Premier League

အိုေဇးလ္နဲ႔ အာဆင္နယ္ရဲ႕ အနာဂတ္ကို ကစားသမားေဟာင္းႏွစ္ဦးသုံးသပ္

အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းႏွစ္ဦးျဖစ္ၾကတဲ့ ကြင္းလယ္လူေဟာင္း ေပါလ္ မာဆန္နဲ႔ တိုက္စစ္မႉးေဟာင္း အလန္ စမစ္က ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္နဲ႔ သူတို႔အသင္းေဟာင္းရဲ႕ အနာဂတ္က ေတာ္ေတာ္ေလး အျပဳသေဘာေဆာင္ႏိုင္ေျခနည္းေနၿပီျဖစ္ၿပီး အံဝင္ဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း သုံးသပ္ခဲ့ၾကပါတယ္။

ကြင္းလယ္လူေဟာင္း ေပါလ္မာဆန္က အိုေဇးလ္ရဲ႕ ပါဝင္လာမႈဟာ နည္းျပသစ္ မီခယ္လ္ အာတီတာရဲ႕ ကစားပုံကို အားေလ်ာ့ေစသလို တစ္သင္းလုံးအေနနဲ႔ ေနာက္ကို လိုက္ပါၿပီး ခံစစ္ကစားခ်ိန္ေတြမွာ ပါဝင္ကူညီဖို႔ စိတ္ဝင္စားမႈ မရွိျခင္းဟာ အသင္းေဖာ္ေတြနဲ႔ နည္းျပကို ၿငိဳျငင္ေစၿပီး ဒီကစားပုံကို အိုေဇးလ္အေနနဲ႔ ေျပာင္းလဲေတာ့မွာလည္း မျဖစ္ႏိုင္လို႔ အနာဂတ္မွာ လမ္းခြဲဖို႔က မ်ားေနတယ္လို႔ ဆိုလိုက္ပါတယ္။

“ကြၽန္ေတာ္တို႔အားလုံး အိုေဇးလ္ဘယ္လိုကစားလဲ သိၾကတာပဲ။ သူ႔ကို ေဘာလုံးေပးထားခဲ့ရင္ ခင္ဗ်ားကို ရွာၿပီး ေပးပို႔မႈေကာင္းတစ္ခုနဲ႔ ဖန္တီးေပးလိမ့္မယ္။ အဲ… ေဘာလုံးဆုံးရႈံးရင္ေတာ့ ခင္ဗ်ားကိစၥပဲ။ လိုက္ၿပီး လုေပးမွာလည္း မဟုတ္ဘူး… ခင္မင္မႈအတြက္ပဲျဖစ္ျဖစ္ ပိုက္ဆံအတြက္ပဲ ျဖစ္ျဖစ္ ေဘာလုံးမရတဲ့အခ်ိန္ေတြကို သူစိတ္ဝင္စားမွာ မဟုတ္ဘူးေလ။ အဲ့ဒီအခ်ိန္ေတြမွာ သူက ကမာၻ႔အဆိုးဆုံးကစားသမားပဲ”လို႔ ေပါလ္ မာဆန္က ေျပာၾကားလိုက္ပါတယ္။

မာဆန္က အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ အာဆင္နယ္လို ကစားပုံမ်ိဳးနဲ႔ အသင္းထက္ ေဘာလုံးပိုင္ဆိုင္မႈမ်ားျပားၿပီး သူ႔ကို အသင္းေဖာ္ေတြက ဝန္းရံေပးေနၾကတဲ့ အသင္းမ်ိဳးမွာသာ အသုံးဝင္မွာျဖစ္ေၾကာင္းနဲ႔ သူ႔ကို အသုံးျပဳဖို႔ အသင္းက ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းေလာက္ရွိရမယ့္ အခ်ိန္မွာ အာဆင္နယ္ဘက္ကေတာ့ ကစားပုံေျပာင္းၿပီး သူကစားလို႔ရေအာင္ လုပ္ေပးဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း သုံးသပ္ခဲ့ပါတယ္။

အလန္ စမစ္ကေတာ့ နည္းျပ အာတီတာအေနနဲ႔ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္နဲ႔ စီမံခန႔္ခြဲမႈကို လုပ္ေဆာင္လိုက္တာျဖစ္ၿပီး ဒီအတိုင္းဆိုရင္ ဒီဂ်ာမန္ကစားသမားကို ဝယ္ယူမယ့္အသင္းမရွိမွာနဲ႔ ေနာက္ထပ္တစ္ႏွစ္မွာလည္း အသုံးမဝင္ဘဲ မ်ားျပားတဲ့ လစာေငြကို ဆက္လက္ေပးေခ်ေနရမွာ စိုးရိမ္တယ္လို႔ ေျပာလိုက္ပါတယ္။

“ကြၽန္ေတာ့္အျမင္ေတာ့ အာတီတာက သူ႔ရဲ႕ အစီအစဥ္ေတြကို ရွင္းရွင္းလင္းလင္းခ်ျပၿပီး အနာဂတ္မွာ သူမပါေတာ့ဘူးလို႔ ေျပာလိုက္တာပဲ။ အာတီတာအေနနဲ႔ အိုေဇးလ္ကို မင္းဘာလုပ္ခ်င္လဲလို႔ ေမးလိမ့္မယ္။ နည္းျပကေတာ့ ကစားသမားကို အသင္းက ထြက္ေစခ်င္ေနပုံျဖစ္ၿပီး ေလးလံတဲ့ လစာေငြကို ထမ္းမထားခ်င္ဘဲ ေပါ့ပါးသြားေစခ်င္ေနၿပီ”လို႔ စမစ္က ဆိုပါတယ္။

“အသင္းက မထြက္ခင္ အိုေဇးလ္ကို ျပန္သုံးမလားဆိုရင္ သုံးႏိုင္တယ္လို႔ပဲ ကြၽန္ေတာ္ ေျဖမိမွာျဖစ္ေပမယ့္ ဘယ္ေတာ့မွ သူဟာ အာတီတာရဲ႕ ဝင္႐ိုးကစားသမားတစ္ေယာက္ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ အာတီတာက ျပတ္သားတဲ့သူပါ… ဘယ္သူပဲျဖစ္ျဖစ္ ဘယ္ေလာက္ႀကီးမားတဲ့ ကစားသမားျဖစ္ေနေန၊ သူ႔ကစားကြက္နဲ႔ အဆင္မေျပဘူးဆိုရင္ ေရွ႕ဆက္ၿပီး ေခၚေဆာင္သြားေတာ့မွာ မဟုတ္သလို ဒီလိုျပတ္သားတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးက အာဆင္နယ္အတြက္ လိုအပ္ေနတဲ့ အရာလည္းျဖစ္ပါတယ္”လို႔ တိုက္စစ္မႉးေဟာင္းႀကီးက သုံးသပ္လိုက္ပါတယ္။

ဒါ့အျပင္ အလန္ စမစ္က အာဆင္နယ္နဲ႔ အိုေဇးလ္ဟာ အျပန္အလွန္ အံဝင္ဖို႔ မရွိေတာ့ဘူးလို႔လည္း ဆိုလိုက္ၿပီး အသင္းမွာ ေဘာလုံးပိုင္ဆိုင္ဖို႔ ဦးစားေပးၿပီး ကစားခဲ့တဲ့ ေခတ္ဟာ ကုန္ဆုံးသြားၿပီျဖစ္သလို ေျပာင္းလဲလာတဲ့ ေခတ္ကစားဟန္အရ အားလုံးဟာ ေဘာလုံးရဖို႔ အသည္းအသန္ လုပ္ေဆာင္ၾကရမွာျဖစ္ခ်ိန္မွာ ဒီကစားသမားအေနနဲ႔ အာတီတာလိုခ်င္တဲ့ ႀကံ့ခိုင္မႈမ်ိဳးလည္း မရွိတဲ့အတြက္ အသင္းမွာ တစ္ႏွစ္ဆက္ရွိေနဦးေတာ့၊ သူ႔အတြက္ အနာဂတ္မရွိဘူးလို႔ ျပတ္ျပတ္သားသား တြက္ခ်က္ျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းနှစ်ဦးဖြစ်ကြတဲ့ ကွင်းလယ်လူဟောင်း ပေါလ် မာဆန်နဲ့ တိုက်စစ်မှူးဟောင်း အလန် စမစ်က ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ သူတို့အသင်းဟောင်းရဲ့ အနာဂတ်က တော်တော်လေး အပြုသဘောဆောင်နိုင်ခြေနည်းနေပြီဖြစ်ပြီး အံဝင်ဖို့ မဖြစ်နိုင်တော့ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ကွင်းလယ်လူဟောင်း ပေါလ်မာဆန်က အိုဇေးလ်ရဲ့ ပါဝင်လာမှုဟာ နည်းပြသစ် မီခယ်လ် အာတီတာရဲ့ ကစားပုံကို အားလျော့စေသလို တစ်သင်းလုံးအနေနဲ့ နောက်ကို လိုက်ပါပြီး ခံစစ်ကစားချိန်တွေမှာ ပါဝင်ကူညီဖို့ စိတ်ဝင်စားမှု မရှိခြင်းဟာ အသင်းဖော်တွေနဲ့ နည်းပြကို ငြိုငြင်စေပြီး ဒီကစားပုံကို အိုဇေးလ်အနေနဲ့ ပြောင်းလဲတော့မှာလည်း မဖြစ်နိုင်လို့ အနာဂတ်မှာ လမ်းခွဲဖို့က များနေတယ်လို့ ဆိုလိုက်ပါတယ်။

“ကျွန်တော်တို့အားလုံး အိုဇေးလ်ဘယ်လိုကစားလဲ သိကြတာပဲ။ သူ့ကို ဘောလုံးပေးထားခဲ့ရင် ခင်ဗျားကို ရှာပြီး ပေးပို့မှုကောင်းတစ်ခုနဲ့ ဖန်တီးပေးလိမ့်မယ်။ အဲ… ဘောလုံးဆုံးရှုံးရင်တော့ ခင်ဗျားကိစ္စပဲ။ လိုက်ပြီး လုပေးမှာလည်း မဟုတ်ဘူး… ခင်မင်မှုအတွက်ပဲဖြစ်ဖြစ် ပိုက်ဆံအတွက်ပဲ ဖြစ်ဖြစ် ဘောလုံးမရတဲ့အချိန်တွေကို သူစိတ်ဝင်စားမှာ မဟုတ်ဘူးလေ။ အဲ့ဒီအချိန်တွေမှာ သူက ကမ္ဘာ့အဆိုးဆုံးကစားသမားပဲ”လို့ ပေါလ် မာဆန်က ပြောကြားလိုက်ပါတယ်။

မာဆန်က အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ အာဆင်နယ်လို ကစားပုံမျိုးနဲ့ အသင်းထက် ဘောလုံးပိုင်ဆိုင်မှုများပြားပြီး သူ့ကို အသင်းဖော်တွေက ဝန်းရံပေးနေကြတဲ့ အသင်းမျိုးမှာသာ အသုံးဝင်မှာဖြစ်ကြောင်းနဲ့ သူ့ကို အသုံးပြုဖို့ အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်ရှိရမယ့် အချိန်မှာ အာဆင်နယ်ဘက်ကတော့ ကစားပုံပြောင်းပြီး သူကစားလို့ရအောင် လုပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်ခဲ့ပါတယ်။

အလန် စမစ်ကတော့ နည်းပြ အာတီတာအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ စီမံခန့်ခွဲမှုကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ဒီအတိုင်းဆိုရင် ဒီဂျာမန်ကစားသမားကို ဝယ်ယူမယ့်အသင်းမရှိမှာနဲ့ နောက်ထပ်တစ်နှစ်မှာလည်း အသုံးမဝင်ဘဲ များပြားတဲ့ လစာငွေကို ဆက်လက်ပေးချေနေရမှာ စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော့်အမြင်တော့ အာတီတာက သူ့ရဲ့ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်းချပြပြီး အနာဂတ်မှာ သူမပါတော့ဘူးလို့ ပြောလိုက်တာပဲ။ အာတီတာအနေနဲ့ အိုဇေးလ်ကို မင်းဘာလုပ်ချင်လဲလို့ မေးလိမ့်မယ်။ နည်းပြကတော့ ကစားသမားကို အသင်းက ထွက်စေချင်နေပုံဖြစ်ပြီး လေးလံတဲ့ လစာငွေကို ထမ်းမထားချင်ဘဲ ပေါ့ပါးသွားစေချင်နေပြီ”လို့ စမစ်က ဆိုပါတယ်။

“အသင်းက မထွက်ခင် အိုဇေးလ်ကို ပြန်သုံးမလားဆိုရင် သုံးနိုင်တယ်လို့ပဲ ကျွန်တော် ဖြေမိမှာဖြစ်ပေမယ့် ဘယ်တော့မှ သူဟာ အာတီတာရဲ့ ဝင်ရိုးကစားသမားတစ်ယောက်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ အာတီတာက ပြတ်သားတဲ့သူပါ… ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ကြီးမားတဲ့ ကစားသမားဖြစ်နေနေ၊ သူ့ကစားကွက်နဲ့ အဆင်မပြေဘူးဆိုရင် ရှေ့ဆက်ပြီး ခေါ်ဆောင်သွားတော့မှာ မဟုတ်သလို ဒီလိုပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးက အာဆင်နယ်အတွက် လိုအပ်နေတဲ့ အရာလည်းဖြစ်ပါတယ်”လို့ တိုက်စစ်မှူးဟောင်းကြီးက သုံးသပ်လိုက်ပါတယ်။

ဒါ့အပြင် အလန် စမစ်က အာဆင်နယ်နဲ့ အိုဇေးလ်ဟာ အပြန်အလှန် အံဝင်ဖို့ မရှိတော့ဘူးလို့လည်း ဆိုလိုက်ပြီး အသင်းမှာ ဘောလုံးပိုင်ဆိုင်ဖို့ ဦးစားပေးပြီး ကစားခဲ့တဲ့ ခေတ်ဟာ ကုန်ဆုံးသွားပြီဖြစ်သလို ပြောင်းလဲလာတဲ့ ခေတ်ကစားဟန်အရ အားလုံးဟာ ဘောလုံးရဖို့ အသည်းအသန် လုပ်ဆောင်ကြရမှာဖြစ်ချိန်မှာ ဒီကစားသမားအနေနဲ့ အာတီတာလိုချင်တဲ့ ကြံ့ခိုင်မှုမျိုးလည်း မရှိတဲ့အတွက် အသင်းမှာ တစ်နှစ်ဆက်ရှိနေဦးတော့၊ သူ့အတွက် အနာဂတ်မရှိဘူးလို့ ပြတ်ပြတ်သားသား တွက်ချက်ပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.