Premier League

ရော်နယ်လ်ဒိုနဲ့ စတွေ့တဲ့နေ့မှာ ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်လို့ ပြောလာတဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဘဝလက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်က ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးနဲ့ စတွေ့ခဲ့တဲ့ နေ့ကစပြီး သူမရဲ့ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားမော်ဒယ်ဟာ ဆယ်ကျော်သက်ဘဝမှာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ပြောင်းရွှေ့နေထိုင်ပြီးနောက် ဆင်းရဲရာကနေ ဘယ်လို ချမ်းသာကြွယ်ဝလာလဲဆိုတာကို ၎င်းရဲ့ အသစ်ထွက်မယ့် Netflix မှတ်တမ်းရုပ်ရှင်စီးရီးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“မက်ဒရစ်ကို ကျွန်မ ရောက်လာခဲ့တာက ကြောက်မက်စရာပါပဲ။ ကျွန်မ တစ်လကို ပေါင် ၂၅၀ ဝန်းကျင်လောက်ပဲ ကျသင့်တဲ့ စျေးပေါတဲ့ တိုက်ခန်းတွေ အများကြီး လိုက်ရှာခဲ့ပြီး စတိုခန်းပါ ပါတဲ့တိုက်ခန်းကို ရှာတွေ့ခဲ့တယ်။ အဲဒီအခန်းက ဆောင်းတွင်းဆို အေးခဲနေအောင် အေးပြီး နွေရာသီဆို ပေါင်မုန့်ဖုတ်သလိုကို ပူလောင်နေခဲ့တာပါ။ ကျွန်မရဲ့ ဘဝက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တွေ့ခဲ့တဲ့နေ့မှာပဲ ပြောင်းလဲ သွားခဲ့ပါတယ်”

‘Soy Georgina’ လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Netflix က ထုတ်လွှင့်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး အဲဒီမှတ်တမ်းရုပ်ရှင်ရဲ့ ပိုစတာကို မက်ဒရစ်က လူသိများတဲ့ Serrano လမ်းက လက်ကိုင်အိတ်တွေ ရောင်းတဲ့ဆိုင်မှာ အရောင်းစာရေးမလုပ်ခဲ့တုန်းက အချိန်ကို ရည်ညွှန်းထားပါတယ်။

ပိုစတာမှာ သူမရဲ့ မယုံနိုင်စရာ ဘဝအခြေအနေ မြင့်တက်လာမှုကို “အရင်တုနး်က ကျွန်မ Serrano မှာ လက်ကိုင်အိတ်တွေကို ရောင်းခဲ့တယ်။ အခု ကျွန်မ အဲဒီလက်ကိုင်အိတ်တွေကို စုဆောင်းနေတယ်”ဆိုတဲ့စကားကို အလေးပေးဖော်ပြထားပြီး Netflix က ဒီမှတ်တမ်းရုပ်ရှင်စီးရီးနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အပိုင်းဆက်တွေအားလုံးက ဇန်နဝါရီ ၂၇ ရက်နေ့မှာ စပြမှာပါ။ ကျွန်တော်တို့ ဂျော်ဂျီနာရဲ့ တစ်နေ့ တစ်နေ့ လုပ်နေတာတွေကို တိုက်ရိုက်ပြသသွားမှာပါ။ ကျွန်တော်တို့ သူ့ရဲ့ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု၊ သူမရဲ့ ဆုတောင်းတွေနဲ့ စိတ်ဆန္ဒတွေ၊ သူမရဲ့ ဘဝ အနိမ့်အမြင့်တွေကို ရှာဖွေသွားမှာပါ။ ကျွန်တော်တို့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်အမှန်တကယ်ကို သိရပါလိမ့်မယ်။ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကျဆုံးအပိုင်းကို မြင်နိုင်မှာဖြစ်ပြီး အရှေ့မျက်နှာဖုံး၊ ဓာတ်ပုံတွေ၊ အင်စတာဂရမ် စတိုရီတွေနဲ့ သတင်းခေါင်းစည်းတွေနောက်ကွယ်က အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်နဲ့ အလွန်လေးနက်တဲ့ပုံရိပ်တွေ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့ဟာ အောက်တိုဘာလမှာ ၎င်းတို့အနေနဲ့ အမြွာလေး မွေးဖွားဖို့ မျှော်မှန်းထားတယ်လို့ ကြေညာခဲ့ပြီး စီးရီးရဲ့အစောပိုင်းပြသခဲ့တဲ့ အပိုင်းထဲမှာ ဂျော်ဂျီနာက စပိန်သားဆက်ခြားအကာအကွယ် NGO, Nuevo Futro တို့အတွက် လက်ဆောင်တွေကို ဖြည်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာကို မြင်နိုင်ပါတယ်။ ဂျော်ဂျီနာက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး “အဲဒါက ကျွန်မ ဘယ်ကနေ လာလဲဆိုတာကို မမေ့ဖို့အတွက် အရမ်း အရေးကြီးပါတယ်။ ကျွန်မ ကလေးတွေအကြောင်း စဉ်းစားလိုက်တဲ့အခါတိုင်း ကျွန်မ အမြဲတမ်း စိတ်ထဲမှာ ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လက်ကိုင်အိတ်ဆိုင်က အရောင်းစာရေးမဘဝကနေ အင်စတာဂရမ်မှာ ပရိသတ်ပေါင်း သန်း ၃၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ လူသိအများဆုံး မျက်နှာပိုင်ရှင်တွေထဲက တစ်ဦးဖြစ်လာခဲ့တာက ဂျော်ဂျီနာအတွက် မယုံနိုင်ဖွယ် ဘဝအခြေအနေ မြင့်တက်လာမှု ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားမော်ဒယ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက ရော်နယ်လ်ဒိုအတွက် ပုံမှန် အားပေးထောက်ခံသူ ဖြစ်ခဲ့ပြီး မကြာခဏဆိုသလို ပွဲကြည့်စင်ကနေ ပေါ်တူဂီကြယ်ပွင့်ကို လိုက်လံအားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုရဲ့ ဘဝလက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္က ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးနဲ႔ စေတြ႕ခဲ့တဲ့ ေန႔ကစၿပီး သူမရဲ့ ဘဝႀကီးတစ္ခုလုံး ေျပာင္းလဲသြားခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ အာဂ်င္တီးနားေမာ္ဒယ္ဟာ ဆယ္ေက်ာ္သက္ဘဝမွာ စပိန္နိုင္ငံ မက္ဒရစ္ၿမိဳ႕ကို ေျပာင္းေရႊ႕ေနထိုင္ၿပီးေနာက္ ဆင္းရဲရာကေန ဘယ္လို ခ်မ္းသာႂကြယ္ဝလာလဲဆိုတာကို ၎ရဲ့ အသစ္ထြက္မယ့္ Netflix မွတ္တမ္း႐ုပ္ရွင္စီးရီးမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“မက္ဒရစ္ကို ကၽြန္မ ေရာက္လာခဲ့တာက ေၾကာက္မက္စရာပါပဲ။ ကၽြန္မ တစ္လကို ေပါင္ ၂၅၀ ဝန္းက်င္ေလာက္ပဲ က်သင့္တဲ့ ေစ်းေပါတဲ့ တိုက္ခန္းေတြ အမ်ားႀကီး လိုက္ရွာခဲ့ၿပီး စတိုခန္းပါ ပါတဲ့တိုက္ခန္းကို ရွာေတြ႕ခဲ့တယ္။ အဲဒီအခန္းက ေဆာင္းတြင္းဆို ေအးခဲေနေအာင္ ေအးၿပီး ေႏြရာသီဆို ေပါင္မုန႔္ဖုတ္သလိုကို ပူေလာင္ေနခဲ့တာပါ။ ကၽြန္မရဲ့ ဘဝက ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို ေတြ႕ခဲ့တဲ့ေန႔မွာပဲ ေျပာင္းလဲ သြားခဲ့ပါတယ္”

‘Soy Georgina’ လို႔ အမည္ရတဲ့ မွတ္တမ္း႐ုပ္ရွင္ကို လာမယ့္ ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ Netflix က ထုတ္လႊင့္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး အဲဒီမွတ္တမ္း႐ုပ္ရွင္ရဲ့ ပိုစတာကို မက္ဒရစ္က လူသိမ်ားတဲ့ Serrano လမ္းက လက္ကိုင္အိတ္ေတြ ေရာင္းတဲ့ဆိုင္မွာ အေရာင္းစာေရးမလုပ္ခဲ့တုန္းက အခ်ိန္ကို ရည္ညႊန္းထားပါတယ္။

ပိုစတာမွာ သူမရဲ့ မယုံနိုင္စရာ ဘဝအေျခအေန ျမင့္တက္လာမႈကို “အရင္တုနး္က ကၽြန္မ Serrano မွာ လက္ကိုင္အိတ္ေတြကို ေရာင္းခဲ့တယ္။ အခု ကၽြန္မ အဲဒီလက္ကိုင္အိတ္ေတြကို စုေဆာင္းေနတယ္”ဆိုတဲ့စကားကို အေလးေပးေဖာ္ျပထားၿပီး Netflix က ဒီမွတ္တမ္း႐ုပ္ရွင္စီးရီးနဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။

“အပိုင္းဆက္ေတြအားလုံးက ဇန္နဝါရီ ၂၇ ရက္ေန႔မွာ စျပမွာပါ။ ကၽြန္ေတာ္တို႔ ေဂ်ာ္ဂ်ီနာရဲ့ တစ္ေန႔ တစ္ေန႔ လုပ္ေနတာေတြကို တိုက္ရိုက္ျပသသြားမွာပါ။ ကၽြန္ေတာ္တို႔ သူ႔ရဲ့ စစ္မွန္တဲ့ ခင္မင္ရင္းႏွီးမႈ၊ သူမရဲ့ ဆုေတာင္းေတြနဲ႔ စိတ္ဆႏၵေတြ၊ သူမရဲ့ ဘဝ အနိမ့္အျမင့္ေတြကို ရွာေဖြသြားမွာပါ။ ကၽြန္ေတာ္တို႔ ေဂ်ာ္ဂ်ီနာ ရိုဒရီဂြက္ဇ္အမွန္တကယ္ကို သိရပါလိမ့္မယ္။ ဇန္နဝါရီ ၂၇ ရက္ေန႔မွာ သူ႔ရဲ့ ကိုယ္ေရးကိုယ္တာအက်ဆုံးအပိုင္းကို ျမင္နိုင္မွာျဖစ္ၿပီး အေရွ႕မ်က္ႏွာဖုံး၊ ဓာတ္ပုံေတြ၊ အင္စတာဂရမ္ စတိုရီေတြနဲ႔ သတင္းေခါင္းစည္းေတြေနာက္ကြယ္က အမ်ိဳးသမီးတစ္ဦးရဲ့ ခံစားခ်က္နဲ႔ အလြန္ေလးနက္တဲ့ပုံရိပ္ေတြ ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာတို႔ဟာ ေအာက္တိုဘာလမွာ ၎တို႔အေနနဲ႔ အႁမြာေလး ေမြးဖြားဖို႔ ေမၽွာ္မွန္းထားတယ္လို႔ ေၾကညာခဲ့ၿပီး စီးရီးရဲ့အေစာပိုင္းျပသခဲ့တဲ့ အပိုင္းထဲမွာ ေဂ်ာ္ဂ်ီနာက စပိန္သားဆက္ျခားအကာအကြယ္ NGO, Nuevo Futro တို႔အတြက္ လက္ေဆာင္ေတြကို ျဖည္ေနတဲ့ ဗီဒီယိုကို အင္စတာဂရမ္အေကာင့္မွာ တင္ထားခဲ့တာကို ျမင္နိုင္ပါတယ္။ ေဂ်ာ္ဂ်ီနာက အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး “အဲဒါက ကၽြန္မ ဘယ္ကေန လာလဲဆိုတာကို မေမ့ဖို႔အတြက္ အရမ္း အေရးႀကီးပါတယ္။ ကၽြန္မ ကေလးေတြအေၾကာင္း စဥ္းစားလိုက္တဲ့အခါတိုင္း ကၽြန္မ အျမဲတမ္း စိတ္ထဲမွာ ခံစားရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ကိုင္အိတ္ဆိုင္က အေရာင္းစာေရးမဘဝကေန အင္စတာဂရမ္မွာ ပရိသတ္ေပါင္း သန္း ၃၀ ေက်ာ္နဲ႔ ကမၻာေပၚမွာ လူသိအမ်ားဆုံး မ်က္ႏွာပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္လာခဲ့တာက ေဂ်ာ္ဂ်ီနာအတြက္ မယုံနိုင္ဖြယ္ ဘဝအေျခအေန ျမင့္တက္လာမႈ ျဖစ္ခဲ့ပါတယ္။ အာဂ်င္တီးနားေမာ္ဒယ္ဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကတည္းက ေရာ္နယ္လ္ဒိုအတြက္ ပုံမွန္ အားေပးေထာက္ခံသူ ျဖစ္ခဲ့ၿပီး မၾကာခဏဆိုသလို ပြဲၾကည့္စင္ကေန ေပၚတူဂီၾကယ္ပြင့္ကို လိုက္လံအားေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.