Premier League

ပေးဂိုးတွေ သိသိသာသာများလာတဲ့ ခံစစ်ပြဿနာကို ဘာမှ ပြုပြင်စရာအကြောင်းမရှိဘူးလို့ ပြောလာတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခံစစ်ပိုင်း ဆိုးရွားတဲ့မှတ်တမ်းတွေရှိခဲ့ပေမယ့်လည်း အသင်းမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲမှာ ၄ ဂိုးသာ ခွင့်ပြုခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ခံစစ်ပိုင်းအကောင်းဆုံးအသင်းအဖြစ် စံချိန်တင်ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး အဲဒီထဲက ၇ ဂိုးဟာ ပရီးမီးယားလိဂ်မှာ ခွင့်ပြုခဲ့ရတာဖြစ်ပြီး တူဟယ်က ပေးဂိုးတွေ သိသိသာသာ မြင့်တက်လာတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရတာတော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြဟာ ၎င်းရဲ့အသင်းနဲ့ပတ်သက်ပြီး အလွန်ယုံကြည်ချက် ရှိနေပုံပေါ်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားတဲ့ခံစစ်မှတ်တမ်းတွေနဲ့ပတ်သက်ပြီး ဘာမှ အထူးအထွေလုပ်နေစရာမလိုဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပေးဂိုးမရှိတဲ့အပေါ်မှာ အဓိက တည်ဆောက်ထားခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားနေတဲ့အချိန်မှာ ပေးဂိုးမရှိဖြစ်လာပြီး ကျွန်တော်တို့ ဆက်ကစားနေရမှာပါ။ ကျွန်တော်တို့ အချို့နေရာတွေမှာ တိုးတက်နိုင်ပေမယ့် ပေးဂိုးမရှိရလဒ်ရဖို့ ကံကောင်းမှုနဲ့ ပြင်းထန်မှုမျိုးလိုအပ်မယ်ဆိုတာကို ပြောဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှ ရှက်နေမှာမဟုတ်ပါဘူး”

“ဒီနေ့ ကျွန်တော်တို့ မြင့်မားတဲ့ ပြန်လည်ကုစားမှုတွေမှာ ရင်းနှီးမြှုပ်နှံနေခဲ့ပြီး ရုတ်တရက်ပဲ အဲဒါက ခင်ဗျားအတွက် ပြစ်ဒဏ်ဖြစ်လာတယ်။ အဲဒါက ခင်ဗျားကို ပေးဆပ်ရစေတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲဖို့ ကြီးမားတဲ့အရာတွေမရှိပါဘူး။ ပေးဂိုးမရှိဆိုတာက ကျွန်တော်တို့ အဲဒီအပေါ်မှာ အာရုံစိုက်ပြီး ရလဒ်အပေါ်မှာ အာရုံမစိုက်တဲ့အခါကျရင် ရောက်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပေးဂိုးမရှိဆိုတဲ့အပေါ်မှာ တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်နေတာမျိုးမဟုတ်ပေမယ့်လည်း နည်းပြ တူဟယ် လက်အောက်မှာ ၎င်းတို့ရဲ့ ပြီးခဲ့တဲ့အောင်မြင်မှုတွေဟာ ကျစ်လစ်တဲ့ခံစစ်ကစားပုံက အဓိကအစိတ်အပိုင်းဖြစ်ခဲ့တယ်ဆိုတာကတော့ အရမ်းရှင်းလင်းနေပါတယ်။

အပတ်စဉ်တိုင်း ပြိုင်ဘက်အသင်းထက် ဂိုးပိုမိုသွင်းယူရတာက ရေရှည်မှာတော့ လက်တွေ့ကျတဲ့ ဖြေရှင်းမှုဖြစ်လာမယ့်ပုံမပေါ်ဘဲ အထူးသဖြင့် ချဲလ်ဆီးရဲ့လူငယ်တွေဦးဆောင်နေတဲ့ တိုက်စစ်က ခြေစွမ်းပိုင်းမတည်ငြိမ်တာကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

အဲဒီလို ဆိုပေမယ့်လည်း အန်ဂိုလို ကွန်တေအနေနဲ့ အင်္ဂါနေ့မှာ ပြန်လည်ပါဝင်ကစားပေးဖို့ မျှော်မှန်းခြင်းခံထားရပြီး ပြင်သစ်ကွင်းလယ်ကစားသမား လုပ်ပေးနိုင်တဲ့အရာတွေကြောင့် ချဲလ်ဆီးရဲ့ခံစစ်ပိုင်းအတွက်တော့ ကြီးမားတဲ့ အားတက်စရာ ဖြစ်လာတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ခံစစ္ပိုင္း ဆိုးရြားတဲ့မွတ္တမ္းေတြရွိခဲ့ေပမယ့္လည္း အသင္းမွာ ႀကီးမားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ မလိုအပ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ ပြဲမွာ ၄ ဂိုးသာ ခြင့္ျပဳခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ ခံစစ္ပိုင္းအေကာင္းဆုံးအသင္းအျဖစ္ စံခ်ိန္တင္ထားနိုင္ခဲ့ေသးတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၁၀ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီး အဲဒီထဲက ၇ ဂိုးဟာ ပရီးမီးယားလိဂ္မွာ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး တူဟယ္က ေပးဂိုးေတြ သိသိသာသာ ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခံခဲ့ရတာေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပဟာ ၎ရဲ့အသင္းနဲ႔ပတ္သက္ၿပီး အလြန္ယုံၾကည္ခ်က္ ရွိေနပုံေပၚခဲ့ၿပီး အသင္းရဲ့ ဆိုးရြားတဲ့ခံစစ္မွတ္တမ္းေတြနဲ႔ပတ္သက္ၿပီး ဘာမွ အထူးအေထြလုပ္ေနစရာမလိုဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေပးဂိုးမရွိတဲ့အေပၚမွာ အဓိက တည္ေဆာက္ထားခဲ့တာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ကစားေနတဲ့အခ်ိန္မွာ ေပးဂိုးမရွိျဖစ္လာၿပီး ကၽြန္ေတာ္တို႔ ဆက္ကစားေနရမွာပါ။ ကၽြန္ေတာ္တို႔ အခ်ိဳ႕ေနရာေတြမွာ တိုးတက္နိုင္ေပမယ့္ ေပးဂိုးမရွိရလဒ္ရဖို႔ ကံေကာင္းမႈနဲ႔ ျပင္းထန္မႈမ်ိဳးလိုအပ္မယ္ဆိုတာကို ေျပာဖို႔ ကၽြန္ေတာ္တို႔ ဘယ္တုန္းကမွ ရွက္ေနမွာမဟုတ္ပါဘူး”

“ဒီေန႔ ကၽြန္ေတာ္တို႔ ျမင့္မားတဲ့ ျပန္လည္ကုစားမႈေတြမွာ ရင္းႏွီးျမႇုပ္ႏွံေနခဲ့ၿပီး ႐ုတ္တရက္ပဲ အဲဒါက ခင္ဗ်ားအတြက္ ျပစ္ဒဏ္ျဖစ္လာတယ္။ အဲဒါက ခင္ဗ်ားကို ေပးဆပ္ရေစတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔မွာ ျပဳျပင္ေျပာင္းလဲဖို႔ ႀကီးမားတဲ့အရာေတြမရွိပါဘူး။ ေပးဂိုးမရွိဆိုတာက ကၽြန္ေတာ္တို႔ အဲဒီအေပၚမွာ အာ႐ုံစိုက္ၿပီး ရလဒ္အေပၚမွာ အာ႐ုံမစိုက္တဲ့အခါက်ရင္ ေရာက္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေပးဂိုးမရွိဆိုတဲ့အေပၚမွာ တည္ေဆာက္ဖို႔ မျဖစ္မေန လိုအပ္ေနတာမ်ိဳးမဟုတ္ေပမယ့္လည္း နည္းၿပ တူဟယ္ လက္ေအာက္မွာ ၎တို႔ရဲ့ ၿပီးခဲ့တဲ့ေအာင္ျမင္မႈေတြဟာ က်စ္လစ္တဲ့ခံစစ္ကစားပုံက အဓိကအစိတ္အပိုင္းျဖစ္ခဲ့တယ္ဆိုတာကေတာ့ အရမ္းရွင္းလင္းေနပါတယ္။

အပတ္စဥ္တိုင္း ၿပိဳင္ဘက္အသင္းထက္ ဂိုးပိုမိုသြင္းယူရတာက ေရရွည္မွာေတာ့ လက္ေတြ႕က်တဲ့ ေျဖရွင္းမႈျဖစ္လာမယ့္ပုံမေပၚဘဲ အထူးသျဖင့္ ခ်ဲလ္ဆီးရဲ့လူငယ္ေတြဦးေဆာင္ေနတဲ့ တိုက္စစ္က ေျခစြမ္းပိုင္းမတည္ၿငိမ္တာကို ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္။

အဲဒီလို ဆိုေပမယ့္လည္း အန္ဂိုလို ကြန္ေတအေနနဲ႔ အဂၤါေန႔မွာ ျပန္လည္ပါဝင္ကစားေပးဖို႔ ေမၽွာ္မွန္းျခင္းခံထားရၿပီး ျပင္သစ္ကြင္းလယ္ကစားသမား လုပ္ေပးနိုင္တဲ့အရာေတြေၾကာင့္ ခ်ဲလ္ဆီးရဲ့ခံစစ္ပိုင္းအတြက္ေတာ့ ႀကီးမားတဲ့ အားတက္စရာ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.