Match Report

နည္းစနစ္ပုိင္းေၾကာင့္ အာဆင္နယ္တုိ႔ အသာရခဲ့ေပမယ့္ နည္းဗ်ဴဟာပိုင္းေၾကာင့္ ရင္ခုန္ခဲ့ရတဲ့ႏုိင္ပြဲ

အာဆင္နယ္အသင္းဟာ ဒီေန႔မွာ ရွက္ဖီးလ္ဒ္ယူႏုိက္တက္အသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့ၿပီး လိုအပ္ရတဲ့ ရလဒ္ကို ရယူႏုိင္ခဲ့သလို စိတ္ဓာတ္ပုိင္း၊ ႐ုန္းအားနဲ႔ နည္းစနစ္ေတြ ေကာင္းခဲ့ေပမယ့္ နည္းဗ်ဴဟာပုိင္းမွာေတာ့ ခရစၥ ဝုိင္လ္ဒါကို အသာစီးသိပ္မရခဲ့တဲ့ အာတီတာတုိ႔ ကံၾကမၼာက သူ႕ဘက္မွာ ရွိေနခဲ့လို႔ ေနာက္က်အႏုိင္ဂိုးနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

စာရြက္ေပၚမွာ ၄-၅-၁ ပုံစံျပထားေပမယ့္ တကယ္ကစားခ်ိန္မွာ ၃-၄-၂-၁ ကို အေျခခံခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ရွက္ဖီးလ္ဒ္ရဲ႕ ေတာင္ပံတုိက္စစ္ေတြကို ေတာင္ပံေတြမွာပဲ ပိတ္ဆို႔ထားခဲ့ၿပီး ထိန္းခ်ဳပ္ႏုိင္ခဲ့ေပမယ့္ အျမင့္ေဘာေတြမွာေတာ့ မယွဥ္ႏုိင္ခဲ့ဘဲ တစ္ခ်က္တစ္ခ်က္မွာ ဂိုးဧရိယာထဲကို အျမင့္ေဘာေတြ ေရာက္လာတုိင္း ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာ မန္ယူလူငယ္ကစားသမားေဟာင္း ေနာ္ဝုဒ္ရဲ႕ ေထာင့္ကန္ေဘာကေန အျမင့္ေဘာေတြမွာ တစ္ခ်ိန္လုံး ၿခိမ္းေျခာက္ေနခဲ့တဲ့ တုိက္စစ္မွဴး မက္ဘာနီ ေခါင္းတုိက္ခ်ေပးတာကို ကြင္းလယ္လူ လန္းစထရမ္က သြင္းယူခဲ့ေပမယ့္ လူကၽြံေနတာေၾကာင့္ အာဆင္နယ္တုိ႔ သက္သာရာရခဲ့သလို VAR ျပန္ၾကည့္ၿပီးမွ ရွက္ဖီးလ္ဒ္တုိ႔ စိတ္ပ်က္ခဲ့ရတာပါ။

အာဆင္နယ္ဘက္က တုိက္စစ္ဆင္မွဳေတြကိုေတာ့ ခံစစ္ပုိင္း နာမည္ႀကီးတဲ့ ရွက္ဖီးလ္ဒ္တုိ႔အေနနဲ႔ အိုကြန္နဲလ္ မပါခ်ိန္မွာ အားေပ်ာ့ေနခဲ့ေပမယ့္ ကာကြယ္ႏုိင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ ဗီလိန္ျဖစ္ခဲ့ၿပီး ဒီပြဲမွာမွ ျပန္ကစားခြင့္ရတဲ့ ေနာက္ခံလူ ဘာရွမ္က လာကာဇက္ကို ဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္လို႔ ပင္နယ္တီ ရခဲ့ပါတယ္။

ဘာရွမ္ရဲ႕ ဖ်က္ထုတ္မွဳေၾကာင့္ ဒဏ္ရာရသြားခဲ့တဲ့ လာကာဇက္အေနနဲ႔ ပင္နယ္တီ ကန္ႏုိင္မယ့္ အေျခအေနမွာ မရွိတာေၾကာင့္ တျခားပင္နယ္တီ အိတ္စပတ္တစ္ဦးျဖစ္တဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ ေပေပက ကန္သြင္းယူခဲ့ရာမွာ ရွက္ဖီးလ္ဒ္ဂိုးသမား ဟန္ဒါဆန္ မကာကြယ္ႏုိင္ခဲ့တာေၾကာင့္ အာဆင္နယ္တုိ႔ အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တုိ႔ရဲ႕ ကန္ခ်က္ေတြ ေကာင္းခဲ့ေပမယ့္ မလုံေလာက္ခဲ့သလို ရွက္ဖီးလ္ဒ္တုိ႔ရဲ႕ အျမင့္ေဘာေတြကိုလည္း အာဆင္နယ္ခံစစ္က အသည္းအသန္ကာကြယ္ႏုိင္ခဲ့လို႔ တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ပဲ ၄၅ မိနစ္ ကုန္ဆုံးခဲ့ၿပီး ေပေပအေနနဲ႔ အပုိင္ကန္ခြင့္ႏွစ္ခုကိုလည္း အသုံးမခ်ႏုိင္ခဲ့တာကို ေတြ႕ရပါတယ္။

ဒုတိယပုိင္းမွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္နာသြားခဲ့လို႔ အာဆင္နယ္တုိ႔ ဟိုးလ္ဒင္းနဲ႔ လူစားလဲကစားခဲ့ရၿပီး ရွက္ဖီးလ္ဒ္ကေတာ့ ကစားပုံ ပုိေကာင္းခဲ့ပါတယ္။ မက္ဘာနီရဲ႕ အျမင့္ေဘာကၽြမ္းက်င္မွဳကို အသုံးခ်ခဲ့တဲ့ အိမ္ရွင္ေတြ ဂိုးရဖို႔ နီးစပ္ခဲ့ေသးေပမယ့္ လူကၽြံတာတစ္ႀကိမ္နဲ႔ တုိင္မင္ မကိုက္တာေတြေၾကာင့္ ဧည့္သည္ေတြ သက္သာခဲ့ရပါတယ္။

လူစားလဲမွဳေတြမွာ ရွက္ဖီးလ္ဒ္တုိ႔ ပုိေကာင္းလာၿပီး တုိက္စစ္ဆင္ခဲ့သလို အာဆင္နယ္တုိ႔ ခံစစ္နဲ႔ တန္ျပန္တုိက္စစ္သာ ကစားေနရၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေနာက္တန္းအမွားကေန မက္ဂိုးလ္ဒရစ္က ရွက္ဖီးလ္အတြက္ ဂိုးသြင္းယူသြားခဲ့လို႔ ဒီလိုအေျခအေနေတြမွာ အားနည္းတတ္တဲ့ အာဆင္နယ္တုိ႔ ကံဆုိးၿပီလို႔ေတာင္ တြက္ခဲ့ရတာပါ။

ဒါေပမယ့္ တန္ျပန္တုိက္စစ္ကေန အာဆင္နယ္တုိ႔ ညာျခမ္းကေန ထုိးေဖာက္သြားခဲ့ၿပီး ေပေပ ေဘာလုံးပ်က္ခ်ိန္မွာ ဒါနီ စီဘာေယာ့စ္ ရရွိသြားခဲ့တဲ့ ေဘာလုံးကို မလိုအပ္ဘဲ အစိုးရိမ္လြန္တဲ့ ဂိုးသမား ဟန္ဒါဆန္ ထြက္ပိတ္ဖို႔ ႀကဳိးစားရာကေန စပိန္သားကြင္းလယ္လူက ေထာင့္ထဲကို ေျခေထာက္ေဘးကေန လွလွပပ ကန္သြင္းယူခဲ့တာေၾကာင့္ အာဆင္နယ္တုိ႔ အႏုိင္ဂိုးနဲ႔အတူ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ေနာက္တစ္ဆင့္ျဖစ္တဲ့ ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ အာဆင္နယ္အတြက္ ၿပဳိင္ဘက္ကိုေတာ့ ဒီည ၿဗိတိန္စံေတာ္ခ်ိန္ ည ၇ နာရီ ၁၅၊ ျမန္မာစံေတာ္ခ်ိန္ သန္းေခါင္ေက်ာ္ ၁၂ နာရီ ၄၅ မိနစ္မွာ မဲခြဲေရးဆြဲပြဲမွာ သိရမွာျဖစ္ၿပီး ဇူလုိင္လ ၁၈ ရက္နဲ႔ ၁၉ ရက္ေန႔ေတြမွာ ဝင္ဘလီကြင္းမွာ ကစားရမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းဟာ ဒီနေ့မှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လိုအပ်ရတဲ့ ရလဒ်ကို ရယူနိုင်ခဲ့သလို စိတ်ဓာတ်ပိုင်း၊ ရုန်းအားနဲ့ နည်းစနစ်တွေ ကောင်းခဲ့ပေမယ့် နည်းဗျူဟာပိုင်းမှာတော့ ခရစ္စ ဝိုင်လ်ဒါကို အသာစီးသိပ်မရခဲ့တဲ့ အာတီတာတို့ ကံကြမ္မာက သူ့ဘက်မှာ ရှိနေခဲ့လို့ နောက်ကျအနိုင်ဂိုးနဲ့အတူ အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စာရွက်ပေါ်မှာ ၄-၅-၁ ပုံစံပြထားပေမယ့် တကယ်ကစားချိန်မှာ ၃-၄-၂-၁ ကို အခြေခံခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ရှက်ဖီးလ်ဒ်ရဲ့ တောင်ပံတိုက်စစ်တွေကို တောင်ပံတွေမှာပဲ ပိတ်ဆို့ထားခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ပေမယ့် အမြင့်ဘောတွေမှာတော့ မယှဉ်နိုင်ခဲ့ဘဲ တစ်ချက်တစ်ချက်မှာ ဂိုးဧရိယာထဲကို အမြင့်ဘောတွေ ရောက်လာတိုင်း ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၈ မိနစ်မှာ မန်ယူလူငယ်ကစားသမားဟောင်း နော်ဝုဒ်ရဲ့ ထောင့်ကန်ဘောကနေ အမြင့်ဘောတွေမှာ တစ်ချိန်လုံး ခြိမ်းခြောက်နေခဲ့တဲ့ တိုက်စစ်မှူး မက်ဘာနီ ခေါင်းတိုက်ချပေးတာကို ကွင်းလယ်လူ လန်းစထရမ်က သွင်းယူခဲ့ပေမယ့် လူကျွံနေတာကြောင့် အာဆင်နယ်တို့ သက်သာရာရခဲ့သလို VAR ပြန်ကြည့်ပြီးမှ ရှက်ဖီးလ်ဒ်တို့ စိတ်ပျက်ခဲ့ရတာပါ။

အာဆင်နယ်ဘက်က တိုက်စစ်ဆင်မှုတွေကိုတော့ ခံစစ်ပိုင်း နာမည်ကြီးတဲ့ ရှက်ဖီးလ်ဒ်တို့အနေနဲ့ အိုကွန်နဲလ် မပါချိန်မှာ အားပျော့နေခဲ့ပေမယ့် ကာကွယ်နိုင်ခဲ့ကြပြီး ပွဲချိန် ၂၃ မိနစ်မှာတော့ ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ပွဲမှာ ဗီလိန်ဖြစ်ခဲ့ပြီး ဒီပွဲမှာမှ ပြန်ကစားခွင့်ရတဲ့ နောက်ခံလူ ဘာရှမ်က လာကာဇက်ကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်လို့ ပင်နယ်တီ ရခဲ့ပါတယ်။

ဘာရှမ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ လာကာဇက်အနေနဲ့ ပင်နယ်တီ ကန်နိုင်မယ့် အခြေအနေမှာ မရှိတာကြောင့် တခြားပင်နယ်တီ အိတ်စပတ်တစ်ဦးဖြစ်တဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေပေက ကန်သွင်းယူခဲ့ရာမှာ ရှက်ဖီးလ်ဒ်ဂိုးသမား ဟန်ဒါဆန် မကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် မလုံလောက်ခဲ့သလို ရှက်ဖီးလ်ဒ်တို့ရဲ့ အမြင့်ဘောတွေကိုလည်း အာဆင်နယ်ခံစစ်က အသည်းအသန်ကာကွယ်နိုင်ခဲ့လို့ တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ပဲ ၄၅ မိနစ် ကုန်ဆုံးခဲ့ပြီး ပေပေအနေနဲ့ အပိုင်ကန်ခွင့်နှစ်ခုကိုလည်း အသုံးမချနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ဒေးဗစ် လူးဝစ်ဇ်နာသွားခဲ့လို့ အာဆင်နယ်တို့ ဟိုးလ်ဒင်းနဲ့ လူစားလဲကစားခဲ့ရပြီး ရှက်ဖီးလ်ဒ်ကတော့ ကစားပုံ ပိုကောင်းခဲ့ပါတယ်။ မက်ဘာနီရဲ့ အမြင့်ဘောကျွမ်းကျင်မှုကို အသုံးချခဲ့တဲ့ အိမ်ရှင်တွေ ဂိုးရဖို့ နီးစပ်ခဲ့သေးပေမယ့် လူကျွံတာတစ်ကြိမ်နဲ့ တိုင်မင် မကိုက်တာတွေကြောင့် ဧည့်သည်တွေ သက်သာခဲ့ရပါတယ်။

လူစားလဲမှုတွေမှာ ရှက်ဖီးလ်ဒ်တို့ ပိုကောင်းလာပြီး တိုက်စစ်ဆင်ခဲ့သလို အာဆင်နယ်တို့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်သာ ကစားနေရပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ နောက်တန်းအမှားကနေ မက်ဂိုးလ်ဒရစ်က ရှက်ဖီးလ်အတွက် ဂိုးသွင်းယူသွားခဲ့လို့ ဒီလိုအခြေအနေတွေမှာ အားနည်းတတ်တဲ့ အာဆင်နယ်တို့ ကံဆိုးပြီလို့တောင် တွက်ခဲ့ရတာပါ။

ဒါပေမယ့် တန်ပြန်တိုက်စစ်ကနေ အာဆင်နယ်တို့ ညာခြမ်းကနေ ထိုးဖောက်သွားခဲ့ပြီး ပေပေ ဘောလုံးပျက်ချိန်မှာ ဒါနီ စီဘာယော့စ် ရရှိသွားခဲ့တဲ့ ဘောလုံးကို မလိုအပ်ဘဲ အစိုးရိမ်လွန်တဲ့ ဂိုးသမား ဟန်ဒါဆန် ထွက်ပိတ်ဖို့ ကြိုးစားရာကနေ စပိန်သားကွင်းလယ်လူက ထောင့်ထဲကို ခြေထောက်ဘေးကနေ လှလှပပ ကန်သွင်းယူခဲ့တာကြောင့် အာဆင်နယ်တို့ အနိုင်ဂိုးနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ အာဆင်နယ်အတွက် ပြိုင်ဘက်ကိုတော့ ဒီည ဗြိတိန်စံတော်ချိန် ည ၇ နာရီ ၁၅၊ မြန်မာစံတော်ချိန် သန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်မှာ မဲခွဲရေးဆွဲပွဲမှာ သိရမှာဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ဝင်ဘလီကွင်းမှာ ကစားရမှာ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.