Match Report Premier League

အဲဗာတန်ကို အာဆင်နယ်အတွက် လက်စားချေပြီး နိုင်ပွဲယူခဲ့တဲ့ ဗီယာရာရဲ့ ပဲလေ့စ်

ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ ဒဏ်ရာရှိနေကြတဲ့ နောက်ခံလူ အန်ဒါဆန်နဲ့ ကွင်းလယ်လူ မက်ကာသာတို့နှစ်ယောက်ကလွဲပြီး လူစုံထုတ်ကစားခဲ့သလို တွမ်ကင်းစ်၊ ဂူဟီ၊ ဝါ့ဒ်၊ မစ်ချဲလ်တို့ရဲ့ ခံစစ်ရှေ့က ကူယာတေး၊ ဝေလ် ဟယူးချ်နဲ့ ဂယ်လာဂါတို့ကို ထားခဲ့ပြီး တိုက်စစ်မှာတော့ ဇာဟာ၊ အာယူးနဲ့ အေဒူယာတို့သုံးဦးကို ပွဲထုတ်လာခဲ့ပါတယ်။

အဲဗာတန်ကတော့ ဘင်နီတက်ဇ်နဲ့ အဆင်မပြေတဲ့ နောက်ခံလူ ဒီညီ၊ ဒဏ်ရာရနေတဲ့ မီနာ၊ အယ်လန်တို့ လွဲချော်ခဲ့လို့ အရန်စစ်စစ်ကြီး ဒဲ့လ်ဖ်ကို ကွင်းလယ်အဖျက်ကစားခိုင်းခဲ့ရသလို သူ့ရှေ့ကတော့ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ လူစားဝင်ပြီး ခြေစွမ်းပြတဲ့ အန်ဒရီ ဂိုမက်စ်ကို ဒူကူရေးနဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂရေး၊ ရစ်ချာလစ်ဆန်နဲ့ တောင်းဆန်းတို့ လူစုံခဲ့တာကို တွေ့ရပါတယ်။

ပဲလေ့စ်တို့က ဘောလုံးကိုင်ကစားခဲ့ချိန်မှာ အဲဗာတန်ကတော့ ရစ်ချာလစ်ဆန်၊ ဂရေးတို့ရဲ့ အမြန်နှုန်းနဲ့ လှည့်စားနိုင်မှုကို အားကိုးပြီး ကောင်တာ ကစားခဲ့သလို ပွဲချိန် ၇ မိနစ်မှာတော့ အေဒူယာရဲ့ ဖြတ်တင်ဘောကနေ အာယူးက စတင်ခြိမ်းခြောက်ခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ အာယူးရဲ့ ဖြတ်တင်ဘောကနေ ဇာဟာ ကန်သွင်းတာကို ပစ်ခ်ဖို့ဒ် ကာကွယ်ခဲ့ရပြီး ကွင်းလယ်မှာ ဂယ်လာဂါ ခြေစွမ်းပြနိုင်ခဲ့သလို ဇာဟာကတော့ ပြဿနာရှာနေခဲ့ချိန်မှာ ပွဲချိန် ၃၁ မိနစ်နဲ့ ၃၂ မိနစ်တွေမှာတော့ ဂရေးနဲ့ အန်ဒရီ ဂိုမက်စ်တို့ရဲ့ ကန်သွင်းချက်တွေကို ပဲလေ့စ်ဂိုးသမား ဂွိုက်တာ ပြန်လည်ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ အဲဗာတန်ဂိုးရှေ့ကနေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဂရေးက ဘေးနားက ဂိုမက်စ်ကို မပေးဘဲ နောက်ပြန်ပေးခဲ့ရာမှာ အာယူးက ပြန်ဖြတ်ယူသွားခဲ့ပြီး ညာခြမ်းကနေ အတွင်းကို ချိုးပေးခဲ့ရာမှာ ဂယ်လာဂါက အနီးကပ်ကန်သွင်းပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ မှတ်တမ်းကို ရပ်တန့်ခဲ့သလို ပဲလေ့စ်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အဲဗာတန်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ ဗီယာရာရဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဧည့်သည်နည်းပြ ဘင်နီတက်ဇ်ကတော့ သူ့ရဲ့ ရာထူးအတွက် စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေခဲ့သလို ကယ်တင်မယ့်သူ ရှိနိုင်ပါ့မလားလို့ တွေးစရာဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်စအပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ဂေဟီ ပေးတာကို ဂယ်လာဂါက ဖန်တီးပေးခဲ့ရာမှာ အေဒူယာ အသုံးမချနိုင်ခဲ့လို့ ပဲလေ့စ်တို့ တစ်ဂိုးနစ်နာခဲ့ရသလို သုံးမိနစ်အကြာမှာ အာယူးရဲ့ ဖန်တီးမှုကနေ ဂယ်လာဂါ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ပစ်ခ်ဖို့ဒ် ပုတ်ထုတ်နိုင်ခဲ့လို့ အဲဗာတန်တို့ သက်သာရာ ရခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဒဲ့လ်ဖ်နဲ့ ရစ်ချာလစ်ဆန်တို့နေရာမှာ ဂေါ်ဒန်နဲ့ ရွန်ဒွန်တို့ကို ထည့်ခဲ့ပြီး အဲဗာတန်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် သိပ်တော့ မထူးခဲ့လို ပဲလေ့စ်တို့ပဲ ဖိကစားနိုင်ခဲ့ပြီး ဇာဟာရဲ့ အတိုးအလှုပ်၊ ဖန်တီးမှုတွေနဲ့ အိမ်ရှင်တွေ ဦးဆောင်ဂိုးထပ်ရဖို့ နီးစပ်ခဲ့ပြီး ပိုဖိကစားလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ အိမ်ရှင်တွေ ထပ်မံဦးဆောင်ခဲ့ပြီး အာယူးရဲ့ ဖြတ်တင်ဘောကို ဂေါ့ဖရီ ပိတ်ဆို့ခဲ့ရလို့ ရခဲ့တဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ ဟယူးချ်က ကန်တင်ပေးခဲ့ရာမှာ ဂေးဟီနဲ့ အေဒူယာတို့နှစ်ဦး ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူနဲ့မှ မထိဘဲ ကျလာခဲ့တဲ့ ဘောလုံးကို တွမ်ကင်းစ်က သူ့ရှေ့အရောက်မှာ တစ်ချက်ထိန်းပြီး ထွက်ပိတ်တဲ့ ပစ်ခ်ဖို့ဒ်ထက်အရင် ကန်သွင်းနိုင်ခဲ့လို့ ပဲလေ့စ်တို့ ဒုတိယဂိုး ရရှိခဲ့တာပါ။

အဲဗာတန်ရဲ့ လူစားဝင်လာတဲ့ ဂေါ်ဒန်ကတော့ ကြိုးစားကစားပြီး ပဲလေ့စ်နောက်တန်းကို ဖိအားပေးနိုင်ခဲ့သလို ပွဲချိန် မိနစ် ၇၀ မှာတော့ သူတို့တွေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ကိုးလ်မန်းရဲ့ ဖြတ်တင်ဘောကို ဒူကူရေး ပိတ်သွင်းရာကနေ လူထိပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို လူစားဝင် တိုက်စစ်မှူး ရွန်ဒွန်က အနီးကပ်ပိတ်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပဲလေ့စ်တို့ အနိုင်သေချာစေဖို့အတွက် ဟယူးချ်နဲ့ အေဒူယာတို့အစား ရှလု(ပ်)နဲ့ ဘန်တီကီတို့ကို ထည့်သွင်းခဲ့သလို အဲဗာတန်တို့ကတော့ အဝေးဘောတွေနဲ့ ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့သလို ဧည့်သည်တွေကတော့ ချေပဂိုးရဖို့ ကြိုးစားနေခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ အဲဗာတန်ကပ္ပတိန် ကိုးလ်မန်းက အမြန်ကန်ခဲ့တဲ့ ဖရီးကစ်က မှားယွင်းသွားခဲ့ပြီး ဒါကို အဖတ်ဆည်နိုင်ဖို့ ဂိုမက်စ်က လိုက်လံရယူခဲ့ပေမယ့် အရှိန်လွန်လာချိန်မှာ ပဲလေ့စ်ကွင်းလယ်လူ ဂယ်လာဂါက ဖြတ်ယူသွားခဲ့ပြီးမှ ဟိုလ်ဂိတ်နဲ့ ကီးန်တို့ကြားကနေ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် အငိုက်မိခဲ့ပြီး တတိယဦးဆောင်ဂိုးနဲ့ တစ်ဖက်အသင်းကို ဦးချိုးနိုင်ခဲ့တာပါ။

ပွဲသိမ်းချိန်မှာတော့ ခရစ္စတယ်လ်ပဲလေ့စ်က သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး နည်းပြ ဗီယာရာကတော့ သူ့အသင်းဟောင်းကို ဒိုင်မျက်နှာသာပေးမှုနဲ့ အနိုင်ယူခဲ့တဲ့ အဲဗာတန်တို့ကို လက်စားချေပေးခဲ့တယ်လို့လည်း ပြောနိုင်ခဲ့သလို ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၂ နေရာကို ပြန်တက်လာနိုင်ခဲ့ပြီး ဘင်နီတက်ဇ်ရဲ့ ပြိုလဲနေတဲ့ အသင်းကတော့ သူ့ဘက်က နေမယ့် ဒိုင်နဲ့မတွေ့ချိန်မှာ အဆင့် ၁၄ ကို ပြန်ရောက်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ ဒဏ္ရာရွိေနၾကတဲ့ ေနာက္ခံလူ အန္ဒါဆန္နဲ႔ ကြင္းလယ္လူ မက္ကာသာတို႔ႏွစ္ေယာက္ကလြဲၿပီး လူစုံထုတ္ကစားခဲ့သလို တြမ္ကင္းစ္၊ ဂူဟီ၊ ဝါ့ဒ္၊ မစ္ခ်ဲလ္တို႔ရဲ႕ ခံစစ္ေရွ႕က ကူယာေတး၊ ေဝလ္ ဟယူးခ်္နဲ႔ ဂယ္လာဂါတို႔ကို ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဇာဟာ၊ အာယူးနဲ႔ ေအဒူယာတို႔သုံးဦးကို ပြဲထုတ္လာခဲ့ပါတယ္။

အဲဗာတန္ကေတာ့ ဘင္နီတက္ဇ္နဲ႔ အဆင္မေျပတဲ့ ေနာက္ခံလူ ဒီညီ၊ ဒဏ္ရာရေနတဲ့ မီနာ၊ အယ္လန္တို႔ လြဲေခ်ာ္ခဲ့လို႔ အရန္စစ္စစ္ႀကီး ဒဲ့လ္ဖ္ကို ကြင္းလယ္အဖ်က္ကစားခိုင္းခဲ့ရသလို သူ႔ေရွ႕ကေတာ့ ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲမွာ လူစားဝင္ၿပီး ေျခစြမ္းျပတဲ့ အန္ဒရီ ဂိုမက္စ္ကို ဒူကူေရးနဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂေရး၊ ရစ္ခ်ာလစ္ဆန္နဲ႔ ေတာင္းဆန္းတို႔ လူစုံခဲ့တာကို ေတြ႕ရပါတယ္။

ပဲေလ့စ္တို႔က ေဘာလုံးကိုင္ကစားခဲ့ခ်ိန္မွာ အဲဗာတန္ကေတာ့ ရစ္ခ်ာလစ္ဆန္၊ ဂေရးတို႔ရဲ႕ အျမန္ႏႈန္းနဲ႔ လွည့္စားႏိုင္မႈကို အားကိုးၿပီး ေကာင္တာ ကစားခဲ့သလို ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ေအဒူယာရဲ႕ ျဖတ္တင္ေဘာကေန အာယူးက စတင္ၿခိမ္းေျခာက္ခဲ့ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ အာယူးရဲ႕ ျဖတ္တင္ေဘာကေန ဇာဟာ ကန္သြင္းတာကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ခဲ့ရၿပီး ကြင္းလယ္မွာ ဂယ္လာဂါ ေျခစြမ္းျပႏိုင္ခဲ့သလို ဇာဟာကေတာ့ ျပႆနာရွာေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၁ မိနစ္နဲ႔ ၃၂ မိနစ္ေတြမွာေတာ့ ဂေရးနဲ႔ အန္ဒရီ ဂိုမက္စ္တို႔ရဲ႕ ကန္သြင္းခ်က္ေတြကို ပဲေလ့စ္ဂိုးသမား ဂြိဳက္တာ ျပန္လည္ကာကြယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ အဲဗာတန္ဂိုးေရွ႕ကေန ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဂေရးက ေဘးနားက ဂိုမက္စ္ကို မေပးဘဲ ေနာက္ျပန္ေပးခဲ့ရာမွာ အာယူးက ျပန္ျဖတ္ယူသြားခဲ့ၿပီး ညာျခမ္းကေန အတြင္းကို ခ်ိဳးေပးခဲ့ရာမွာ ဂယ္လာဂါက အနီးကပ္ကန္သြင္းၿပီး ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနတဲ့ မွတ္တမ္းကို ရပ္တန႔္ခဲ့သလို ပဲေလ့စ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ အဲဗာတန္တို႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဗီယာရာရဲ႕ ခရစၥတယ္လ္ပဲေလ့စ္တို႔ ဆဲလ္ဟာ့စ္ပါ့ခ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဧည့္သည္နည္းျပ ဘင္နီတက္ဇ္ကေတာ့ သူ႔ရဲ႕ ရာထူးအတြက္ စိုးရိမ္ရတဲ့ အေနအထားကို ေရာက္ရွိေနခဲ့သလို ကယ္တင္မယ့္သူ ရွိႏိုင္ပါ့မလားလို႔ ေတြးစရာျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းျပန္စအၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ေဂဟီ ေပးတာကို ဂယ္လာဂါက ဖန္တီးေပးခဲ့ရာမွာ ေအဒူယာ အသုံးမခ်ႏိုင္ခဲ့လို႔ ပဲေလ့စ္တို႔ တစ္ဂိုးနစ္နာခဲ့ရသလို သုံးမိနစ္အၾကာမွာ အာယူးရဲ႕ ဖန္တီးမႈကေန ဂယ္လာဂါ ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ႏိုင္ခဲ့လို႔ အဲဗာတန္တို႔ သက္သာရာ ရခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ဒဲ့လ္ဖ္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ေနရာမွာ ေဂၚဒန္နဲ႔ ႐ြန္ဒြန္တို႔ကို ထည့္ခဲ့ၿပီး အဲဗာတန္တို႔ တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ သိပ္ေတာ့ မထူးခဲ့လို ပဲေလ့စ္တို႔ပဲ ဖိကစားႏိုင္ခဲ့ၿပီး ဇာဟာရဲ႕ အတိုးအလႈပ္၊ ဖန္တီးမႈေတြနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ဂိုးထပ္ရဖို႔ နီးစပ္ခဲ့ၿပီး ပိုဖိကစားလာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ထပ္မံဦးေဆာင္ခဲ့ၿပီး အာယူးရဲ႕ ျဖတ္တင္ေဘာကို ေဂါ့ဖရီ ပိတ္ဆို႔ခဲ့ရလို႔ ရခဲ့တဲ့ ေထာင့္ကန္ေဘာကို ကြင္းလယ္လူ ဟယူးခ်္က ကန္တင္ေပးခဲ့ရာမွာ ေဂးဟီနဲ႔ ေအဒူယာတို႔ႏွစ္ဦး ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘယ္သူနဲ႔မွ မထိဘဲ က်လာခဲ့တဲ့ ေဘာလုံးကို တြမ္ကင္းစ္က သူ႔ေရွ႕အေရာက္မွာ တစ္ခ်က္ထိန္းၿပီး ထြက္ပိတ္တဲ့ ပစ္ခ္ဖို႔ဒ္ထက္အရင္ ကန္သြင္းႏိုင္ခဲ့လို႔ ပဲေလ့စ္တို႔ ဒုတိယဂိုး ရရွိခဲ့တာပါ။

အဲဗာတန္ရဲ႕ လူစားဝင္လာတဲ့ ေဂၚဒန္ကေတာ့ ႀကိဳးစားကစားၿပီး ပဲေလ့စ္ေနာက္တန္းကို ဖိအားေပးႏိုင္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ သူတို႔ေတြ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ကိုးလ္မန္းရဲ႕ ျဖတ္တင္ေဘာကို ဒူကူေရး ပိတ္သြင္းရာကေန လူထိၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို လူစားဝင္ တိုက္စစ္မႉး ႐ြန္ဒြန္က အနီးကပ္ပိတ္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပဲေလ့စ္တို႔ အႏိုင္ေသခ်ာေစဖို႔အတြက္ ဟယူးခ်္နဲ႔ ေအဒူယာတို႔အစား ရွလု(ပ္)နဲ႔ ဘန္တီကီတို႔ကို ထည့္သြင္းခဲ့သလို အဲဗာတန္တို႔ကေတာ့ အေဝးေဘာေတြနဲ႔ ျပန္လည္ၿခိမ္းေျခာက္ခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၉၀ ျပည့္တဲ့အထိ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့သလို ဧည့္သည္ေတြကေတာ့ ေခ်ပဂိုးရဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ အဲဗာတန္ကပၸတိန္ ကိုးလ္မန္းက အျမန္ကန္ခဲ့တဲ့ ဖရီးကစ္က မွားယြင္းသြားခဲ့ၿပီး ဒါကို အဖတ္ဆည္ႏိုင္ဖို႔ ဂိုမက္စ္က လိုက္လံရယူခဲ့ေပမယ့္ အရွိန္လြန္လာခ်ိန္မွာ ပဲေလ့စ္ကြင္းလယ္လူ ဂယ္လာဂါက ျဖတ္ယူသြားခဲ့ၿပီးမွ ဟိုလ္ဂိတ္နဲ႔ ကီးန္တို႔ၾကားကေန ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အငိုက္မိခဲ့ၿပီး တတိယဦးေဆာင္ဂိုးနဲ႔ တစ္ဖက္အသင္းကို ဦးခ်ိဳးႏိုင္ခဲ့တာပါ။

ပြဲသိမ္းခ်ိန္မွာေတာ့ ခရစၥတယ္လ္ပဲေလ့စ္က သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိၿပီး နည္းျပ ဗီယာရာကေတာ့ သူ႔အသင္းေဟာင္းကို ဒိုင္မ်က္ႏွာသာေပးမႈနဲ႔ အႏိုင္ယူခဲ့တဲ့ အဲဗာတန္တို႔ကို လက္စားေခ်ေပးခဲ့တယ္လို႔လည္း ေျပာႏိုင္ခဲ့သလို ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၁၂ ေနရာကို ျပန္တက္လာႏိုင္ခဲ့ၿပီး ဘင္နီတက္ဇ္ရဲ႕ ၿပိဳလဲေနတဲ့ အသင္းကေတာ့ သူ႔ဘက္က ေနမယ့္ ဒိုင္နဲ႔မေတြ႕ခ်ိန္မွာ အဆင့္ ၁၄ ကို ျပန္ေရာက္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.