Premier League

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို အသည်းနာအောင် ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ခြေချော်နေတဲ့အချိန်မှာ မန်စီးတီးအသင်းက မော်လ်ဒိုက်ကို အပန်းဖြေခရီးထွက်တော့မယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ညနေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၁၁ မှတ်အကွာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီနေ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ဘယ်အသင်းပဲ အမှတ်လျော့လျော့ အမှတ်ပေးဇယား ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအတွက် အကျိုးရှိမယ်ဆိုတာကို လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးက သိရှိနေကြတာဖြစ်ပြီး မန်ချက်စတာအသင်းဟာ စနေနေ့က အာဆင်နယ်နဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးဟာ နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ အနိုင်ဂိုးကြောင့် အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ယခုရာသီအစောပိုင်းတုန်းက ၅ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ဟာ အများကြီးတိုးတက်လာခဲ့တာကြောင့် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အနောက်လန်ဒန်ကလပ်နဲ့ မာဆေးဆိုဒ်အသင်းတို့ဟာ မန်ချက်စတာစီးတီးအသင်းကို လိုက်မီဖို့ အခွင့်အရေးကိုယ်စီ ရှိနေကြပြီဖြစ်ပြီး ယနေ့ညနေပွဲစဉ်မှာ ဘယ်သူက အမှတ်ပေးဇယား ဒုတိယနေရာကနေ လိုက်လံဖိအားပေးနိုင်မလဲဆိုတာ အဖြေထုတ်ရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမှတ်ပေးဇယားကို အပြတ်အသတ်ဦးဆောင်ထားတဲ့ မန်ချက်စတာစီးတီးရဲ့ အနေအထားကြောင့် ပက် ဂွါဒီယိုလာက လက်ရှိမှာ ဆုဖလားပြိုင်ပွဲက ပြီးဆုံးသွားပြီ သို့မဟုတ် တစ်ကောင်တည်းပြေးတဲ့ပွဲဖြစ်သွားပြီဆိုတဲ့ ပြောဆိုခြင်းကို ခံခဲ့ရပေမယ့် အဲဒီဟာတွေ တစ်ခုမှ မဟုတ်ဘူးဆိုတာကို မန်စီးတီးနည်းပြက သရော်ပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို ဖလားပေးပါ။ ကျွန်တော်တို့ကို ဖလားပေးလိုက်။ ကျွန်တော်တို့ အားလပ်ရက်အတွက် မော်လ်ဒိုက်ကို သွားမယ်။ ဒါပေမယ့် ကျွန်တော် ထင်တယ်။ အဲဒီလို ဖြစ်ပျက်ဦးမှာမဟုတ်သေးဘူး။ အခုအချိန်အထိတော့ ကစားဖို့ ၄၈ မှတ် ဒါမှမဟုတ် ၅၁ မှတ်လား ဘယ်လောက် အမှတ်များများလဲဆိုတာ ကျွန်တော် မသိပါဘူး”

“အဲဒီတော့ ကျွန်တော်တို့ အခု အက်ဖ်အေဖလားပွဲစဉ်အတွက် ပြင်ဆင်ဖို့ ၅ ရက်၊ ၆ ရက်လောက် အချိန်ရှိတယ်။ ပြီးရင်တော့ ချဲလ်ဆီးနဲ့ပွဲအတွက် ကျွန်တော်တို့မှာရှိနေတဲ့ ပြဿနာဖြစ်တဲ့ ကိုဗစ်ကူးစက်ခံကစားသမားတွေ၊ ဒဏ်ရာရကစားသမားတွေနဲ့ ၅ ရက်၊ ၆ ရက်လောက် ပြင်ဆင်ချိန်ရမယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာဟာ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ေျခေခ်ာ္ေနတဲ့အခ်ိန္မွာ မန္စီးတီးအသင္းက ေမာ္လ္ဒိုက္ကို အပန္းေျဖခရီးထြက္ေတာ့မယ္လို႔ ဟာသေဖာက္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ယေန႔ညေန စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီ အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ ၁၁ မွတ္အကြာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။ ဒီေန႔ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ ဘယ္အသင္းပဲ အမွတ္ေလ်ာ့ေလ်ာ့ အမွတ္ေပးဇယား ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးအတြက္ အက်ိဳးရွိမယ္ဆိုတာကို လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံးက သိရွိေနၾကတာျဖစ္ၿပီး မန္ခ်က္စတာအသင္းဟာ စေနေန႔က အာဆင္နယ္နဲ႔ပြဲစဥ္မွာ အျငင္းပြားဖြယ္ အနိုင္ရလဒ္ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ မန္စီးတီးဟာ နာက်င္အခ်ိန္ပိုမွာ ရရွိခဲ့တဲ့ အနိုင္ဂိုးေၾကာင့္ အနိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ယခုရာသီအေစာပိုင္းတုန္းက ၅ ဂိုးျပတ္ အနိုင္ယူခဲ့တဲ့ အာဆင္နယ္ဟာ အမ်ားႀကီးတိုးတက္လာခဲ့တာေၾကာင့္ ခက္ခက္ခဲခဲ အနိုင္ယူခဲ့ရတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အေနာက္လန္ဒန္ကလပ္နဲ႔ မာေဆးဆိုဒ္အသင္းတို႔ဟာ မန္ခ်က္စတာစီးတီးအသင္းကို လိုက္မီဖို႔ အခြင့္အေရးကိုယ္စီ ရွိေနၾကၿပီျဖစ္ၿပီး ယေန႔ညေနပြဲစဥ္မွာ ဘယ္သူက အမွတ္ေပးဇယား ဒုတိယေနရာကေန လိုက္လံဖိအားေပးနိုင္မလဲဆိုတာ အေျဖထုတ္ရေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမွတ္ေပးဇယားကို အျပတ္အသတ္ဦးေဆာင္ထားတဲ့ မန္ခ်က္စတာစီးတီးရဲ့ အေနအထားေၾကာင့္ ပက္ ဂြါဒီယိုလာက လက္ရွိမွာ ဆုဖလားၿပိဳင္ပြဲက ၿပီးဆုံးသြားၿပီ သို႔မဟုတ္ တစ္ေကာင္တည္းေျပးတဲ့ပြဲျဖစ္သြားၿပီဆိုတဲ့ ေျပာဆိုျခင္းကို ခံခဲ့ရေပမယ့္ အဲဒီဟာေတြ တစ္ခုမွ မဟုတ္ဘူးဆိုတာကို မန္စီးတီးနည္းျပက သေရာ္ၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ကို ဖလားေပးပါ။ ကၽြန္ေတာ္တို႔ကို ဖလားေပးလိုက္။ ကၽြန္ေတာ္တို႔ အားလပ္ရက္အတြက္ ေမာ္လ္ဒိုက္ကို သြားမယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ထင္တယ္။ အဲဒီလို ျဖစ္ပ်က္ဦးမွာမဟုတ္ေသးဘူး။ အခုအခ်ိန္အထိေတာ့ ကစားဖို႔ ၄၈ မွတ္ ဒါမွမဟုတ္ ၅၁ မွတ္လား ဘယ္ေလာက္ အမွတ္မ်ားမ်ားလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး”

“အဲဒီေတာ့ ကၽြန္ေတာ္တို႔ အခု အက္ဖ္ေအဖလားပြဲစဥ္အတြက္ ျပင္ဆင္ဖို႔ ၅ ရက္၊ ၆ ရက္ေလာက္ အခ်ိန္ရွိတယ္။ ၿပီးရင္ေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ကၽြန္ေတာ္တို႔မွာရွိေနတဲ့ ျပႆနာျဖစ္တဲ့ ကိုဗစ္ကူးစက္ခံကစားသမားေတြ၊ ဒဏ္ရာရကစားသမားေတြနဲ႔ ၅ ရက္၊ ၆ ရက္ေလာက္ ျပင္ဆင္ခ်ိန္ရမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.