Premier League

ဇန်နဝါရီမှာ အသင်းတွေ ဘယ်လောက်အထိ ငွေကြေးသုံးစွဲခွင့်ရမှာလဲ

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဟာ ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်း အများအပြားဟာ ၎င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို လူးသာလွန့်သာဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းကြတော့မှာဖြစ်ပါတယ်။

ဒီ ဇန်နဝါရီအပြောင်းအရွှေ့ကာလဟာ ပရီးမီးယားလိဂ်သမိုင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပြောင်းအရွှေ့စျေးကွက်ဖြစ်လာတော့မှာဖြစ်ပြီး အဓိက ကတော့ လက်ရှိ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံးအသင်းဖြစ်တဲ့ နယူးကာဆယ်လ်ကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ငွေရှိတိုင်း ဒီလမှာ ဘုံးဘောလအော သုံးလို့ ရနိုင်မှာလား၊ ဘယ်လောက်အထိ ပရီးမီးယားလိဂ်ကလပ်တွေ ငွေသုံးခွင့် ရမလဲဆိုတာကို လီဗာပူးလ်တက္ကသိုလ်မှာ ဘောလုံးဘဏ္ဍာရေးဘာသာရပ်ကို သင်ကြားပို့ချနေတဲ့ ကီရန် မက်ဂွိုင်းယားဆီက နိုဝင်ဘာလတုန်းက လေ့လာဆန်းစစ်ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကီရန် မက်ဂွိုင်းယားဟာ Financial Fair Play စည်းမျဉ်းတွေကနေ ကျွံထွက်သွားခြင်းမရှိဘဲ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတိုင်း ဘယ်လောက်အထိ ငွေသုံးစွဲနိုင်မလဲဆိုတာကို လေ့လာခဲ့တာဖြစ်ပါတယ်။ စည်းမျဉ်းများအရ ၃ နှစ်တာကာလအတွင်း ပေါင် ၁၀၅ သန်းအထိသာ အရှုံးပေါ်လို့ ရနိုင်တာကြောင့် အသင်းတွေကြားက ငွေသုံးစွဲနိုင်တဲ့ပမာဏဟာ သိသိသာသာ ကွာခြားသွားမှာဖြစ်ပါတယ်။

စပါးစ်အသင်းအတွက်တော့ သတင်းကောင်းဖြစ်တယ်လို့ ပြောရမှာဖြစ်ပြီး လေ့လာဆန်းစစ်မှုအရ တော့တင်ဟမ်ဟော့စပါးဟာ ယခုလမှာ ဘယ်လို စည်းမျဉ်းစည်းကမ်းနဲ့မှ မငြိစွန်းဘဲ ပေါင်သန်း ၄၀၀ အထိ အများဆုံး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

“စပါးစ်ရဲ့ အပြောင်းအရွှေ့အတွက် စုစုပေါင်းသုံးစွဲငွေက ၂၀၁၀ နောက်ပိုင်း အခြားထိပ်သီးအသင်းကြီး ၆ သင်းသုံးစွဲခဲ့တဲ့ ငွေရဲ့ ၄ ပုံ ၁ ပုံနဲ့ တစ်ဝက်ကြားထဲမှာသာ ရှိနေပြီး အသင်းရဲ့ ဝင်ငွေအချိုးအစားအတိုင်း လစာပမာဏကို လျော့ကျနေအောင် ထိန်းသိမ်းထားတဲ့နေရာမှာ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ စပါးစ်က ဆုဖလားရဖို့ တည်ဆောက်ထားတာထက် စီးပွားရေးပုံစံတစ်ခုကို တည်ဆောက်ထားခဲ့ပါတယ်”လို့ မက်ဂွိုင်းယားက Sportsmail ကို ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်လ်အသင်းကတော့ ငွေသုံးစွဲနိုင်တဲ့ သတ်မှတ်ချက်မှာ ပေါင် ၁၆၆ သန်းနဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ဒီနေရာမှာ အသင်းပိုင်ရှင်တွေအနေနဲ့ စီးပွားရေးအရ သဘောတူညီမှုတွေ ညှိနှိုင်းဆွေးနွေးနိုင်မယ်ဆိုရင်တော့ အဲဒီပမာဏထက် ပိုသုံးနိုင်ဖို့တော့ ရှိနေပါတယ်။

“နယူးကာဆယ်လ်အသင်းမှာ Financial Fair Play ရဲ့ ရပ်တည်မှုအနေအထားကြောင့် ပိုင်ရှင်သစ် လက်လွှဲမယူခဲ့ရင်လည်း အတူတူပဲ ဖြစ်မှာပါ။ ဒါပေမယ့်လည်း အသင်းက လက်ရှိမှာ အရင်းအမြစ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့အလားအလာတွေကို အသုံးချဖို့ ကြိုတင်ပြင်ဆင်နေမယ့် ပိုင်ရှင်ရှိနေပါတယ်။ အဲဒီထက် ပိုတာက နယူးကာဆယ်လ်ရဲ့အနေအထားက စီးပွားရေးအရ မက်လောက်စရာ သဘောတူညီမှုအသစ်တွေ စပြီးတော့ ရရှိလာတာနဲ့ ပိုပြီးတော့တောင် တောင့်တင်းလာဖို့ မျှော်မှန်းခြင်းခံထားရပါတယ်”

နယူးကာဆယ်လ်အသင်းရ့ ငွေကြေး သုံးစွဲနိုင်စွမ်းဟာ ပေါင်သန်း ၂၀၀ အထက်အထိ မြင့်တက်လာနိုင်တယ်လို့ မျှော်မှန်းခြင်းခံထားရပြီး လီဗာပူးလ်အသင်း(ပေါင် ၂၇၃ သန်း)နဲ့ မန်ချက်စတာယူနိုက်တက်(ပေါင် ၂၄၃ သန်း)တို့ကလည်း ယခုရာသီမှာ ၎င်းတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့အတွက် ငွေကြေးသုံးစွဲနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။

အမှတ်ပေးဇယား အခြားတစ်ဖက်မှာရှိနေတဲ့ အဲဗာတန်အသင်းကတော့ Financial Fair Play စည်းမျဉ်းနဲ့ ငြိစွန်းဖို့ ခြေတစ်လှမ်းအကွာအနေအထားမှာရှိနေတာကြောင့် အမြတ်အစွန်းအနေနဲ့ ပေါင် ၃၅ သန်းအထိ ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့ အက်စ်တန် ဗီလာအသင်းအခြေအနေကလည်း ဆိုးရွားနေပေမယ့် ဂျက် ဂရီးလစ်ရှ်အတွက် ရရှိခဲ့တဲ့ ပေါင်သန်း ၁၀၀ ပါဝင်တဲ့ ၎င်းတို့ရဲ့ ၂၀၂၁ ခုနှစ်အတွက်ငွေစာရင်းကတော့ အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းခြင်း ခံခဲ့ရပါတယ်။

အဲဗာတန်- သုံးစွဲရန် ငွေမရှိ (ပေါင် ၃၅ သန်း အမြတ်အစွန်းလိုငွေပြ)

အက်စ်တန် ဗီလာ- ပေါင် ၅ သန်း

ဆောက်သမ်တန်- ပေါင် ၃၇ သန်း

ဝက်ဖို့ဒ်- ပေါင် ၆၀ သန်း

ပဲလေ့စ်- ပေါင် ၆၆ သန်း

ဝုလ်ဗ်စ်- ပေါင် ၇၀ သန်း

ဝက်စ်ဟမ်း- ပေါင် ၇၁ သန်း

လက်စတာစီးတီး- ပေါင် ၇၉ သန်း

မန်စီးတီး- ပေါင် ၈၄ သန်း

ဘရိုက်တန်- ပေါင် ၈၅ သန်း

ဘရန့်တ်ဖို့ဒ်- ပေါင် ၈၈ သန်း

နောဝစ်ချ်- ပေါင် ၉၂ သန်း

လိဒ်စ်- ပေါင် ၉၉ သန်း

နယူးကာဆယ်လ်- ပေါင် ၁၆၆ သန်း

ဘန်လေ- ပေါင် ၁၇၁ သန်း

အာဆင်နယ်- ပေါင် ၂၀၁ သန်း

ချဲလ်ဆီး- ပေါင် ၂၄၁ သန်း

မန်ချက်စတာယူနိုက်တက်- ပေါင် ၂၄၃ သန်း

လီဗာပူးလ်- ပေါင် ၂၇၃ သန်း

စပါးစ်- ပေါင် ၄၀၀ သန်း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္အသင္း အမ်ားအျပားဟာ ၎တို႔ရဲ့ ဘ႑ာေရးအေျခအေနကို လူးသာလြန႔္သာျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးပမ္းၾကေတာ့မွာျဖစ္ပါတယ္။

ဒီ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလဟာ ပရီးမီးယားလိဂ္သမိုင္းမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး အေျပာင္းအေရႊ႕ေစ်းကြက္ျဖစ္လာေတာ့မွာျဖစ္ၿပီး အဓိက ကေတာ့ လက္ရွိ တန္းဆင္းဇုန္ထဲမွာ ရပ္တည္ေနတဲ့ ကမၻာ့အခ်မ္းသာဆုံးအသင္းျဖစ္တဲ့ နယူးကာဆယ္လ္ေၾကာင့္ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေငြရွိတိုင္း ဒီလမွာ ဘုံးေဘာလေအာ သုံးလို႔ ရနိုင္မွာလား၊ ဘယ္ေလာက္အထိ ပရီးမီးယားလိဂ္ကလပ္ေတြ ေငြသုံးခြင့္ ရမလဲဆိုတာကို လီဗာပူးလ္တကၠသိုလ္မွာ ေဘာလုံးဘ႑ာေရးဘာသာရပ္ကို သင္ၾကားပို႔ခ်ေနတဲ့ ကီရန္ မက္ဂြိဳင္းယားဆီက နိုဝင္ဘာလတုန္းက ေလ့လာဆန္းစစ္ခ်က္ကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ကီရန္ မက္ဂြိဳင္းယားဟာ Financial Fair Play စည္းမ်ဥ္းေတြကေန ကၽြံထြက္သြားျခင္းမရွိဘဲ ဇန္နဝါရီလမွာ ပရီးမီးယားလိဂ္ကလပ္အသင္းတိုင္း ဘယ္ေလာက္အထိ ေငြသုံးစြဲနိုင္မလဲဆိုတာကို ေလ့လာခဲ့တာျဖစ္ပါတယ္။ စည္းမ်ဥ္းမ်ားအရ ၃ ႏွစ္တာကာလအတြင္း ေပါင္ ၁၀၅ သန္းအထိသာ အရႈံးေပၚလို႔ ရနိုင္တာေၾကာင့္ အသင္းေတြၾကားက ေငြသုံးစြဲနိုင္တဲ့ပမာဏဟာ သိသိသာသာ ကြာျခားသြားမွာျဖစ္ပါတယ္။

စပါးစ္အသင္းအတြက္ေတာ့ သတင္းေကာင္းျဖစ္တယ္လို႔ ေျပာရမွာျဖစ္ၿပီး ေလ့လာဆန္းစစ္မႈအရ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ယခုလမွာ ဘယ္လို စည္းမ်ဥ္းစည္းကမ္းနဲ႔မွ မၿငိစြန္းဘဲ ေပါင္သန္း ၄၀၀ အထိ အမ်ားဆုံး အသုံးျပဳနိုင္မယ္လို႔ သိရပါတယ္။

“စပါးစ္ရဲ့ အေျပာင္းအေရႊ႕အတြက္ စုစုေပါင္းသုံးစြဲေငြက ၂၀၁၀ ေနာက္ပိုင္း အျခားထိပ္သီးအသင္းႀကီး ၆ သင္းသုံးစြဲခဲ့တဲ့ ေငြရဲ့ ၄ ပုံ ၁ ပုံနဲ႔ တစ္ဝက္ၾကားထဲမွာသာ ရွိေနၿပီး အသင္းရဲ့ ဝင္ေငြအခ်ိဳးအစားအတိုင္း လစာပမာဏကို ေလ်ာ့က်ေနေအာင္ ထိန္းသိမ္းထားတဲ့ေနရာမွာ အေအာင္ျမင္ဆုံးအသင္းလည္း ျဖစ္ပါတယ္။ စပါးစ္က ဆုဖလားရဖို႔ တည္ေဆာက္ထားတာထက္ စီးပြားေရးပုံစံတစ္ခုကို တည္ေဆာက္ထားခဲ့ပါတယ္”လို႔ မက္ဂြိဳင္းယားက Sportsmail ကို ေျပာၾကားခဲ့ပါတယ္။

နယူးကာဆယ္လ္အသင္းကေတာ့ ေငြသုံးစြဲနိုင္တဲ့ သတ္မွတ္ခ်က္မွာ ေပါင္ ၁၆၆ သန္းနဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနၿပီး ဒီေနရာမွာ အသင္းပိုင္ရွင္ေတြအေနနဲ႔ စီးပြားေရးအရ သေဘာတူညီမႈေတြ ညႇိႏွိုင္းေဆြးေႏြးနိုင္မယ္ဆိုရင္ေတာ့ အဲဒီပမာဏထက္ ပိုသုံးနိုင္ဖို႔ေတာ့ ရွိေနပါတယ္။

“နယူးကာဆယ္လ္အသင္းမွာ Financial Fair Play ရဲ့ ရပ္တည္မႈအေနအထားေၾကာင့္ ပိုင္ရွင္သစ္ လက္လႊဲမယူခဲ့ရင္လည္း အတူတူပဲ ျဖစ္မွာပါ။ ဒါေပမယ့္လည္း အသင္းက လက္ရွိမွာ အရင္းအျမစ္ေတြနဲ႔ ျဖစ္နိုင္ေျခရွိတဲ့အလားအလာေတြကို အသုံးခ်ဖို႔ ႀကိဳတင္ျပင္ဆင္ေနမယ့္ ပိုင္ရွင္ရွိေနပါတယ္။ အဲဒီထက္ ပိုတာက နယူးကာဆယ္လ္ရဲ့အေနအထားက စီးပြားေရးအရ မက္ေလာက္စရာ သေဘာတူညီမႈအသစ္ေတြ စၿပီးေတာ့ ရရွိလာတာနဲ႔ ပိုၿပီးေတာ့ေတာင္ ေတာင့္တင္းလာဖို႔ ေမၽွာ္မွန္းျခင္းခံထားရပါတယ္”

နယူးကာဆယ္လ္အသင္းရ့ ေငြေၾကး သုံးစြဲနိုင္စြမ္းဟာ ေပါင္သန္း ၂၀၀ အထက္အထိ ျမင့္တက္လာနိုင္တယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရၿပီး လီဗာပူးလ္အသင္း(ေပါင္ ၂၇၃ သန္း)နဲ႔ မန္ခ်က္စတာယူနိုက္တက္(ေပါင္ ၂၄၃ သန္း)တို႔ကလည္း ယခုရာသီမွာ ၎တို႔ရဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို ရရွိဖို႔အတြက္ ေငြေၾကးသုံးစြဲနိုင္စြမ္းရွိေနတာျဖစ္ပါတယ္။

အမွတ္ေပးဇယား အျခားတစ္ဖက္မွာရွိေနတဲ့ အဲဗာတန္အသင္းကေတာ့ Financial Fair Play စည္းမ်ဥ္းနဲ႔ ၿငိစြန္းဖို႔ ေျခတစ္လွမ္းအကြာအေနအထားမွာရွိေနတာေၾကာင့္ အျမတ္အစြန္းအေနနဲ႔ ေပါင္ ၃၅ သန္းအထိ ရရွိေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

စတီဗင္ ဂ်ရတ္ရဲ့ အက္စ္တန္ ဗီလာအသင္းအေျခအေနကလည္း ဆိုးရြားေနေပမယ့္ ဂ်က္ ဂရီးလစ္ရွ္အတြက္ ရရွိခဲ့တဲ့ ေပါင္သန္း ၁၀၀ ပါဝင္တဲ့ ၎တို႔ရဲ့ ၂၀၂၁ ခုႏွစ္အတြက္ေငြစာရင္းကေတာ့ အေျပာင္းအလဲ ျဖစ္လိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္း ခံခဲ့ရပါတယ္။

အဲဗာတန္- သုံးစြဲရန္ ေငြမရွိ (ေပါင္ ၃၅ သန္း အျမတ္အစြန္းလိုေငြျပ)

အက္စ္တန္ ဗီလာ- ေပါင္ ၅ သန္း

ေဆာက္သမ္တန္- ေပါင္ ၃၇ သန္း

ဝက္ဖို႔ဒ္- ေပါင္ ၆၀ သန္း

ပဲေလ့စ္- ေပါင္ ၆၆ သန္း

ဝုလ္ဗ္စ္- ေပါင္ ၇၀ သန္း

ဝက္စ္ဟမ္း- ေပါင္ ၇၁ သန္း

လက္စတာစီးတီး- ေပါင္ ၇၉ သန္း

မန္စီးတီး- ေပါင္ ၈၄ သန္း

ဘရိုက္တန္- ေပါင္ ၈၅ သန္း

ဘရန႔္တ္ဖို႔ဒ္- ေပါင္ ၈၈ သန္း

ေနာဝစ္ခ်္- ေပါင္ ၉၂ သန္း

လိဒ္စ္- ေပါင္ ၉၉ သန္း

နယူးကာဆယ္လ္- ေပါင္ ၁၆၆ သန္း

ဘန္ေလ- ေပါင္ ၁၇၁ သန္း

အာဆင္နယ္- ေပါင္ ၂၀၁ သန္း

ခ်ဲလ္ဆီး- ေပါင္ ၂၄၁ သန္း

မန္ခ်က္စတာယူနိုက္တက္- ေပါင္ ၂၄၃ သန္း

လီဗာပူးလ္- ေပါင္ ၂၇၃ သန္း

စပါးစ္- ေပါင္ ၄၀၀ သန္း

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.