Match Report Premier League

ဒီလူတွေနဲ့ ဘာမှမဖြစ်နိုင်သေးကြောင်း နယူးကာဆယ်လ်ကို ပညာပေးခဲ့တဲ့ လက်စတာ

လက်စတာအသင်းအနေနဲ့ အိမ်ကွင်းမှာ အမွေးတုံးနေတဲ့ ငှက်ကျားကို ရိုက်ချက်စားဖို့အတွက် ဗာဒီကလွဲလို့ လူစုံထုတ်လာခဲ့ပြီး ဒါကာကို အထောင်နေရာမှာ ထားခဲ့သလို အန်ဒီဒီ၊ တီးလီးမန်းစ်တို့ရဲ့ ကွင်းလယ်ကို လူငယ်ခြေတက် ဂျူးစ်ဘာရီ-ဟောလ်နဲ့တွဲပေးခဲ့သလို တောင်ပံမှာတော့ မက်ဒီဆန်နဲ့ ဘန်းစ်တို့က တာဝန်ယူပြီး ကစားခဲ့ကြပါတယ်။

နယူးကာဆယ်လ်နည်းပြ အက်ဒီဟောင်းကတော့ ဆော်ဒီပိုင်အသင်းနဲ့ ၃-၅-၂ ဆိုတာ ဂုဏ်ငယ်တယ်လို့ ထင်နေပုံရပြီး ကွင်းလယ်အဖျက်မပါတဲ့ ၄-၄-၂ Flat ကို ပြန်သုံးခဲ့သလို ဝီလော့ခ်၊ ရှယ်လ်ဗီ၊ မက်ဒီဆန်၊ အယ်လ်မီရွန်တို့ကို ကွင်းလယ်မှာ ထားခဲ့ပြီး တိုက်စစ်မှာတော့ ဝီလ်ဆန်နဲ့ ဂျိုလင်တန်တို့ကို ထားပြီး မြေခွေးတွေကို တုံ့ပြန်ဖို့ ကြိုးစားခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာ အယ်လ်မီရွန်က ဂိုးပိုက်ဘေးကို စတင်ခြိမ်းခြောက်ခဲ့ပြီး ဒီမတိုင်ခင်ကလေးမှာပဲ ကပ်ပြီး ပေါင်နောက်ကြောဒဏ်ရာ ရသွားတဲ့ ပုံစံနဲ့ ကွင်းဘေးစည်းမှာ ထိုင်ချခဲ့ရတဲ့ လက်စတာနောက်ခံလူ ဂျွန်နီ အီဗန်စ်ကိုတော့ ပွဲချိန် ၆ မိနစ်အရောက်မှာ ဆက်ကစားလို့ မဖြစ်တာကြောင့် ဆူမာရေးကို လူစားထည့်သွင်းခဲ့ပြီး ကွင်းလယ်အဖျက်က အန်ဒီဒီကို သူ့နေရာ ခံစစ်ဗဟိုမှာ ဆင်းကစားခိုင်းခဲ့ရပါတယ်။

ပွဲအစပိုင်းမှာ ဝီလ်ဆန်နဲ့ ဂျိုလင်တန်တို့ရဲ့ ဘော်ဒီအားသာချက်နဲ့ တိုးအားတွေကို လက်စတာနောက်တန်းက သိပ်မယှဉ်နိုင်ဘဲဖြစ်နေခဲ့ပြီး ဆိုယွန်ကျူတို့အဖွဲ့ အလဲလဲအကွဲကွဲဖြစ်နေခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာမှ မက်ဒီဆန်က ဘားပေါ်က ကပ်ကျော်သွားတဲ့ ဖရီးကစ်နဲ့ တုံ့ပြန်နိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဖရီးကစ်ကနေ ခေါင်းတိုက်ခွင့်ရတဲ့ အန်ဒီဒီက လွဲချော်ခဲ့ပြန်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ရဲ့ ရိုးရာမပျက်မှုနဲ့အတူ အသင်းခေါင်းဆောင် လာဆဲလက်စ်က မက်ဒီဆန်ကို ခြေထိုးခံခဲ့လို့ နယူးကာဆယ်လ်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ တစ်မိနစ်အကြာ အတည်ပြုမှုတွေအပြီးမှာ တီးလီးမန်းစ်က ညာဘက်တိုင်ခြေကို ဒိုင်ပစ်တဲ့ ဒူဘရက်ဗ်ကာနဲ့ ထောင့်ဖြတ်ဖြစ်တဲ့ ဘယ်ဘက်အပေါ်ထောင့်ကို အမြင့်ဘော ကန်သွင်းယူသွားခဲ့ပြီး လက်စတာတို့ စတင်ဦးဆောင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ တောင်ပံက စန်မက်ဇီမန်ရဲ့ ဖန်တီးမှုတွေကို ဝီလော့ခ်နဲ့ နယူးကာဆယ်လ်တိုက်စစ်တွေ အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုး ပြန်ရှာဖွေဖို့ မဖြစ်နိုင်ခဲ့ဘဲ လက်စတာစီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်း ကင်းပါဝါမှာ ဒီတစ်ပတ်ရဲ့ ၇ လုံးမြောက် ပင်နယ်တီနဲ့ ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီးမှာတော့ နယူးကာဆယ်လ်တို့ ဘောလုံးကို ခြေထဲထားပြီး ထိုးဖောက်ဖို့ ကြိုးစားလာခဲ့ပေမယ့် ပေါင်သန်း ၄၀ တန်ဂျင်း ဂျိုလင်တန်ရဲ့ အလုပ်မဖြစ်မှုတွေကြောင့် မတုံ့ပြန်နိုင်ဘဲဖြစ်ခဲ့သလို ဂိုးသွင်းမှတ်တမ်းလည်း တစ်သက်လုံးမကောင်းခဲ့ဖူးတဲ့ ဘရာဇီးလ်သားကို ငှက်ကျားတွေ ဘာဖြစ်လို့ ဒီလောက်ပေးပြီး ခေါ်ယူခဲ့တာလဲဆိုတာကတော့ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ လက်စတာတို့ ထိုးဖောက်လာခဲ့ပြီး လူကျွံဘောဖမ်းရာမှာ ကျန်နေခဲ့တဲ့ မန်ကီးယိုကြောင့် မက်ဒီဆန်ရဲ့ ပေးပို့မှုကို ဘယ်ခြမ်းကနေ အေးအေးဆေးဆေး ပြေးထွက်ရယူခဲ့တဲ့ ဟာဗီဘန်းစ်က ဂိုးသမားနဲ့ အတွေ့မှာ လွတ်နေတဲ့ အလယ်က ဒါကာဆီ ချိုးပေးရာမှာ ဇမ်ဘီယာသားက သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဂိုးနဲ့ အသင်းကို နှစ်ဂိုး-ဂိုးမရှိ ဦးဆောင်စေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ နယူးကာဆယ်လ်ဘက်က ဝီလော့ခ်နဲ့ စန်မက်ဇီမန်တို့ ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့ပြီး မန်ကီးယိုရဲ့ ဖြတ်တင်ဘောနဲ့ ရှယ်လ်ဗီရဲ့ အဝေးကန်ချက်တွေကိုလည်း လက်စတာခံစစ်နဲ့ ပူးပေါင်းပိတ်ဆို့သွားနိုင်ခဲ့လို့ အိမ်ရှင်တို့ Clean Sheet ရဖို့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ကိုယ့်ဂိုးသမား ဘယ်နားနေမှန်းမသိဘဲနဲ့ ဂိုးထဲကို ခပ်ပြင်းပြင်း ပြန်ပေးတဲ့ ညာနောက်ခံလူ ကက်စတာညာကြောင့် ရှမိုက်ကယ်တစ်ယောက် နောက်ကို အသည်းအသန်ပြန်ပြေးပြီးမှ ဂိုးစည်းပေါ်က ဖျက်ထုတ်ခဲ့ရသလို ဒိန်းမတ်သားဂိုးသမားအတွက်တော့ ဒီနေ့မှာက အပြင်ရန်တင် မကဘဲ အတွင်းရန်ကိုပါ တွေ့ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ညာခြမ်းက မန်ကီးယို လူပေးမှားရာကနေ လက်စတာတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ဒါကာက ဘယ်ခြမ်းကနေ အတွင်းကို ချိုးပေးရာမှာ ကန်ခွင့်မသာခဲ့တဲ့ မက်ဒီဆန်က တီးလီးမန်းစ်ဆီ ထပ်ပြီး ထိုးပေးခဲ့ရာမှာ ဘယ်လ်ဂျီယမ်သားက ထွက်ပိတ်ဖို့ ကြိုးစားတဲ့ ဂိုးသမား ဒူဘရက်ဗ်ကာပေါ်ကနေ ကန်သွင်းပြီး သူ့အတွက် ဒီနေ့မှာ ဒုတိယမြောက် သွင်းဂိုးကို ထပ်မံရပြီး အိမ်ရှင်တွေ တတိယဦးဆောင်ဂိုး ရရှိခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ လက်စတာတို့ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး နယူးကာဆယ်လ်ကွင်းခြမ်းမှာ ဂျင်းလင်တန် မလိုအပ်ဘဲ ထိန်းသိမ်းပြီး ဘောလုံးပျက်ရာကနေ ပြန်ရသွားခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆန်က တိုက်စစ်မှူး ဒါကာနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို ဝင်သွားခဲ့လို့ အိမ်ရှင်တွေ ပြတ်ပြတ်သားသား ပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လက်စတာတို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အနိုင်သုံးမှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ကြပြီး ယူရိုပါလိဂ်က ထွက်ခဲ့ရမှုအတွက် ပေါက်ကွဲပြနိုင်ခဲ့ကြချိန်မှာ ဆော်ဒီပိုင် နယူးကာဆယ်လ်ကတော့ ဂိုးကွာခြားချက်အသာနဲ့ နော့ဝစ်ချ်ရဲ့ အထက် တန်းဆင်းဇုန် အဆင့် ၁၉ မှာ ဘန်လေအောက်ကနေ တစ်မှတ်အကွာ ၁၀ မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာအသင္းအေနနဲ႔ အိမ္ကြင္းမွာ အေမြးတုံးေနတဲ့ ငွက္က်ားကို ႐ိုက္ခ်က္စားဖို႔အတြက္ ဗာဒီကလြဲလို႔ လူစုံထုတ္လာခဲ့ၿပီး ဒါကာကို အေထာင္ေနရာမွာ ထားခဲ့သလို အန္ဒီဒီ၊ တီးလီးမန္းစ္တို႔ရဲ႕ ကြင္းလယ္ကို လူငယ္ေျခတက္ ဂ်ဴးစ္ဘာရီ-ေဟာလ္နဲ႔တြဲေပးခဲ့သလို ေတာင္ပံမွာေတာ့ မက္ဒီဆန္နဲ႔ ဘန္းစ္တို႔က တာဝန္ယူၿပီး ကစားခဲ့ၾကပါတယ္။

နယူးကာဆယ္လ္နည္းျပ အက္ဒီေဟာင္းကေတာ့ ေဆာ္ဒီပိုင္အသင္းနဲ႔ ၃-၅-၂ ဆိုတာ ဂုဏ္ငယ္တယ္လို႔ ထင္ေနပုံရၿပီး ကြင္းလယ္အဖ်က္မပါတဲ့ ၄-၄-၂ Flat ကို ျပန္သုံးခဲ့သလို ဝီေလာ့ခ္၊ ရွယ္လ္ဗီ၊ မက္ဒီဆန္၊ အယ္လ္မီ႐ြန္တို႔ကို ကြင္းလယ္မွာ ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝီလ္ဆန္နဲ႔ ဂ်ိဳလင္တန္တို႔ကို ထားၿပီး ေျမေခြးေတြကို တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာ အယ္လ္မီ႐ြန္က ဂိုးပိုက္ေဘးကို စတင္ၿခိမ္းေျခာက္ခဲ့ၿပီး ဒီမတိုင္ခင္ကေလးမွာပဲ ကပ္ၿပီး ေပါင္ေနာက္ေၾကာဒဏ္ရာ ရသြားတဲ့ ပုံစံနဲ႔ ကြင္းေဘးစည္းမွာ ထိုင္ခ်ခဲ့ရတဲ့ လက္စတာေနာက္ခံလူ ဂြၽန္နီ အီဗန္စ္ကိုေတာ့ ပြဲခ်ိန္ ၆ မိနစ္အေရာက္မွာ ဆက္ကစားလို႔ မျဖစ္တာေၾကာင့္ ဆူမာေရးကို လူစားထည့္သြင္းခဲ့ၿပီး ကြင္းလယ္အဖ်က္က အန္ဒီဒီကို သူ႔ေနရာ ခံစစ္ဗဟိုမွာ ဆင္းကစားခိုင္းခဲ့ရပါတယ္။

ပြဲအစပိုင္းမွာ ဝီလ္ဆန္နဲ႔ ဂ်ိဳလင္တန္တို႔ရဲ႕ ေဘာ္ဒီအားသာခ်က္နဲ႔ တိုးအားေတြကို လက္စတာေနာက္တန္းက သိပ္မယွဥ္ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ဆိုယြန္က်ဴတို႔အဖြဲ႕ အလဲလဲအကြဲကြဲျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာမွ မက္ဒီဆန္က ဘားေပၚက ကပ္ေက်ာ္သြားတဲ့ ဖရီးကစ္နဲ႔ တုံ႔ျပန္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဖရီးကစ္ကေန ေခါင္းတိုက္ခြင့္ရတဲ့ အန္ဒီဒီက လြဲေခ်ာ္ခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ ရဲ႕ ႐ိုးရာမပ်က္မႈနဲ႔အတူ အသင္းေခါင္းေဆာင္ လာဆဲလက္စ္က မက္ဒီဆန္ကို ေျခထိုးခံခဲ့လို႔ နယူးကာဆယ္လ္တို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ တစ္မိနစ္အၾကာ အတည္ျပဳမႈေတြအၿပီးမွာ တီးလီးမန္းစ္က ညာဘက္တိုင္ေျခကို ဒိုင္ပစ္တဲ့ ဒူဘရက္ဗ္ကာနဲ႔ ေထာင့္ျဖတ္ျဖစ္တဲ့ ဘယ္ဘက္အေပၚေထာင့္ကို အျမင့္ေဘာ ကန္သြင္းယူသြားခဲ့ၿပီး လက္စတာတို႔ စတင္ဦးေဆာင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ေတာင္ပံက စန္မက္ဇီမန္ရဲ႕ ဖန္တီးမႈေတြကို ဝီေလာ့ခ္နဲ႔ နယူးကာဆယ္လ္တိုက္စစ္ေတြ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ေခ်ပဂိုး ျပန္ရွာေဖြဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ လက္စတာစီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္း ကင္းပါဝါမွာ ဒီတစ္ပတ္ရဲ႕ ၇ လုံးေျမာက္ ပင္နယ္တီနဲ႔ ဦးေဆာင္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီးမွာေတာ့ နယူးကာဆယ္လ္တို႔ ေဘာလုံးကို ေျခထဲထားၿပီး ထိုးေဖာက္ဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ ေပါင္သန္း ၄၀ တန္ဂ်င္း ဂ်ိဳလင္တန္ရဲ႕ အလုပ္မျဖစ္မႈေတြေၾကာင့္ မတုံ႔ျပန္ႏိုင္ဘဲျဖစ္ခဲ့သလို ဂိုးသြင္းမွတ္တမ္းလည္း တစ္သက္လုံးမေကာင္းခဲ့ဖူးတဲ့ ဘရာဇီးလ္သားကို ငွက္က်ားေတြ ဘာျဖစ္လို႔ ဒီေလာက္ေပးၿပီး ေခၚယူခဲ့တာလဲဆိုတာကေတာ့ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ လက္စတာတို႔ ထိုးေဖာက္လာခဲ့ၿပီး လူကြၽံေဘာဖမ္းရာမွာ က်န္ေနခဲ့တဲ့ မန္ကီးယိုေၾကာင့္ မက္ဒီဆန္ရဲ႕ ေပးပို႔မႈကို ဘယ္ျခမ္းကေန ေအးေအးေဆးေဆး ေျပးထြက္ရယူခဲ့တဲ့ ဟာဗီဘန္းစ္က ဂိုးသမားနဲ႔ အေတြ႕မွာ လြတ္ေနတဲ့ အလယ္က ဒါကာဆီ ခ်ိဳးေပးရာမွာ ဇမ္ဘီယာသားက သူ႔ရဲ႕ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ဂိုးနဲ႔ အသင္းကို ႏွစ္ဂိုး-ဂိုးမရွိ ဦးေဆာင္ေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ နယူးကာဆယ္လ္ဘက္က ဝီေလာ့ခ္နဲ႔ စန္မက္ဇီမန္တို႔ ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး မန္ကီးယိုရဲ႕ ျဖတ္တင္ေဘာနဲ႔ ရွယ္လ္ဗီရဲ႕ အေဝးကန္ခ်က္ေတြကိုလည္း လက္စတာခံစစ္နဲ႔ ပူးေပါင္းပိတ္ဆို႔သြားႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ Clean Sheet ရဖို႔ ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ကိုယ့္ဂိုးသမား ဘယ္နားေနမွန္းမသိဘဲနဲ႔ ဂိုးထဲကို ခပ္ျပင္းျပင္း ျပန္ေပးတဲ့ ညာေနာက္ခံလူ ကက္စတာညာေၾကာင့္ ရွမိုက္ကယ္တစ္ေယာက္ ေနာက္ကို အသည္းအသန္ျပန္ေျပးၿပီးမွ ဂိုးစည္းေပၚက ဖ်က္ထုတ္ခဲ့ရသလို ဒိန္းမတ္သားဂိုးသမားအတြက္ေတာ့ ဒီေန႔မွာက အျပင္ရန္တင္ မကဘဲ အတြင္းရန္ကိုပါ ေတြ႕ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ညာျခမ္းက မန္ကီးယို လူေပးမွားရာကေန လက္စတာတို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ဒါကာက ဘယ္ျခမ္းကေန အတြင္းကို ခ်ိဳးေပးရာမွာ ကန္ခြင့္မသာခဲ့တဲ့ မက္ဒီဆန္က တီးလီးမန္းစ္ဆီ ထပ္ၿပီး ထိုးေပးခဲ့ရာမွာ ဘယ္လ္ဂ်ီယမ္သားက ထြက္ပိတ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ဒူဘရက္ဗ္ကာေပၚကေန ကန္သြင္းၿပီး သူ႔အတြက္ ဒီေန႔မွာ ဒုတိယေျမာက္ သြင္းဂိုးကို ထပ္မံရၿပီး အိမ္ရွင္ေတြ တတိယဦးေဆာင္ဂိုး ရရွိခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လက္စတာတို႔ ေနာက္ထပ္ဦးေဆာင္ဂိုးတစ္ဂိုး ရယူႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္ကြင္းျခမ္းမွာ ဂ်င္းလင္တန္ မလိုအပ္ဘဲ ထိန္းသိမ္းၿပီး ေဘာလုံးပ်က္ရာကေန ျပန္ရသြားခဲ့တဲ့ ကြင္းလယ္လူ မက္ဒီဆန္က တိုက္စစ္မႉး ဒါကာနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမားရဲ႕ ဘယ္ဘက္ေထာင့္ထဲကို ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ ျပတ္ျပတ္သားသား ပြဲသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အႏိုင္သုံးမွတ္နဲ႔အတူ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ၾကၿပီး ယူ႐ိုပါလိဂ္က ထြက္ခဲ့ရမႈအတြက္ ေပါက္ကြဲျပႏိုင္ခဲ့ၾကခ်ိန္မွာ ေဆာ္ဒီပိုင္ နယူးကာဆယ္လ္ကေတာ့ ဂိုးကြာျခားခ်က္အသာနဲ႔ ေနာ့ဝစ္ခ်္ရဲ႕ အထက္ တန္းဆင္းဇုန္ အဆင့္ ၁၉ မွာ ဘန္ေလေအာက္ကေန တစ္မွတ္အကြာ ၁၀ မွတ္နဲ႔ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.