Premier League Transfer News

ဂန်းနားဟောင်းနဲ့ လက်ရှိဂန်းနားအပါအဝင် လူသစ် ၄ ဦး ခေါ်ယူမယ့် နယူးကာဆယ်လ်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဆော်ဒီပိုင်ရှင်တွေ ရောက်ရှိလာမှုနဲ့အတူ ဇန်နဝါရီမှာ FFP စည်းမျဉ်းရဲ့ ဘဏ္ဏာရေးချိန်ညှိမှုအရ ပေါင်သန်း ၅၀ အနည်းဆုံး သုံးစွဲနိုင်မယ့်အချိန်မှာ နည်းပြ အက်ဒီဟောင်း လုပ်ရကိုင်ရ လွယ်ကူစေဖို့ ကစားသမား ၄ ဦးအထိ ခေါ်ယူသွားဖို့ လုပ်ဆောင်နေပြီး ဒီထဲမှာ နောက်ခံလူတစ်ဦး၊ ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦး ပါဝင်နေတာဖြစ်ပါတယ်။

ဒီထဲမှာ အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးနဲ့ လက်ရှိ အာဆင်နယ်မှာ ကစားနေရာကနေ နေရာပျောက်ခဲ့ရတဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းတို့လည်း ပါဝင်နေပြီး ပြင်သစ်လက်ရှိချန်ပီယံ လီလ်အသင်းရဲ့ ဗဟိုခံစစ်မှူး ဆဗင် ဘော့တ်မန်လို ကစားသမားတွေလည်း ပါဝင်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ လုပ်ခကြီးမြင့်သလောက် အားကိုးရမှုနှုန်းနဲ့ နှိုင်းစာရင် အချိုးမမျှသလိုဖြစ်နေတာကြောင့် ဇန်နဝါရီမှာ ဖြစ်နိုင်ရင် အသင်းနဲ့ လမ်းခွဲစေလိုနေတဲ့ ကွင်းလယ်လူ ရမ်ဆေးအတွက် ငှက်ကျားတွေအနေနဲ့ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းကနေ နှစ်သိန်းခွဲကြား ပေးချေရနိုင်ပြီး တူရင်ကလပ်နဲ့ ဝေလသားကြားမှာ စာချုပ်ဖျက်သိမ်းနိုင်ဖို့တော့ ဆွေးနွေးမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကပ္ပတိန်အဖြစ်ကနေ ဖယ်ထုတ်ခံခဲ့ရပြီး အရန်ခုံမှာတောင် မပါဝင်ခဲ့တဲ့ ဂါဘွန်ကပ္ပတိန်ကိုတော့ နယူးကာဆယ်လ်တို့အနေနဲ့ ၆ လ အငှား၊ ရာသီကုန်မှာ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့်ကို ထည့်သွင်းကမ်းလှမ်းသွားဖွယ်ရှိနေပြီး နောက်ဆုံး အသံထွက်လာခဲ့တဲ့ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာတို့နဲ့ အပြိုင် ခေါ်ယူဖို့ ဖြစ်လာနိုင်တာပါ။

အူဘာမီယန်းကို ဂျူဗင်တပ်စ်အသင်းက ရသွားမှ မိုရာတာကို ခေါ်ယူနိုင်ဖို့ မျက်နှာလှမယ့် ဘာစီလိုနာတို့ကြားမှာ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တာကြောင့် ဆော်ဒီပိုင်အသင်းအနေနဲ့ ဇင်းနစ်ကနေ ပေါင် ၅ သန်း ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အီရန်တိုက်စစ်မှူး ဆာဒါ အက်ဇ်မုန်နဲ့ ပြင်သစ်ကလပ် လီယွန်ဆီက မူဆာ ဒမ်ဘီလီတို့ကိုလည်း ရရှိနိုင်ဖို့လည်း စောင့်ကြည့်နေခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီကလပ် အယ်လ်ရှာဘတ်ကနေ ထွက်ခွာလာနိုင်တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုနဲ့ မန်ချက်စတာယူနိုက်တက်ကနေ အငှားချဖို့ ရှိနေတဲ့ အန်တိုနီ မာစီယ်လ်တို့ကိုလည်း အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေခဲ့ပြီး ပြင်သစ်သားအတွက် သတ်မှတ်ထားတဲ့ ရာသီဝက်အငှားကြေး ပေါင် ၆ သန်းအတွက်တော့ ငွေသိပ်မပေါတဲ့ ခေတ်ကြီးမှာ ခေါ်ယူပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာလည်း ဖြစ်နေခဲ့တာပါ။

လီလ်နောက်ခံလူ ဆဗင် ဘော့တ်မန်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူ ကီရန် ထရစ်ပီယာတို့ကိုတော့ တရားဝင်ကမ်းလှမ်းထားခဲ့ပြီး နှစ်သင်းကြား ဆွေးနွေးမှုတွေ စတင်နေခဲ့သလို ဘာစီလိုနာအသင်းရဲ့ အရန်ကစားသမား ဆမ်မြူယယ်လ် အမ်တီတီကိုလည်း ပေါင် ၁၇ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေလို့ နယူးကာဆယ်လ်ရဲ့ ဇန်နဝါရီက တော်တော်လေး အလုပ်များဖို့ ရှိနေပါတယ်။

အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေသူတွေထဲမှာတော့ မြောက်လန်ဒန်မှာ နေရာမရတဲ့ စပါးစ်အသင်းကွင်းလယ်လူ ဒယ်လီ အယ်လီလည်း ပါဝင်နေခဲ့ပြီး စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ပေါလ် မာဆန်ကတော့ ကယ်လမ် ဝီလ်ဆန်၊ အယ်လန် စန်မက်ဇီမန်နဲ့ ဂျိုလင်တန်တို့ ရှိနေချိန်မှာ ကွင်းလယ်ကနေ ဂိုးသွင်းယူနိုင်မယ့် ကစားသမားမျိုးကို ပိုမိုလိုအပ်လိမ့်မယ်လို့ ထောက်ခံထားခဲ့တာပါ။

နယူးကာဆယ်လ်တို့အတွက်တော့ လက်ရှိအပြောင်းအရွှေ့ကာလက တန်းမဆင်းရဖို့နဲ့ အသင်းရဲ့ ရည်မှန်းချက်ကို ပြသနိုင်ဖို့ အမြန်ဆုံး ပြောင်းလဲပြင်ဆင်ရမယ့် ကာလလည်းဖြစ်နေခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရပ်တည်နေမှုကနေ ရုန်းထွက်နိုင်ဖို့အတွက်လည်း လိုအပ်နေတာကြောင့် ကစားသမား ၄ ဦးထက် ပိုပြီး အငှားနဲ့ ထပ်ခေါ်ယူသွားတာမျိုးလည်း ရှိလာနိုင်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ေဆာ္ဒီပိုင္ရွင္ေတြ ေရာက္ရွိလာမႈနဲ႔အတူ ဇန္နဝါရီမွာ FFP စည္းမ်ဥ္းရဲ႕ ဘဏၰာေရးခ်ိန္ညႇိမႈအရ ေပါင္သန္း ၅၀ အနည္းဆုံး သုံးစြဲႏိုင္မယ့္အခ်ိန္မွာ နည္းျပ အက္ဒီေဟာင္း လုပ္ရကိုင္ရ လြယ္ကူေစဖို႔ ကစားသမား ၄ ဦးအထိ ေခၚယူသြားဖို႔ လုပ္ေဆာင္ေနၿပီး ဒီထဲမွာ ေနာက္ခံလူတစ္ဦး၊ ကြင္းလယ္လူတစ္ဦးနဲ႔ တိုက္စစ္မႉးတစ္ဦး ပါဝင္ေနတာျဖစ္ပါတယ္။

ဒီထဲမွာ အာဆင္နယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးနဲ႔ လက္ရွိ အာဆင္နယ္မွာ ကစားေနရာကေန ေနရာေပ်ာက္ခဲ့ရတဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔လည္း ပါဝင္ေနၿပီး ျပင္သစ္လက္ရွိခ်န္ပီယံ လီလ္အသင္းရဲ႕ ဗဟိုခံစစ္မႉး ဆဗင္ ေဘာ့တ္မန္လို ကစားသမားေတြလည္း ပါဝင္ေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေန လုပ္ခႀကီးျမင့္သေလာက္ အားကိုးရမႈႏႈန္းနဲ႔ ႏႈိင္းစာရင္ အခ်ိဳးမမွ်သလိုျဖစ္ေနတာေၾကာင့္ ဇန္နဝါရီမွာ ျဖစ္ႏိုင္ရင္ အသင္းနဲ႔ လမ္းခြဲေစလိုေနတဲ့ ကြင္းလယ္လူ ရမ္ေဆးအတြက္ ငွက္က်ားေတြအေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းကေန ႏွစ္သိန္းခြဲၾကား ေပးေခ်ရႏိုင္ၿပီး တူရင္ကလပ္နဲ႔ ေဝလသားၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းႏိုင္ဖို႔ေတာ့ ေဆြးေႏြးမႈေတြ ရွိေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္ကပၸတိန္အျဖစ္ကေန ဖယ္ထုတ္ခံခဲ့ရၿပီး အရန္ခုံမွာေတာင္ မပါဝင္ခဲ့တဲ့ ဂါဘြန္ကပၸတိန္ကိုေတာ့ နယူးကာဆယ္လ္တို႔အေနနဲ႔ ၆ လ အငွား၊ ရာသီကုန္မွာ ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ အၿပီးသတ္ ေခၚယူခြင့္ကို ထည့္သြင္းကမ္းလွမ္းသြားဖြယ္ရွိေနၿပီး ေနာက္ဆုံး အသံထြက္လာခဲ့တဲ့ ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္စ္၊ ဘာစီလိုနာတို႔နဲ႔ အၿပိဳင္ ေခၚယူဖို႔ ျဖစ္လာႏိုင္တာပါ။

အူဘာမီယန္းကို ဂ်ဴဗင္တပ္စ္အသင္းက ရသြားမွ မိုရာတာကို ေခၚယူႏိုင္ဖို႔ မ်က္ႏွာလွမယ့္ ဘာစီလိုနာတို႔ၾကားမွာ အေျခအေနက တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏိုင္တာေၾကာင့္ ေဆာ္ဒီပိုင္အသင္းအေနနဲ႔ ဇင္းနစ္ကေန ေပါင္ ၅ သန္း ဝန္းက်င္နဲ႔ အၿပီးသတ္ေခၚယူႏိုင္မယ့္ အီရန္တိုက္စစ္မႉး ဆာဒါ အက္ဇ္မုန္နဲ႔ ျပင္သစ္ကလပ္ လီယြန္ဆီက မူဆာ ဒမ္ဘီလီတို႔ကိုလည္း ရရွိႏိုင္ဖို႔လည္း ေစာင့္ၾကည့္ေနခဲ့ပါတယ္။

ဒါ့အျပင္ ေဆာ္ဒီကလပ္ အယ္လ္ရွာဘတ္ကေန ထြက္ခြာလာႏိုင္တဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အိုဒီယြန္ အီဂါလိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကေန အငွားခ်ဖို႔ ရွိေနတဲ့ အန္တိုနီ မာစီယ္လ္တို႔ကိုလည္း အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေနခဲ့ၿပီး ျပင္သစ္သားအတြက္ သတ္မွတ္ထားတဲ့ ရာသီဝက္အငွားေၾကး ေပါင္ ၆ သန္းအတြက္ေတာ့ ေငြသိပ္မေပါတဲ့ ေခတ္ႀကီးမွာ ေခၚယူပါ့မလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာလည္း ျဖစ္ေနခဲ့တာပါ။

လီလ္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္နဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာတို႔ကိုေတာ့ တရားဝင္ကမ္းလွမ္းထားခဲ့ၿပီး ႏွစ္သင္းၾကား ေဆြးေႏြးမႈေတြ စတင္ေနခဲ့သလို ဘာစီလိုနာအသင္းရဲ႕ အရန္ကစားသမား ဆမ္ျမဴယယ္လ္ အမ္တီတီကိုလည္း ေပါင္ ၁၇ သန္းဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနလို႔ နယူးကာဆယ္လ္ရဲ႕ ဇန္နဝါရီက ေတာ္ေတာ္ေလး အလုပ္မ်ားဖို႔ ရွိေနပါတယ္။

အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေနသူေတြထဲမွာေတာ့ ေျမာက္လန္ဒန္မွာ ေနရာမရတဲ့ စပါးစ္အသင္းကြင္းလယ္လူ ဒယ္လီ အယ္လီလည္း ပါဝင္ေနခဲ့ၿပီး စကိုင္းစပို႔စ္ရဲ႕ တင္ဆက္သူ ေပါလ္ မာဆန္ကေတာ့ ကယ္လမ္ ဝီလ္ဆန္၊ အယ္လန္ စန္မက္ဇီမန္နဲ႔ ဂ်ိဳလင္တန္တို႔ ရွိေနခ်ိန္မွာ ကြင္းလယ္ကေန ဂိုးသြင္းယူႏိုင္မယ့္ ကစားသမားမ်ိဳးကို ပိုမိုလိုအပ္လိမ့္မယ္လို႔ ေထာက္ခံထားခဲ့တာပါ။

နယူးကာဆယ္လ္တို႔အတြက္ေတာ့ လက္ရွိအေျပာင္းအေ႐ႊ႕ကာလက တန္းမဆင္းရဖို႔နဲ႔ အသင္းရဲ႕ ရည္မွန္းခ်က္ကို ျပသႏိုင္ဖို႔ အျမန္ဆုံး ေျပာင္းလဲျပင္ဆင္ရမယ့္ ကာလလည္းျဖစ္ေနခဲ့ၿပီး ပရီးမီးယားလိဂ္ တန္းဆင္းဇုန္ အဆင့္ ၁၉ မွာ ရပ္တည္ေနမႈကေန ႐ုန္းထြက္ႏိုင္ဖို႔အတြက္လည္း လိုအပ္ေနတာေၾကာင့္ ကစားသမား ၄ ဦးထက္ ပိုၿပီး အငွားနဲ႔ ထပ္ေခၚယူသြားတာမ်ိဳးလည္း ရွိလာႏိုင္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.