Ligue1 Premier League

၂၀၂၁ မှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီ ဘယ်သူကသာလွန်တဲ့ ကိန်းဂဏန်းတွေပိုင်ဆိုင်ခဲ့လဲ

၂၀၂၁ ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက ဘယ်သူက ပိုမိုကောင်းမွန်လဲဆိုတဲ့ အငြင်းအခုံဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ၂၀၂၂ ခုနှစ်ထဲ ဝင်ရောက်နေခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ လမှာ ခေတ်တစ်ခုကို မျှဝေခဲ့ကြတဲ့ ဘောလုံးသမိုင်းထဲက အကောင်းဆုံးကစားသမား ၂ ဦးကို ပြန်လည်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ မက်ဆီ ကိုပါအမေရိကဖလားကိုင်မြှောက်နိုင်ခဲ့တာကနေ ရော်နယ်လ်ဒို ယူရိုပြိုင်ပွဲမှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာအထိ ဂန္တဝင်ကစားသမား ၂ ဦးဟာ ၎င်းတို့ရဲ့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်တွေနဲ့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာကို သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်ကစားသမားက ပိုမိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့လဲဆိုတာကို ဆုံးဖြတ်ဖို့က ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ ရော်နယ်လ်ဒို အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တာကို ကြည့်ရင် ထင်တာထက် ပိုမိုခက်ခဲတာကို တွေ့ရမှာဖြစ်ပါတယ်။

တကယ်တော့ ရေ်ာနယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ကိန်းဂဏန်းတွေက တော်တော်လေး နီးစပ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ရဲ့ ၂၀၂၁ ခုနှစ်အတွက် စွမ်းဆောင်ရည်ဟာ သာမန်ရှိသင့်တာထက် နိမ့်ကျခဲ့တယ်လို့ ဆိုကောင်း ဆိုရပါလိမ့်မယ်။

MESSIVSRONALDO.APP က စုဆောင်းထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Transfermarkt မှာ အတည်ပြုထားတဲ့အချက်အလက်တွေနဲ့ ပေါင်းပြီး ၂၀၂၁ ခုနှစ်အတွင်းက ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ အရေးအပါဆုံး ကိန်းဂဏန်းအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သွင်းဂိုး စုစုပေါင်း

ခရစ္စတီယာနို ရော်နယ်လ်ဒို ၄၇-၄၃ လီယွန်နယ် မက်ဆီ

ဂိုးဖန်တီးမှု စုစုပေါင်း

လီယွန်နယ် မက်ဆီ ၁၈-၇ ခရစ္စတီယာနို ရော်နယ်လ်ဒို

ကလပ်အသင်းသွင်းဂိုး စုစုပေါင်း

လီယွန်နယ် မက်ဆီ ၃၄-၃၄ ခရစ္စတီယာနို ရော်နယ်လ်ဒို

ကလပ်အသင်းအဆင့် တစ်ဂိုးသွင်းဖို့ပျမ်းမျှကြာချိန်(မိနစ်)

လီယွန်နယ် မက်ဆီ ၁၁၆-၁၂၅ ခရစ္စတီယာနို ရော်နယ်လ်ဒို

ချန်ပီယံလိဂ်သွင်းဂိုးစုစုပေါင်း

လီယွန်နယ် မက်ဆီ ၇-၆ ခရစ္စတီယာနို ရော်နယ်လ်ဒို

ပင်နယ်တီမဟုတ်သော သွင်းဂိုး

လီယွန်နယ် မက်ဆီ ၃၇-၃၇ ခရစ္စတီယာနို ရော်နယ်လ်ဒို

ပင်နယ်တီသွင်းဂိုး

ခရစ္စတီယာနို ရော်နယ်လ်ဒို ၁၀-၆ လီယွန်နယ် မက်ဆီ

ဟက်ထရစ်

ခရစ္စတီယာနို ရော်နယ်လ်ဒို ၂-၁ လီယွန်နယ် မက်ဆီ

အလွတ်တည်ကန်ဘောသွင်းဂိုး

လီယွန်နယ် မက်ဆီ ၅-၀ ခရစ္စတီယာနို ရော်နယ်လ်ဒို

အသင်းနဲ့ ရရှိခဲ့တဲ့ ဆုဖလား

လီယွန်နယ် မက်ဆီ ၂-၁ ခရစ္စတီယာနို ရော်နယ်လ်ဒို

အဓိကတစ်ဦးချင်းဆု

လီယွန်နယ် မက်ဆီ ၅-၂ ခရစ္စတီယာနို ရော်နယ်လ်ဒို

ရော်နယ်လ်ဒိုအနေနဲ့ လီယွန်နယ် မက်ဆီထက် ပိုမိုကောင်းမွန်တဲ့ နှစ်တစ်နှစ် ပိုင်ဆိုင်ခဲ့တယ်လို့ ပြောလို့မရပေမယ့် ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ အနည်းဆုံးတော့ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ရဲ့အထက်မှာ ရပ်တည်ဖို့ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မက်ဆီ သွင်းယူခဲ့သလောက် ကလပ်အသင်းသွင်းဂိုးတွေကို သွင်းယူခဲ့ပြီး နိုင်ငံတကာအဆင့်မှာဆိုရင် အာဂျင်တီးနားကြယ်ပွင့်ထက်တောင် ပိုမိုသွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်ကိုလည်း ၂ ကြိမ်တောင် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပိုမိုနည်းပါးတဲ့ ပင်နယ်တီသွင်းဂိုးတွေကို အရမ်းမှီခိုခဲ့ခြင်းမရှိသလို ဆုဖလားတွေကို ပိုမိုရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဂိုးပိုမိုသွင်းယူနိုင်ခဲ့တဲ့ အမှန်တရားမှတ်တမ်းတွေကို လူတချို့ရဲ့ မနှစ်မြို့ဖွယ်တွေနဲ့ ဖုံးကွယ်လို့ မရနိုင်တဲ့အတွက် မက်ဆီက ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအမျိုးသားကစားသမားဆိုတာ သေချာခဲ့ပြီး ဘလွန်ဒေါဆုနဲ့ ထိုက်တန်ခဲ့သလို ကြိုးစားမှု စိတ်ဓာတ်ထိပ်တန်းမှာရှိတဲ့ ရော်နယ်လ်ဒိုကလည်း ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ချီးကျူးမှုခံရဖို့ ထိုက်တန်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၂၀၂၁ ခုႏွစ္မွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထဲက ဘယ္သူက ပိုမိုေကာင္းမြန္လဲဆိုတဲ့ အျငင္းအခုံဟာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ၂၀၂၂ ခုႏွစ္ထဲ ဝင္ေရာက္ေနခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ၁၂ လမွာ ေခတ္တစ္ခုကို မၽွေဝခဲ့ၾကတဲ့ ေဘာလုံးသမိုင္းထဲက အေကာင္းဆုံးကစားသမား ၂ ဦးကို ျပန္လည္ၾကည့္ရႈနိုင္ၿပီျဖစ္ပါတယ္။ မက္ဆီ ကိုပါအေမရိကဖလားကိုင္ေျမႇာက္နိုင္ခဲ့တာကေန ေရာ္နယ္လ္ဒို ယူရိုၿပိဳင္ပြဲမွာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တာအထိ ဂႏၲဝင္ကစားသမား ၂ ဦးဟာ ၎တို႔ရဲ့ ကမၻာ့အဆင့္ စြမ္းေဆာင္ရည္ေတြနဲ႔ အသက္အရြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုသာျဖစ္တယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘယ္ကစားသမားက ပိုမိုေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့လဲဆိုတာကို ဆုံးျဖတ္ဖို႔က ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ ေရာ္နယ္လ္ဒို အဆင့္ ၆ ေနရာမွာ ရပ္တည္ခဲ့တာကို ၾကည့္ရင္ ထင္တာထက္ ပိုမိုခက္ခဲတာကို ေတြ႕ရမွာျဖစ္ပါတယ္။

တကယ္ေတာ့ ေရ္ာနယ္လ္ဒိုနဲ႔ မက္ဆီတို႔ရဲ့ ၂၀၂၁ ခုႏွစ္အတြင္း ကိန္းဂဏန္းေတြက ေတာ္ေတာ္ေလး နီးစပ္ၿပီး မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ရဲ့ ၂၀၂၁ ခုႏွစ္အတြက္ စြမ္းေဆာင္ရည္ဟာ သာမန္ရွိသင့္တာထက္ နိမ့္က်ခဲ့တယ္လို႔ ဆိုေကာင္း ဆိုရပါလိမ့္မယ္။

MESSIVSRONALDO.APP က စုေဆာင္းထားတဲ့ အခ်က္အလက္ေတြကို အသုံးျပဳၿပီး Transfermarkt မွာ အတည္ျပဳထားတဲ့အခ်က္အလက္ေတြနဲ႔ ေပါင္းၿပီး ၂၀၂၁ ခုႏွစ္အတြင္းက ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ရဲ့ အေရးအပါဆုံး ကိန္းဂဏန္းအခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သြင္းဂိုး စုစုေပါင္း

ခရစၥတီယာနို ေရာ္နယ္လ္ဒို ၄၇-၄၃ လီယြန္နယ္ မက္ဆီ

ဂိုးဖန္တီးမႈ စုစုေပါင္း

လီယြန္နယ္ မက္ဆီ ၁၈-၇ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ကလပ္အသင္းသြင္းဂိုး စုစုေပါင္း

လီယြန္နယ္ မက္ဆီ ၃၄-၃၄ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ကလပ္အသင္းအဆင့္ တစ္ဂိုးသြင္းဖို႔ပ်မ္းမၽွၾကာခ်ိန္(မိနစ္)

လီယြန္နယ္ မက္ဆီ ၁၁၆-၁၂၅ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ခ်န္ပီယံလိဂ္သြင္းဂိုးစုစုေပါင္း

လီယြန္နယ္ မက္ဆီ ၇-၆ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ပင္နယ္တီမဟုတ္ေသာ သြင္းဂိုး

လီယြန္နယ္ မက္ဆီ ၃၇-၃၇ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ပင္နယ္တီသြင္းဂိုး

ခရစၥတီယာနို ေရာ္နယ္လ္ဒို ၁၀-၆ လီယြန္နယ္ မက္ဆီ

ဟက္ထရစ္

ခရစၥတီယာနို ေရာ္နယ္လ္ဒို ၂-၁ လီယြန္နယ္ မက္ဆီ

အလြတ္တည္ကန္ေဘာသြင္းဂိုး

လီယြန္နယ္ မက္ဆီ ၅-၀ ခရစၥတီယာနို ေရာ္နယ္လ္ဒို

အသင္းနဲ႔ ရရွိခဲ့တဲ့ ဆုဖလား

လီယြန္နယ္ မက္ဆီ ၂-၁ ခရစၥတီယာနို ေရာ္နယ္လ္ဒို

အဓိကတစ္ဦးခ်င္းဆု

လီယြန္နယ္ မက္ဆီ ၅-၂ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ေရာ္နယ္လ္ဒိုအေနနဲ႔ လီယြန္နယ္ မက္ဆီထက္ ပိုမိုေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္ ပိုင္ဆိုင္ခဲ့တယ္လို႔ ေျပာလို႔မရေပမယ့္ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ အနည္းဆုံးေတာ့ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ့အထက္မွာ ရပ္တည္ဖို႔ ထိုက္တန္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မက္ဆီ သြင္းယူခဲ့သေလာက္ ကလပ္အသင္းသြင္းဂိုးေတြကို သြင္းယူခဲ့ၿပီး နိုင္ငံတကာအဆင့္မွာဆိုရင္ အာဂ်င္တီးနားၾကယ္ပြင့္ထက္ေတာင္ ပိုမိုသြင္းယူနိုင္ခဲ့ၿပီး ဟက္ထရစ္ကိုလည္း ၂ ႀကိမ္ေတာင္ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ပိုမိုနည္းပါးတဲ့ ပင္နယ္တီသြင္းဂိုးေတြကို အရမ္းမွီခိုခဲ့ျခင္းမရွိသလို ဆုဖလားေတြကို ပိုမိုရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ဂိုးပိုမိုသြင္းယူႏိုင္ခဲ့တဲ့ အမွန္တရားမွတ္တမ္းေတြကို လူတခ်ိဳ႕ရဲ႕ မႏွစ္ၿမိဳ႕ဖြယ္ေတြနဲ႔ ဖုံးကြယ္လို႔ မရႏိုင္တဲ့အတြက္ မက္ဆီက ၂၀၂၁ ခုႏွစ္ရဲ႕ ကမာၻ႔အေကာင္းဆုံးအမ်ိဳးသားကစားသမားဆိုတာ ေသခ်ာခဲ့ၿပီး ဘလြန္ေဒါဆုနဲ႔ ထိုက္တန္ခဲ့သလို ႀကိဳးစားမႈ စိတ္ဓာတ္ထိပ္တန္းမွာရွိတဲ့ ေရာ္နယ္လ္ဒိုကလည္း ၂၀၂၁ ခုႏွစ္မွာ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြအတြက္ ခ်ီးက်ဴးမႈခံရဖို႔ ထိုက္တန္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.