Premier League

မန်စီးတီးကြယ်ပွင့်လောက်တောင် ရော်နယ်လ်ဒိုက မကောင်းဘူးဆိုပြီး နှိမ်သွားတဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗားက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်တောင် ပိုကောင်းမွန်တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဂန္တဝင်ကစားသမား ပေါလ် မာဆန်က မန်ချက်စတာစီးတီးကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားက လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပေါ်တူဂီကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းအတွက် လိဂ်ပွဲစဉ် ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ ကွင်းလယ်က ထူးခြားကောင်းမွန်တဲ့ စွမ်းရည်တွေကြောင့် အမှတ်ပေးဇယားဦးဆောင်နေသူ မန်ချက်စတာစီးတီးဟာ အခြားပြိုင်ဘက်အသင်းတွေအားလုံးရဲ့ ကွင်းလယ်ကို အသာစီးရယူထားနိုင်ခဲ့တာဖြစ်ပြီး Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ရော်နယ်လ်ဒိုထက်တောင် အများကြီး သာလွန်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘာနာဒို ဆေးလ်ဗားက သူ့ရဲ့ပွဲစဉ်တွေမှာ ခြေစွမ်းက ထိပ်တန်းပုံစံမှာ ရှိနေပြီး သူ့ဘာသာကိုယ်တိုင်ကိုက အရမ်းကောင်းကောင်း လုပ်နိုင်နေပါတယ်။ မာရက်ဇ်၊ စတားလင်း၊ ဒီဘရိုင်းနားတို့က အရင်တုန်းက တကယ့်ကစားသမားတွေ ဖြစ်ခဲ့ကြပေမယ့် အခုတော့ ဘာနာဒို ဆေးလ်ဗားက အဓိကကစားသမားဖြစ်နေပါပြီ။ ပက် ဂွါဒီယိုလာက တော်တော်လေး ကံကောင်းနေခဲ့တာ တကယ်ပါပဲ”

“ဘာနာဒို ဆေးလ်ဗားက အခုအချိန် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပေါ်တူဂီကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူကောင်းတယ်ဆိုတာနားလောက်တောင် ကောင်းတဲ့သူ မရှိဘူးလေ။ ဟုတ်တယ် မဟုတ်လား။ ကျွန်တော် တကယ်ပြောတာ သူ့အနေနဲ့ သူ့ကစားသမားဘဝမှာ ရော်နယ်လ်ဒို ရခဲ့တဲ့ မြင့်မားတဲ့အောင်မြင်မှုတွေလောက်တော့ ဘယ်တော့မှ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဘာနာဒို ဆေးလ်ဗားထက် ကောင်းတဲ့သူကို တွေ့ဖို့ ခင်ဗျားအတွက် ခက်ခဲပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွါဒီယိုလာကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကစားသမားကို ပေါလ် မာဆန်လိုမျိုးပဲ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့သေးပြီး စပိန်လူမျိုးနည်းပြဟာ ပေါ်တူဂီကြယ်ပွင့်ကို ယခုရာသီမှာ ပထမဆုံးပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗားဟာ အက်စ်တန် ဗီလာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းက အလွန်လှပတဲ့ မြေမကျဘောကန်သွင်းချက်ကြောင့် ချီးကျူးမှု အများအပြား ရရှိခဲ့သူဖြစ်ပါတယ်။

“သူက အကောင်းဆုံးပဲ။ သူက လွန်ခဲ့တဲ့ ၂ ရာသီ၊ ၃ ရာသီလောက်ကတည်းက အကောင်းဆုံးဖြစ်နေခဲ့တာပါ။ သူက အရင်တုန်းကလည်း အကောင်းဆုံးဖြစ်ခဲ့တာပါ။ သူ့မှာ ဘောလုံးကိုင်ထားတဲ့အခါတိုင်း လုပ်ချင်တာ လုပ်နိုင်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိပါတယ်။ ဂိုးသမားကောင်းတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ မယုံနိုင်ဖွယ် အဆုံးသတ်မျိုး ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ၉၈ မှတ်နဲ့ ဖလားရခဲ့တဲ့အချိန်ကို ခင်ဗျား ပြန်သွားပြီး ဗီဒီယိုတွေကို ပြန်ကြည့်လိုက်ပါ။ ခုလိုမျိုး တူညီတဲ့ကစားသမားမျိုးကို ခင်ဗျား မြင်တွေ့ရပါလိမ့်မယ်”လို့ ဂွါဒီယိုလာက အက်စ်တန် ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပါလ္ မာဆန္က မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမား ဘာနာဒို ေဆးလ္ဗားက မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုထက္ေတာင္ ပိုေကာင္းမြန္တယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္ဂႏၲဝင္ကစားသမား ေပါလ္ မာဆန္က မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားက လက္ရွိပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ေပၚတူဂီကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ လိဂ္ပြဲစဥ္ ၁၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ့ ကြင္းလယ္က ထူးျခားေကာင္းမြန္တဲ့ စြမ္းရည္ေတြေၾကာင့္ အမွတ္ေပးဇယားဦးေဆာင္ေနသူ မန္ခ်က္စတာစီးတီးဟာ အျခားၿပိဳင္ဘက္အသင္းေတြအားလုံးရဲ့ ကြင္းလယ္ကို အသာစီးရယူထားနိုင္ခဲ့တာျဖစ္ၿပီး Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္ မာဆန္က ေပၚတူဂီကြင္းလယ္ကစားသမားဟာ ေရာ္နယ္လ္ဒိုထက္ေတာင္ အမ်ားႀကီး သာလြန္ေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဘာနာဒို ေဆးလ္ဗားက သူ႔ရဲ့ပြဲစဥ္ေတြမွာ ေျခစြမ္းက ထိပ္တန္းပုံစံမွာ ရွိေနၿပီး သူ႔ဘာသာကိုယ္တိုင္ကိုက အရမ္းေကာင္းေကာင္း လုပ္နိုင္ေနပါတယ္။ မာရက္ဇ္၊ စတားလင္း၊ ဒီဘရိုင္းနားတို႔က အရင္တုန္းက တကယ့္ကစားသမားေတြ ျဖစ္ခဲ့ၾကေပမယ့္ အခုေတာ့ ဘာနာဒို ေဆးလ္ဗားက အဓိကကစားသမားျဖစ္ေနပါၿပီ။ ပက္ ဂြါဒီယိုလာက ေတာ္ေတာ္ေလး ကံေကာင္းေနခဲ့တာ တကယ္ပါပဲ”

“ဘာနာဒို ေဆးလ္ဗားက အခုအခ်ိန္ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ေပၚတူဂီကစားသမားလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သူေကာင္းတယ္ဆိုတာနားေလာက္ေတာင္ ေကာင္းတဲ့သူ မရွိဘူးေလ။ ဟုတ္တယ္ မဟုတ္လား။ ကၽြန္ေတာ္ တကယ္ေျပာတာ သူ႔အေနနဲ႔ သူ႔ကစားသမားဘဝမွာ ေရာ္နယ္လ္ဒို ရခဲ့တဲ့ ျမင့္မားတဲ့ေအာင္ျမင္မႈေတြေလာက္ေတာ့ ဘယ္ေတာ့မွ ရနိုင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အခုအခ်ိန္မွာေတာ့ ဘာနာဒို ေဆးလ္ဗားထက္ ေကာင္းတဲ့သူကို ေတြ႕ဖို႔ ခင္ဗ်ားအတြက္ ခက္ခဲပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနည္းၿပ ဂြါဒီယိုလာကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္ၾကယ္ပြင့္ကစားသမားကို ေပါလ္ မာဆန္လိုမ်ိဳးပဲ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေသးၿပီး စပိန္လူမ်ိဳးနည္းျပဟာ ေပၚတူဂီၾကယ္ပြင့္ကို ယခုရာသီမွာ ပထမဆုံးပြဲစဥ္ကလြဲၿပီး က်န္တဲ့ပြဲစဥ္တိုင္းမွာ ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဘာနာဒို ေဆးလ္ဗားဟာ အက္စ္တန္ ဗီလာကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္တုန္းက အလြန္လွပတဲ့ ေျမမက်ေဘာကန္သြင္းခ်က္ေၾကာင့္ ခ်ီးက်ဴးမႈ အမ်ားအျပား ရရွိခဲ့သူျဖစ္ပါတယ္။

“သူက အေကာင္းဆုံးပဲ။ သူက လြန္ခဲ့တဲ့ ၂ ရာသီ၊ ၃ ရာသီေလာက္ကတည္းက အေကာင္းဆုံးျဖစ္ေနခဲ့တာပါ။ သူက အရင္တုန္းကလည္း အေကာင္းဆုံးျဖစ္ခဲ့တာပါ။ သူ႔မွာ ေဘာလုံးကိုင္ထားတဲ့အခါတိုင္း လုပ္ခ်င္တာ လုပ္နိုင္တဲ့ ထူးျခားတဲ့ အရည္အခ်င္းရွိပါတယ္။ ဂိုးသမားေကာင္းေတြနဲ႔ ရင္ဆိုင္တဲ့အခါမွာ မယုံနိုင္ဖြယ္ အဆုံးသတ္မ်ိဳး ျပဳလုပ္နိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ၉၈ မွတ္နဲ႔ ဖလားရခဲ့တဲ့အခ်ိန္ကို ခင္ဗ်ား ျပန္သြားၿပီး ဗီဒီယိုေတြကို ျပန္ၾကည့္လိုက္ပါ။ ခုလိုမ်ိဳး တူညီတဲ့ကစားသမားမ်ိဳးကို ခင္ဗ်ား ျမင္ေတြ႕ရပါလိမ့္မယ္”လို႔ ဂြါဒီယိုလာက အက္စ္တန္ ဗီလာကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.