Premier League

မာနေးနဲ့ ဆာလားတို့ မရှိမယ့်အချိန်တွေအတွက် စိတ်လှုပ်ရှားစရာအပြောင်းအရွှေ့လုပ်တော့မယ့် ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ရဲ့ နေရာမှာ အရန်သင့်အသုံးပြုနိုင်ဖို့ အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလားတို့ဟာ ချဲလ်ဆီးအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ ၂ ဦးစလုံး ဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အာဖရိကဖလားပြိုင်ပွဲအတွက် ကင်မရွန်းကို ထွက်ခွာတော့မှာဖြစ်တာကြောင့် ကလော့ပ်အနေနဲ့ ၎င်းရဲ့ အဓိကကစားသမား ၂ ဦးမပါဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဂျာမန်လူမျိုးနည်းပြဟာ တိုက်စစ် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့အတွက် မျှော်လင့်နေပုံ ပေါ်ပြီး အံ့အားသင့်ဖွယ် ထွက်ပေါ်လာတဲ့သတင်းကတော့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ စပိန် သတင်းဌာန El Nacional ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်နည်းပြ ယာဂန် ကာလော့ပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့်ကို ခေါ်ယူနိုင်ခြေရှိနေတာကို လီဗာပူးလ်ဘုတ်အဖွဲ့ကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ကလော့ပ်ဟာ အီဒင် ဟာဇက်ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ယခုရာသီ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်ကို ပိုမိုတောက်ပလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘုတ်အဖွဲ့ကတော့ အီဒင် ဟာဇက်ကို ခေါ်ယူဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး အပြောင်းအရွှေ့ကို ခွင့်ပြုချင်စိတ် သိပ်မရှိဘူးလို့ သိရပါတယ်။

ကလော့ပ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူး ခေါ်ယူဖို့အကြံကို မေ့ပစ်လိုက်ဖို့ ပြောကြားခြင်းခံခဲ့ရတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ဘုတ်အဖွဲ့ဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ဒဏ်ရာပြဿနာဆိုးရွားနေမှုနဲ့ ပွဲကစားဖို့ ကြံ့ခိုင်မှုမရှိကြောင့် စိုးရိမ်ပူပင်နေတယ်လို့ ထင်ရပါတယ်။ ဟာဇက်ဟာ စပိန်မှာ ခက်ခဲကြမ်းတမ်းတဲ့ ကစားသမားဘဝကို ရင်ဆိုင်နေရချိန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ခြင်းမရှိတာကြောင့် နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့က အသက် ၃၀ အရွယ်တောင်ပံကစားသမားကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ယခုလမှာတော့ ဟာဇက်ကို ခေါ်ယူသွားနိုင်ဖို့ကတော့ မဖြစ်ဖို့ ပိုများနေပေမယ့် မာဆေးဆိုဒ်အသင်းဟာ ပါရမီရှင်ကစားသမားသစ်တွေကို ရှာဖွေဖို့အတွက် စျေးကွက်ထဲမှာတော့ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူး ရာဖင်ညာနဲ့ ပေါ်တိုအသင်းက လူးဝစ္စ ဒီယက်ဇ်တို့ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ရဲ့ ေနရာမွာ အရန္သင့္အသုံးျပဳနိုင္ဖို႔ အီဒင္ ဟာဇက္ကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဆာဒီယို မာေနးနဲ႔ မိုဟာမက္ ဆာလားတို႔ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ပြဲစဥ္မွာ ၂ ဦးစလုံး ဂိုးသြင္းယူေပးခဲ့ၾကတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အာဖရိကဖလားၿပိဳင္ပြဲအတြက္ ကင္မရြန္းကို ထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ ကေလာ့ပ္အေနနဲ႔ ၎ရဲ့ အဓိကကစားသမား ၂ ဦးမပါဘဲ အခ်ိန္အတိုင္းအတာတစ္ခုအထိ ပြဲစဥ္ေတြကို ဆက္လက္ယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂ်ာမန္လူမ်ိဳးနည္းျပဟာ တိုက္စစ္ အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔အတြက္ ေမၽွာ္လင့္ေနပုံ ေပၚၿပီး အံ့အားသင့္ဖြယ္ ထြက္ေပၚလာတဲ့သတင္းကေတာ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း အီဒင္ ဟာဇက္ကို ေခၚယူဖို႔ စဥ္းစားေနတယ္ဆိုတဲ့သတင္းပဲျဖစ္ပါတယ္။ စပိန္ သတင္းဌာန El Nacional ရဲ့ ေဖာ္ျပခ်က္အရ လီဗာပူးလ္နည္းၿပ ယာဂန္ ကာေလာ့ပ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ဘယ္လ္ဂ်ီယမ္ေတာင္ပံၾကယ္ပြင့္ကို ေခၚယူနိုင္ေျခရွိေနတာကို လီဗာပူးလ္ဘုတ္အဖြဲ႕ကို အႀကံျပဳခဲ့တယ္လို႔ သိရပါတယ္။

ကေလာ့ပ္ဟာ အီဒင္ ဟာဇက္ရဲ့ အမာခံ ပရိသတ္တစ္ဦးျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဟာ ယခုရာသီ လီဗာပူးလ္အသင္းရဲ့ ပရီးမီးယားလိဂ္ဆုဖလား ေမၽွာ္လင့္ခ်က္ကို ပိုမိုေတာက္ပလာေအာင္ ကူညီေပးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘုတ္အဖြဲ႕ကေတာ့ အီဒင္ ဟာဇက္ကို ေခၚယူဖို႔ တြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနၿပီး အေျပာင္းအေရႊ႕ကို ခြင့္ျပဳခ်င္စိတ္ သိပ္မရွိဘူးလို႔ သိရပါတယ္။

ကေလာ့ပ္ဟာ ေဆာင္းရာသီ အေျပာင္းအေရႊ႕ကာလအတြင္း တိုက္စစ္မႉး ေခၚယူဖို႔အႀကံကို ေမ့ပစ္လိုက္ဖို႔ ေျပာၾကားျခင္းခံခဲ့ရတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဘုတ္အဖြဲ႕ဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ့ ဒဏ္ရာျပႆနာဆိုးရြားေနမႈနဲ႔ ပြဲကစားဖို႔ ႀကံ့ခိုင္မႈမရွိေၾကာင့္ စိုးရိမ္ပူပင္ေနတယ္လို႔ ထင္ရပါတယ္။ ဟာဇက္ဟာ စပိန္မွာ ခက္ခဲၾကမ္းတမ္းတဲ့ ကစားသမားဘဝကို ရင္ဆိုင္ေနရခ်ိန္မွာ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဟာဇက္ဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ျပသနိုင္ခဲ့ျခင္းမရွိတာေၾကာင့္ နယူးကာဆယ္လ္ ယူနိုက္တက္နဲ႔ ဝက္စ္ဟမ္း ယူနိုက္တက္တို႔က အသက္ ၃၀ အရြယ္ေတာင္ပံကစားသမားကို ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ယခုလမွာေတာ့ ဟာဇက္ကို ေခၚယူသြားနိုင္ဖို႔ကေတာ့ မျဖစ္ဖို႔ ပိုမ်ားေနေပမယ့္ မာေဆးဆိုဒ္အသင္းဟာ ပါရမီရွင္ကစားသမားသစ္ေတြကို ရွာေဖြဖို႔အတြက္ ေစ်းကြက္ထဲမွာေတာ့ ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လိဒ္စ္ယူနိုက္တက္ တိုက္စစ္မႉး ရာဖင္ညာနဲ႔ ေပၚတိုအသင္းက လူးဝစၥ ဒီယက္ဇ္တို႔ကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.