုလည်း ပါဝင်နေတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်က ဆုလက်ခံရယူပြီးနောက် “အဲဒါက အိပ်မက်တစ်ခုပါ။ ပထမဆုံး ကျွန်တော်နဲ့ ကစားခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ က လက်ရွေးစင်အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ စံချိန်က ၁၀၉ ဂိုး ဟုတ်တယ်မလား။ အဲဒီတော့ ၆ ဂိုး ပိုသာသွားပါပြီ။ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”

“ကျွန်တော် အရမ်းလေးစားရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဖီဖာကနေ အထူးချီးမြှင့်တဲ့ဆုပါ။ ကျွန်တော့်ရဲ့ မိသားကိုလည်း ကျေးဇူးတင်ပါတယ်။ သိပ်မကြာခင် ကျွန်တော် အဖေတစ်ယောက် နောက်တစ်ကြိမ် ဖြစ်လာဦးမှာပါ။ ကျွန်တော် ဂုဏ်ယူမိပါတယ်။ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော့်မှာ ပြိုင်ပွဲအတွက်နဲ့ ဂိုးတွေ သွင်းယူဖို့ စိတ်အားထက်သန်မှု ရှိနေဆဲပါ။ ကျွန်တော် ၅ နှစ်သားကတည်းက ဘောလုံးကစားခဲ့တယ်။ ကျွန်တော် ကွင်းထဲ ဝင်ရတဲ့အချိန် လေ့ကျင့်ရေးမှာဆိုရင်တောင်မှ ကျွန်တော့်ရဲ့ စိတ်ဓာတ်ခွန်အားက အဲဒီမှာ ရှိနေဆဲပါ။ မကြာခင် ၃၇ နှစ်တောင် ပြည့်တော့မှာဖြစ်ပေမယ့် ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်”

“ကျွန်တော် ဆက်ပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်သွားမှာပါ။ ကျွန်တော် ပြိုင်ပွဲတွေကို ချစ်မြတ်နိုးပြီး စိတ်ဆန္ဒပြင်းပြမှု ရှိပါတယ်။ ကျွန်တော် ဆက်ပြီး ကစားသွားချင်တယ်။ နောက်ထပ် ၄ နှစ်၊ ၅ နှစ်လောက် ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အားလုံးက စိတ်ပိုင်းဆိုင်ရာပါပဲ။ ခင်ဗျား ခန္ဓာကို်ယ်ကို ကောင်းကောင်း ဆက်ဆံရင် ခင်ဗျား လိုအပ်တဲ့အချိန်ကျရင်လည်း သူက ပြန်ကောင်းပေးပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆုရရှိသူများ

အကောင်းဆုံးအမျိုးသားကစားသမားဆု- ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘိုင်ယန်မြူးနစ်၊ ပိုလန်)

အကောင်းဆုံးအမျိုးသမီး ကစားသမားဆု- အလက်စီယာ ပူတဲယက်စ်(ဘာစီလိုနာ၊ စပိန်)

အကောင်းဆုံးအမျိုးသား နည်းပြဆု- သောမတ်စ် တူဟယ်(ချဲလ်ဆီး)

အကောင်းဆုံးအမျိုးသမီး နည်းပြဆု- အမ်မာ ဟေးစ်(ချဲလ်ဆီး)

အကောင်းဆုံးအမျိုးသားဂိုးသမားဆု- အေဒူယာ မန်ဒီ(ချဲလ်ဆီး၊ ဆီနီဂေါ)

အကောင်းဆုံးအမျိုးသမီးဂိုးသမားဆု- ခရစ္စတီယန်း အမ်းဒလာ(လိုင်ယွန်၊ ချီလီ)

အကောင်းဆုံးအမျိုးသား အထူးဆု- ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်၊ ပေါ်တူဂီ)

အကောင်းဆုံးအမျိုးသမီး အထူးဆု- ခရစ္စတင်း ဆင်ကလဲ(ပို့တ်လန်း သွန်းစ်၊ ကနေဒါ)

ပွတ်စ်ကပ်ဆု- အဲရစ် လာမယ်လာ(အာဆင်နယ်-တော့တင်ဟမ်ဟော့စပါးပွဲစဉ်)

အကောင်းဆုံးပရိသတ်ဆု- ဒိန်းမတ်နဲ့ ဖင်လန်

Fair Play ဆု- ဒိန်းမတ်လက်ရွေးစင်အသင်း၊ ဒိန်းမတ်ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့

FIFPRO ကမ္ဘာ့အကောင်းဆုံးအမျိုးသား ၁၁ ဦးအသင်း

ဂိုး- ဒွန်နာရမ်းမား

နောက်တန်း- အလာဘာ၊ ဘိုနူချီ၊ ရူဘင် ဒီယက်စ်

ကွင်းလယ်- ဒီဘရိုင်းနား၊ ဂျော်ဂျင်ညို၊ အန်ဂိုလို ကွန်တေ

ရှေ့တန်း- ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အာလင်း ဟာလန်း၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ လီယွန်နယ် မက်ဆီ

FIFPRO ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ၁၁ ဦးအသင်း

ဂိုး- ခရစ္စတီယန်း အမ်းဒလာ

နောက်တန်း- မီလီ ဘရိုက်၊ လူစီ ဘရွန့်ဇ်၊ မက်ဒလီနာ အဲရစ်ဆင်၊ ဝမ်ဒီ ရီနာ့ဒ်

ကွင်းလယ်- အက်စတီဖာနီယာ ဘာနီနီ၊ ဘာဘရာ ဘိုနန်စီး၊ ကာလီ လွိုက်

ရှေ့တန်း- မာတာ၊ ဗီဗီယန်း မီဒယ်လ်မာ၊ အဲလက်စ် မော်ဂန်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ဖီဖာရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္ လီယြန္နယ္ မက္ဆီတို႔ကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးနိုင္ခဲ့ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးအတြက္ ၂၀၂၁ ခုႏွစ္မွာ ေၾကာက္မက္ဖြယ္သြင္းဂိုးေတြ သြင္းယူၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ႏွစ္က ရရွိခဲ့တဲ့ ဖီဖာရဲ့ အေကာင္းဆုံးကစားသမားဘြဲ႕ကို ဆက္လက္ထိန္းသိမ္းထားနိုင္ခဲ့တာျဖစ္ပါတယ္။ “ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ ကၽြန္ေတာ္ ဒီဆုကို ရရွိခဲ့လို႔ အရမ္းဂုဏ္ယူမိပါတယ္။ အဲဒါက ကၽြန္ေတာ့္ရဲ့ အသင္းေဖာ္ေတြနဲ႔ နည္းျပေတြနဲ႔ သက္ဆိုင္တယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ္တို႔ ပြဲစဥ္ေတြကို အနိုင္ရဖို႔ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ရတယ္။ ကၽြန္ေတာ့္နားမွာရွိေနတဲ့ ဒီလူေတြနဲ႔ အလုပ္လုပ္ရတာ ထူးျခားပါတယ္”

“ကၽြန္ေတာ္ ဘယ္တုန္းကမွ ဂတ္ မူလာရဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ အိပ္မက္ မမက္ခဲ့ဖူးပါဘူး။ ၂၉ ပြဲမွာ ၄၁ ဂိုး သြင္းယူဖို႔က ခင္ဗ်ား လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက ကၽြန္ေတာ့္ကို အဲဒီလို သြင္းဖို႔ ျဖစ္နိုင္လားလို႔ ေမးရင္ အဲဒါက မျဖစ္နိုင္ဘူးလို႔ ကၽြန္ေတာ္ ေျပာမွာပါ။ ကၽြန္ေတာ္ သူ႔ကိုလည္း ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ သူက စံခ်ိန္ေတြ အမ်ားႀကီး ေရးထိုးခဲ့ၿပီး ကၽြန္ေတာ့္အတြက္ေတာ့ အျမဲတမ္း ခ်ိဳးဖ်က္ဖို႔ ႀကိဳးပမ္းေနရတဲ့ ေနာက္ထပ္ ေျခလွမ္းျဖစ္ခဲ့ပါတယ္”လို႔ လီဗန္ေဒါ့ဗ္စကီးက ေျပာၾကားခဲ့ပါတယ္။

ဆြစ္ဇာလန္နိုင္ငံ ဇူးရစ္က ဖီဖာရဲ့ ဌာနခ်ဳပ္မွာ က်င္းပခဲ့တဲ့ ဆုေပးပြဲမွာ ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီဟာ ကမၻာ့အေကာင္းဆုံးဂိုးသမားကို ေပးအပ္တဲ့ ဖီဖာရဲ့အေကာင္းဆုံးဂိုးသမားဆုကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို အနိုင္ရရွိခဲ့တဲ့ မန္ဒီဟာ အီတလီအသင္းနဲ႔ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဒြန္နာရမ္းမား၊ ဘိုင္ယန္ျမဴးနစ္ဝါရင့္ဂိုးသမား န်ဴအာတို႔ကို ေက်ာ္ျဖတ္ၿပီး ဖီဖာရဲ့ အေကာင္းဆုံးဂိုးသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ ဥေရာပမွာ ေအာင္ျမင္မႈက နည္းၿပ ေသာမတ္စ္ တူဟယ္ကိုလည္း ဖီဖာရဲ့ အေကာင္းဆုံးနည္းျပဆုကို ဆြတ္ခူးနိုင္ေစခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ မန္စီးတီးနည္းၿပ ပက္ ဂြါဒီယိုလာ၊ အီတလီလက္ေရြးစင္နည္းၿပ မန္စီနီတို႔ကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးနိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲရစ္ လာမယ္လာကေတာ့ ၿပီးခဲ့တဲ့ရာသီ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အတြင္း ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ သြင္းယူေပးခဲ့တဲ့ Rabona ဂိုးကန္သြင္းခ်က္ေၾကာင့္ အေကာင္းဆုံးဂိုးအတြက္ ေပးအပ္တဲ့ ပြတ္စ္ကပ္ဆုကို ဆြတ္ခူးနိုင္ခဲ့ပါတယ္။ လာမယ္လာဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ စေကာ့တလန္အသင္းဘက္ကို ၄၅ ကိုက္အကြာကေန မယုံနိုင္ဖြယ္ ဂိုးသြင္းယူခဲ့တဲ့ ခ်က္ၾကယ္ပြင့္ ပက္ထရစ္ ရွစ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက ခ်ဲလ္ဆီးအသင္းဘက္ကို ေနာက္ျပန္ကန္ခ်က္နဲ႔ ေပၚတိုအတြက္ ဂိုးသြင္းယူေပးခဲ့တဲ့ ေမဒီ တာေရမီတို႔ရဲ့ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈကို ျဖတ္ေက်ာ္နိုင္ခဲ့တာျဖစ္ပါတယ္။

FIFPRO ကမၻာ့အေကာင္းဆုံး အမ်ိဳးသား ၁၁ ဦးအသင္းမွာ လီယြန္နယ္ မက္ဆီ၊ ဒြန္နာရမ္းမား၊ ေဒးဗစ္ အလာဘာ၊ ဘိုႏူခ်ီ၊ အာလင္း ဟာလန္းနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ ပါဝင္ေနၿပီး ဖီဖာရဲ့ ဆုေပးပြဲမွာ ၎ရဲ့ နိုင္ငံတကာသြင္းဂိုး ၁၁၅ ဂိုးေၾကာင့္ အထူးဆုအျဖစ္ တစ္ဦးခ်င္းဆုတစ္ခု သတ္မွတ္ေပးအပ္ခံခဲ့ရတဲ့ ေရာ္နယ္လ္ဒိုလည္း ပါဝင္ေနတာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္က ဆုလက္ခံရယူၿပီးေနာက္ “အဲဒါက အိပ္မက္တစ္ခုပါ။ ပထမဆုံး ကၽြန္ေတာ္နဲ႔ ကစားခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ ၂၀ က လက္ေရြးစင္အသင္းေဖာ္ေတြကို ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။ စံခ်ိန္က ၁၀၉ ဂိုး ဟုတ္တယ္မလား။ အဲဒီေတာ့ ၆ ဂိုး ပိုသာသြားပါၿပီ။ ကၽြန္ေတာ္ အရမ္းဂုဏ္ယူမိပါတယ္”

“ကၽြန္ေတာ္ အရမ္းေလးစားရတဲ့ အဖြဲ႕အစည္းျဖစ္တဲ့ ဖီဖာကေန အထူးခ်ီးျမႇင့္တဲ့ဆုပါ။ ကၽြန္ေတာ့္ရဲ့ မိသားကိုလည္း ေက်းဇူးတင္ပါတယ္။ သိပ္မၾကာခင္ ကၽြန္ေတာ္ အေဖတစ္ေယာက္ ေနာက္တစ္ႀကိမ္ ျဖစ္လာဦးမွာပါ။ ကၽြန္ေတာ္ ဂုဏ္ယူမိပါတယ္။ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ရတာ အရမ္းေကာင္းပါတယ္။ ကၽြန္ေတာ့္မွာ ၿပိဳင္ပြဲအတြက္နဲ႔ ဂိုးေတြ သြင္းယူဖို႔ စိတ္အားထက္သန္မႈ ရွိေနဆဲပါ။ ကၽြန္ေတာ္ ၅ ႏွစ္သားကတည္းက ေဘာလုံးကစားခဲ့တယ္။ ကၽြန္ေတာ္ ကြင္းထဲ ဝင္ရတဲ့အခ်ိန္ ေလ့က်င့္ေရးမွာဆိုရင္ေတာင္မွ ကၽြန္ေတာ့္ရဲ့ စိတ္ဓာတ္ခြန္အားက အဲဒီမွာ ရွိေနဆဲပါ။ မၾကာခင္ ၃၇ ႏွစ္ေတာင္ ျပည့္ေတာ့မွာျဖစ္ေပမယ့္ ကၽြန္ေတာ္ ေကာင္းမြန္ေနတယ္လို႔ ခံစားရပါတယ္”

“ကၽြန္ေတာ္ ဆက္ၿပီး ျပင္းျပင္းထန္ထန္ အလုပ္လုပ္သြားမွာပါ။ ကၽြန္ေတာ္ ၿပိဳင္ပြဲေတြကို ခ်စ္ျမတ္နိုးၿပီး စိတ္ဆႏၵျပင္းျပမႈ ရွိပါတယ္။ ကၽြန္ေတာ္ ဆက္ၿပီး ကစားသြားခ်င္တယ္။ ေနာက္ထပ္ ၄ ႏွစ္၊ ၅ ႏွစ္ေလာက္ ျဖစ္ေကာင္းျဖစ္နိုင္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အားလုံးက စိတ္ပိုင္းဆိုင္ရာပါပဲ။ ခင္ဗ်ား ခႏၶာကို္ယ္ကို ေကာင္းေကာင္း ဆက္ဆံရင္ ခင္ဗ်ား လိုအပ္တဲ့အခ်ိန္က်ရင္လည္း သူက ျပန္ေကာင္းေပးပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆုရရွိသူမ်ား

အေကာင္းဆုံးအမ်ိဳးသားကစားသမားဆု- ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ဘိုင္ယန္ျမဴးနစ္၊ ပိုလန္)

အေကာင္းဆုံးအမ်ိဳးသမီး ကစားသမားဆု- အလက္စီယာ ပူတဲယက္စ္(ဘာစီလိုနာ၊ စပိန္)

အေကာင္းဆုံးအမ်ိဳးသား နည္းျပဆု- ေသာမတ္စ္ တူဟယ္(ခ်ဲလ္ဆီး)

အေကာင္းဆုံးအမ်ိဳးသမီး နည္းျပဆု- အမ္မာ ေဟးစ္(ခ်ဲလ္ဆီး)

အေကာင္းဆုံးအမ်ိဳးသားဂိုးသမားဆု- ေအဒူယာ မန္ဒီ(ခ်ဲလ္ဆီး၊ ဆီနီေဂါ)

အေကာင္းဆုံးအမ်ိဳးသမီးဂိုးသမားဆု- ခရစၥတီယန္း အမ္းဒလာ(လိုင္ယြန္၊ ခ်ီလီ)

အေကာင္းဆုံးအမ်ိဳးသား အထူးဆု- ခရစၥတီယာနို ေရာ္နယ္လ္ဒို(မန္ခ်က္စတာယူနိုက္တက္၊ ေပၚတူဂီ)

အေကာင္းဆုံးအမ်ိဳးသမီး အထူးဆု- ခရစၥတင္း ဆင္ကလဲ(ပို႔တ္လန္း သြန္းစ္၊ ကေနဒါ)

ပြတ္စ္ကပ္ဆု- အဲရစ္ လာမယ္လာ(အာဆင္နယ္-ေတာ့တင္ဟမ္ေဟာ့စပါးပြဲစဥ္)

အေကာင္းဆုံးပရိသတ္ဆု- ဒိန္းမတ္နဲ႔ ဖင္လန္

Fair Play ဆု- ဒိန္းမတ္လက္ေရြးစင္အသင္း၊ ဒိန္းမတ္ေဆးအဖြဲ႕နဲ႔ နည္းျပအဖြဲ႕

FIFPRO ကမၻာ့အေကာင္းဆုံးအမ်ိဳးသား ၁၁ ဦးအသင္း

ဂိုး- ဒြန္နာရမ္းမား

ေနာက္တန္း- အလာဘာ၊ ဘိုႏူခ်ီ၊ ႐ူဘင္ ဒီယက္စ္

ကြင္းလယ္- ဒီဘရိုင္းနား၊ ေဂ်ာ္ဂ်င္ညိဳ၊ အန္ဂိုလို ကြန္ေတ

ေရွ႕တန္း- ခရစၥတီယာနို ေရာ္နယ္လ္ဒို၊ အာလင္း ဟာလန္း၊ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ လီယြန္နယ္ မက္ဆီ

FIFPRO ကမၻာ့အေကာင္းဆုံးအမ်ိဳးသမီး ၁၁ ဦးအသင္း

ဂိုး- ခရစၥတီယန္း အမ္းဒလာ

ေနာက္တန္း- မီလီ ဘရိုက္၊ လူစီ ဘရြန႔္ဇ္၊ မက္ဒလီနာ အဲရစ္ဆင္၊ ဝမ္ဒီ ရီနာ့ဒ္

ကြင္းလယ္- အက္စတီဖာနီယာ ဘာနီနီ၊ ဘာဘရာ ဘိုနန္စီး၊ ကာလီ လြိဳက္

ေရွ႕တန္း- မာတာ၊ ဗီဗီယန္း မီဒယ္လ္မာ၊ အဲလက္စ္ ေမာ္ဂန္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.