Match Report Premier League

တန္းဆင္းဇုန္က မခြာရက္ႏုိင္ၾကသူေတြနဲ႔ သာသာယာယာအႏုိင္ယူတဲ့ ေဆာက္သမ္တန္

တန္းဆင္းဇုန္မွာ ေပ်ာ္ေနတဲ့ အသင္းေတြကေတာ့ ဒီႏွစ္ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ထင္မထားေလာက္ေအာင္ ရွဳံးပြဲဆက္ေနခဲ့တာျဖစ္ၿပီး အဆင့္ ၁၆ ေနရာက ဝတ္ဖို႔ဒ္အသင္းဟာ ဒီတစ္ပတ္မွာလည္း ေနာက္ထပ္ရွဳံးပြဲတစ္ပြဲကို ေဆာက္သမ္တန္နဲ႔ ဒူးေထာက္ခဲ့ရၿပီး အဆင့္ ၁၆ ကေန ၂၀ အထိ အသင္းေတြအေနနဲ႔ ေနာက္ဆုံးသုံးပြဲမွာ သေရပြဲတစ္ပြဲစီ ရခဲ့တဲ့အသင္း ႏွစ္သင္းပဲ ရွိခဲ့ေသးတာလည္းျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲကို အိမ္ကြင္းမွာ အရွဳံးေပးထားခဲ့ရတဲ့ ေဆာက္သမ္တန္ကေတာ့ အေဝးကြင္းဆို ရလဒ္ပုိေကာင္းတတ္တာနဲ႔အညီ တုိက္စစ္မွဴး ဒန္နီ အင္းစ္ ေျခစြမ္းျပၿပီး သူ႕ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ဂိုးသြင္းမွတ္တမ္းကို ၁၈ ဂိုးအထိ တုိးျမႇင့္ႏိုင္ခဲ့သလို ထိပ္ဆုံးက ဗာဒီနဲ႔ တစ္ဂိုးသာ ကြာေတာ့တာလည္းျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၁၅ မိနစ္မွာ ဒန္နီ အင္းစ္က ကြင္းလယ္ကေန ဆြဲယူလာၿပီး ကန္သြင္းခဲ့ရာမွာ ဝတ္ဖို႔ဒ္ ဂိုးသမား ဘန္ ေဖာ္စတာ ကာကြယ္ဖို႔ ေႏွာင့္ေႏွးေနခဲ့တာေၾကာင့္ သူ႕ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို ဂိုးဝင္သြားခဲ့တာကို ခြင့္ျပဳခဲ့ရၿပီး ဧည့္သည္စိန္႔တုိ႔ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေဖာ္စတာရဲ႕ အာ႐ုံစူးစိုက္မွဳနဲ႔ ႀကံ့ခုိင္မွဳက သာမန္ေအာက္က်ဆင္းေနခဲ့တဲ့ ပုံစံျဖစ္ၿပီး အဝင္အထြက္တုိင္မင္နဲ႔ ကာကြယ္မွဳေတြမွာ ေႏွးေကြးေနခဲ့သလို အမွားေတြလည္း က်ဴးလြန္ေနခဲ့တာကို ေတြ႕ရၿပီး ေဆာက္သမ္တန္ရဲ႕ ဒုတိယဂိုးကလည္း သူ႕ဆီကပဲ ျမစ္ဖ်ားခံခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ ဝတ္ဖို႔ဒ္ဂိုးသမား ေဖာ္စတာတစ္ေယာက္ အမွားက်ဴးလြန္မိခဲ့တာလည္းျဖစ္ၿပီး သူ႕ရဲ႕ လက္ပစ္ေဘာက ဘယ္ေနာက္ခံလူကို ဦးတည္ခဲ့စဥ္မွာ ၾကားကေန ဒန္နီ အင္းစ္ကပဲ ျဖတ္ယူသြားၿပီး ညာျခမ္းကေန ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ ေဒၚဆန္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ေဆာက္သမ္တန္တုိ႔ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဝတ္ဖို႔ဒ္တုိ႔ အိမ္ကြင္းမွာ သိကၡာဆည္ဂိုး ျပန္ရခဲ့ၿပီး ဘယ္ေနာက္ခံလူ ခ်ဳိလီဘတ္စ္ရဲ႕ ျဖတ္တင္ေဘာကို ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ ပြဲစဥ္ကတည္းက ကိုယ့္ဂိုးကိုယ္သြင္းဖို႔ ႀကဳိးစားေနခဲ့တဲ့ ဘက္ဒ္နာရက္ခ္က ေျခေထာက္ဆန္႔ထုတ္ၿပီး တားဆီးရင္း သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ဧည့္သည္ေဆာက္သမ္တန္တုိ႔အတြက္ ပြဲသိမ္းအႏုိင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၈၂ မိနစ္မွာ ေခ်အက္ဒမ္စ္ေၾကာင့္ ဂိုးဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ကြင္းလယ္ကစားသမား ဝါ့ဒ္ပေရာက္စ္က တုိက္႐ိုက္ကန္သြင္းယူခဲ့ၿပီး သူ႕ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ဂိုး ၄ ဂိုးေျမာက္ကို ရယူသြားႏုိင္ခဲ့လို႔ အိမ္ကြင္းမွာ ဝတ္ဖို႔ဒ္တုိ႔ တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ ခက္ခဲဆဲျဖစ္ခဲ့ပါတယ္။

ဆက္လက္ကစားမယ့္ ပြဲစဥ္ ၃၂ ရဲ႕ လက္က်န္ပြဲစဥ္ေတြမွာ အိမ္ကြင္းေတြမွာ ကစားၾကရမယ့္ ဝက္စ္ဟမ္းနဲ႔ ဘုန္းေမာက္တုိ႔ နယူးကာဆယ္လ္နဲ႔ ခ်ဲလ္ဆီးတုိ႔ဆီက သေရတစ္မွတ္ ရခဲ့မယ္ဆုိရင္ေတာ့ ႏိုက္ဂ်ယ္ ပီယာဆန္ရဲ႕ ဝတ္ဖို႔ဒ္အေနနဲ႔ တန္းဆင္းဇုန္ အဆင့္ ၁၈ ေနရာကို ဆင္းေပးရမွာျဖစ္ၿပီး လက္ရွိလူအင္အားနဲ႔ စိတ္ဓာတ္ပုိင္းအရ ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔ ခက္ခဲေနၿပီလည္းျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တန်းဆင်းဇုန်မှာ ပျော်နေတဲ့ အသင်းတွေကတော့ ဒီနှစ်ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ထင်မထားလောက်အောင် ရှုံးပွဲဆက်နေခဲ့တာဖြစ်ပြီး အဆင့် ၁၆ နေရာက ဝတ်ဖို့ဒ်အသင်းဟာ ဒီတစ်ပတ်မှာလည်း နောက်ထပ်ရှုံးပွဲတစ်ပွဲကို ဆောက်သမ်တန်နဲ့ ဒူးထောက်ခဲ့ရပြီး အဆင့် ၁၆ ကနေ ၂၀ အထိ အသင်းတွေအနေနဲ့ နောက်ဆုံးသုံးပွဲမှာ သရေပွဲတစ်ပွဲစီ ရခဲ့တဲ့အသင်း နှစ်သင်းပဲ ရှိခဲ့သေးတာလည်းဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲကို အိမ်ကွင်းမှာ အရှုံးပေးထားခဲ့ရတဲ့ ဆောက်သမ်တန်ကတော့ အဝေးကွင်းဆို ရလဒ်ပိုကောင်းတတ်တာနဲ့အညီ တိုက်စစ်မှူး ဒန်နီ အင်းစ် ခြေစွမ်းပြပြီး သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းမှတ်တမ်းကို ၁၈ ဂိုးအထိ တိုးမြှင့်နိုင်ခဲ့သလို ထိပ်ဆုံးက ဗာဒီနဲ့ တစ်ဂိုးသာ ကွာတော့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ ဒန်နီ အင်းစ်က ကွင်းလယ်ကနေ ဆွဲယူလာပြီး ကန်သွင်းခဲ့ရာမှာ ဝတ်ဖို့ဒ် ဂိုးသမား ဘန် ဖော်စတာ ကာကွယ်ဖို့ နှောင့်နှေးနေခဲ့တာကြောင့် သူ့ရဲ့ ဘယ်ဘက်အောက်ထောင့်ကို ဂိုးဝင်သွားခဲ့တာကို ခွင့်ပြုခဲ့ရပြီး ဧည့်သည်စိန့်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဖော်စတာရဲ့ အာရုံစူးစိုက်မှုနဲ့ ကြံ့ခိုင်မှုက သာမန်အောက်ကျဆင်းနေခဲ့တဲ့ ပုံစံဖြစ်ပြီး အဝင်အထွက်တိုင်မင်နဲ့ ကာကွယ်မှုတွေမှာ နှေးကွေးနေခဲ့သလို အမှားတွေလည်း ကျူးလွန်နေခဲ့တာကို တွေ့ရပြီး ဆောက်သမ်တန်ရဲ့ ဒုတိယဂိုးကလည်း သူ့ဆီကပဲ မြစ်ဖျားခံခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာ ဝတ်ဖို့ဒ်ဂိုးသမား ဖော်စတာတစ်ယောက် အမှားကျူးလွန်မိခဲ့တာလည်းဖြစ်ပြီး သူ့ရဲ့ လက်ပစ်ဘောက ဘယ်နောက်ခံလူကို ဦးတည်ခဲ့စဉ်မှာ ကြားကနေ ဒန်နီ အင်းစ်ကပဲ ဖြတ်ယူသွားပြီး ညာခြမ်းကနေ ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ဒေါ်ဆန်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဆောက်သမ်တန်တို့ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဝတ်ဖို့ဒ်တို့ အိမ်ကွင်းမှာ သိက္ခာဆည်ဂိုး ပြန်ရခဲ့ပြီး ဘယ်နောက်ခံလူ ချိုလီဘတ်စ်ရဲ့ ဖြတ်တင်ဘောကို ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်ကတည်းက ကိုယ့်ဂိုးကိုယ်သွင်းဖို့ ကြိုးစားနေခဲ့တဲ့ ဘက်ဒ်နာရက်ခ်က ခြေထောက်ဆန့်ထုတ်ပြီး တားဆီးရင်း သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဧည့်သည်ဆောက်သမ်တန်တို့အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ချေအက်ဒမ်စ်ကြောင့် ဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ကွင်းလယ်ကစားသမား ဝါ့ဒ်ပရောက်စ်က တိုက်ရိုက်ကန်သွင်းယူခဲ့ပြီး သူ့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးမြောက်ကို ရယူသွားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ဝတ်ဖို့ဒ်တို့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ခက်ခဲဆဲဖြစ်ခဲ့ပါတယ်။

ဆက်လက်ကစားမယ့် ပွဲစဉ် ၃၂ ရဲ့ လက်ကျန်ပွဲစဉ်တွေမှာ အိမ်ကွင်းတွေမှာ ကစားကြရမယ့် ဝက်စ်ဟမ်းနဲ့ ဘုန်းမောက်တို့ နယူးကာဆယ်လ်နဲ့ ချဲလ်ဆီးတို့ဆီက သရေတစ်မှတ် ရခဲ့မယ်ဆိုရင်တော့ နိုက်ဂျယ် ပီယာဆန်ရဲ့ ဝတ်ဖို့ဒ်အနေနဲ့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာကို ဆင်းပေးရမှာဖြစ်ပြီး လက်ရှိလူအင်အားနဲ့ စိတ်ဓာတ်ပိုင်းအရ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ခက်ခဲနေပြီလည်းဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.