Analysis Premier League

မှော်ဝင် မက်တော်မီနေးနဲ့ မန်ချက်စတာယူနိုက်တက် 3-1 ဘန်လေ ပွဲအပြီး ပြောစရာ 7 ချက်

မှော်ဝင် မက်တော်မီနေး
မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ လူတွေ ဝေဖန်စရာဖြစ်နေပေမယ့် စကော့ မက်တော်မီနေးကတော့ ဘယ်တုန်းကမှ သူ့ရဲ့ ခြေစွမ်း၊ ကြိုးစားအားထုတ်မှုနဲ့ ပေးဆပ်လိုစိတ်တွေက မနိမ့်ပါးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘယ်သူတွေ ဘာပြောပြော၊ သူဟာ ပွဲတစ်ပွဲမှာ အကောင်းဆုံး အာရုံစူးစိုက်ပြီး ကစားလေ့ရှိကြောင်းကို သွင်းဂိုးနှစ်ဂိုး ပါဝင်ပတ်သက်မှုနဲ့ ပြသနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ရော်နယ်လ်ဒိုရဲ့ ခြေထဲက ကန်ထွက်လာတဲ့ ဘောလုံးကနေ လျှပ်တစ်ပြက် ကန်သွင်းယူရယူပေးခဲ့သလို တတိယဂိုးမှာလည်း သူ့ရဲ့ ကန်ချက် တိုင်ထိခဲ့တာကနေ ရော်နယ်လ်ဒိုက ကျေပြီဆိုပြီး ပြန်လည် ရယူသွားနိုင်ခဲ့တာပါ။ သရဲနီတို့ရဲ့ ကွင်းလယ်မှာတော့ နေရာယူပုံ အားနည်းတဲ့ ဖရက်ဒ်အစား မာတစ်ချ်နဲ့ တွဲခဲ့ရချိန်မှာ စကော့တလန်သားရဲ့ ခြေစွမ်းက ပိုပြီး မြင့်မားခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာ လော့ဂျစ်တစ်ခုပေးတဲ့ ရန်းနစ်ခ်
မန်ချက်စတာယူနိုက်တက်နည်းပြ ရန်းနစ်ခ်ကတော့ ပြီးခဲ့တဲ့ ပွဲတွေကလို တိုက်စစ်ပိုင်းကစားမယ့် ကစားသမား ၄ ဦးကို အဆင်ပြေသလို နေရာချခဲ့တာ မဟုတ်တော့ဘဲ သေသေချာချာ အတွေးအခေါ် လော့ဂျစ်ကို ထုတ်သုံးပြီး နေရာချခဲ့တာဖြစ်ပါတယ်။ Versatile အဖြစ်လွန်ပြီး အမောင် တောင်မှန်းမြောက်မှန်းမသိတဲ့ ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေကို ချန်လှပ်ထားခဲ့ပြီး ပြေးလွှားရုန်းကန်ဖို့နဲ့ နေရာလွတ်တွေ၊ အခွင့်အရေးတွေ ဖန်တီးဖို့ အလုပ်ကို ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့လက်ထဲ ထိုးထည့်ခဲ့ချိန်မှာ လုပ်အားနှုန်းကို လျှော့ချပြီး ဂိုးသွင်းဖို့ဘက်မှာပဲ အာရုံစိုက်ရမယ့် အလုပ်ကို ရော်နယ်လ်ဒိုနဲ့ ကာဗာနီတို့ ဝါရင့်နှစ်ဦးဆီ အပ်ခဲ့ပြီး ဒါက ဒီနေ့ပွဲမှာတော့ ကောင်းကောင်းကြီး အလုပ်ဖြစ်ခဲ့တာပါ။

ကြောင်ပျောက်ရင် အခေါက်ခံရမယ်
ဆိုးလ်ရှားရဲ့ နေ့ရက်တွေအလွန်မှာ ယူနိုက်တက်တို့ရဲ့ ဦးစားပေး တောင်ပံခံစစ်နှစ်ယောက်က ဒါလော့နဲ့ အဲလက်စ် တဲလက်စ်တို့ ဖြစ်ခဲ့ပါတယ်။ တစ်ပွဲနှစ်ပွဲလောက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကျန်သူတွေနဲ့ Chemistry အားနည်းပြီး နယူးကာဆယ်လ်နဲ့ပွဲမှာတော့ အသင်းရဲ့ ဟာကွက်ကြီးတွေဖြစ်ခဲ့ချိန်မှာ ရန်းနစ်ခ်အနေနဲ့ သူတို့အတွက် အာမခံချက်မရှိဘူးဆိုတာကို ဒီနေ့ အိမ်ကွင်းပွဲမှာ ပြသလိုက်တာပါ။ ဘန်လေဘက်ကို တိုက်စစ်ခံစစ် ညီညီမျှမျှကစားဖို့ လုခ်ရှောက တတ်နိုင်ခဲ့သလို ဝန်ဘစ်ဆာကာကလည်း တာဝန်ကျေခဲ့ပြီး သူတို့ရဲ့ သုံးပွဲလောက် လိုင်းနပ်ပျောက်ခဲ့မှုကလည်း ဒီနေ့ပွဲအတွက် တစ်ထောင့် တစ်နေရာက ပေါက်ကွဲအားတွေဖြစ်ခဲ့ပါတယ်။

တောင်ပံတွေ အားပြုခဲ့တဲ့ ကစားကွက်
၄-၂-၂-၂ ဆိုတာကတော့ တစ်ခေတ်တစ်ခါက ဘရာဇီးလ်ရဲ့ တောင်ပံမပါတဲ့ အံ့ဩစရာ Wingless Wonders လို့ နာမည်ကြီးခဲ့တာဖြစ်ပြီး အလယ်ကြောမှာ ပိုမိုလှုပ်ရှားသလို ခံစစ်တောင်ပံတွေက တိုက်စစ်အစွန်နေရာတွေကို ပံ့ပိုးကစားခဲ့တာပါ။ ရှေ့က ပွဲတွေမှာလည်း ဒီလိုပုံစံနဲ့ပဲ ရန်းနစ်ခ်က ဒါလော့နဲ့ အဲလက်စ် တဲလက်စ်တို့ကို သုံးစွဲခဲ့အပြီးမှာ ဒီနေ့ပွဲမှာတော့ ဘရူနို ဖာနန်ဒက်စ် ပွဲပယ်ခံရမှုနဲ့အတူ တောင်ပံသမားနှစ်ယောက်ဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ဆန်ချိုကို တိုက်စစ်မှူးတွေနောက်မှာ လိုက်ကစားခိုင်းခဲ့ပေမယ့် တောင်ပံတွေကို ပိုထွက်ခိုင်းခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့ ဝန်ဘစ်ဆာကာ၊ လုခ်ရှောတို့ရဲ့ ပေါင်းစပ်မှုက အလုပ်ဖြစ်ခဲ့ပြီး ကွင်းလယ်ကို အခြေမပြုတော့ချိန်မှာ ကစားကွက်က အရှင်ဖြစ်ခဲ့သလို ဆန်ချိုရဲ့ သွင်းဂိုး (မတော်မတရား Own Goal လို့ သတ်မှတ်ခံရ)ကလည်း တောင်ပံက ရရှိခဲ့ချိန်မှာ ဂရင်းဝုဒ်ကလည်း ညာခြမ်းမှာ အခွင့်အရေးတွေ ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယားကတော့ စိတ်ပျက်စေမြဲ
ယူနိုက်တက်တို့အတွက် အိမ်ကွင်းမှာ Clean Sheet မရတာက အထူးအဆန်းတော့ မဟုတ်တော့ပေမယ့် ပေးလိုက်ရတဲ့ ဂိုးအတွက်တော့ ကပ္ပတိန် ခေါင်းကြီး မက်ဂွိုင်းယားမှာ တာဝန်ရှိနေတာဖြစ်ပါတယ်။ ဘိုင်လီ ဘောလုံးပျက်လို့ လန်နွန် ဘောလုံးကို ဖြတ်ဆွဲသွားချိန်မှာ အန္တရာယ်ရဲ့ အငွေ့အသက်ကို မခံစားမိဘူးလားလို့ အသင်းခေါင်းဆောင်တစ်ဖြစ်လဲ နောက်ခံကစားသမားကို မေးခွန်းထုတ်ရမှာဖြစ်ပြီး ဒီလောက်မှ အသိမရှိရင်လဲ ကွင်းလယ်သာ ပြောင်းကစားခိုင်းဖို့ ကောင်းနေတာပါ။ သူ့အနေနဲ့ လန်နွန်ကို ခပ်ပေါ့ပေါ့ လွှတ်ပေးထားရမယ့်အစား လိုက်လံဖိအားပေးခဲ့ရမှာဖြစ်ပြီး ဒီဂိုးက သူနဲ့ မာတစ်ချ်တို့နှစ်ဦး ပေါ့လျော့ခဲ့တာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

အားနည်းချက်ကြီးနဲ့ ဒဟေးယား
ရီးရဲလ်မက်ဒရစ်ဂိုးသမား သီဘို ကူတွာကို ဂိုးသွင်းချင်ရင် ပေါင်ကြားကပဲ သွင်းဖို့နဲ့ တချို့တွေက ဂါဝန်ဆန်ဆန်ဝတ်စုံ ဖိုတိုရှော့လုပ်ပြီး ဘယ်လ်ဂျီယမ်သားရဲ့ ပေါင်ကြားကို ကာကွယ်ပြခဲ့ကြတာကို အားလုံး မှတ်မိကြမှာပါ။ ဒီလိုပဲ ဂိုးသမား ဒဟေးယားကို သွင်းချင်ရင် ညာခြမ်းကနေ အဝေးတိုင်ဘက်ကို အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းရင် ရတယ်လို့ ပြောစမှတ်ပြုစရာ ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ နောက်ပိုင်းပွဲတွေမှာ ပေးလိုက်ရတဲ့ ဂိုးတွေက ဒီလိုပုံစံတွေပဲ များနေခဲ့သလို ကျန်တဲ့ နေရာတွေမှာ နောက်တန်းက ရောင်းသမျှ စွမ်းစွမ်းတမံ ကာကွယ်ပြပြီး ချီးကျူးစရာတွေ လုပ်ပြခဲ့ပေမယ့် ဒီတစ်ပေါက်ကိုတော့ အထိခံလို့ မရဘဲ ဒီနေ့ပွဲမှာလည်း လန်နွန်က အားနည်းချက်နေရာကို တိတိကျကျကန်ခဲ့ရာမှာ ကန်ချက်က ပျော့ခဲ့ပေမယ့် ဂိုးဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ကံကို ကောင်းလွန်းနေတဲ့ ရော်နယ်လ်ဒို
ကွင်းထဲ မဝင်ခင် အသင်းရဲ့ နောက်ဆုံးက လိုက်ရမယ်၊ မြက်ခင်းစိမ်းကို နင်းရင် ညာခြေနဲ့ နင်းပြီးတာနဲ့ ကွင်းထဲကို ခုန်ဝင်လိုက်ရမယ်ဆိုတဲ့ ပွဲကြို ပြင်ဆင်မှုဟာ သူ့ကို ကံကောင်းစေပြီး ခြေစွမ်းမပြနိုင်တဲ့ နေ့မှာဆိုရင်တောင် ပင်နယ်တီတစ်လုံးတော့ အာမခံချက်ရစေတယ်လို့ ရော်နယ်လ်ဒိုက ပြောခဲ့ဖူးတာပါ။ ဒီနေ့ပွဲမှာလည်း သူ့အနေနဲ့ တစ်ယောက်ချင်းတွေ့တဲ့ အပိုင်အခွင့်အရေးကို ဘေးကန်ခဲ့သလို အကြိမ်ကြိမ် လွဲချော်နေခဲ့ပေမယ့် ခြေထဲမှာ အထိန်းအသိမ်း မမှန်လိုက်တဲ့ ဘောလုံးက မက်တော်မီနေးအတွက် ဖန်တီးမှုဖြစ်သွားခဲ့ချိန်မှာ တတိယဂိုးကိုလည်း ခံစစ်တန်းနဲ့အတူ လူမကျွံဘဲ အတူ ရှိနေနိုင်ခဲ့ပြီး တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဖြတ်တားရင်း သွင်းယူနိုင်ခဲ့တာဖြစ်လို့ CR7 ရဲ့ Luck ကတော့ ကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမွာ္ဝင္ မက္ေတာ္မီေနး
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္ဟာ လူေတြ ေဝဖန္စရာျဖစ္ေနေပမယ့္ စေကာ့ မက္ေတာ္မီေနးကေတာ့ ဘယ္တုန္းကမွ သူ႔ရဲ႕ ေျခစြမ္း၊ ႀကိဳးစားအားထုတ္မႈနဲ႔ ေပးဆပ္လိုစိတ္ေတြက မနိမ့္ပါးခဲ့တာလည္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဘယ္သူေတြ ဘာေျပာေျပာ၊ သူဟာ ပြဲတစ္ပြဲမွာ အေကာင္းဆုံး အာ႐ုံစူးစိုက္ၿပီး ကစားေလ့ရွိေၾကာင္းကို သြင္းဂိုးႏွစ္ဂိုး ပါဝင္ပတ္သက္မႈနဲ႔ ျပသႏိုင္ခဲ့ၿပီး အဖြင့္ဂိုးကို ေရာ္နယ္လ္ဒိုရဲ႕ ေျခထဲက ကန္ထြက္လာတဲ့ ေဘာလုံးကေန လွ်ပ္တစ္ျပက္ ကန္သြင္းယူရယူေပးခဲ့သလို တတိယဂိုးမွာလည္း သူ႔ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့တာကေန ေရာ္နယ္လ္ဒိုက ေက်ၿပီဆိုၿပီး ျပန္လည္ ရယူသြားႏိုင္ခဲ့တာပါ။ သရဲနီတို႔ရဲ႕ ကြင္းလယ္မွာေတာ့ ေနရာယူပုံ အားနည္းတဲ့ ဖရက္ဒ္အစား မာတစ္ခ်္နဲ႔ တြဲခဲ့ရခ်ိန္မွာ စေကာ့တလန္သားရဲ႕ ေျခစြမ္းက ပိုၿပီး ျမင့္မားခဲ့တာလည္းျဖစ္ပါတယ္။

တိုက္စစ္ပိုင္းမွာ ေလာ့ဂ်စ္တစ္ခုေပးတဲ့ ရန္းနစ္ခ္
မန္ခ်က္စတာယူႏိုက္တက္နည္းျပ ရန္းနစ္ခ္ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလို တိုက္စစ္ပိုင္းကစားမယ့္ ကစားသမား ၄ ဦးကို အဆင္ေျပသလို ေနရာခ်ခဲ့တာ မဟုတ္ေတာ့ဘဲ ေသေသခ်ာခ်ာ အေတြးအေခၚ ေလာ့ဂ်စ္ကို ထုတ္သုံးၿပီး ေနရာခ်ခဲ့တာျဖစ္ပါတယ္။ Versatile အျဖစ္လြန္ၿပီး အေမာင္ ေတာင္မွန္းေျမာက္မွန္းမသိတဲ့ ရက္ရွ္ဖို႔ဒ္တို႔လို ကစားသမားေတြကို ခ်န္လွပ္ထားခဲ့ၿပီး ေျပးလႊား႐ုန္းကန္ဖို႔နဲ႔ ေနရာလြတ္ေတြ၊ အခြင့္အေရးေတြ ဖန္တီးဖို႔ အလုပ္ကို ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္တို႔လက္ထဲ ထိုးထည့္ခဲ့ခ်ိန္မွာ လုပ္အားႏႈန္းကို ေလွ်ာ့ခ်ၿပီး ဂိုးသြင္းဖို႔ဘက္မွာပဲ အာ႐ုံစိုက္ရမယ့္ အလုပ္ကို ေရာ္နယ္လ္ဒိုနဲ႔ ကာဗာနီတို႔ ဝါရင့္ႏွစ္ဦးဆီ အပ္ခဲ့ၿပီး ဒါက ဒီေန႔ပြဲမွာေတာ့ ေကာင္းေကာင္းႀကီး အလုပ္ျဖစ္ခဲ့တာပါ။

ေၾကာင္ေပ်ာက္ရင္ အေခါက္ခံရမယ္
ဆိုးလ္ရွားရဲ႕ ေန႔ရက္ေတြအလြန္မွာ ယူႏိုက္တက္တို႔ရဲ႕ ဦးစားေပး ေတာင္ပံခံစစ္ႏွစ္ေယာက္က ဒါေလာ့နဲ႔ အဲလက္စ္ တဲလက္စ္တို႔ ျဖစ္ခဲ့ပါတယ္။ တစ္ပြဲႏွစ္ပြဲေလာက္ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ က်န္သူေတြနဲ႔ Chemistry အားနည္းၿပီး နယူးကာဆယ္လ္နဲ႔ပြဲမွာေတာ့ အသင္းရဲ႕ ဟာကြက္ႀကီးေတြျဖစ္ခဲ့ခ်ိန္မွာ ရန္းနစ္ခ္အေနနဲ႔ သူတို႔အတြက္ အာမခံခ်က္မရွိဘူးဆိုတာကို ဒီေန႔ အိမ္ကြင္းပြဲမွာ ျပသလိုက္တာပါ။ ဘန္ေလဘက္ကို တိုက္စစ္ခံစစ္ ညီညီမွ်မွ်ကစားဖို႔ လုခ္ေရွာက တတ္ႏိုင္ခဲ့သလို ဝန္ဘစ္ဆာကာကလည္း တာဝန္ေက်ခဲ့ၿပီး သူတို႔ရဲ႕ သုံးပြဲေလာက္ လိုင္းနပ္ေပ်ာက္ခဲ့မႈကလည္း ဒီေန႔ပြဲအတြက္ တစ္ေထာင့္ တစ္ေနရာက ေပါက္ကြဲအားေတြျဖစ္ခဲ့ပါတယ္။

ေတာင္ပံေတြ အားျပဳခဲ့တဲ့ ကစားကြက္
၄-၂-၂-၂ ဆိုတာကေတာ့ တစ္ေခတ္တစ္ခါက ဘရာဇီးလ္ရဲ႕ ေတာင္ပံမပါတဲ့ အံ့ဩစရာ Wingless Wonders လို႔ နာမည္ႀကီးခဲ့တာျဖစ္ၿပီး အလယ္ေၾကာမွာ ပိုမိုလႈပ္ရွားသလို ခံစစ္ေတာင္ပံေတြက တိုက္စစ္အစြန္ေနရာေတြကို ပံ့ပိုးကစားခဲ့တာပါ။ ေရွ႕က ပြဲေတြမွာလည္း ဒီလိုပုံစံနဲ႔ပဲ ရန္းနစ္ခ္က ဒါေလာ့နဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို သုံးစြဲခဲ့အၿပီးမွာ ဒီေန႔ပြဲမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ပြဲပယ္ခံရမႈနဲ႔အတူ ေတာင္ပံသမားႏွစ္ေယာက္ျဖစ္တဲ့ ဂရင္းဝုဒ္နဲ႔ ဆန္ခ်ိဳကို တိုက္စစ္မႉးေတြေနာက္မွာ လိုက္ကစားခိုင္းခဲ့ေပမယ့္ ေတာင္ပံေတြကို ပိုထြက္ခိုင္းခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးနဲ႔ ဝန္ဘစ္ဆာကာ၊ လုခ္ေရွာတို႔ရဲ႕ ေပါင္းစပ္မႈက အလုပ္ျဖစ္ခဲ့ၿပီး ကြင္းလယ္ကို အေျခမျပဳေတာ့ခ်ိန္မွာ ကစားကြက္က အရွင္ျဖစ္ခဲ့သလို ဆန္ခ်ိဳရဲ႕ သြင္းဂိုး (မေတာ္မတရား Own Goal လို႔ သတ္မွတ္ခံရ)ကလည္း ေတာင္ပံက ရရွိခဲ့ခ်ိန္မွာ ဂရင္းဝုဒ္ကလည္း ညာျခမ္းမွာ အခြင့္အေရးေတြ ရရွိခဲ့တာျဖစ္ပါတယ္။

မက္ဂြိဳင္းယားကေတာ့ စိတ္ပ်က္ေစၿမဲ
ယူႏိုက္တက္တို႔အတြက္ အိမ္ကြင္းမွာ Clean Sheet မရတာက အထူးအဆန္းေတာ့ မဟုတ္ေတာ့ေပမယ့္ ေပးလိုက္ရတဲ့ ဂိုးအတြက္ေတာ့ ကပၸတိန္ ေခါင္းႀကီး မက္ဂြိဳင္းယားမွာ တာဝန္ရွိေနတာျဖစ္ပါတယ္။ ဘိုင္လီ ေဘာလုံးပ်က္လို႔ လန္ႏြန္ ေဘာလုံးကို ျဖတ္ဆြဲသြားခ်ိန္မွာ အႏၲရာယ္ရဲ႕ အေငြ႕အသက္ကို မခံစားမိဘူးလားလို႔ အသင္းေခါင္းေဆာင္တစ္ျဖစ္လဲ ေနာက္ခံကစားသမားကို ေမးခြန္းထုတ္ရမွာျဖစ္ၿပီး ဒီေလာက္မွ အသိမရွိရင္လဲ ကြင္းလယ္သာ ေျပာင္းကစားခိုင္းဖို႔ ေကာင္းေနတာပါ။ သူ႔အေနနဲ႔ လန္ႏြန္ကို ခပ္ေပါ့ေပါ့ လႊတ္ေပးထားရမယ့္အစား လိုက္လံဖိအားေပးခဲ့ရမွာျဖစ္ၿပီး ဒီဂိုးက သူနဲ႔ မာတစ္ခ်္တို႔ႏွစ္ဦး ေပါ့ေလ်ာ့ခဲ့တာလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

အားနည္းခ်က္ႀကီးနဲ႔ ဒေဟးယား
ရီးရဲလ္မက္ဒရစ္ဂိုးသမား သီဘို ကူတြာကို ဂိုးသြင္းခ်င္ရင္ ေပါင္ၾကားကပဲ သြင္းဖို႔နဲ႔ တခ်ိဳ႕ေတြက ဂါဝန္ဆန္ဆန္ဝတ္စုံ ဖိုတိုေရွာ့လုပ္ၿပီး ဘယ္လ္ဂ်ီယမ္သားရဲ႕ ေပါင္ၾကားကို ကာကြယ္ျပခဲ့ၾကတာကို အားလုံး မွတ္မိၾကမွာပါ။ ဒီလိုပဲ ဂိုးသမား ဒေဟးယားကို သြင္းခ်င္ရင္ ညာျခမ္းကေန အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းရင္ ရတယ္လို႔ ေျပာစမွတ္ျပဳစရာ ျဖစ္လာခဲ့ပါၿပီ။ သူ႔ရဲ႕ ေနာက္ပိုင္းပြဲေတြမွာ ေပးလိုက္ရတဲ့ ဂိုးေတြက ဒီလိုပုံစံေတြပဲ မ်ားေနခဲ့သလို က်န္တဲ့ ေနရာေတြမွာ ေနာက္တန္းက ေရာင္းသမွ် စြမ္းစြမ္းတမံ ကာကြယ္ျပၿပီး ခ်ီးက်ဴးစရာေတြ လုပ္ျပခဲ့ေပမယ့္ ဒီတစ္ေပါက္ကိုေတာ့ အထိခံလို႔ မရဘဲ ဒီေန႔ပြဲမွာလည္း လန္ႏြန္က အားနည္းခ်က္ေနရာကို တိတိက်က်ကန္ခဲ့ရာမွာ ကန္ခ်က္က ေပ်ာ့ခဲ့ေပမယ့္ ဂိုးျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ကံကို ေကာင္းလြန္းေနတဲ့ ေရာ္နယ္လ္ဒို
ကြင္းထဲ မဝင္ခင္ အသင္းရဲ႕ ေနာက္ဆုံးက လိုက္ရမယ္၊ ျမက္ခင္းစိမ္းကို နင္းရင္ ညာေျခနဲ႔ နင္းၿပီးတာနဲ႔ ကြင္းထဲကို ခုန္ဝင္လိုက္ရမယ္ဆိုတဲ့ ပြဲႀကိဳ ျပင္ဆင္မႈဟာ သူ႔ကို ကံေကာင္းေစၿပီး ေျခစြမ္းမျပႏိုင္တဲ့ ေန႔မွာဆိုရင္ေတာင္ ပင္နယ္တီတစ္လုံးေတာ့ အာမခံခ်က္ရေစတယ္လို႔ ေရာ္နယ္လ္ဒိုက ေျပာခဲ့ဖူးတာပါ။ ဒီေန႔ပြဲမွာလည္း သူ႔အေနနဲ႔ တစ္ေယာက္ခ်င္းေတြ႕တဲ့ အပိုင္အခြင့္အေရးကို ေဘးကန္ခဲ့သလို အႀကိမ္ႀကိမ္ လြဲေခ်ာ္ေနခဲ့ေပမယ့္ ေျခထဲမွာ အထိန္းအသိမ္း မမွန္လိုက္တဲ့ ေဘာလုံးက မက္ေတာ္မီေနးအတြက္ ဖန္တီးမႈျဖစ္သြားခဲ့ခ်ိန္မွာ တတိယဂိုးကိုလည္း ခံစစ္တန္းနဲ႔အတူ လူမကြၽံဘဲ အတူ ရွိေနႏိုင္ခဲ့ၿပီး တိုင္ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ျဖတ္တားရင္း သြင္းယူႏိုင္ခဲ့တာျဖစ္လို႔ CR7 ရဲ႕ Luck ကေတာ့ ေကာင္းလြန္းခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.