La Liga Ligue1

လီယွန်နယ် မက်ဆီရဲ့ ၂၀၂၁ ခုနှစ်အတွင်းက အကောင်းဆုံးအခိုက်အတန့် ၅ ခု

လီယွန်နယ် မက်ဆီဟာ ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ထူးခြားတဲ့ အောင်မြင်မှုတစ်စုံတရာကို ရရှိခဲ့ခြင်းမရှိဘဲ နှစ်တစ်နှစ်ကို ကုန်ဆုံးခဲ့တာမျိုးဖြစ်ဖို့ ခဲယဉ်းတဲ့ ကစားသမားဖြစ်ပါတယ်။

မက်ဆီဟာ လိုရွန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ လိဂန်ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးပြီး နှစ်တစ်နှစ်ကို ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ဟာ လာမယ့် ဇန်နဝါရီ ပထမအပတ်မှာ ဗန်းန်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်ဖလား ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

လီယွန်နယ် မက်ဆီဟာ ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးအဖြစ်နဲ့ နောက်ထပ်နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာ သေချာပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်အတွက် ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံး အခိုက်အတန့် ၅ ခု ရှိနေခဲ့ပါတယ်။

၅။ ပီချီချီဆုကို ၈ ကြိမ်အထိ ရရှိခဲ့ခြင်း

လီယွန်နယ် မက်ဆီဟာ ကတ်တလန်အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပြက္ခဒိန်နှစ်တစ်နှစ်ကို အဆုံးသတ်ခဲ့ပြီးနောက် ဘာစီလိုနာကို စွန့်ခွာခဲ့ပါတယ်။ ဘာစီလိုနာဟာ ၂၀၂၀-၂၀၂၁ ရာသီ လာလီဂါမှာ ဂိုးအများဆုံးသွင်းယူခဲ့တဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်ထက် ၁၈ ဂိုး ပိုမိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သွင်းဂိုးအများအပြားကို အဓိကရယူပေးခဲ့တာဖြစ်ပြီး သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ မက်ဆီဟာ ၎င်းရဲ့ များပြားလှတဲ့ သွင်းဂိုး ၃၀ အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ပီချီချီဆုကို ၅ ကြိမ်ဆက်တိုက်ကိုင်မြှောက်နိုင်ခဲ့ပြီး ကစားသမားဘဝတလျှောက် ၈ ကြိမ်အထိ စံချိန်တင် ရရှိခဲ့တာဖြစ်ပါတယ်။

၄။ ပီလီရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း

လီယွန်နယ် မက်ဆီရဲ့ ဂိုးသွင်းမှတ်တမ်းတွေက ၎င်းကို လာလီဂါသမိုင်းမှာ တသက်တာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်စေခဲ့ပြီး အာဂျင်တီးနားအသင်းအတွက်လည်း တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်စေခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ယခုနှစ်မှာ ဂန္တဝင်တိုက်စစ်မှူး ပီလီရဲ့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဂိုးသွင်းစံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် ၉၂ ပွဲမှာ ၇၇ ဂိုးသွင်းယူပေးခဲ့တဲ့ ပီလီရဲ့ စံချိန်ကို စက်တင်ဘာလက ဘိုလစ်ဗီးယားနဲ့ကစားခဲ့တဲ့ အာဂျင်တီးနားရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂ ဂိုးသွင်းယူပြီး ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လီယွန်နယ် မက်ဆီဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ တောင်အမေရိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး သွင်းဂိုး စုစုပေါင်း ၈၀ သွင်းယူပေးထားခဲ့ရာ ၎င်းထက် ပိုမိုဂိုးသွင်းထားနိုင်ပြီး အနားမယူသေးတဲ့ ကစားသမားဆိုလို့ ရော်နယ်လ်ဒို တစ်ဦးတည်းသာ ရှိတော့တာဖြစ်ပါတယ်။ ယခုလမှာ လီယွန်နယ် မက်ဆီက ကလပ် ဘရုဂျ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပီလီရဲ့ ကလပ်နဲ့ နိုင်ငံအသင်းအတွက် တရားဝင်သွင်းဂိုး ၇၅၇ ဂိုးသွင်းယူထားတဲ့ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ထက် ဂိုးပိုမိုသွင်းယူထားတာဆိုလို့ ၈၀၁ ဂိုးနဲ့ ရော်နယ်လ်ဒိုတစ်ဦးတည်းသာ ရှိတော့တာဖြစ်ပါတယ်။

၃။ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိခဲ့ခြင်း

လီယွန်နယ် မက်ဆီအတွက် ၂၀၂၁ ခုနှစ်ကို ကစားသမားဘဝတလျှောက် ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးပြီး ကုန်ဆုံးရတာထက် ပိုကောင်းတဲ့နည်းလမ်းရှိတော့မှာမဟုတ်ပါဘူး။ မက်ဆီဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီဗန်ဒေါ့ဗ်စကီးနဲ့ ခက်ခဲတဲ့ ယှဉ်ပြိုင်မှုတွေ ပြုလုပ်ခဲ့ပြီးမှ မဲပေးရာမှာ ၃၃ မှတ်အသာနဲ့ ဘလွန်ဒေါဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အများစုဟာ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ လီဗန်ဒေါ့ဗ်စကီးထက် သွင်းဂိုး ၁၁ ဂိုးလျော့နည်းသလို အဓိကဆုဖလားမဟုတ်တဲ့ ဆုဖလား ၂ လုံးနဲ့ ဆုရရှိသွားခဲ့တာကြောင့် မပျော်မရွှင်ဖြစ်ခဲ့ကြပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပထမဆုံးအဓိက နိုင်ငံတကာဆုဖလားဖြစ်တဲ့ ကိုပါအမေရိက ရရှိခဲ့တာက ဆုရရှိဖို့ မဲအများစုကို ရရှိစေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မက်ဆီဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်လ်ဒိုထက် ဘလွန်ဒေါဆု ၂ ကြိမ် ပိုမိုရရှိထားပြီး သက်တောင့်သက်သာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂။ အာဂျင်တီးနားရဲ့ကိုပါအမေရိကအောင်ပွဲမှာ မျက်စိမလွှဲနိုင်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ခြင််း

လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝသက်တမ်းတလျှောက် အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကိုပါအမေရိကဖလား အောင်မြင်မှု ရရှိအောင် ကြိုးပမ်းခဲ့မှု ၃ ကြိမ် မအောင်မြင်ခဲ့ပြီးနောက် လေးကြိမ်မြောက်မှာတော့ အောင်မြင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်၊ ထိပ်တန်းဂိုးဖန်တီးရှင်အဖြစ်နဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ရပ်တည်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းအတွက် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ အဓိကဆုဖလား ဖြစ်ခဲ့သလို ဘောလုံးသမိုင်းမှာ နိုင်ငံတကာဆုဖလားအများဆုံး ရရှိထားတဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းလည်း ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲကို ၅ ကြိမ်မြောက် တက်ရောက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်ကတော့ ၂၀၀၇ ခုနှစ်တုန်းက တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာဆုဖလားဟာ မက်ဆီရဲ့ အလွန်တောက်ပတဲ့ကစားသမားဘဝမှာ အလိုချင်ဆုံးအရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး လက်ရှိမှာတော့ မက်ဆီမရဖူးသေးတဲ့ ဖလားဆိုလို့ ကမ္ဘာ့ဖလားတစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။

၁။ အိမ်ဖြစ်တဲ့ ဘာစီလိုနာကို စွန့်ခွာခဲ့ရခြင်း

အသင်းနဲ့ ပထမဆုံး လေ့ကျင့်ရေးပြုလုပ်ခဲ့ပြီးနောက် နှစ် ၂၀ အကြာမှာ ဘာစီလိုနာကို စွန့်ခွာခဲ့ရတာက မက်ဆီရဲ့ ကစားသမားဘဝမှာ အကြီးမားဆုံး အခိုက်အတန့်တွေထဲက တစ်ခု ဖြစ်ခဲ့မှာ ကျိန်းသေပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ၂၀၀၄ ခုနှစ် အောက်တိုဘာလကတည်းက ဘယ်သူမှ ယှဉ်ပြိုင်လို့ မရနိုင်တဲ့ အနေအထားကို ရောက်ရှိအောင် ကူညီခဲ့သူဖြစ်ပါတယ်။ အဓိကဆုဖလား ၃ လုံး တပြိုင်နက် ရရှိခဲ့တဲ့ ၂၀၀၈-၂၀၀၉ ရာသီနဲ့ ၂၀၁၄-၂၀၁၅ ရာသီတို့မှာ အသင်းရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မက်ဆီဟာ ကတ်တလန်အသင်းအတွက် သွင်းဂိုး ၆၇၂ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဂန္တဝင်ကစားသမားအဖြစ်နဲ့ ကျောခိုင်းခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၀၅ ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ ဖလား ၁ လုံး စတင်ကိုင်မြှောက််နိုင်ခဲ့ရာကနေ ပြီးခဲ့တဲ့နွေရာသီမှာ နူးကမ့်ကနေ ထွက်ခွာခဲ့တဲ့အချိန်အထိ စုစုပေါင်း ဆုဖလားပေါင်း ၃၅ လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့အတူ တောက်ပခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ရဲ့ အချိန်ကာလတွေဟာ အားကစားသမိုင်းမှာ အသင်းတစ်သင်းတည်းနဲ့ အကြီးမားဆုံးအောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်သွားတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ကမၻာေပၚက အေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ထူးျခားတဲ့ ေအာင္ျမင္မႈတစ္စုံတရာကို ရရွိခဲ့ျခင္းမရွိဘဲ ႏွစ္တစ္ႏွစ္ကို ကုန္ဆုံးခဲ့တာမ်ိဳးျဖစ္ဖို႔ ခဲယဥ္းတဲ့ ကစားသမားျဖစ္ပါတယ္။

မက္ဆီဟာ လိုရြန္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ လိဂန္ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးၿပီး ႏွစ္တစ္ႏွစ္ကို ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ၾကယ္ပြင့္ဟာ လာမယ့္ ဇန္နဝါရီ ပထမအပတ္မွာ ဗန္းန္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ျပင္သစ္ဖလား ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးသြားမယ္လို႔ ေမၽွာ္လင့္ရပါတယ္။

လီယြန္နယ္ မက္ဆီဟာ ကမၻာေပၚက အေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးအျဖစ္နဲ႔ ေနာက္ထပ္ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့တယ္ဆိုတာ ေသခ်ာၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္အတြက္ ၂၀၂၁ ခုႏွစ္ရဲ့ အေကာင္းဆုံး အခိုက္အတန႔္ ၅ ခု ရွိေနခဲ့ပါတယ္။

၅။ ပီခ်ီခ်ီဆုကို ၈ ႀကိမ္အထိ ရရွိခဲ့ျခင္း

လီယြန္နယ္ မက္ဆီဟာ ကတ္တလန္အသင္းအတြက္ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ျပကၡဒိန္ႏွစ္တစ္ႏွစ္ကို အဆုံးသတ္ခဲ့ၿပီးေနာက္ ဘာစီလိုနာကို စြန႔္ခြာခဲ့ပါတယ္။ ဘာစီလိုနာဟာ ၂၀၂၀-၂၀၂၁ ရာသီ လာလီဂါမွာ ဂိုးအမ်ားဆုံးသြင္းယူခဲ့တဲ့အသင္းအျဖစ္ ရပ္တည္နိုင္ခဲ့ၿပီး လာလီဂါခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္ထက္ ၁၈ ဂိုး ပိုမိုသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းရဲ့ သြင္းဂိုးအမ်ားအျပားကို အဓိကရယူေပးခဲ့တာျဖစ္ၿပီး သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ လာလီဂါမွာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္နိုင္ခဲ့တဲ့ မက္ဆီဟာ ၎ရဲ့ မ်ားျပားလွတဲ့ သြင္းဂိုး ၃၀ အတြက္ ဂုဏ္သိကၡာႀကီးမားတဲ့ ပီခ်ီခ်ီဆုကို ၅ ႀကိမ္ဆက္တိုက္ကိုင္ေျမႇာက္နိုင္ခဲ့ၿပီး ကစားသမားဘဝတေလၽွာက္ ၈ ႀကိမ္အထိ စံခ်ိန္တင္ ရရွိခဲ့တာျဖစ္ပါတယ္။

၄။ ပီလီရဲ့ စံခ်ိန္ေဟာင္းကို ေက်ာ္ျဖတ္နိုင္ခဲ့ျခင္း

လီယြန္နယ္ မက္ဆီရဲ့ ဂိုးသြင္းမွတ္တမ္းေတြက ၎ကို လာလီဂါသမိုင္းမွာ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေစခဲ့ၿပီး အာဂ်င္တီးနားအသင္းအတြက္လည္း တသက္တာထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ေစခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ယခုႏွစ္မွာ ဂႏၲဝင္တိုက္စစ္မႉး ပီလီရဲ့ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္တဲ့ ဂိုးသြင္းစံခ်ိန္ ၂ ခုကို ခ်ိဳးဖ်က္နိုင္ခဲ့ၿပီး ဘရာဇီးလ္အသင္းအတြက္ ၉၂ ပြဲမွာ ၇၇ ဂိုးသြင္းယူေပးခဲ့တဲ့ ပီလီရဲ့ စံခ်ိန္ကို စက္တင္ဘာလက ဘိုလစ္ဗီးယားနဲ႔ကစားခဲ့တဲ့ အာဂ်င္တီးနားရဲ့ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲမွာ ၂ ဂိုးသြင္းယူၿပီး ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ လီယြန္နယ္ မက္ဆီဟာ နိုင္ငံတကာၿပိဳင္ပြဲေတြမွာ ဂိုးအမ်ားဆုံး သြင္းယူထားတဲ့ ေတာင္အေမရိက ကစားသမားအျဖစ္ ရပ္တည္နိုင္ခဲ့ၿပီျဖစ္ၿပီး သြင္းဂိုး စုစုေပါင္း ၈၀ သြင္းယူေပးထားခဲ့ရာ ၎ထက္ ပိုမိုဂိုးသြင္းထားနိုင္ၿပီး အနားမယူေသးတဲ့ ကစားသမားဆိုလို႔ ေရာ္နယ္လ္ဒို တစ္ဦးတည္းသာ ရွိေတာ့တာျဖစ္ပါတယ္။ ယခုလမွာ လီယြန္နယ္ မက္ဆီက ကလပ္ ဘ႐ုဂ်္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ၂ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ပီလီရဲ့ ကလပ္နဲ႔ နိုင္ငံအသင္းအတြက္ တရားဝင္သြင္းဂိုး ၇၅၇ ဂိုးသြင္းယူထားတဲ့ စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္နိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ထက္ ဂိုးပိုမိုသြင္းယူထားတာဆိုလို႔ ၈၀၁ ဂိုးနဲ႔ ေရာ္နယ္လ္ဒိုတစ္ဦးတည္းသာ ရွိေတာ့တာျဖစ္ပါတယ္။

၃။ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိခဲ့ျခင္း

လီယြန္နယ္ မက္ဆီအတြက္ ၂၀၂၁ ခုႏွစ္ကို ကစားသမားဘဝတေလၽွာက္ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ဆြတ္ခူးၿပီး ကုန္ဆုံးရတာထက္ ပိုေကာင္းတဲ့နည္းလမ္းရွိေတာ့မွာမဟုတ္ပါဘူး။ မက္ဆီဟာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ခက္ခဲတဲ့ ယွဥ္ၿပိဳင္မႈေတြ ျပဳလုပ္ခဲ့ၿပီးမွ မဲေပးရာမွာ ၃၃ မွတ္အသာနဲ႔ ဘလြန္ေဒါဆုကို ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ အမ်ားစုဟာ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးဟာ လီဗန္ေဒါ့ဗ္စကီးထက္ သြင္းဂိုး ၁၁ ဂိုးေလ်ာ့နည္းသလို အဓိကဆုဖလားမဟုတ္တဲ့ ဆုဖလား ၂ လုံးနဲ႔ ဆုရရွိသြားခဲ့တာေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ခဲ့ၾကၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ပထမဆုံးအဓိက နိုင္ငံတကာဆုဖလားျဖစ္တဲ့ ကိုပါအေမရိက ရရွိခဲ့တာက ဆုရရွိဖို႔ မဲအမ်ားစုကို ရရွိေစခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ မက္ဆီဟာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ေရာ္နယ္လ္ဒိုထက္ ဘလြန္ေဒါဆု ၂ ႀကိမ္ ပိုမိုရရွိထားၿပီး သက္ေတာင့္သက္သာနဲ႔ ဦးေဆာင္ထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

၂။ အာဂ်င္တီးနားရဲ့ကိုပါအေမရိကေအာင္ပြဲမွာ မ်က္စိမလႊဲနိုင္တဲ့ စြမ္းေဆာင္ရည္ျပသနိုင္ခဲ့ျခင္္း

လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝသက္တမ္းတေလၽွာက္ အာဂ်င္တီးနားလက္ေရြးစင္အသင္းကို ကိုပါအေမရိကဖလား ေအာင္ျမင္မႈ ရရွိေအာင္ ႀကိဳးပမ္းခဲ့မႈ ၃ ႀကိမ္ မေအာင္ျမင္ခဲ့ၿပီးေနာက္ ေလးႀကိမ္ေျမာက္မွာေတာ့ ေအာင္ျမင္ေအာင္ ဦးေဆာင္ေပးနိုင္ခဲ့ၿပီျဖစ္ပါတယ္။ မက္ဆီဟာ ကိုပါအေမရိကၿပိဳင္ပြဲမွာ အေကာင္းဆုံး ကစားသမားျဖစ္ခဲ့ၿပီး ထိပ္တန္းဂိုးသြင္းရွင္၊ ထိပ္တန္းဂိုးဖန္တီးရွင္အျဖစ္နဲ႔ ကိုပါအေမရိကၿပိဳင္ပြဲမွာ ရပ္တည္နိုင္ခဲ့ၿပီး အာဂ်င္တီးနားအသင္းအတြက္ ၁၉၉၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ရရွိခဲ့တဲ့ အဓိကဆုဖလား ျဖစ္ခဲ့သလို ေဘာလုံးသမိုင္းမွာ နိုင္ငံတကာဆုဖလားအမ်ားဆုံး ရရွိထားတဲ့ ထိပ္တန္းအသင္းေတြထဲက တစ္သင္းလည္း ျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဖလားဗိုလ္လုပြဲကို ၅ ႀကိမ္ေျမာက္ တက္ေရာက္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပထမဆုံးအႀကိမ္ကေတာ့ ၂၀၀၇ ခုႏွစ္တုန္းက တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။ နိုင္ငံတကာဆုဖလားဟာ မက္ဆီရဲ့ အလြန္ေတာက္ပတဲ့ကစားသမားဘဝမွာ အလိုခ်င္ဆုံးအရာတစ္ခု ျဖစ္ေကာင္းျဖစ္နိုင္ၿပီး လက္ရွိမွာေတာ့ မက္ဆီမရဖူးေသးတဲ့ ဖလားဆိုလို႔ ကမၻာ့ဖလားတစ္ခုပဲ က်န္ေတာ့တာျဖစ္ပါတယ္။

၁။ အိမ္ျဖစ္တဲ့ ဘာစီလိုနာကို စြန႔္ခြာခဲ့ရျခင္း

အသင္းနဲ႔ ပထမဆုံး ေလ့က်င့္ေရးျပဳလုပ္ခဲ့ၿပီးေနာက္ ႏွစ္ ၂၀ အၾကာမွာ ဘာစီလိုနာကို စြန႔္ခြာခဲ့ရတာက မက္ဆီရဲ့ ကစားသမားဘဝမွာ အႀကီးမားဆုံး အခိုက္အတန႔္ေတြထဲက တစ္ခု ျဖစ္ခဲ့မွာ က်ိန္းေသပါတယ္။ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ဘာစီလိုနာအတြက္ ပြဲဦးထြက္ပါဝင္ကစားခြင့္ရရွိခဲ့တဲ့ ၂၀၀၄ ခုႏွစ္ ေအာက္တိုဘာလကတည္းက ဘယ္သူမွ ယွဥ္ၿပိဳင္လို႔ မရနိုင္တဲ့ အေနအထားကို ေရာက္ရွိေအာင္ ကူညီခဲ့သူျဖစ္ပါတယ္။ အဓိကဆုဖလား ၃ လုံး တၿပိဳင္နက္ ရရွိခဲ့တဲ့ ၂၀၀၈-၂၀၀၉ ရာသီနဲ႔ ၂၀၁၄-၂၀၁၅ ရာသီတို႔မွာ အသင္းရဲ့ အဓိကအစိတ္အပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး မက္ဆီဟာ ကတ္တလန္အသင္းအတြက္ သြင္းဂိုး ၆၇၂ ဂိုးနဲ႔ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဂႏၲဝင္ကစားသမားအျဖစ္နဲ႔ ေက်ာခိုင္းခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၀၅ ခုႏွစ္မွာ ဘာစီလိုနာအသင္းနဲ႔ ဖလား ၁ လုံး စတင္ကိုင္ေျမႇာက္္နိုင္ခဲ့ရာကေန ၿပီးခဲ့တဲ့ေႏြရာသီမွာ ႏူးကမ့္ကေန ထြက္ခြာခဲ့တဲ့အခ်ိန္အထိ စုစုေပါင္း ဆုဖလားေပါင္း ၃၅ လုံးကို ဆြတ္ခူးနိုင္ခဲ့ၿပီး ဘာစီလိုနာနဲ႔အတူ ေတာက္ပခဲ့တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ရဲ့ အခ်ိန္ကာလေတြဟာ အားကစားသမိုင္းမွာ အသင္းတစ္သင္းတည္းနဲ႔ အႀကီးမားဆုံးေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးအျဖစ္ သမိုင္းမွတ္တမ္းဝင္သြားေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.