Analysis Premier League

ထွက်ချင်တဲ့သူအားလုံးပေးထွက်လိုက်ရင် ယူနိုက်တက်ပွဲထွက်လူစာရင်း ဘယ်လိုဖြစ်လာနိုင်မလဲ

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ဟာ အိုးထရက်ဖို့ဒ်မှာ မငြိမ်မသက်မှုတွေ ကြီးထွားနေချိန်မှာ အစုလိုက် အပြုံလိုက် ကစားသမားတွေ ထွက်ခွာသွားမှာကို စိုးရိမ်နေမှာဖြစ်ပြီး ယခုလမှာ ကစားသမား တစ်ဒါဇင်ကျော် အသင်းကနေ ထွက်ခွာဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ရာ့လ်ဖ် ရန်းနစ်ခ်ဟာ ၎င်းရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဘဝ အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး ယခုလ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းလူစာရင်းထဲက ကစားသမား ၁၃ ဦးလောက်အထိ ထွက်ခွာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ ယခုအပတ် အစောပိုင်းတုန်းက Mirror Sport ရဲ့ အထူးသီးသန့် ထုတ်ဖော်ပြောဆိုမှုအရ ရန်းနစ်ခ်ဟာ အသင်းလူစာရင်းထဲမှာ အုပ်စုလေးတွေ ဖွဲ့ပြီး နေနေကြတာကို သတိပြုမိနေပြီး ကစားသမားအများစုဟာ ယာယီနည်းပြသစ် လက်ထက်မှာ ပွဲကစားချိန်မရရှိမှုကြောင့် စိတ်ပျက်နေကြဆဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ဖော်ပြခဲ့တဲ့နာမည်စာရင်းအရ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ ကစားသမား ၁၃ ဦးအထိ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က အခြေအနေတွေကလည်း ကျီးလန့်စာစားဖြစ်နေကြတာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် စီနီယာကစားသမားတွေထဲမှာ ပေါ့ဂ်ဘာ၊ ကာဗာနီ၊ ဗန်ဒီဘိခ်၊ ဂျက်ဆီ လင်ဂတ်၊ ဒင်း ဟန်ဒါဆန်တို့လို ကစားသမားတွေ ပါဝင်နေပြီး ၎င်းတို့ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ကစားချိန် ရရှိချင်နေကြတာဖြစ်ပါတယ်။

တခြားကစားသမားတွေကတော့ အန်သိုနီ မာစီယယ်လ်၊ ဟွမ် မာတာ၊ အဲရစ် ဘိုင်လီ၊ ဖီးလ် ဂျုံးစ်၊ မာတစ်၊ ဖရက်ဒ်၊ ဒါလော့နဲ့ တွမ်ဇီဘီတို့လည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ခံစစ်ပိုင်းအရတော့ ယူနိုက်တက်ကနေ ထွက်ခွာမယ့်ကစားသမားတွေကြောင့် အရမ်းကြီး ထိခိုက်မှုတော့ ရှိမှာမဟုတ်ပါဘူး။ ဝုလ်ဗ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ပွဲထွက်ကစားခဲ့တဲ့ နောက်ခံကစားသမား ၄ ဦးထဲက တစ်ဦးသာ အသင်းနဲ့ ဆက်သွားဖို့ ကြိုးပမ်းနေပြီး မပျော်မရွှင်ဖြစ်နေတဲ့ ကစားသမားစာရင်းကြောင့် ရန်းနစ်ခ်ရဲ့ ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလွယ်ကူလာစေသင့်ပါတယ်။

ညာနောက်ခံကစားသမား ဒါလော့ရဲ့ တိုက်စစ် ခြိမ်းခြောက်နိုင်စွမ်းကို အစားထိုးဖို့အတွက် စိုးရိမ်မှုတွေ ရှိနေပြီး အာရွန် ဝမ် ဘစ်ဆာကာအနေနဲ့ အသင်းနဲ့ ရှေ့ဆက်သွားချင်တယ်ဆိုရင် ၎င်းအတွက် ယှဉ်ပြိုင်မှု မဖြစ်မနေ လိုအပ်မယ့်ပုံပေါ်ပေမယ့် ဖီးလ်ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ဟာ ယူနိုက်တက်လူစာရင်းနဲ့အတူ မတွေ့ခဲ့ရတာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။

ဒင်း ဟန်ဒါဆန်နဲ့ ဘိုင်လီတို့ကလည်း ပွဲကစားချိန် မရှိမှုကြောင့် အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းနေတာ သေချာပြီး ရန်းနစ်ခ်အနေနဲ့ ၎င်းနှစ်သက်တဲ့ ၄-၂-၂-၂ ချဉ်းကပ်ပုံကို ဆက်လက်အသုံးပြုချင်တယ်ဆိုရင် ချန်ထားရမယ့်အရာတွေကို ချန်ထားရမယ်ဆိုတာကို လက်ခံရမှာဖြစ်ပြီး ဟာရီ မက်ဂွိုင်းယားနဲ့ ရာဖေးလ် ဗာရွန်းတို့ကို အလယ်မှာ ဆက်ထားပြီး လုခ် ရှောနဲ့ အဲလက်စ် တဲလက်စ်တို့ကို ဘယ်နောက်ခံနေရာအတွက် ယှဉ်ပြိုင်စေရမှာဖြစ်ပါတယ်။

အလားတူပဲ ရန်းနစ်ခ်အနေနဲ့ ကာဗာနီနဲ့ မာစီယယ်လ်တို့ ၂ ဦးစလုံး အထုပ်ပြင်နေတယ်ဆိုရင်တောင်မှပဲ တိုက်စစ်မှာ ရွေးချယ်စရာ နည်းပါးသွားမှာမဟုတ်ဘဲ မေဆင် ဂရင်းဝုဒ် သို့မဟုတ် ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှာ ရော်နယ်လ်ဒိုနဲ့ တွဲပေးလိုက်ရင် သိပ်ပြဿနာ ရှိမယ့်ပုံ မပေါ်ပါဘူး။ အလားတူပဲ လင်ဂတ်ရဲ့ ၄-၂-၂-၂ ကစားကွက်က အခန်းကဏ္ဍဟာ တိုက်စစ်ကစားသမားတွေထဲက တစ်ဦးမဟုတ်တဲ့အတွက် ဝက်စ်ဟမ်းကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေရှိနေတာက သိပ်ရင်ခုန်စရာမရှိပေမယ့်လည်း ၎င်းထွက်ခွာမှုကြောင့် ကွင်းလယ်ပိုင်းမှာတော့ နည်းနည်း စိုးရိမ်စရာ ရှိနေတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာ၊ မာတာ၊ ဗန်ဒီဘိခ်တို့အားလုံးဟာ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် အမြဲတမ်း ပါဝင်ကစားပေးလေ့မရှိသူတွေဖြစ်ပေမယ့် မာတစ်နဲ့ ဖရက်ဒ်ကတော့ အခြားကစားသမားတွေ မပါဝင်နိုင်မှုကြောင့် ပိုပြီးတော့ ပါဝင်ကစားပေးရလေ့ရှိပါတယ်။ အရင်တုန်းကတောင် အသင်းကနေ ထွက်ခွာပြီး တခြားတစ်နေရာမှာ ကစားချင်တယ်လို့ ပြောခဲ့တဲ့ ကစားသမားတွေကိုတောင် ရောင်းထုတ်ဖို့ ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်အတွက် ကွင်းလယ်ကစားသမား ၆ ဦးစလုံးကို ဆုံးရှုံးခံလိုက်ဖို့က ဖြစ်နိုင်ဖွယ် မရှိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ်ဟာ မက်တော်မီနေးနဲ့အတူ ကွင်းလယ်ခံစစ်ပိုင်းကို ဆင်းကစားပြီး တိုက်စစ်ပိုင်းမှာ အများကြီး မကူညီပေးနိုင်တာမျိုးကလည်း အသင်းအနေနဲ့ ရှောင်ရှားချင်တဲ့ကိစ္စတစ်ခု ဖြစ်မှာပါ။ ရန်းနစ်ခ်အနေနဲ့ အလှည့်အပြောင်းလုပ်ဖို့အတွက် နေရာကျန်ရှိသေးပြီး အန်သိုနီ အီလန်ဂါကို စတင်တာဝန်ယူကတည်းက အသုံးပြုမှုဟာ ၎င်းဟာ အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေထဲက အချို့ကို အခွင့်အရေးပေးချင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြေအနေက ယူနိုက်တက်ရဲ့ ကွင်းလယ်နေရာကို အင်အားတောင့်တင်းအောင်လုပ်ဖို့ လိုအပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး ၎င်းတို့ရဲ့မှာရှိနေတဲ့ မကျေမနပ်စြ်နေတဲ့ ကစားသမားတွေနဲ့ ရှေ့ဆက်မှာလား ဒါမှမဟုတ် ရှေ့မဆက်ဘူးလား ရွေးချယ်ရမှာဖြစ်ပါတယ်။

အမာဒူ ဟိုင်ဒါရာနဲ့ ဘူဘာကာ ကာမာရာတို့ကလည်း ၂၀၁၈ ခုနှစ်မှာ ရှက်တာဒိုးနတ်ကနေ ခေါ်ယူခဲ့ပြီးကတည်းက ကွင်းလယ်ခံစစ်ကစားသမား ထပ်ခေါ်နိုင်ခဲ့တာမရှိခဲ့တဲ့ ယူနိုက်တက်နဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေခဲ့ပြီး ပေါ့ဂ်ဘာ၊ မာတာ၊ လင်ဂတ်တို့အားလုံးဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံး ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲကစားချိန် အနည်းငယ် ရရှိခဲ့တဲ့ လူငယ်ကစားသမားတွေက ဒီကစားသမားတွေရဲ့နေရာမှာ နေရာယူကစားပေးဖို့ အဆင်သင့်မဖြစ်သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အဲဒါတောင်မှ အိုးထရက်ဖို့ဒ်က လူအများစုက ရန်းနစ်ခ်ရဲ့ယာယီနည်းပြအဖြစ် ခန့်အပ်မှု ကွင်းထဲမှာ ရေရှည်တည်ငြိမ်မှုတွေ ရရှိအောင် တည်ဆောက်ဖို့လို့ မျှော်လင့်နေကြသေးရင် အပြောင်းအရွှေ့စျေးကွက် တစ်ခု ဒါမှမဟုတ် ၂ ခုရဲ့အပြောင်းအလဲဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးအရာမဟုတ်နိုင်တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ အိုးထရက္ဖို႔ဒ္မွာ မၿငိမ္မသက္မႈေတြ ႀကီးထြားေနခ်ိန္မွာ အစုလိုက္ အျပဳံလိုက္ ကစားသမားေတြ ထြက္ခြာသြားမွာကို စိုးရိမ္ေနမွာျဖစ္ၿပီး ယခုလမွာ ကစားသမား တစ္ဒါဇင္ေက်ာ္ အသင္းကေန ထြက္ခြာဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ရာ့လ္ဖ္ ရန္းနစ္ခ္ဟာ ၎ရဲ့ မန္ခ်က္စတာယူနိုက္တက္ နည္းျပဘဝ အႀကီးမားဆုံးစိန္ေခၚမႈကို ရင္ဆိုင္ေနရၿပီး ယခုလ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းလူစာရင္းထဲက ကစားသမား ၁၃ ဦးေလာက္အထိ ထြက္ခြာနိုင္ေျခရွိေနတာ ျဖစ္ပါတယ္။ ယခုအပတ္ အေစာပိုင္းတုန္းက Mirror Sport ရဲ့ အထူးသီးသန႔္ ထုတ္ေဖာ္ေျပာဆိုမႈအရ ရန္းနစ္ခ္ဟာ အသင္းလူစာရင္းထဲမွာ အုပ္စုေလးေတြ ဖြဲ႕ၿပီး ေနေနၾကတာကို သတိျပဳမိေနၿပီး ကစားသမားအမ်ားစုဟာ ယာယီနည္းျပသစ္ လက္ထက္မွာ ပြဲကစားခ်ိန္မရရွိမႈေၾကာင့္ စိတ္ပ်က္ေနၾကဆဲ ျဖစ္ပါတယ္။

သတင္းထဲမွာ ေဖာ္ျပခဲ့တဲ့နာမည္စာရင္းအရ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ကစားသမား ၁၃ ဦးအထိ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က အေျခအေနေတြကလည္း က်ီးလန႔္စာစားျဖစ္ေနၾကတာျဖစ္ပါတယ္။ လာမယ့္ ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ စီနီယာကစားသမားေတြထဲမွာ ေပါ့ဂ္ဘာ၊ ကာဗာနီ၊ ဗန္ဒီဘိခ္၊ ဂ်က္ဆီ လင္ဂတ္၊ ဒင္း ဟန္ဒါဆန္တို႔လို ကစားသမားေတြ ပါဝင္ေနၿပီး ၎တို႔ဟာ ကမၻာ့ဖလားမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔အတြက္ ပုံမွန္ပြဲထြက္ကစားခ်ိန္ ရရွိခ်င္ေနၾကတာျဖစ္ပါတယ္။

တျခားကစားသမားေတြကေတာ့ အန္သိုနီ မာစီယယ္လ္၊ ဟြမ္ မာတာ၊ အဲရစ္ ဘိုင္လီ၊ ဖီးလ္ ဂ်ဳံးစ္၊ မာတစ္၊ ဖရက္ဒ္၊ ဒါေလာ့နဲ႔ တြမ္ဇီဘီတို႔လည္း စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ခံစစ္ပိုင္းအရေတာ့ ယူနိုက္တက္ကေန ထြက္ခြာမယ့္ကစားသမားေတြေၾကာင့္ အရမ္းႀကီး ထိခိုက္မႈေတာ့ ရွိမွာမဟုတ္ပါဘူး။ ဝုလ္ဗ္စ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ပြဲထြက္ကစားခဲ့တဲ့ ေနာက္ခံကစားသမား ၄ ဦးထဲက တစ္ဦးသာ အသင္းနဲ႔ ဆက္သြားဖို႔ ႀကိဳးပမ္းေနၿပီး မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ကစားသမားစာရင္းေၾကာင့္ ရန္းနစ္ခ္ရဲ့ ဆုံးျဖတ္ခ်က္ခ်ရာမွာ ပိုမိုလြယ္ကူလာေစသင့္ပါတယ္။

ညာေနာက္ခံကစားသမား ဒါေလာ့ရဲ့ တိုက္စစ္ ၿခိမ္းေျခာက္နိုင္စြမ္းကို အစားထိုးဖို႔အတြက္ စိုးရိမ္မႈေတြ ရွိေနၿပီး အာရြန္ ဝမ္ ဘစ္ဆာကာအေနနဲ႔ အသင္းနဲ႔ ေရွ႕ဆက္သြားခ်င္တယ္ဆိုရင္ ၎အတြက္ ယွဥ္ၿပိဳင္မႈ မျဖစ္မေန လိုအပ္မယ့္ပုံေပၚေပမယ့္ ဖီးလ္ဂ်ဳံးစ္နဲ႔ တြမ္ဇီဘီတို႔ဟာ ယူနိုက္တက္လူစာရင္းနဲ႔အတူ မေတြ႕ခဲ့ရတာ အခ်ိန္အေတာ္ၾကာေနခဲ့ၿပီျဖစ္ပါတယ္။

ဒင္း ဟန္ဒါဆန္နဲ႔ ဘိုင္လီတို႔ကလည္း ပြဲကစားခ်ိန္ မရွိမႈေၾကာင့္ အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေနတာ ေသခ်ာၿပီး ရန္းနစ္ခ္အေနနဲ႔ ၎ႏွစ္သက္တဲ့ ၄-၂-၂-၂ ခ်ဥ္းကပ္ပုံကို ဆက္လက္အသုံးျပဳခ်င္တယ္ဆိုရင္ ခ်န္ထားရမယ့္အရာေတြကို ခ်န္ထားရမယ္ဆိုတာကို လက္ခံရမွာျဖစ္ၿပီး ဟာရီ မက္ဂြိဳင္းယားနဲ႔ ရာေဖးလ္ ဗာရြန္းတို႔ကို အလယ္မွာ ဆက္ထားၿပီး လုခ္ ေရွာနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ဘယ္ေနာက္ခံေနရာအတြက္ ယွဥ္ၿပိဳင္ေစရမွာျဖစ္ပါတယ္။

အလားတူပဲ ရန္းနစ္ခ္အေနနဲ႔ ကာဗာနီနဲ႔ မာစီယယ္လ္တို႔ ၂ ဦးစလုံး အထုပ္ျပင္ေနတယ္ဆိုရင္ေတာင္မွပဲ တိုက္စစ္မွာ ေရြးခ်ယ္စရာ နည္းပါးသြားမွာမဟုတ္ဘဲ ေမဆင္ ဂရင္းဝုဒ္ သို႔မဟုတ္ ရက္ရွ္ဖို႔ဒ္ကို တိုက္စစ္မွာ ေရာ္နယ္လ္ဒိုနဲ႔ တြဲေပးလိုက္ရင္ သိပ္ျပႆနာ ရွိမယ့္ပုံ မေပၚပါဘူး။ အလားတူပဲ လင္ဂတ္ရဲ့ ၄-၂-၂-၂ ကစားကြက္က အခန္းက႑ဟာ တိုက္စစ္ကစားသမားေတြထဲက တစ္ဦးမဟုတ္တဲ့အတြက္ ဝက္စ္ဟမ္းကို ျပန္လည္ေျပာင္းေရႊ႕နိုင္ေျခရွိေနတာက သိပ္ရင္ခုန္စရာမရွိေပမယ့္လည္း ၎ထြက္ခြာမႈေၾကာင့္ ကြင္းလယ္ပိုင္းမွာေတာ့ နည္းနည္း စိုးရိမ္စရာ ရွိေနတာျဖစ္ပါတယ္။

ေပါ့ဂ္ဘာ၊ မာတာ၊ ဗန္ဒီဘိခ္တို႔အားလုံးဟာ အမ်ိဳးမ်ိဳးေသာအေၾကာင္းအရင္းေတြေၾကာင့္ အျမဲတမ္း ပါဝင္ကစားေပးေလ့မရွိသူေတြျဖစ္ေပမယ့္ မာတစ္နဲ႔ ဖရက္ဒ္ကေတာ့ အျခားကစားသမားေတြ မပါဝင္နိုင္မႈေၾကာင့္ ပိုၿပီးေတာ့ ပါဝင္ကစားေပးရေလ့ရွိပါတယ္။ အရင္တုန္းကေတာင္ အသင္းကေန ထြက္ခြာၿပီး တျခားတစ္ေနရာမွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့ ကစားသမားေတြကိုေတာင္ ေရာင္းထုတ္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ယူနိုက္တက္အတြက္ ကြင္းလယ္ကစားသမား ၆ ဦးစလုံးကို ဆုံးရႈံးခံလိုက္ဖို႔က ျဖစ္နိုင္ဖြယ္ မရွိတာ ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

ဒါေပမယ့္လည္း ဘ႐ူနို ဖာနန္ဒက္စ္ဟာ မက္ေတာ္မီေနးနဲ႔အတူ ကြင္းလယ္ခံစစ္ပိုင္းကို ဆင္းကစားၿပီး တိုက္စစ္ပိုင္းမွာ အမ်ားႀကီး မကူညီေပးနိုင္တာမ်ိဳးကလည္း အသင္းအေနနဲ႔ ေရွာင္ရွားခ်င္တဲ့ကိစၥတစ္ခု ျဖစ္မွာပါ။ ရန္းနစ္ခ္အေနနဲ႔ အလွည့္အေျပာင္းလုပ္ဖို႔အတြက္ ေနရာက်န္ရွိေသးၿပီး အန္သိုနီ အီလန္ဂါကို စတင္တာဝန္ယူကတည္းက အသုံးျပဳမႈဟာ ၎ဟာ အသင္းမွာရွိတဲ့ လူငယ္ကစားသမားေတြထဲက အခ်ိဳ႕ကို အခြင့္အေရးေပးခ်င္တယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေျခအေနက ယူနိုက္တက္ရဲ့ ကြင္းလယ္ေနရာကို အင္အားေတာင့္တင္းေအာင္လုပ္ဖို႔ လိုအပ္ေနတာကို ရွင္းရွင္းလင္းလင္း ျမင္ေနရၿပီး ၎တို႔ရဲ့မွာရွိေနတဲ့ မေက်မနပ္ျဖစ္ေနတဲ့ ကစားသမားေတြနဲ႔ ေရွ႕ဆက္မွာလား ဒါမွမဟုတ္ ေရွ႕မဆက္ဘူးလား ေရြးခ်ယ္ရမွာျဖစ္ပါတယ္။

အမာဒူ ဟိုင္ဒါရာနဲ႔ ဘူဘာကာ ကာမာရာတို႔ကလည္း ၂၀၁၈ ခုႏွစ္မွာ ရွက္တာဒိုးနတ္ကေန ေခၚယူခဲ့ၿပီးကတည္းက ကြင္းလယ္ခံစစ္ကစားသမား ထပ္ေခၚနိုင္ခဲ့တာမရွိခဲ့တဲ့ ယူနိုက္တက္နဲ႔ သတင္းေတြ ဆက္လက္ထြက္ေပၚေနခဲ့ၿပီး ေပါ့ဂ္ဘာ၊ မာတာ၊ လင္ဂတ္တို႔အားလုံးဟာ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ရဲ့ ေနာက္ဆုံး ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲကစားခ်ိန္ အနည္းငယ္ ရရွိခဲ့တဲ့ လူငယ္ကစားသမားေတြက ဒီကစားသမားေတြရဲ့ေနရာမွာ ေနရာယူကစားေပးဖို႔ အဆင္သင့္မျဖစ္ေသးတာ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး အဲဒါေတာင္မွ အိုးထရက္ဖို႔ဒ္က လူအမ်ားစုက ရန္းနစ္ခ္ရဲ့ယာယီနည္းျပအျဖစ္ ခန႔္အပ္မႈ ကြင္းထဲမွာ ေရရွည္တည္ၿငိမ္မႈေတြ ရရွိေအာင္ တည္ေဆာက္ဖို႔လို႔ ေမၽွာ္လင့္ေနၾကေသးရင္ အေျပာင္းအေရႊ႕ေစ်းကြက္ တစ္ခု ဒါမွမဟုတ္ ၂ ခုရဲ့အေျပာင္းအလဲဟာ ကမၻာေပၚမွာ အဆိုးဆုံးအရာမဟုတ္နိုင္တာ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.