Premier League Serie A Transfer News

BREAKING: ဗလာဟိုဗစ်ချ်အတွက် လက်ဦးမှု ရယူပြီး အာဆင်နယ် ကမ်းလှမ်းပြီ

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၄ ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပစ်မှတ်တိုက်စစ်မှူးဖြစ်တဲ့ ဒူရှန် ဗလာဟိုဗစ်ချ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားနိုင်ဖို့ ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှု ရယူပြီး စီးရီးအေကလပ် ဖီအိုရင်တီးနားဆီကို တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ ဒီနေ့ညနေမှာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

စီးရီးအေမှာ ရာသီတစ်ဝက်ကျိုးချိန်အတွင်း လိဂ်ဂိုး ၁၆ ဂိုးအထိ သွင်းယူထားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူးအတွက် အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ဖီအိုရင်တီးနားကို အငှားချထားခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပြီး ထပ်ဆောင်းငွေကြေးအနေနဲ့ ပေါင် ၄၆ သန်း(ယူရို ၅၅ သန်း) ပေးချေသွားမယ်လို့ ဆိုပါတယ်။

မြောက်လန်ဒန်ကနေ နှစ်ရာသီ ဆက်တိုက် အငှားထွက်ကစားခဲ့ရတဲ့ ဥရုဂွေးကွင်းလယ်လူ တော်ရဲရားအတွက် ဖလော့ရင့်စ်အခြေစိုက် ကလပ်အသင်းအနေနဲ့ တစ်ရာသီအငှားပြည့်မြောက်ချိန်မှာ အပြီးသတ် ခေါ်ယူခွင့် ယူရို ၁၅ သန်းနဲ့ သဘောတူညီထားချိန်မှာ အာဆင်နယ်ဘက်က ငွေပေးဖို့ မလိုဘဲ ငွေထပ်ရမယ့် ကမ်းလှမ်းမှုနဲ့ ကစားသမားချင်း လဲလှယ်ဖို့ အဆိုပြုလာခဲ့တာပါ။

အီတလီမှာ ပြန်လည်အခြေချချင်နေတဲ့ ကွင်းလယ်လူ တော်ရဲရားကို အလိုက်ပေးမှုအပြင် အာဆင်နယ်တို့အနေနဲ့ ထပ်ဆောင်းငွေကြေးအရ ဖီအိုရင်တီးနားဘက်က သတ်မှတ်ထားတဲ့ ပေါက်ဈေး ယူရိုသန်း ၇၀ (ပေါင် ၅၈.၅ သန်း)ကို နှစ်ရပ်ပေါင်း တန်ဖိုးအရ ပြည့်မီနိုင်မှာဖြစ်ပြီး အသင်းကနေ ကန်ထုတ်တော့မယ့် ဗလာဟိုဗစ်ချ်အနေနဲ့ ကပ္ပတိန်ပြုတ် ပျယ်-အမ်မရိခ် အူဘာမီယန်းနေရာကို တစ်ခါတည်း အစားဝင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိကစားသမားတွေထဲက တိုက်စစ်မှူး နံပါတ် ၉ နေရာအတွက် ဝါရင့်ကစားသမား အလက်ဇန်းဒါး လာကာဇက်က ကစားပေးနေပေမယ့် သူ့ရဲ့ အရပ်အမောင်းအရ အနည်းငယ် နိမ့်ပါးမှုက ပြိုင်ဘက်တွေကို လေထဲမှာ အသာရမှု နည်းပါးစေသလို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ရာသီကုန်မှာ လမ်းခွဲမယ့် အခြေအနေအရ လက်ရှိမှာ လူစားကြိုတင်ရဖို့လည်း အသင်းဘက်က အလိုရှိနေတာပါ။

ဆားဘီးယားလက်ရွေးစင်အနေနဲ့ ရာသီအစမှာတုန်းက အာဆင်နယ်ဆီ ပြောင်းဖို့အတွက် ခါးခါးသီးသီးသဘော ပြောခဲ့ပေမယ့် လက်ရှိမှာတော့ အဆင့် ၄ မှာ ရပ်တည်မှု ပြထားနိုင်သလို ဥရောပဝင်ခွင့်အတွက် ရည်မှန်းချက်ကောင်းတွေ ပြသထားနိုင်တဲ့ အသင်းဆီ စိတ်ပြန်လည်လာခဲ့ပြီး “ဘာဖြစ်မယ် ဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်”လို့ စိတ်ပြောင်းတဲ့အကြောင်းကို အရှက်ပြေ ပြောလာခဲ့တာကြောင့် အာတီတာအနေနဲ့ သူ့ပစ်မှတ်ကို ရယူနိုင်ဖို့ နီးစပ်လာခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ တခြား ဥရောပအသင်းကြီးတွေကတော့ ဆောင်းရာသီမှာ ငွေသုံးမယ့် သဘောထားမရှိတာကြောင့် အာဆင်နယ်တို့အနေနဲ့ နွေရာသီမှာမှ ခေါ်ယူရင် ပြိုင်ဘက်တွေ တိုးပွားလာဦးမှာဖြစ်သလို လက်ရှိမှာ ခေါ်ယူတာကသာ အသင်းရဲ့ အားနည်းတဲ့ တိုက်စစ်အတွက် မှန်ကန်တဲ့ အားဖြည့်မှုဖြစ်မှာကြောင့် ဇန်နဝါရီမှာ အပြီးသတ်နိုင်ဖို့ တွန်းအားပေးနေပြီး ဗလာဟိုဗစ်ချ်အတွက် ပရိသတ်တွေ ရင်ခုန်နိုင်ကြစေဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၄ ကို ဆက္ထိန္းႏိုင္ဖို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပစ္မွတ္တိုက္စစ္မႉးျဖစ္တဲ့ ဒူရွန္ ဗလာဟိုဗစ္ခ်္ကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူသြားႏိုင္ဖို႔ ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈ ရယူၿပီး စီးရီးေအကလပ္ ဖီအိုရင္တီးနားဆီကို တရားဝင္ ကမ္းလွမ္းလိုက္ၿပီလို႔ ဒီေန႔ညေနမွာ သတင္းထြက္ေပၚလာခဲ့ပါတယ္။

စီးရီးေအမွာ ရာသီတစ္ဝက္က်ိဳးခ်ိန္အတြင္း လိဂ္ဂိုး ၁၆ ဂိုးအထိ သြင္းယူထားခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဆားဘီးယားတိုက္စစ္မႉးအတြက္ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ဖီအိုရင္တီးနားကို အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အလိုက္ေပးကမ္းလွမ္းခဲ့တာျဖစ္ၿပီး ထပ္ေဆာင္းေငြေၾကးအေနနဲ႔ ေပါင္ ၄၆ သန္း(ယူ႐ို ၅၅ သန္း) ေပးေခ်သြားမယ္လို႔ ဆိုပါတယ္။

ေျမာက္လန္ဒန္ကေန ႏွစ္ရာသီ ဆက္တိုက္ အငွားထြက္ကစားခဲ့ရတဲ့ ဥ႐ုေဂြးကြင္းလယ္လူ ေတာ္ရဲရားအတြက္ ဖေလာ့ရင့္စ္အေျခစိုက္ ကလပ္အသင္းအေနနဲ႔ တစ္ရာသီအငွားျပည့္ေျမာက္ခ်ိန္မွာ အၿပီးသတ္ ေခၚယူခြင့္ ယူ႐ို ၁၅ သန္းနဲ႔ သေဘာတူညီထားခ်ိန္မွာ အာဆင္နယ္ဘက္က ေငြေပးဖို႔ မလိုဘဲ ေငြထပ္ရမယ့္ ကမ္းလွမ္းမႈနဲ႔ ကစားသမားခ်င္း လဲလွယ္ဖို႔ အဆိုျပဳလာခဲ့တာပါ။

အီတလီမွာ ျပန္လည္အေျခခ်ခ်င္ေနတဲ့ ကြင္းလယ္လူ ေတာ္ရဲရားကို အလိုက္ေပးမႈအျပင္ အာဆင္နယ္တို႔အေနနဲ႔ ထပ္ေဆာင္းေငြေၾကးအရ ဖီအိုရင္တီးနားဘက္က သတ္မွတ္ထားတဲ့ ေပါက္ေဈး ယူ႐ိုသန္း ၇၀ (ေပါင္ ၅၈.၅ သန္း)ကို ႏွစ္ရပ္ေပါင္း တန္ဖိုးအရ ျပည့္မီႏိုင္မွာျဖစ္ၿပီး အသင္းကေန ကန္ထုတ္ေတာ့မယ့္ ဗလာဟိုဗစ္ခ်္အေနနဲ႔ ကပၸတိန္ျပဳတ္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းေနရာကို တစ္ခါတည္း အစားဝင္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လက္ရွိကစားသမားေတြထဲက တိုက္စစ္မႉး နံပါတ္ ၉ ေနရာအတြက္ ဝါရင့္ကစားသမား အလက္ဇန္းဒါး လာကာဇက္က ကစားေပးေနေပမယ့္ သူ႔ရဲ႕ အရပ္အေမာင္းအရ အနည္းငယ္ နိမ့္ပါးမႈက ၿပိဳင္ဘက္ေတြကို ေလထဲမွာ အသာရမႈ နည္းပါးေစသလို စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆႏၵမရွိေတာ့တာေၾကာင့္ ရာသီကုန္မွာ လမ္းခြဲမယ့္ အေျခအေနအရ လက္ရွိမွာ လူစားႀကိဳတင္ရဖို႔လည္း အသင္းဘက္က အလိုရွိေနတာပါ။

ဆားဘီးယားလက္ေ႐ြးစင္အေနနဲ႔ ရာသီအစမွာတုန္းက အာဆင္နယ္ဆီ ေျပာင္းဖို႔အတြက္ ခါးခါးသီးသီးသေဘာ ေျပာခဲ့ေပမယ့္ လက္ရွိမွာေတာ့ အဆင့္ ၄ မွာ ရပ္တည္မႈ ျပထားႏိုင္သလို ဥေရာပဝင္ခြင့္အတြက္ ရည္မွန္းခ်က္ေကာင္းေတြ ျပသထားႏိုင္တဲ့ အသင္းဆီ စိတ္ျပန္လည္လာခဲ့ၿပီး “ဘာျဖစ္မယ္ ဆိုတာ ဘုရားသခင္ပဲ သိလိမ့္မယ္”လို႔ စိတ္ေျပာင္းတဲ့အေၾကာင္းကို အရွက္ေျပ ေျပာလာခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ သူ႔ပစ္မွတ္ကို ရယူႏိုင္ဖို႔ နီးစပ္လာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ တျခား ဥေရာပအသင္းႀကီးေတြကေတာ့ ေဆာင္းရာသီမွာ ေငြသုံးမယ့္ သေဘာထားမရွိတာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ေႏြရာသီမွာမွ ေခၚယူရင္ ၿပိဳင္ဘက္ေတြ တိုးပြားလာဦးမွာျဖစ္သလို လက္ရွိမွာ ေခၚယူတာကသာ အသင္းရဲ႕ အားနည္းတဲ့ တိုက္စစ္အတြက္ မွန္ကန္တဲ့ အားျဖည့္မႈျဖစ္မွာေၾကာင့္ ဇန္နဝါရီမွာ အၿပီးသတ္ႏိုင္ဖို႔ တြန္းအားေပးေနၿပီး ဗလာဟိုဗစ္ခ်္အတြက္ ပရိသတ္ေတြ ရင္ခုန္ႏိုင္ၾကေစဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.