Match Report Premier League

ဖီးလ် ဂျုံးစ်ကို ခေါ်လာတာ မှန်ခဲ့ပေမယ့် ရန်းနစ်ခ် ဘာတွေမှားခဲ့သလဲ?

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲမကစားရတာ ၇၀၈ ရက် ကြာခဲ့ပြီဖြစ်တဲ့ နောက်ခံလူ ဖီးလ် ဂျုံးစ်ကို ဒဏ်ရာရနေခဲ့တဲ့ ဟာရီ မက်ဂွိုင်းယား၊ အဲရစ် ဘိုင်လီနဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်တို့အစား သုံးစွဲခဲ့တာက နည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ရဲ့ မှန်ကန်တဲ့ လုပ်ဆောင်မှုဖြစ်ခဲ့ပြီး ခံစစ်မှာ သူက အကောင်းဆုံးဖြစ်ခဲ့ချိန်မှာ ဒါက လုံလောက်မှုတော့ မရှိခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ဖီးလ် ဂျုံးစ်နဲ့ လုခ် ရှောတို့ ခံစစ်မှာ တာဝန်ကျေခဲ့ပေမယ့် ဦးဆောင်သူ ရာဖေးလ် ဗာရွန်း ခြေစွမ်းမပြနိုင်ခဲ့သလို အာရွန် ဝန်ဘစ်ဆာကာကတော့ ခံစစ်မှာလည်း ညံ့ဖျင်းသလို တိုက်စစ်မှာလည်း သုံးစားမရတဲ့ နတ်အိုးကွဲဖြစ်နေခဲ့ပြီး ရန်းနစ်ခ်ရဲ့ ၄-၂-၂-၂ ကစားကွက်ကတော့ အသင်းနဲ့ လိုက်ဖက် မညီဘူးလို့ ပွဲအပြီးမှာ ဂျေမီ ရက်ဒ်နက်ပ်နဲ့ ပေါလ် အင့်စ်တို့ကပါ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ရန်းနစ်ခ်အနေနဲ့ အသက် ၂၉ နှစ်အရွယ် ကျောနံပါတ် ၄ ပိုင်ရှင်ကို မရှိသုံးအဖြစ် ပြန်ခေါ်ခဲ့ချိန်မှာ ဈေးကြီးပေးထားရတဲ့ လူသစ် ဗာရွန်းထက်ကို ခြေစွမ်းပြနိုင်ခဲ့ပြီး ခံစစ်မှာ မာမာချာချာ ကစားနိုင်ခဲ့သလို ပထမပိုင်းမှာ တည်တည်ငြိမ်ငြိမ် ဖျက်ထုတ်နိုင်ခဲ့ပြီး ညာအတွင်းလူနေရာမှာ ကစားပုံ မဆိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နုံချာလွန်းနေတဲ့ ဝန်ဘစ်ဆာကာကြောင့် ညာခြမ်းကနေ ပိုဒင့်စ်ရဲ့ အကြိမ်ကြိမ် ထိုးဖောက်ခံနေရချိန်မှာ ယူနိုက်တက်ခံစစ်က ရုန်းကန်ခဲ့ရပြီး ဖီးလ်ဂျုံးစ်ကတော့ ဒီထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့တာပါ။

အမှား(၁) ရော်နယ်လ်ဒိုကို ကပ္ပတိန်ပေးခြင်း
ဂျာမန်သား ကျူးလွန်ခဲ့တဲ့ ပထမအမှားကတော့ မက်ဂွိုင်းယား မပါဝင်နိုင်ချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကပ္ပတိန်ပေးလိုက်တာပါပဲ။ နောက်မျိုးဆက်သစ်တွေအတွက် ပေါ်တူဂီသားရဲ့ အိုးလ်ထရက်ဖို့ဒ် ကော်နက်ရှင်က သိပ်မမိတော့ချိန်မှာ သူ့ဘာသာသူ ဘယ်လောက် GOAT ခဲ့ GOAT ခဲ့ “ဘဲကြီး ဘာလဲ”အဆင့်ပဲ ရှိခဲ့ပြီး လူငယ်တွေနဲ့ သိပ်အစေးမကပ်ခဲ့သလို စိတ်ပျက်နေတဲ့ အမူအရာနဲ့ အသင်းကို မောင်းနှင်နိုင်ခြင်းမရှိတာတွေက ရန်းနစ်ခ်အတွက် အလုပ်မဖြစ်ခဲ့တာပါ။

ဘရူနို ဖာနန်ဒက်စ်လည်း မပါဝင်နိုင်ခဲ့ချိန်မှာ ဖန်တီးမှုတွေက သူ့ဆီ ရောက်လာခြင်းမရှိခဲ့တဲ့အချိန်မှာ ရော်နယ်လ်ဒိုအနေနဲ့ ကလပ်အသင်းကစားသမားဘဝမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားရင်းနဲ့ ပထမဆုံး ရှုံးဖူးတဲ့ ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီး တကယ်တော့ ဒီနေ့မှာ ကပ္ပတိန်လက်ပတ်က ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ ပိုမိုသင့်တော်ခဲ့တာဖြစ်ပါတယ်။

အမှား(၂) လူထုတ်ပုံ မမှန်ဘဲ အဖြေမရှိခဲ့တဲ့ ပထမပိုင်း
ပထမပိုင်းမှာ ရန်းနစ်ခ်ရဲ့ ၄-၂-၂-၂ ကစားကွက်က ဘရူနို လာဂျီရဲ့ ၃-၄-၃ ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့တာပါ။ ဒီအတွက် ကွင်းဘေးကနေ ဘာမှ မယ်မယ်ရရ ပြင်ဆင်ညွှန်ကြားနိုင်ခြင်း မရှိခဲ့သလို ၄၅ မိနစ်အတွင်းမှာ ဝုလ်ဗ်စ်တို့ရဲ့ ကန်သွင်းခွင့် ၁၅ ကြိမ်နဲ့ ကြုံတွေ့ခဲ့ရပြီး ၃ မိနစ်ကို တစ်ကြိမ်ကန်နိုင်ခဲ့တဲ့ အနေအထားမှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာက ယူနိုက်တက်တို့ ကံကောင်းခဲ့တာဖြစ်ပါတယ်။

ဖရက်ဒ်ကို ချန်လှပ်ထားခဲ့ချိန်မှာ မက်တော်မီနေးနဲ့ မာတစ်ချ်တို့ရဲ့ ကွင်းလယ်စိုးမိုးမှုနဲ့ လုပ်အားနှုန်းကက နီဗက်စ်နဲ့ မော်တင်ညိုတို့ရဲ့ အတွဲအဖက်ကို မယှဉ်နိုင်ခဲ့သလို ရန်းနစ်ခ်ရဲ့ ကစားကွက်အဆန်းကြီးက ရှုပ်ထွေးများပြားလှတဲ့ တာဝန်တွေမှာ တောင်ပံတိုက်စစ်တွေကို ပိုအားသန်တဲ့ အင်္ဂလိပ်လူငယ်နှစ်ဦးဖြစ်ကြတဲ့ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ပါ နာမည်ပျက်ခဲ့ရပြီး ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်ကို ချန်ထားခဲ့တာကလည်း ပိုမိုဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

အမှား(၃) နတ်အိုးကွဲ ဝန်ဘစ်ဆာကာကို သုံးစွဲမှု
နတ်အိုးကွဲဆိုတာ “ပဲလှော်မရ၊ ချေးကော်မရ” ဘယ်နားမှ သုံးလို့ အဆင်မပြေပေမယ့် အမြင့်အမြတ် သုံးခဲ့တဲ့ ပစ္စည်းဖြစ်ခဲ့လို့ ကိုင်တွယ်ဖို့ ခက်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ပေါင်သန်း ၅၀ လောက် ပေးထားရပြီး တိုက်စစ်မှာ သုံးမရချိန်မှာ တစ်ခုတည်းသော အရည်အသွေးဖြစ်တဲ့ ခံစစ်အစွမ်းပါ ပျက်စီးသွားခဲ့တဲ့ ပဲလေ့စ်နောက်ခံလူဟောင်းဟာ ဒါလော့ထက်တောင် အခြေအနေ ဆိုးရွားနေခဲ့ပြီး ညာခြမ်းမှာ ပိုဒင့်စ်နဲ့ ဟီမီနက်ဇ်တို့ကြားမှာ ဗျာများနေခဲ့သလို ဖီးလ် ဂျုံးစ်အတွက် ဖိအားတွေနဲ့ တာဝန်တွေ ပိုစေခဲ့ပြီး တိုက်စစ်မှာလည်း ရော်နယ်လ်ဒိုကို စိတ်ပျက်စေခဲ့တာပါ။ နောက်ပွဲတွေမှာ ဒါလော့ကို ရွေးချယ်တာက ပိုပြီး အကျိုးရှိမယ့် ဆုံးဖြတ်ချက်လို့ ရန်းနစ်ခ် ထင်လာတော့မှာဖြစ်ပေမယ့် ဒီနေ့ပွဲကတော့ လက်ဗလာဖြစ်ခဲ့ရပါပြီ။

ဒါ့အပြင် သူ့ရဲ့ ၄-၂-၂-၂ ကစားကွက်မှာ ဖန်တီးဖို့ တာဝန်ရှိနေသလို တောင်ပံပိုင်းပါ တာဝန်ယူရတဲ့ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ကတော့ လိုတာထက် ပိုကစားရပြီး စိတ်ညစ်တာနဲ့ပဲ ခြေပျောက်ခဲ့ရသလို လာမယ့်ပွဲတွေမှာ ဒီကစားကွက်ကို ဆက်ပြီး စမ်းသပ်ဦးမယ်ဆိုရင်တော့ သူတို့နှစ်ယောက်အစား ဖာနန်ဒက်စ်၊ လင်ဂတ်နဲ့ ဗန်ဒဘိခ်တို့ကို ထည့်လိုက်တာကမှ တော်ဦးမှာဖြစ်ပြီး ဝေဖန်မှုတွေနဲ့ ဖိအားကြီးသွားခဲ့တဲ့ ရန်းနစ်ခ်အနေနဲ့ ခေါင်းမာနေဦးမယ် ဆိုရင်တော့ ယူနိုက်တက်တို့ ဆရာတင်မှားခဲ့ပြီလို့ပဲ သုံးသပ်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပြဲမကစားရတာ ၇၀၈ ရက္ ၾကာခဲ့ၿပီျဖစ္တဲ့ ေနာက္ခံလူ ဖီးလ္ ဂ်ဳံးစ္ကို ဒဏ္ရာရေနခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယား၊ အဲရစ္ ဘိုင္လီနဲ႔ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္တို႔အစား သုံးစြဲခဲ့တာက နည္းျပ ရာ့လ္ဖ္ ရန္းနစ္ခ္ရဲ႕ မွန္ကန္တဲ့ လုပ္ေဆာင္မႈျဖစ္ခဲ့ၿပီး ခံစစ္မွာ သူက အေကာင္းဆုံးျဖစ္ခဲ့ခ်ိန္မွာ ဒါက လုံေလာက္မႈေတာ့ မရွိခဲ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ရႈံးပြဲႀကဳံေတြ႕ခဲ့ရတာပါ။

ဖီးလ္ ဂ်ဳံးစ္နဲ႔ လုခ္ ေရွာတို႔ ခံစစ္မွာ တာဝန္ေက်ခဲ့ေပမယ့္ ဦးေဆာင္သူ ရာေဖးလ္ ဗာ႐ြန္း ေျခစြမ္းမျပႏိုင္ခဲ့သလို အာ႐ြန္ ဝန္ဘစ္ဆာကာကေတာ့ ခံစစ္မွာလည္း ညံ့ဖ်င္းသလို တိုက္စစ္မွာလည္း သုံးစားမရတဲ့ နတ္အိုးကြဲျဖစ္ေနခဲ့ၿပီး ရန္းနစ္ခ္ရဲ႕ ၄-၂-၂-၂ ကစားကြက္ကေတာ့ အသင္းနဲ႔ လိုက္ဖက္ မညီဘူးလို႔ ပြဲအၿပီးမွာ ေဂ်မီ ရက္ဒ္နက္ပ္နဲ႔ ေပါလ္ အင့္စ္တို႔ကပါ ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

ရန္းနစ္ခ္အေနနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ ေက်ာနံပါတ္ ၄ ပိုင္ရွင္ကို မရွိသုံးအျဖစ္ ျပန္ေခၚခဲ့ခ်ိန္မွာ ေဈးႀကီးေပးထားရတဲ့ လူသစ္ ဗာ႐ြန္းထက္ကို ေျခစြမ္းျပႏိုင္ခဲ့ၿပီး ခံစစ္မွာ မာမာခ်ာခ်ာ ကစားႏိုင္ခဲ့သလို ပထမပိုင္းမွာ တည္တည္ၿငိမ္ၿငိမ္ ဖ်က္ထုတ္ႏိုင္ခဲ့ၿပီး ညာအတြင္းလူေနရာမွာ ကစားပုံ မဆိုးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏုံခ်ာလြန္းေနတဲ့ ဝန္ဘစ္ဆာကာေၾကာင့္ ညာျခမ္းကေန ပိုဒင့္စ္ရဲ႕ အႀကိမ္ႀကိမ္ ထိုးေဖာက္ခံေနရခ်ိန္မွာ ယူႏိုက္တက္ခံစစ္က ႐ုန္းကန္ခဲ့ရၿပီး ဖီးလ္ဂ်ဳံးစ္ကေတာ့ ဒီထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ခဲ့တာပါ။

အမွား(၁) ေရာ္နယ္လ္ဒိုကို ကပၸတိန္ေပးျခင္း
ဂ်ာမန္သား က်ဴးလြန္ခဲ့တဲ့ ပထမအမွားကေတာ့ မက္ဂြိဳင္းယား မပါဝင္ႏိုင္ခ်ိန္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ကပၸတိန္ေပးလိုက္တာပါပဲ။ ေနာက္မ်ိဳးဆက္သစ္ေတြအတြက္ ေပၚတူဂီသားရဲ႕ အိုးလ္ထရက္ဖို႔ဒ္ ေကာ္နက္ရွင္က သိပ္မမိေတာ့ခ်ိန္မွာ သူ႔ဘာသာသူ ဘယ္ေလာက္ GOAT ခဲ့ GOAT ခဲ့ “ဘဲႀကီး ဘာလဲ”အဆင့္ပဲ ရွိခဲ့ၿပီး လူငယ္ေတြနဲ႔ သိပ္အေစးမကပ္ခဲ့သလို စိတ္ပ်က္ေနတဲ့ အမူအရာနဲ႔ အသင္းကို ေမာင္းႏွင္ႏိုင္ျခင္းမရွိတာေတြက ရန္းနစ္ခ္အတြက္ အလုပ္မျဖစ္ခဲ့တာပါ။

ဘ႐ူႏို ဖာနန္ဒက္စ္လည္း မပါဝင္ႏိုင္ခဲ့ခ်ိန္မွာ ဖန္တီးမႈေတြက သူ႔ဆီ ေရာက္လာျခင္းမရွိခဲ့တဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုအေနနဲ႔ ကလပ္အသင္းကစားသမားဘဝမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားရင္းနဲ႔ ပထမဆုံး ရႈံးဖူးတဲ့ ပြဲအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ၿပီး တကယ္ေတာ့ ဒီေန႔မွာ ကပၸတိန္လက္ပတ္က ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ ပိုမိုသင့္ေတာ္ခဲ့တာျဖစ္ပါတယ္။

အမွား(၂) လူထုတ္ပုံ မမွန္ဘဲ အေျဖမရွိခဲ့တဲ့ ပထမပိုင္း
ပထမပိုင္းမွာ ရန္းနစ္ခ္ရဲ႕ ၄-၂-၂-၂ ကစားကြက္က ဘ႐ူႏို လာဂ်ီရဲ႕ ၃-၄-၃ ကစားကြက္ေအာက္မွာ နစ္ျမဳပ္ေနခဲ့တာပါ။ ဒီအတြက္ ကြင္းေဘးကေန ဘာမွ မယ္မယ္ရရ ျပင္ဆင္ၫႊန္ၾကားႏိုင္ျခင္း မရွိခဲ့သလို ၄၅ မိနစ္အတြင္းမွာ ဝုလ္ဗ္စ္တို႔ရဲ႕ ကန္သြင္းခြင့္ ၁၅ ႀကိမ္နဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ၃ မိနစ္ကို တစ္ႀကိမ္ကန္ႏိုင္ခဲ့တဲ့ အေနအထားမွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာက ယူႏိုက္တက္တို႔ ကံေကာင္းခဲ့တာျဖစ္ပါတယ္။

ဖရက္ဒ္ကို ခ်န္လွပ္ထားခဲ့ခ်ိန္မွာ မက္ေတာ္မီေနးနဲ႔ မာတစ္ခ်္တို႔ရဲ႕ ကြင္းလယ္စိုးမိုးမႈနဲ႔ လုပ္အားႏႈန္းကက နီဗက္စ္နဲ႔ ေမာ္တင္ညိဳတို႔ရဲ႕ အတြဲအဖက္ကို မယွဥ္ႏိုင္ခဲ့သလို ရန္းနစ္ခ္ရဲ႕ ကစားကြက္အဆန္းႀကီးက ရႈပ္ေထြးမ်ားျပားလွတဲ့ တာဝန္ေတြမွာ ေတာင္ပံတိုက္စစ္ေတြကို ပိုအားသန္တဲ့ အဂၤလိပ္လူငယ္ႏွစ္ဦးျဖစ္ၾကတဲ့ ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္တို႔ပါ နာမည္ပ်က္ခဲ့ရၿပီး ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ခ်န္ထားခဲ့တာကလည္း ပိုမိုဆိုး႐ြားေစခဲ့တာျဖစ္ပါတယ္။

အမွား(၃) နတ္အိုးကြဲ ဝန္ဘစ္ဆာကာကို သုံးစြဲမႈ
နတ္အိုးကြဲဆိုတာ “ပဲေလွာ္မရ၊ ေခ်းေကာ္မရ” ဘယ္နားမွ သုံးလို႔ အဆင္မေျပေပမယ့္ အျမင့္အျမတ္ သုံးခဲ့တဲ့ ပစၥည္းျဖစ္ခဲ့လို႔ ကိုင္တြယ္ဖို႔ ခက္ေနခဲ့တာျဖစ္ပါတယ္။ ဒီလိုပဲ ေပါင္သန္း ၅၀ ေလာက္ ေပးထားရၿပီး တိုက္စစ္မွာ သုံးမရခ်ိန္မွာ တစ္ခုတည္းေသာ အရည္အေသြးျဖစ္တဲ့ ခံစစ္အစြမ္းပါ ပ်က္စီးသြားခဲ့တဲ့ ပဲေလ့စ္ေနာက္ခံလူေဟာင္းဟာ ဒါေလာ့ထက္ေတာင္ အေျခအေန ဆိုး႐ြားေနခဲ့ၿပီး ညာျခမ္းမွာ ပိုဒင့္စ္နဲ႔ ဟီမီနက္ဇ္တို႔ၾကားမွာ ဗ်ာမ်ားေနခဲ့သလို ဖီးလ္ ဂ်ဳံးစ္အတြက္ ဖိအားေတြနဲ႔ တာဝန္ေတြ ပိုေစခဲ့ၿပီး တိုက္စစ္မွာလည္း ေရာ္နယ္လ္ဒိုကို စိတ္ပ်က္ေစခဲ့တာပါ။ ေနာက္ပြဲေတြမွာ ဒါေလာ့ကို ေ႐ြးခ်ယ္တာက ပိုၿပီး အက်ိဳးရွိမယ့္ ဆုံးျဖတ္ခ်က္လို႔ ရန္းနစ္ခ္ ထင္လာေတာ့မွာျဖစ္ေပမယ့္ ဒီေန႔ပြဲကေတာ့ လက္ဗလာျဖစ္ခဲ့ရပါၿပီ။

ဒါ့အျပင္ သူ႔ရဲ႕ ၄-၂-၂-၂ ကစားကြက္မွာ ဖန္တီးဖို႔ တာဝန္ရွိေနသလို ေတာင္ပံပိုင္းပါ တာဝန္ယူရတဲ့ ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္တို႔ကေတာ့ လိုတာထက္ ပိုကစားရၿပီး စိတ္ညစ္တာနဲ႔ပဲ ေျခေပ်ာက္ခဲ့ရသလို လာမယ့္ပြဲေတြမွာ ဒီကစားကြက္ကို ဆက္ၿပီး စမ္းသပ္ဦးမယ္ဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္အစား ဖာနန္ဒက္စ္၊ လင္ဂတ္နဲ႔ ဗန္ဒဘိခ္တို႔ကို ထည့္လိုက္တာကမွ ေတာ္ဦးမွာျဖစ္ၿပီး ေဝဖန္မႈေတြနဲ႔ ဖိအားႀကီးသြားခဲ့တဲ့ ရန္းနစ္ခ္အေနနဲ႔ ေခါင္းမာေနဦးမယ္ ဆိုရင္ေတာ့ ယူႏိုက္တက္တို႔ ဆရာတင္မွားခဲ့ၿပီလို႔ပဲ သုံးသပ္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.