La Liga Match Report

အိုဆာဆူနာမှာ သရေနဲ့ ကြောင်ပျောက်ခဲ့ပြီး ရီးရဲလ်နဲ့ ၁၈ မှတ်ဝေးသွားတဲ့ ဘာစီလိုနာ

ဘက်တစ်နဲ့ ဘိုင်ယန်တို့ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့တဲ့ ဘာစီလိုနာတို့ အဝေးကွင်းမှာ အပြောင်းအလဲလုပ်ပြီး ကစားခဲ့ချိန်မှာ နည်းပြ ဇာဗီကတော့ ကိုယ့်တံတွေး ကိုယ်ပြန်မျိုတဲ့ လုပ်ရပ်အဖြစ် သူမလိုချင်ဘူးလို့ ဆိုထားတဲ့ တိုက်စစ်မှူး လုခ် ဒီယုံးကို မျက်နှာအပျက်ခံပြီး နေရာပေးခဲ့တာကို တွေ့မြင်ခဲ့ရသလို တာစတီဂန်၊ ဘူးစကွက်စ်၊ ပီကေး၊ ဖရင်ကီ ဒီယုံး၊ ဒမ်ဘီလီတို့ ဝါရင့်ကစားသမားတွေအပြင် နီကို ဂွန်ဇာလက်ဇ်၊ ဂါဗီနဲ့ အက်ဘ်ဒီတို့ကို နေရာပေးခဲ့တာဖြစ်ပါတယ်။

အိုဆာဆူနာတော့ အိမ်ကွင်းမှာ နာမည်ကြီးကစားသမားတစ်ယောက်မှ မပါဘဲ ကာတာလန် ကလပ်အသင်းကို ရင်ဆိုင်ခဲ့တာဖြစ်သလို အစွယ်တွေ မရှိတဲ့ ဘီလူးကြီးကို ကောင်းကောင်းရင်ဆိုင်ကစားနိုင်ခဲ့ပြီး ကောင်တာနဲ့ပဲ တုံ့ပြန်ခဲ့တဲ့ ဘတ်စ်ကေးသားတွေအနေနဲ့ ဧည့်သည် ထိပ်တန်းအသင်းထက် ဂိုးပေါက်ကန်ချက် တစ်ကြိမ်တောင် ပိုရခဲ့သေးတာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး စရခဲ့ပြီး ဘယ်ခြမ်းက အက်ဘ်ဒီရဲ့ ကန်ချက် ပြန်ထွက်လာတာကို ဂါဗီက ရယူပြီး နောက်တန်းပေါ် ကျော်ချပေးခဲ့ရာမှာ နီကို ဂွန်ဇာလက်ဇ်က ပြေးထွက်ပြီး အိုဆာဆူနာ ဂိုးသမား ဟာရဲရားနဲ့ အတွေ့မှာ ကန်သွင်းနိုင်ခဲ့လို့ ဂိုးစရခဲ့ပြီး VAR ကတော့ လူမကျွံကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ကာတာလန်သားတွေရဲ့ ဦးဆောင်မှုက ကြာကြာမခံခဲ့ဘဲ ပွဲချိန် ၁၄ မိနစ်မှာတော့ ညာခြမ်းကရတဲ့ ဖရီးကစ်ကို မွန်ကာယိုလာ ကန်တင်ပေးရာမှာ ဘာစီလိုနာခံစစ်ကြားမှာ လူကပ်ခံထားရခြင်းမရှိခဲ့တဲ့ အသင်းကပ္ပတိန် နောက်ခံလူ ဒေးဗစ် ဂါစီယာက မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးသမား တာစတီဂန်ကို အနိုင်ယူခဲ့ပြီး အိုဆာဆူနာတို့ ပြန်လည်ချေပနိုင်ခဲ့တာပါ။

ဘာစီလိုနာခံစစ်က ပီကေးနဲ့ အမ်တီတီတို့ အတွဲမမိတာကို တွေ့မြင်ခဲ့ရသလို ဇာဗီ မျက်နှာမှာတော့ စိတ်ပျက်မှုတွေကို အထင်းသား မြင်ခဲ့ရတဲ့ ပွဲမှာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဂါဗီ၊ နီကို ဂွန်ဇာလက်ဇ်နဲ့ အက်ဘ်ဒီတို့တွေသာ ခြေစွမ်းကောင်းခဲ့ပြီး ကျန်တဲ့ နာမည်ကြီးတွေကတော့ အိုးနင်းခွက်နင်းပဲဖြစ်နေခဲ့ပါတယ်။

အက်ဘ်ဒီနဲ့ ဂါဗီတို့အတွဲက ဒီနေ့မှာ ဘာစီလိုနာရဲ့ တိုက်စစ်စတင်မှု အရင်းအမြစ်လည်းဖြစ်နေပြီး သူတို့နှစ်ဦးနဲ့အတူ နောက်ထပ် လူငယ်ကြယ်ပွင့် Golden Boy ဆုရှင် ပက်ဒရီကို အမြန်ဆုံး တွေ့မြင်ချင်စိတ်ဖြစ်မိသလို သူတို့တွေအနေနဲ့ အာဆင်နယ်လိုပဲ အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ အံမဝင်တဲ့ မလိုအပ်သူတွေကို အမြန်ဆုံး မြေလှန်ပစ်မှ ပြန်လည်တိုးတက်လာနိုင်ဖို့လည်း ရှိနေခဲ့တာပါ။

ပထမပိုင်းမှာတော့ ဘာစီလိုနာတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာဆို ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးကိုလည်း ဒိုင်လူကြီးနဲ့ VAR က အဖက်တောင် မလုပ်ခဲ့လို့ ဂိုးထပ်မရခဲ့သလို အိုဆာဆူနာဘက်ကတော့ ခံစစ်နဲ့ ကောင်တာသာ ကစားနေခဲ့လို့ အက်စတာဒီယို အယ်လ်ဆာဒါမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဘာစီလိုနာခံစစ်ကနေ ရှင်းထုတ်မှုကနေ ပင်နယ်တီဧရိယာထဲက ဘူးစကွက်စ်ကြီး လက်ထိပေမယ့် ဒိုင်က ပယ်ချသွားခဲ့သလို ဒီကနေ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ညာခြမ်းကနေ ဒမ်ဘီလီက အတွင်းကို ဆွဲဝင်ပြီးမှ ဖြတ်တင်ပေးခဲ့ရာမှာ ခေါင်းတိုက်ဖို့ကို ဒတ်ချ်ကစားသမား ဒီယုံးနှစ်ယောက်စလုံး လွဲချော်ခဲ့ပေမယ့် နောက်မှာ အဆင်သင့်ရှိနေတဲ့ အက်ဘ်ဒီက ကန်သွင်းပြီး ဦးဆောင်ဂိုး ထပ်မံရယူပေးခဲ့ပါတယ်။

ဒီဂိုးအတွက် အိုဆာဆူနာကပ္ပတိန် ဒေးဗစ် ဂါစီယာ၊ ကစားသမားတွေနဲ့ နည်းပြတို့ ကွင်းလယ်ဒိုင်နဲ့ စတုတ္ထဒိုင်တွေကို အသီးသီး စောဒက တက်ခဲ့ကြပေမယ့် VAR က ပယ်ချသွားခဲ့ပြီး နိုင်ငံအသင်းရဲ့ ကပ္ပတိန် လက်ထိရင် တိတ်တိတ်နေဆိုတဲ့ စည်းမျဉ်းက ဥရောပနိုင်ငံတိုင်းမှာ ရှိနေပြီလားလို့ စပါးစ်ရဲ့ ဟာရီကိန်း လက်ထိဘောနဲ့အတူ သံသယဝင်စရာလည်းဖြစ်ခဲ့ပါတယ်။

အိမ်ရှင်ပရိသတ်တွေကတော့ ဘာစီလိုနာအသင်းနဲ့ ဒိုင်လူကြီးတွေကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာတို့ တိုက်စစ်ပို ကစားနိုင်ခဲ့ပေမယ့်လည်း ညာခြမ်းက ဒမ်ဘီလီက ဘယ်ခြေကန်ချက်တွေနဲ့ အကြိမ်ကြိမ် ဖြုန်းတီးနေခဲ့သလို အိုဆာဆူနာတို့ကတော့ အမြင့်ဘောတွေနဲ့ ဝင်တိုးဖို့ ကြိုးစားနေခဲ့တာပါ။

ဇာဗီရဲ့ အပြောင်းအလဲအတွက် ထည့်လိုက်တဲ့ လုခ် ဒီယုံးကတော့ သူ့ဆီ ရောက်လာရင် တိုက်စစ်ဆင်ဖို့ထက် ပေးတဲ့သူဆီ ပြန်ပေးတာက ပိုများနေခဲ့ပြီး စိတ်ပျက်စရာဖြစ်နေခဲ့ချိန်မှာ အိုဆာဆူနာတို့ကတော့ ခရိုအေးရှားလက်ရွေးစင်တိုက်စစ်မှူး ဘူဒီမီယာ အပါအဝင် အာဂျင်တီးနားသား အာဗီလာ၊ ဆားဘီးယား ဘရာရှာနက်ချ်တို့နဲ့အတူ ရောဘတ်တို တောရက်စ်နဲ့ ကိုတီတို့ကို ၅ မိနစ်အတွင်း ၅ ဦး အပြုံလိုက်ထည့်ပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာ အိုဆာဆူနာတို့ ဖရီးကစ်ကနေ ရင်ခုန်စရာလုပ်ပြီးမှ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ လုခ် ဒီယုံး ရှင်းထုတ်လိုက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးဧရိယာအပြင်ဘက်က စောင့်နေတဲ့ အာဗီလာက အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ကို အနိုင်ယူခဲ့ပြီး ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘာစီလိုနာတို့ လူစားထပ်လဲပြီး ကစားခဲ့ပေမယ့် ဂိုးတော့ ထပ်မရခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ အင်အားနည်းတဲ့ ပြိုင်ဘက်ကို နှစ်ဂိုးစီသရေသာ ရယူနိုင်ခဲ့ပြီး ဖရိုဖရဲပုံစံကို ပြသခဲ့ချိန်မှာ မက်ဒရစ်ဒါဘီမှာ အနိုင်ရခဲ့တဲ့ ဇယားထိပ်က ဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နဲ့တော့ ၁၈ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘက္တစ္နဲ႔ ဘိုင္ယန္တို႔ကို ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ထားခဲ့တဲ့ ဘာစီလိုနာတို႔ အေဝးကြင္းမွာ အေျပာင္းအလဲလုပ္ၿပီး ကစားခဲ့ခ်ိန္မွာ နည္းျပ ဇာဗီကေတာ့ ကိုယ့္တံေတြး ကိုယ္ျပန္မ်ိဳတဲ့ လုပ္ရပ္အျဖစ္ သူမလိုခ်င္ဘူးလို႔ ဆိုထားတဲ့ တိုက္စစ္မႉး လုခ္ ဒီယုံးကို မ်က္ႏွာအပ်က္ခံၿပီး ေနရာေပးခဲ့တာကို ေတြ႕ျမင္ခဲ့ရသလို တာစတီဂန္၊ ဘူးစကြက္စ္၊ ပီေကး၊ ဖရင္ကီ ဒီယုံး၊ ဒမ္ဘီလီတို႔ ဝါရင့္ကစားသမားေတြအျပင္ နီကို ဂြန္ဇာလက္ဇ္၊ ဂါဗီနဲ႔ အက္ဘ္ဒီတို႔ကို ေနရာေပးခဲ့တာျဖစ္ပါတယ္။

အိုဆာဆူနာေတာ့ အိမ္ကြင္းမွာ နာမည္ႀကီးကစားသမားတစ္ေယာက္မွ မပါဘဲ ကာတာလန္ ကလပ္အသင္းကို ရင္ဆိုင္ခဲ့တာျဖစ္သလို အစြယ္ေတြ မရွိတဲ့ ဘီလူးႀကီးကို ေကာင္းေကာင္းရင္ဆိုင္ကစားႏိုင္ခဲ့ၿပီး ေကာင္တာနဲ႔ပဲ တုံ႔ျပန္ခဲ့တဲ့ ဘတ္စ္ေကးသားေတြအေနနဲ႔ ဧည့္သည္ ထိပ္တန္းအသင္းထက္ ဂိုးေပါက္ကန္ခ်က္ တစ္ႀကိမ္ေတာင္ ပိုရခဲ့ေသးတာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဘာစီလိုနာတို႔ အဖြင့္ဂိုး စရခဲ့ၿပီး ဘယ္ျခမ္းက အက္ဘ္ဒီရဲ႕ ကန္ခ်က္ ျပန္ထြက္လာတာကို ဂါဗီက ရယူၿပီး ေနာက္တန္းေပၚ ေက်ာ္ခ်ေပးခဲ့ရာမွာ နီကို ဂြန္ဇာလက္ဇ္က ေျပးထြက္ၿပီး အိုဆာဆူနာ ဂိုးသမား ဟာရဲရားနဲ႔ အေတြ႕မွာ ကန္သြင္းႏိုင္ခဲ့လို႔ ဂိုးစရခဲ့ၿပီး VAR ကေတာ့ လူမကြၽံေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

ကာတာလန္သားေတြရဲ႕ ဦးေဆာင္မႈက ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ညာျခမ္းကရတဲ့ ဖရီးကစ္ကို မြန္ကာယိုလာ ကန္တင္ေပးရာမွာ ဘာစီလိုနာခံစစ္ၾကားမွာ လူကပ္ခံထားရျခင္းမရွိခဲ့တဲ့ အသင္းကပၸတိန္ ေနာက္ခံလူ ေဒးဗစ္ ဂါစီယာက ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ ဂိုးသမား တာစတီဂန္ကို အႏိုင္ယူခဲ့ၿပီး အိုဆာဆူနာတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့တာပါ။

ဘာစီလိုနာခံစစ္က ပီေကးနဲ႔ အမ္တီတီတို႔ အတြဲမမိတာကို ေတြ႕ျမင္ခဲ့ရသလို ဇာဗီ မ်က္ႏွာမွာေတာ့ စိတ္ပ်က္မႈေတြကို အထင္းသား ျမင္ခဲ့ရတဲ့ ပြဲမွာ လူငယ္ကစားသမားေတြျဖစ္ၾကတဲ့ ဂါဗီ၊ နီကို ဂြန္ဇာလက္ဇ္နဲ႔ အက္ဘ္ဒီတို႔ေတြသာ ေျခစြမ္းေကာင္းခဲ့ၿပီး က်န္တဲ့ နာမည္ႀကီးေတြကေတာ့ အိုးနင္းခြက္နင္းပဲျဖစ္ေနခဲ့ပါတယ္။

အက္ဘ္ဒီနဲ႔ ဂါဗီတို႔အတြဲက ဒီေန႔မွာ ဘာစီလိုနာရဲ႕ တိုက္စစ္စတင္မႈ အရင္းအျမစ္လည္းျဖစ္ေနၿပီး သူတို႔ႏွစ္ဦးနဲ႔အတူ ေနာက္ထပ္ လူငယ္ၾကယ္ပြင့္ Golden Boy ဆုရွင္ ပက္ဒရီကို အျမန္ဆုံး ေတြ႕ျမင္ခ်င္စိတ္ျဖစ္မိသလို သူတို႔ေတြအေနနဲ႔ အာဆင္နယ္လိုပဲ အသင္းရဲ႕ နည္းစနစ္ပိုင္းနဲ႔ အံမဝင္တဲ့ မလိုအပ္သူေတြကို အျမန္ဆုံး ေျမလွန္ပစ္မွ ျပန္လည္တိုးတက္လာႏိုင္ဖို႔လည္း ရွိေနခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဘာစီလိုနာတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာဆို ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးကိုလည္း ဒိုင္လူႀကီးနဲ႔ VAR က အဖက္ေတာင္ မလုပ္ခဲ့လို႔ ဂိုးထပ္မရခဲ့သလို အိုဆာဆူနာဘက္ကေတာ့ ခံစစ္နဲ႔ ေကာင္တာသာ ကစားေနခဲ့လို႔ အက္စတာဒီယို အယ္လ္ဆာဒါမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဘာစီလိုနာခံစစ္ကေန ရွင္းထုတ္မႈကေန ပင္နယ္တီဧရိယာထဲက ဘူးစကြက္စ္ႀကီး လက္ထိေပမယ့္ ဒိုင္က ပယ္ခ်သြားခဲ့သလို ဒီကေန တန္ျပန္တိုက္စစ္ဆင္ခဲ့ရာမွာ ညာျခမ္းကေန ဒမ္ဘီလီက အတြင္းကို ဆြဲဝင္ၿပီးမွ ျဖတ္တင္ေပးခဲ့ရာမွာ ေခါင္းတိုက္ဖို႔ကို ဒတ္ခ်္ကစားသမား ဒီယုံးႏွစ္ေယာက္စလုံး လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္မွာ အဆင္သင့္ရွိေနတဲ့ အက္ဘ္ဒီက ကန္သြင္းၿပီး ဦးေဆာင္ဂိုး ထပ္မံရယူေပးခဲ့ပါတယ္။

ဒီဂိုးအတြက္ အိုဆာဆူနာကပၸတိန္ ေဒးဗစ္ ဂါစီယာ၊ ကစားသမားေတြနဲ႔ နည္းျပတို႔ ကြင္းလယ္ဒိုင္နဲ႔ စတုတၳဒိုင္ေတြကို အသီးသီး ေစာဒက တက္ခဲ့ၾကေပမယ့္ VAR က ပယ္ခ်သြားခဲ့ၿပီး ႏိုင္ငံအသင္းရဲ႕ ကပၸတိန္ လက္ထိရင္ တိတ္တိတ္ေနဆိုတဲ့ စည္းမ်ဥ္းက ဥေရာပႏိုင္ငံတိုင္းမွာ ရွိေနၿပီလားလို႔ စပါးစ္ရဲ႕ ဟာရီကိန္း လက္ထိေဘာနဲ႔အတူ သံသယဝင္စရာလည္းျဖစ္ခဲ့ပါတယ္။

အိမ္ရွင္ပရိသတ္ေတြကေတာ့ ဘာစီလိုနာအသင္းနဲ႔ ဒိုင္လူႀကီးေတြကို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာတို႔ တိုက္စစ္ပို ကစားႏိုင္ခဲ့ေပမယ့္လည္း ညာျခမ္းက ဒမ္ဘီလီက ဘယ္ေျခကန္ခ်က္ေတြနဲ႔ အႀကိမ္ႀကိမ္ ျဖဳန္းတီးေနခဲ့သလို အိုဆာဆူနာတို႔ကေတာ့ အျမင့္ေဘာေတြနဲ႔ ဝင္တိုးဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဇာဗီရဲ႕ အေျပာင္းအလဲအတြက္ ထည့္လိုက္တဲ့ လုခ္ ဒီယုံးကေတာ့ သူ႔ဆီ ေရာက္လာရင္ တိုက္စစ္ဆင္ဖို႔ထက္ ေပးတဲ့သူဆီ ျပန္ေပးတာက ပိုမ်ားေနခဲ့ၿပီး စိတ္ပ်က္စရာျဖစ္ေနခဲ့ခ်ိန္မွာ အိုဆာဆူနာတို႔ကေတာ့ ခ႐ိုေအးရွားလက္ေ႐ြးစင္တိုက္စစ္မႉး ဘူဒီမီယာ အပါအဝင္ အာဂ်င္တီးနားသား အာဗီလာ၊ ဆားဘီးယား ဘရာရွာနက္ခ်္တို႔နဲ႔အတူ ေရာဘတ္တို ေတာရက္စ္နဲ႔ ကိုတီတို႔ကို ၅ မိနစ္အတြင္း ၅ ဦး အၿပဳံလိုက္ထည့္ၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာ အိုဆာဆူနာတို႔ ဖရီးကစ္ကေန ရင္ခုန္စရာလုပ္ၿပီးမွ ရခဲ့တဲ့ ေထာင့္ကန္ေဘာကေန လုခ္ ဒီယုံး ရွင္းထုတ္လိုက္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂိုးဧရိယာအျပင္ဘက္က ေစာင့္ေနတဲ့ အာဗီလာက အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ကို အႏိုင္ယူခဲ့ၿပီး ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘာစီလိုနာတို႔ လူစားထပ္လဲၿပီး ကစားခဲ့ေပမယ့္ ဂိုးေတာ့ ထပ္မရခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ အင္အားနည္းတဲ့ ၿပိဳင္ဘက္ကို ႏွစ္ဂိုးစီသေရသာ ရယူႏိုင္ခဲ့ၿပီး ဖ႐ိုဖရဲပုံစံကို ျပသခဲ့ခ်ိန္မွာ မက္ဒရစ္ဒါဘီမွာ အႏိုင္ရခဲ့တဲ့ ဇယားထိပ္က ဦးေဆာင္သူ ရီးရဲလ္မက္ဒရစ္နဲ႔ေတာ့ ၁၈ မွတ္အထိ ကြာဟသြားခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.