Match Report

တုိက္စစ္ခ်င္းကြာျခားမွဳေတြနဲ႔ ခ်ဲလ္ဆီးတို႔ လက္စတာကို အေဝးကြင္းမွာ ေက်ာ္ျဖတ္

လက္စတာစီးတီးအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ ကင္းပါဝါကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ အေဝးကြင္းျဖစ္ေပမယ့္လည္း တိုက္စစ္ကစားပုံ ထိေရာက္ၿပီး အဆုံးသတ္ဂိုးသြင္းမွဳေတြ ပိုမိုေကာင္းမြန္တဲ့ ခ်ဲလ္ဆီးတုိ႔က အႏုိင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေဘာလုံးကိုင္ကစားဖို႔ ႀကဳိးစားတဲ့ ခ်ဲလ္ဆီးနဲ႔ Direct Attacking နဲ႔ Counter ေတြကို အဓိကထားတဲ့ လက္စတာစီးတီးတို႔ ကြင္းလယ္မွာ အားၿပဳိင္ခဲ့ရၿပီး ခ်ဲလ္ဆီးတုိ႔ကို ေဘာလုံးဆုံးရွဳံးေအာင္ လက္စတာကြင္းလယ္အတြဲျဖစ္တဲ့ တီးလီးမန္းစ္နဲ႔ အန္ဒီဒီတုိ႔က ကိုယ္လုံးကိုယ္ထည္ ေသးငယ္တဲ့ ကြန္ေတနဲ႔ ဂီးလ္မိုးတို႔ကို စနစ္တက် ဖိအားေပးကစားႏုိင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ ေလာက္အတြင္းမွာတင္ လက္စတာတုိ႔ ဂိုးသြင္းခြင့္ ၅ ႀကိမ္ေလာက္ ရခဲ့ၿပီး အထိုင္ဖ်က္ထားတဲ့ ဒဏ္ကို ခံေနရၿပီး ပြဲေဝးေနတဲ့ ပီရက္ဇ္နဲ႔ ဘန္းစ္တုိ႔ဟာ အေထာင္တုိက္စစ္မွဴး ဗာဒီကို ေကာင္းေကာင္းေထာက္ပံ့ေပးႏုိင္ျခင္းမရွိခဲ့လို႔ ခ်ဲလ္ဆီးေနာက္တန္းအတြက္ေတာ့ အသည္းအသန္လိုမ်ဳိး မႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပထမပုိင္းကို ဂိုးမရွိသေရနဲ႔ ၿပီးဆုံးသြားခဲ့ၿပီး ဒုတိယပုိင္းရဲ႕ လူစားလဲမွဳေတြကေတာ့ ဒီပြဲရဲ႕ အလွည့္အေျပာင္းလဲျဖစ္ပါတယ္။ ကြင္းလယ္မွာ အႏုိင္က်င့္ခံေနရတဲ့ ေမဆန္ေမာင့္နဲ႔ ဂီးလ္မိုးတုိ႔အစား ကိုဗာခ်စ္နဲ႔ ဘာကလီတုိ႔ကို လမ္းပတ္က ထည့္သြင္းလုိက္ခ်ိန္မွာေတာ့ ထိထိေရာက္ေရာက္ ကစားႏုိင္စြမ္းက ခ်ဲလ္ဆီးဘက္မွာ ရွိခဲ့ၿပီး Plan A အလုပ္မျဖစ္တဲ့ လက္စတာကေတာ့ လူစားလဲစရာလည္း မလုံေလာက္ခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဒီပြဲရဲ႕ တစ္လုံးတည္းေသာဂိုးကို လက္စတာေနာက္တန္းရဲ႕ လူကပ္ကစားမွဳကို ေဖာက္ထြက္သြားခဲ့တဲ့ ဘာကလီဆီ ဝီလီယန္က ခ်ိန္သားကိုက္ ေပးပုိ႔ႏိုင္ခဲ့ၿပီး ဘာကလီကန္သြင္းရာမွာ ဂိုးသမား ရွမုိက္ကယ္နဲ႔ နီးကပ္လြန္းေနတာမုိ႔ မကာကြယ္ႏုိင္ခဲ့ဘဲ ခ်ဲလ္ဆီးတို႔ ဒီဂိုးနဲ႔ ေအာင္ပြဲခံႏုိင္ခဲ့ၾကသလို ဆီမီးဖိုင္နယ္အဆင့္အတြက္ ဝင္ဘေလကြင္းဆီ ေလွ်ာက္လွမ္းသြားႏုိင္ခဲ့ၾကေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်စတာစီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ကင်းပါဝါကွင်းမှာ တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အဝေးကွင်းဖြစ်ပေမယ့်လည်း တိုက်စစ်ကစားပုံ ထိရောက်ပြီး အဆုံးသတ်ဂိုးသွင်းမှုတွေ ပိုမိုကောင်းမွန်တဲ့ ချဲလ်ဆီးတို့က အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘောလုံးကိုင်ကစားဖို့ ကြိုးစားတဲ့ ချဲလ်ဆီးနဲ့ Direct Attacking နဲ့ Counter တွေကို အဓိကထားတဲ့ လက်စတာစီးတီးတို့ ကွင်းလယ်မှာ အားပြိုင်ခဲ့ရပြီး ချဲလ်ဆီးတို့ကို ဘောလုံးဆုံးရှုံးအောင် လက်စတာကွင်းလယ်အတွဲဖြစ်တဲ့ တီးလီးမန်းစ်နဲ့ အန်ဒီဒီတို့က ကိုယ်လုံးကိုယ်ထည် သေးငယ်တဲ့ ကွန်တေနဲ့ ဂီးလ်မိုးတို့ကို စနစ်တကျ ဖိအားပေးကစားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ လောက်အတွင်းမှာတင် လက်စတာတို့ ဂိုးသွင်းခွင့် ၅ ကြိမ်လောက် ရခဲ့ပြီး အထိုင်ဖျက်ထားတဲ့ ဒဏ်ကို ခံနေရပြီး ပွဲဝေးနေတဲ့ ပီရက်ဇ်နဲ့ ဘန်းစ်တို့ဟာ အထောင်တိုက်စစ်မှူး ဗာဒီကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့လို့ ချဲလ်ဆီးနောက်တန်းအတွက်တော့ အသည်းအသန်လိုမျိုး မကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းရဲ့ လူစားလဲမှုတွေကတော့ ဒီပွဲရဲ့ အလှည့်အပြောင်းလဲဖြစ်ပါတယ်။ ကွင်းလယ်မှာ အနိုင်ကျင့်ခံနေရတဲ့ မေဆန်မောင့်နဲ့ ဂီးလ်မိုးတို့အစား ကိုဗာချစ်နဲ့ ဘာကလီတို့ကို လမ်းပတ်က ထည့်သွင်းလိုက်ချိန်မှာတော့ ထိထိရောက်ရောက် ကစားနိုင်စွမ်းက ချဲလ်ဆီးဘက်မှာ ရှိခဲ့ပြီး Plan A အလုပ်မဖြစ်တဲ့ လက်စတာကတော့ လူစားလဲစရာလည်း မလုံလောက်ခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို လက်စတာနောက်တန်းရဲ့ လူကပ်ကစားမှုကို ဖောက်ထွက်သွားခဲ့တဲ့ ဘာကလီဆီ ဝီလီယန်က ချိန်သားကိုက် ပေးပို့နိုင်ခဲ့ပြီး ဘာကလီကန်သွင်းရာမှာ ဂိုးသမား ရှမိုက်ကယ်နဲ့ နီးကပ်လွန်းနေတာမို့ မကာကွယ်နိုင်ခဲ့ဘဲ ချဲလ်ဆီးတို့ ဒီဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို ဆီမီးဖိုင်နယ်အဆင့်အတွက် ဝင်ဘလေကွင်းဆီ လျှောက်လှမ်းသွားနိုင်ခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.