Premier League Serie A Transfer News

ဖီအိုရင်တီးနားတို့ရဲ့ ရွှေ့ကွက်သစ်က အာဆင်နယ်တို့အတွက် သတင်းကောင်းလား

အာဆင်နယ်အသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို စိတ်ဝင်စားကြောင်း အတိအလင်း ဝန်ခံထားခဲ့သလို နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့လည်း ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းထားရာမှာ ဖလော့ရင်ကလပ်အသင်းရဲ့ ရွှေ့ကွက်သစ်က စောင့်ကြည့်သူတွေ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

ဒါကတော့ စီးရီးအေမှာ ဂျီနိုအာအသင်းနဲ့ ခြေစွမ်းပြခဲ့ဖူးတဲ့ တိုက်စစ်မှူး ခရစ္စတော့ဖ် ပီယွန်တက်ခ်ကို ဟာသာဘာလင်ကနေ ရာသီဝက် အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဖီအိုရင်တီးနားအသင်းရဲ့ ကျောနံပါတ် ၁၉ ခရမ်းရောင်အင်္ကျီကို ဝတ်ဆင်မယ့် ပိုလန်သားရဲ့ အချိန်ကိုက် ရောက်ရှိလာမှုကတော့ အာဆင်နယ်ပရိသတ်တွေနဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေကို သဲလွန်စပေးလိုက်တာလို့လည်း ယူဆနိုင်ပါတယ်။

မစ်ဒ်ဝေးတိုက်ပွဲ ရုပ်ရှင်(၂၀၁၉)ထဲက ထောက်လှမ်းရေးသမားတွေရဲ့ ဥပမာပေးမှုကို ပြန်ပြောရရင်တော့ “မင်္ဂလာဧည့်ခံပွဲတစ်ခု ကျင်းပမယ်လို့ စိတ်ကူးကြည့်ရအောင်၊ ဖိတ်စာကိုတော့ ခင်ဗျား မမြင်ရသေးဘူး၊ ဒါပေမယ့် အကျွေးအမွေး စီစဉ်သူတွေက အဲ့ဒီရက်ပိုင်းမှာ အလုပ်ရှိတယ် ပြောနေမယ်၊ ပန်းအလှပြင်တဲ့သူက ပန်းတွေအားလုံးကို ချုပ်ဝယ်ထားမယ်၊ အကောင်းဆုံး တီးဝိုင်းကလည်း ဘွတ်ကင်လုပ်ထားပြီးပြီ။ ဒါဆိုရင် ဒီသဲလွန်စတွေနဲ့ နီးနီးစပ်စပ် ခန့်မှန်းနိုင်လိမ့်မယ်” ဆိုတာမျိုးလိုပဲ ဖြစ်ပါတယ်။

ပီယွန်တက်ခ်ရဲ့ အပြောင်းအရွှေ့ကလည်း ဒီနည်းနှင်နှင်ပဲဖြစ်ပြီး သူတို့အနေနဲ့ ဗလာဟိုဗစ်ချ်ကို ရောင်းချဖို့ စီစဉ်နေလို့ အသင်းကြီး မဟုတ်သူတွေရဲ့ ထုံးစံအတိုင်း လူထွက်သွားပြီးမှ အစားထိုးဖို့ ဗျာမများရအောင် ကြိုတင်ခေါ်ယူတတ်တဲ့ အလေ့အထအရဖြစ်ဖို့ များနေချိန်မှာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာဖြစ်လာခဲ့တာပါ။

စီးရီးအေမှာ သုံးသင်းမြောက် ကစားတော့မယ့် ပီယွန်တက်ခ်ဟာ ဂျီနိုအာနဲ့ ၁၉ ပွဲကစားအပြီးမှာ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းကျဆင်းသွားတာ မဟုတ်ပေမယ့် သူ့ကို အဓိက ဦးတည်ကစားတာ မဟုတ်တဲ့ အသင်းကြီးတစ်သင်းမှာ ထင်တိုင်းမပေါက်ခဲ့တာကြောင့် ဟာသာဘာလင်ကို ရွေးချယ်ခဲ့တာဖြစ်သလို လက်ရှိမှာတော့ ဖီအိုရင်တီးနားအသင်းနဲ့ အစမ်းသပ်ခံဖို့ ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ခုန်မှုတွေကတော့ ပိုမိုမြင့်တက်လာနေပြီး ကွင်းလယ်လူ တော်ရဲရားအပြင် ထပ်ဆောင်းငွေကြေး ယူရို ၅၅ သန်း (ပေါင် ၄၆ သန်း)ဆိုတာကတော့ ဖီအိုရင်တီးနားဘက်က လက်ခံမယ့် ပမာဏလည်းဖြစ်နေချိန်မှာ ဆားဘီးယားတိုက်စစ်မှူးရဲ့ သဘောတစ်ခုကပဲ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကျန်တော့တာလို့လည်း ဆိုရပါလိမ့်မယ်။

ဒါကြောင့် ပိုလန်တိုက်စစ်မှူး ပီယွန်တက်ခ်ကို ခေါ်ယူထားခဲ့ချိန်မှာ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ပျော်ရွှင်နိုင်ဖို့ကတော့ သူတို့ဘက်က တာဝန်ရှိသူတွေရဲ့ ဆွဲဆောင်စည်းရုံးမှုအပေါ်မှာသာ မူတည်နေခဲ့ပြီး အချိန်တိုအတွင်းမှာ သတင်းကောင်းကြားရဖို့အတွက် အထက်ဖော်ပြပါ ရုပ်ရှင်ထဲက ဥပမာလိုမျိုးပဲလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းရဲ႕ တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို စိတ္ဝင္စားေၾကာင္း အတိအလင္း ဝန္ခံထားခဲ့သလို နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔လည္း ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကိုပါ အလိုက္ေပးၿပီး ကမ္းလွမ္းထားရာမွာ ဖေလာ့ရင္ကလပ္အသင္းရဲ႕ ေ႐ႊ႕ကြက္သစ္က ေစာင့္ၾကည့္သူေတြ စိတ္ဝင္စားစရာျဖစ္လာခဲ့ပါတယ္။

ဒါကေတာ့ စီးရီးေအမွာ ဂ်ီႏိုအာအသင္းနဲ႔ ေျခစြမ္းျပခဲ့ဖူးတဲ့ တိုက္စစ္မႉး ခရစၥေတာ့ဖ္ ပီယြန္တက္ခ္ကို ဟာသာဘာလင္ကေန ရာသီဝက္ အငွားနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဖီအိုရင္တီးနားအသင္းရဲ႕ ေက်ာနံပါတ္ ၁၉ ခရမ္းေရာင္အက်ႌကို ဝတ္ဆင္မယ့္ ပိုလန္သားရဲ႕ အခ်ိန္ကိုက္ ေရာက္ရွိလာမႈကေတာ့ အာဆင္နယ္ပရိသတ္ေတြနဲ႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူေတြကို သဲလြန္စေပးလိုက္တာလို႔လည္း ယူဆႏိုင္ပါတယ္။

မစ္ဒ္ေဝးတိုက္ပြဲ ႐ုပ္ရွင္(၂၀၁၉)ထဲက ေထာက္လွမ္းေရးသမားေတြရဲ႕ ဥပမာေပးမႈကို ျပန္ေျပာရရင္ေတာ့ “မဂၤလာဧည့္ခံပြဲတစ္ခု က်င္းပမယ္လို႔ စိတ္ကူးၾကည့္ရေအာင္၊ ဖိတ္စာကိုေတာ့ ခင္ဗ်ား မျမင္ရေသးဘူး၊ ဒါေပမယ့္ အေကြၽးအေမြး စီစဥ္သူေတြက အဲ့ဒီရက္ပိုင္းမွာ အလုပ္ရွိတယ္ ေျပာေနမယ္၊ ပန္းအလွျပင္တဲ့သူက ပန္းေတြအားလုံးကို ခ်ဳပ္ဝယ္ထားမယ္၊ အေကာင္းဆုံး တီးဝိုင္းကလည္း ဘြတ္ကင္လုပ္ထားၿပီးၿပီ။ ဒါဆိုရင္ ဒီသဲလြန္စေတြနဲ႔ နီးနီးစပ္စပ္ ခန႔္မွန္းႏိုင္လိမ့္မယ္” ဆိုတာမ်ိဳးလိုပဲ ျဖစ္ပါတယ္။

ပီယြန္တက္ခ္ရဲ႕ အေျပာင္းအေ႐ႊ႕ကလည္း ဒီနည္းႏွင္ႏွင္ပဲျဖစ္ၿပီး သူတို႔အေနနဲ႔ ဗလာဟိုဗစ္ခ်္ကို ေရာင္းခ်ဖို႔ စီစဥ္ေနလို႔ အသင္းႀကီး မဟုတ္သူေတြရဲ႕ ထုံးစံအတိုင္း လူထြက္သြားၿပီးမွ အစားထိုးဖို႔ ဗ်ာမမ်ားရေအာင္ ႀကိဳတင္ေခၚယူတတ္တဲ့ အေလ့အထအရျဖစ္ဖို႔ မ်ားေနခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ ရင္ခုန္စရာျဖစ္လာခဲ့တာပါ။

စီးရီးေအမွာ သုံးသင္းေျမာက္ ကစားေတာ့မယ့္ ပီယြန္တက္ခ္ဟာ ဂ်ီႏိုအာနဲ႔ ၁၉ ပြဲကစားအၿပီးမွာ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေျခစြမ္းက်ဆင္းသြားတာ မဟုတ္ေပမယ့္ သူ႔ကို အဓိက ဦးတည္ကစားတာ မဟုတ္တဲ့ အသင္းႀကီးတစ္သင္းမွာ ထင္တိုင္းမေပါက္ခဲ့တာေၾကာင့္ ဟာသာဘာလင္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္သလို လက္ရွိမွာေတာ့ ဖီအိုရင္တီးနားအသင္းနဲ႔ အစမ္းသပ္ခံဖို႔ ေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရင္ခုန္မႈေတြကေတာ့ ပိုမိုျမင့္တက္လာေနၿပီး ကြင္းလယ္လူ ေတာ္ရဲရားအျပင္ ထပ္ေဆာင္းေငြေၾကး ယူ႐ို ၅၅ သန္း (ေပါင္ ၄၆ သန္း)ဆိုတာကေတာ့ ဖီအိုရင္တီးနားဘက္က လက္ခံမယ့္ ပမာဏလည္းျဖစ္ေနခ်ိန္မွာ ဆားဘီးယားတိုက္စစ္မႉးရဲ႕ သေဘာတစ္ခုကပဲ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ က်န္ေတာ့တာလို႔လည္း ဆိုရပါလိမ့္မယ္။

ဒါေၾကာင့္ ပိုလန္တိုက္စစ္မႉး ပီယြန္တက္ခ္ကို ေခၚယူထားခဲ့ခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ေပ်ာ္႐ႊင္ႏိုင္ဖို႔ကေတာ့ သူတို႔ဘက္က တာဝန္ရွိသူေတြရဲ႕ ဆြဲေဆာင္စည္း႐ုံးမႈအေပၚမွာသာ မူတည္ေနခဲ့ၿပီး အခ်ိန္တိုအတြင္းမွာ သတင္းေကာင္းၾကားရဖို႔အတြက္ အထက္ေဖာ္ျပပါ ႐ုပ္ရွင္ထဲက ဥပမာလိုမ်ိဳးပဲလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.