Premier League

တူဟယ်ရဲ့ နည်းစနစ်ကြောင့် မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းဖို့ လေသံဟလာတဲ့ လူကာကူး

လူကာကူးက ချဲလ်ဆီးအသင်းက အခြေအနေတွေကို မပျော်ရွှင်တော့ဘဲ နည်းပြ တူဟယ်ရဲ့ နည်းစနစ်နဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သွားခဲ့ပါတယ်။

လူကာကူးဟာ လွန်ခဲ့တဲ့ ၅ လလောက်ကမှ ချဲလ်ဆီးအသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ အင်တာမီလန်ကနေ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီး ချက်ချင်းပဲ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ လူကာကူးရဲ့ အင်တာဗျူး ဗီဒီယိုဟာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဲဒီအင်တာဗျူးအစီအစဉ်မှာ အသင်းနဲ့ပတ်သက်ပြီး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြားထားခဲ့တာဖြစ်ပါတယ်။

“ရုပ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော် ချဲလ်ဆီးက အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ မပျော်ရွှင်နေပါဘူး။ တူဟယ်က တခြားကစားကွက်နဲ့ ကစားဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်တော် အရှုံးပေးမှာမဟုတ်ပါဘူး။ ကျွန်တော် ပရော်ဖက်ရှင်နယ်ပီသမှာပါ။ ကျွန်တော် အခြေအနေတွေနဲ့ပတ်သက်ပြီး မပျော်ရွှင်ပေမယ့် ပရော်ဖက်ရှင်နယ်ပီသရမှာဖြစ်ပြီး အခု ကျွန်တော် အရှုံးပေးလို့ မရနိုင်ပါဘူး”

လူကာကူးဟာ အနောက်လန်ဒန်ကလပ်အသင်းမှာ မပျော်မရွှင်ဖြစ်နေမှုကို ထုတ်ဖော်ပြောကြားခဲ့သလို ကစားသမားဘဝရဲ့ အချိန်တစ်ခုမှာ အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိတဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

“အခု ကျွန်တော့်ရဲ့ ခံစားချက်တွေကို မျှဝေပေးဖို့ အချိန်ကောင်းပဲ။ ကျွန်တော့်နှလုံးသားထဲမှာ အင်တာအမြဲတမ်းရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အင်တာကို ပြန်သွားမယ်ဆိုတာ သိနေပါတယ်။ ကျွန်တော် အဲဒီလို တကယ်ပဲ လုပ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အီတလီကို နှစ်သက်တယ်။ အခုက ပြောစရာရှိတာပြောပြီး ဘာတွေတကယ်ဖြစ်ပျက်ခဲ့လဲဆိုတာ လူတွေကို ပေးသိရမယ့် အချိန်ကောင်းပဲ”

“ကျွန်တော့်နှလုံးသားနက်နက်ထဲကနေ အင်တာကို ကစားသမားဘဝ အဆုံးသတ်မဟုတ်ဘဲ ထိပ်တန်းအဆင့်မှာ ရှိနေတုန်း ဆုဖလားတွေကို အတူတူ ပိုမိုရယူနိုင်ဖို့အတွက် ပြန်ဖို့ တကယ်ကို မျှော်လင့်မိပါတယ်။ ကျွန်တော် အင်တာပရိသတ်တွေကို တောင်းပန်စကားပြောချင်ပါတယ်။ ကျွန်တော့် စကားတွေက အချိန်မှားခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေက တသက်လုံး ကျန်ရစ်နေမှာပါ”လို့ Sky Italy ကို ပြောကြားခဲ့ပါတယ်။

လူကာကူးဟာ ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး အီတလီထိပ်သီးအသင်းကြီးအတွက် ၉၅ ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ယခုရာသီ ချဲလ်ဆီးအတွက် ၁၇ ပွဲမှာ ၆ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လူကာကူးရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က အနာဂတ်ဟာ မရေရာ မသေချာတော့ဘဲ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ မှတ်ချက်စကားတွေက နည်းပြ တူဟယ်အတွက် နှစ်မြို့စရာဖြစ်ခဲ့မှာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လူကာကူးက ခ်ဲလ္ဆီးအသင္းက အေျခအေနေတြကို မေပ်ာ္ရႊင္ေတာ့ဘဲ နည္းၿပ တူဟယ္ရဲ့ နည္းစနစ္နဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးမွာ ပြင့္ပြင့္လင္းလင္း ေဝဖန္သြားခဲ့ပါတယ္။

လူကာကူးဟာ လြန္ခဲ့တဲ့ ၅ လေလာက္ကမွ ခ်ဲလ္ဆီးအသင္းကို အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ အင္တာမီလန္ကေန ျပန္လည္ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူၿပီး ခ်က္ခ်င္းပဲ ေျခစြမ္းျပသနိုင္ခဲ့တာျဖစ္ပါတယ္။

ဘရိုက္တန္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉး ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ လူကာကူးရဲ့ အင္တာဗ်ဴး ဗီဒီယိုဟာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အဲဒီအင္တာဗ်ဴးအစီအစဥ္မွာ အသင္းနဲ႔ပတ္သက္ၿပီး ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းပဲ ေျပာၾကားထားခဲ့တာျဖစ္ပါတယ္။

“႐ုပ္ပိုင္းဆိုင္ရာအရေတာ့ ကၽြန္ေတာ္ အဆင္ေျပပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ခ်ဲလ္ဆီးက အေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့ မေပ်ာ္ရႊင္ေနပါဘူး။ တူဟယ္က တျခားကစားကြက္နဲ႔ ကစားဖို႔ ေရြးခ်ယ္ခဲ့တယ္။ ကၽြန္ေတာ္ အရႈံးေပးမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ ပေရာ္ဖက္ရွင္နယ္ပီသမွာပါ။ ကၽြန္ေတာ္ အေျခအေနေတြနဲ႔ပတ္သက္ၿပီး မေပ်ာ္ရႊင္ေပမယ့္ ပေရာ္ဖက္ရွင္နယ္ပီသရမွာျဖစ္ၿပီး အခု ကၽြန္ေတာ္ အရႈံးေပးလို႔ မရနိုင္ပါဘူး”

လူကာကူးဟာ အေနာက္လန္ဒန္ကလပ္အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနမႈကို ထုတ္ေဖာ္ေျပာၾကားခဲ့သလို ကစားသမားဘဝရဲ့ အခ်ိန္တစ္ခုမွာ အင္တာမီလန္ကို ျပန္လည္ေျပာင္းေရႊ႕ခ်င္တဲ့ ဆႏၵရွိတဲ့အေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

“အခု ကၽြန္ေတာ့္ရဲ့ ခံစားခ်က္ေတြကို မၽွေဝေပးဖို႔ အခ်ိန္ေကာင္းပဲ။ ကၽြန္ေတာ့္ႏွလုံးသားထဲမွာ အင္တာအျမဲတမ္းရွိေနမယ္လို႔ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္ အင္တာကို ျပန္သြားမယ္ဆိုတာ သိေနပါတယ္။ ကၽြန္ေတာ္ အဲဒီလို တကယ္ပဲ လုပ္ဖို႔ ေမၽွာ္လင့္ပါတယ္။ ကၽြန္ေတာ္ အီတလီကို ႏွစ္သက္တယ္။ အခုက ေျပာစရာရွိတာေျပာၿပီး ဘာေတြတကယ္ျဖစ္ပ်က္ခဲ့လဲဆိုတာ လူေတြကို ေပးသိရမယ့္ အခ်ိန္ေကာင္းပဲ”

“ကၽြန္ေတာ့္ႏွလုံးသားနက္နက္ထဲကေန အင္တာကို ကစားသမားဘဝ အဆုံးသတ္မဟုတ္ဘဲ ထိပ္တန္းအဆင့္မွာ ရွိေနတုန္း ဆုဖလားေတြကို အတူတူ ပိုမိုရယူနိုင္ဖို႔အတြက္ ျပန္ဖို႔ တကယ္ကို ေမၽွာ္လင့္မိပါတယ္။ ကၽြန္ေတာ္ အင္တာပရိသတ္ေတြကို ေတာင္းပန္စကားေျပာခ်င္ပါတယ္။ ကၽြန္ေတာ့္ စကားေတြက အခ်ိန္မွားခဲ့ပါတယ္။ ခင္ဗ်ားတို႔ ကၽြန္ေတာ့္အတြက္ လုပ္ေပးခဲ့တာေတြက တသက္လုံး က်န္ရစ္ေနမွာပါ”လို႔ Sky Italy ကို ေျပာၾကားခဲ့ပါတယ္။

လူကာကူးဟာ ၂၀၁၉ ခုႏွစ္မွာ အင္တာမီလန္ကို ေျပာင္းေရႊ႕ခဲ့ၿပီး အီတလီထိပ္သီးအသင္းႀကီးအတြက္ ၉၅ ပြဲမွာ ၆၄ ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးကို ျပန္လည္ေျပာင္းေရႊ႕ၿပီးကတည္းက ဒဏ္ရာျပႆနာေတြနဲ႔ ႀကံ့ခိုင္မႈျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ယခုရာသီ ခ်ဲလ္ဆီးအတြက္ ၁၇ ပြဲမွာ ၆ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူကာကူးရဲ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္က အနာဂတ္ဟာ မေရရာ မေသခ်ာေတာ့ဘဲ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ့ မွတ္ခ်က္စကားေတြက နည္းၿပ တူဟယ္အတြက္ ႏွစ္ၿမိဳ႕စရာျဖစ္ခဲ့မွာမဟုတ္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.