Bundesliga Premier League

ဆန္ခ်ဳိဟာ ဖိုဒန္ေလာက္ ေနရာေပးမခံခဲ့ရလုိ႔ အသင္းကေန ထြက္ခြာခဲ့တာလို႔ လူငယ္နည္းျပဆို

မန္ခ်က္စတာစီးတီးလူငယ္နည္းျပေဟာင္း စတိဗ္ အဲရ္က အသင္းကို သူနည္းျပခဲ့စဥ္တုန္းက လူငယ္အသင္းမွာ ကြင္းလယ္ကစားသမား ဖီးလ္ ဖိုဒန္ရဲ႕ အရည္အေသြးဟာ ေဂ်ဒန္ ဆန္ခ်ဳိထက္ မ်ားစြာသာလြန္ခဲ့သလို သိသာထင္ရွားခဲ့တဲ့အတြက္ ေနာက္ေရာက္ေနခဲ့တဲ့ ဆန္ခ်ဳိက စြန္႔စားခန္းသစ္ကို ရွာေဖြခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

စတိဗ္ အဲရ္ဟာ လူငယ္အသင္းမွာ ဒီႏွစ္ေယာက္စလုံးကို အနီးကပ္ ႀကီးၾကပ္ခဲ့ရသူလည္းျဖစ္ၿပီး သူက ဖိုဒန္ဟာ တကယ္ပဲ ေမြးရာပါ ထူးခၽြန္တဲ့ အစြမ္းအစမ်ဳိးကို ပုိင္ဆုိင္ထားလို႔ ငယ္စဥ္ကတည္းက အသင္းေဖာ္ေတြထက္ ေခါင္းတစ္လုံးသာခဲ့တဲ့ သေဘာမ်ဳိးကိုလည္း ေျပာသြားပါတယ္။

ဒီေနာက္ပုိင္းမွာ ဆန္ခ်ဳိဟာ ေဒါ့မြန္ရဲ႕ ကမ္းလွမ္းမွဳကို လက္ခံလုိက္ၿပီး နယ္ေျမသစ္မွာ ပုိမုိတုိးတက္ဖြံ႕ၿဖဳိးလာႏုိင္ဖို႔ ေရြးခ်ယ္ခဲ့ေပမယ့္ ဖိုဒန္ကေတာ့ အသင္းမွာ စိတ္ရွည္ရွည္နဲ႔ ဆက္ေနၿပီး လက္ရွိမွာ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားကို အစားထိုးႏုိင္မယ့္သူအျဖစ္ ထြန္းေတာက္လာခဲ့တာလည္းျဖစ္ပါတယ္။

“ဆန္ခ်ဳိကေတာ့ အသင္းက ထြက္သြားတဲ့ အခ်ိန္ထက္ နည္းနည္းတုိးတက္လာခဲ့တာေတာ့ အမွန္ပဲဗ်။ တကယ္ေတာ့ လူငယ္အသင္းမွာ သူတုိ႔ႏွစ္ေယာက္စလုံးက စိတ္မရွည္တဲ့အထဲမွာ ပါတယ္။ ဒါေပမယ့္ ဖီးလ္က အဂၤလန္က သူခ်စ္တဲ့အသင္းမွာ ဆက္ေနခဲ့တာေပါ့ေလ။ ဆန္ခ်ဳိကိုေတာ့ ဒီလိုေရြးခ်ယ္ခဲ့လို႔ မေလစားဘဲေနလို႔ မရပါဘူး။ သူဟာ ဘြန္ဒက္စ္လီဂါရဲ႕ ဒုတိယအေကာာင္းဆုံးအသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ကိုယ့္လမ္းေၾကာင္းကို ကိုယ္ေရြးခ်ယ္ျပႏုိင္ခဲ့တာျဖစ္ပါတယ္”လို႔ လူငယ္အသင္းနည္းျပေဟာင္းက ဆုိပါတယ္။

စတိဗ္ အဲရ္ကတာ့ ဖိုဒန္ဟာ ပုိေကာင္းတယ္ဆုိတဲ့ သေဘာမ်ဳိးပဲ ေျပာသြားခဲ့ၿပီး ဆန္ခ်ဳိအေနနဲ႔ တုိးတက္ဖို႔ အမ်ားႀကီး ႀကဳိးစားခဲ့ရေပမယ့္ ေမြးရာပါအရည္အေသြးထက္ျမက္တဲ့ ဖိုဒန္ရဲ႕ လက္ရွိေျခစြမ္း ဆန္ခ်ဳိထက္ သာေနေသးတာျဖစ္ၿပီး ဆန္ခ်ဳိဟာ ကစားခြင့္နဲ႔ မီဒီယာ၊ တီဗီေတြရဲ႕ သတိျပဳမွဳကို ဘြန္ဒက္စ္လီဂါကို ေရြးခ်ယ္ခဲ့တာက ဒီေလာက္ လူေျပာမ်ားေနခဲ့တာရဲ႕ အေၾကာင္းရင္းပဲ ျဖစ္တယ္လုိ႔ သုံးသပ္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးလူငယ်နည်းပြဟောင်း စတိဗ် အဲရ်က အသင်းကို သူနည်းပြခဲ့စဉ်တုန်းက လူငယ်အသင်းမှာ ကွင်းလယ်ကစားသမား ဖီးလ် ဖိုဒန်ရဲ့ အရည်အသွေးဟာ ဂျေဒန် ဆန်ချိုထက် များစွာသာလွန်ခဲ့သလို သိသာထင်ရှားခဲ့တဲ့အတွက် နောက်ရောက်နေခဲ့တဲ့ ဆန်ချိုက စွန့်စားခန်းသစ်ကို ရှာဖွေခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စတိဗ် အဲရ်ဟာ လူငယ်အသင်းမှာ ဒီနှစ်ယောက်စလုံးကို အနီးကပ် ကြီးကြပ်ခဲ့ရသူလည်းဖြစ်ပြီး သူက ဖိုဒန်ဟာ တကယ်ပဲ မွေးရာပါ ထူးချွန်တဲ့ အစွမ်းအစမျိုးကို ပိုင်ဆိုင်ထားလို့ ငယ်စဉ်ကတည်းက အသင်းဖော်တွေထက် ခေါင်းတစ်လုံးသာခဲ့တဲ့ သဘောမျိုးကိုလည်း ပြောသွားပါတယ်။

ဒီနောက်ပိုင်းမှာ ဆန်ချိုဟာ ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး နယ်မြေသစ်မှာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်ဖို့ ရွေးချယ်ခဲ့ပေမယ့် ဖိုဒန်ကတော့ အသင်းမှာ စိတ်ရှည်ရှည်နဲ့ ဆက်နေပြီး လက်ရှိမှာ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားကို အစားထိုးနိုင်မယ့်သူအဖြစ် ထွန်းတောက်လာခဲ့တာလည်းဖြစ်ပါတယ်။

“ဆန်ချိုကတော့ အသင်းက ထွက်သွားတဲ့ အချိန်ထက် နည်းနည်းတိုးတက်လာခဲ့တာတော့ အမှန်ပဲဗျ။ တကယ်တော့ လူငယ်အသင်းမှာ သူတို့နှစ်ယောက်စလုံးက စိတ်မရှည်တဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် ဖီးလ်က အင်္ဂလန်က သူချစ်တဲ့အသင်းမှာ ဆက်နေခဲ့တာပေါ့လေ။ ဆန်ချိုကိုတော့ ဒီလိုရွေးချယ်ခဲ့လို့ မလေစားဘဲနေလို့ မရပါဘူး။ သူဟာ ဘွန်ဒက်စ်လီဂါရဲ့ ဒုတိယအကောာင်းဆုံးအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကိုယ့်လမ်းကြောင်းကို ကိုယ်ရွေးချယ်ပြနိုင်ခဲ့တာဖြစ်ပါတယ်”လို့ လူငယ်အသင်းနည်းပြဟောင်းက ဆိုပါတယ်။

စတိဗ် အဲရ်ကတာ့ ဖိုဒန်ဟာ ပိုကောင်းတယ်ဆိုတဲ့ သဘောမျိုးပဲ ပြောသွားခဲ့ပြီး ဆန်ချိုအနေနဲ့ တိုးတက်ဖို့ အများကြီး ကြိုးစားခဲ့ရပေမယ့် မွေးရာပါအရည်အသွေးထက်မြက်တဲ့ ဖိုဒန်ရဲ့ လက်ရှိခြေစွမ်း ဆန်ချိုထက် သာနေသေးတာဖြစ်ပြီး ဆန်ချိုဟာ ကစားခွင့်နဲ့ မီဒီယာ၊ တီဗီတွေရဲ့ သတိပြုမှုကို ဘွန်ဒက်စ်လီဂါကို ရွေးချယ်ခဲ့တာက ဒီလောက် လူပြောများနေခဲ့တာရဲ့ အကြောင်းရင်းပဲ ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.