Analysis Premier League

မာတင် ကီးယွန်းနဲ့ ခရစ္စ ဆပ်တန်တို့ BBC အဖွဲ့ရဲ့ EPL အဆင့် ၄ နဲ့ အခြားသုံးသပ်ချက်များ

BBC Match Day ပရိုဂရမ်နဲ့ အင်္ဂလန်က နာမည်ကြီး ဘောလုံးတင်ဆက်သူတွေဖြစ်ကြတဲ့ အာဆင်နယ် ခံစစ်မှူးဟောင်း မာတင် ကီးယွန်းနဲ့ ဘလက်ဘန်း/ချဲလ်ဆီး/ဆဲလ်တစ် တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်တို့က ပရီးမီးယားလိဂ်ရဲ့ လက်ရှိအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေထဲက စိတ်ဝင်စားစရာတချို့နဲ့ ရာသီကုန်မှာ ဘာတွေဖြစ်မလဲဆိုတာတွေကို သုံးသပ်ပေးသွားခဲ့ပါတယ်။

၁။ သုံးကောင်တွဲ ဆက်ပြေးဖို့ ဖြစ်နိုင်ဦးမလား
CS: “မြင်ရတဲ့အတိုင်းဆိုရင်တော့ နှစ်ကောင်တည်းလို့ ဆိုရတော့မှာပါပဲ။ လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းနဲ့ စီးတီးကို လိုက်ပြီး ဖိအား ပေးဦးမှာပါ။ ချဲလ်ဆီးကိုတော့ ကျွန်တော့်အနေနဲ့ ရာသီအစက တူဟယ်လ်နဲ့ လူကာကူးတို့ကြောင့်ပဲ ချန်ပီယံဖြစ်ဖို့ တစ်ပေးခဲ့ပေမယ့် အခုတော့ သူတို့ နှစ်ယောက်ကြောင့်ပဲ လက်လျှော့ရတော့မယ် ထင်ပါတယ်။ ဂွါဒီယိုလာကတော့ သူ့ရဲ့ လေးကြိမ်မြောက် ချန်ပီယံအဖြစ် ပြင်ဆင်နေပြီပေါ့”

MK: “ကျွန်တော်ကတော့ ရာသီအစကတည်းက စီးတီးပဲ၊ ခုလည်း စီးတီးပဲ… စိတ်မပြောင်းပါဘူး။ သူတို့အနေနဲ့ ထိပ်ဆုံး Big Six နဲ့ ရလဒ်တွေ ကောင်းပြီး ဒီရာသီမှာ သူတို့တွေနဲ့ တွေ့တဲ့ အဝေးကွင်းတွေမှာ ၁၂ မှတ်ပဲ လျော့ခဲ့သလို နိုင်သင့်နိုင်ထိုက်သမျှ ယူခဲ့တာပါ။ လီဗာပူးလ်ကတော့ လက်ထဲမှာ တစ်ပွဲအကျန်နဲ့ ၆ မှတ်အကွာက လိုက်ဦးမယ်လို့ ပြောနိုင်ပါတယ်။ ရာသီမကုန်မချင်း ဘာကိုမှ အာမခံမထားနိုင်တဲ့အတွက် အလှည့်အပြောင်းတွေကို ရင်ဆိုင်နိုင်ဖို့ ဂွါဒီယိုလာနဲ့ မန်စီးတီးကစားသမားတွေ ကြိုးစားရမှာပါ”

၂။ အဆင့် ၄ အတွင်း ဝင်မှာ ဘယ်သူတွေလဲ
MK: “မန်ချက်စတာယူနိုက်တက်ကတော့ ဒီလူစာရင်းကြီးနဲ့ အဆင့် ၄ တော့ ရသင့်တယ်လို့ ထင်ပါတယ်။ စပါးစ်ကတော့ ပွဲကျန်လက်ထဲ ရှိနေပြီး ယူနိုက်တက်နဲ့ တွေ့မယ့်ပွဲက အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်တို့အနေနဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ မနိုင်တဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ကစားလိုက်တာက ယုံလို့ရတယ်လို့ ဆိုနိုင်ပြီး သူတို့တွေ ရာသီကုန်မှာ ရပ်တည်မှု ကောင်းနိုင်မယ် ထင်ပါတယ်”

CS: “ကျွန်တော်လည်း တူတူပါပဲ။ အဆင့် ၄ အတွက် ယူနိုက်တက်ကိုပဲ ထောက်ခံချင်ပါတယ်။ ရန်းနစ်ခ်ကို မယုံပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အင်အားကိုတော့ ယုံကြည်နိုင်ပါတယ်။ အခုက သူတို့တွေအနေနဲ့ ဖြစ်သင့်တဲ့ ခြေစွမ်းထက် နိမ့်ပါးနေသေးလို့သာ လက်ရှိအနေအထားမှာ ရှိနေတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့သာ လက်ရှိပုံစံထက် ပိုကောင်းလာမယ်ဆိုရင် သူတို့တွေအနေနဲ့ ရပ်တည်မှု မြင့်မားလာမှာပါ”

၃။ ယူနိုက်တက်ကို တစ်ပေးရင် ဝက်စ်ဟမ်း၊ စပါးစ်၊ အာဆင်နယ်တို့က ဘယ်လဲ
CS: “သူတို့ထဲမှာ အကောင်းဆုံးနည်းပြကို ပိုင်ဆိုင်ထားတဲ့ စပါးစ်ကို ယူနိုက်တက်ပြီးရင် အဆင့် ၄ ဝင်နိုင်တဲ့ အသင်းအဖြစ် အသိအမှတ ပြုရမှာပါ။ သူတို့ရဲ့ စီမံကိန်းအတွက် အကောင်းဆုံးသွားနိုင်ဖို့ ကျွန်တော့်ကို ယုံကြည်စေပါတယ်။ အန်တိုနီယို ကွန်တီက နိုင်ပွဲဖန်တီးရှင် အောင်စိတ်နဲ့ လူဖြစ်ပြီး သူတို့အသင်းကို နောက်တစ်ဆင့်မြင့်မားအောင် ဘုတ်အဖွဲ့ရဲ့ အကူအညီနဲ့ တွန်းတင်ပေးနိုင်မှာပါ။ ဒေးဗစ်မွိုက်စ်ကတော့ သူတို့ အသင်းမှာ ဖိအားမရှိလို့ လွတ်လွတ်လပ်လပ် ကြိုးစားလာနိုင်ပေမယ့် ကျွန်တော့်အတွက်က အရန်ထပ်ရွေးရရင် ကွန်တီရဲ့ အသင်းပါပဲ”

MK: “ဒီအတွက် ထင်ကြေးပေးဖို့ကတော့ ခက်ခက်ပဲဗျ… ယူနိုက်တက်နဲ့ဆိုရင် စုစုပေါင်း အသင်းလေးသင်းတောင် ရှိနေတာကိုး။ သူတို့တွေအနေနဲ့ ၂၀၁၃ ကတည်းက ချန်ပီယံအဆင့်မှာ မရှိတော့ဘဲ လျှောကျလာခဲ့အပြီးမှာ ပြန်ကြိုးစားနေရတုန်းပါပဲ။ စပါးစ်ကတော့ ၂၀၀၈ က ဖလားတစ်လုံး ရဖူးပြီး ဝက်စ်ဟမ်းက ဖလားမရတာ ၁၉၈၀ ကတည်းကပဲ။ ကျွန်တော်ကတော့ နောက်ထပ်ဖြစ်နိုင်မယ့်အသင်းဆိုရင် အာဆင်နယ်ကိုပဲ ရွေးမှာပါ”

၄။ စပါးစ်အတွက် ကွန်တီ ဘာတွေ ပြင်ဆင်ဖို့ လိုနေသလဲ
MK: “ကွန်တီကတော့ သူဘာလိုလဲဆိုတာ သူသိပြီး ကွန်တေ၊ ရူဒီဂါ၊ အလွန်ဆိုနဲ့ ဂျီရူးတို့လို ကစားသမားတွေကို ချဲလ်ဆီးဆီ ခေါ်ခဲ့ဖူးသလို လူကာကူးကိုလည်း အင်တာမီလန်ဆီ မ,ခဲ့ဖူးသူဖြစ်ပါတယ်။ စပါးစ်တို့အနေနဲ့တော့ ကွန်တီ့ကို ဈေးကွက်ထဲမှာ ငွေသုံးခွင့် ပေးလိုက်ရုံနဲ့ ကြီးကြီးမားမား ပြောင်းလဲတိုးတက်လာနိုင်ပြီး ဒါက သူတို့ကို အဆင့် ၄ ဝင်စေမယ့် အရာပါ”

CS: “ဟာရီကိန်းက ကမ္ဘာ့အဆင့်ဆို ဆွန်ဟောင်မင်က ဆရာကြီးဖြစ်ပြီး ဘာ့ဂ်ဗိုင်းက ခြေစွမ်းခြေစရှိသူလို့ ဆိုမယ့်အချိန်မှာ ကျန်တဲ့ ကစားသမား တော်တော်များများက ဒီထက်ကောင်းဖို့ လိုနေတာပါ။ ကွန်တီအနေနဲ့ ခံစစ်သမားကောင်းတွေရယ် ကွင်းလယ်ဖန်တီးရှင်တွေရယ် လိုနေပါတယ်။ ဟာရီ ဝင့်ခ်စ်က ကောင်းတယ်ဆိုပေမယ့် အများကြီး လိုပါသေးတယ်။ သူ့ကို ငွေမပေးဘူးဆိုရင်တော့ ကွန်တီ လစ်သွားနိုင်ပြီး ဒါက သိပ်တော့ မဆန်းပါဘူး”

၅။ အာတီတာနဲ့ အူဘာမီယန်းကို ပြေလည်နိုင်ဦးမှာလား
MK: “နောက်ဆုံးလေးပွဲမှာ အာဆင်နယ်တို့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ သိပ်ကောင်းတဲ့ လူငယ်တွေ ပိုင်ဆိုင်ထားပေမယ့် ဦးဆောင်မယ့် အရည်အသွေးမြင့် ဝါရင့်တိုက်စစ်မှူး မရှိဘူးဖြစ်နေတယ်။ အာတီတာက အူဘာမီယန်းရဲ့ လက်ပတ်ကို ဖြုတ်လိုက်တာ တော်တော်ကြမ်းတဲ့ အကွက်လို့ ဆိုလို့ရပြီး အသင်းရဲ့ အနာဂတ်အတွက်တော့ သူ့အနေနဲ့ ဒါကို ပြေလည်အောင် လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ သူရောက်စက အူဘာမီယန်းရဲ့ အစွမ်းနဲ့ အက်ဖ်အေဖလားကို ရလိုက်တာ မမေ့သင့်ပါဘူး။ အာဆင်နယ်အသင်းအနေနဲ့လည်း သူ့ရဲ့ ဂိုးတွေကို လိုအပ်မှာပါ”

CS: “မဟုတ်သေးဘူး ထင်တယ် မာတင်… အာတီတာက ဒီအသင်းမှာ ဘုတ်အဖွဲ့ ထောက်ခံမှုကို ရထားတဲ့ ဆရာကြီးနော်။ အိုဇေးလ်နဲ့ ဂွန်ဒူဇီတို့ ပြဿနာတွေမှာလည်း သူ့ဘက်က ပြတ်ပြတ်သားသား အနိုင်ယူခဲ့တယ်။ ခုလည်း ဘုတ်အဖွဲ့က သူ့ကို စာချုပ်သစ်ပေးဖို့ လုပ်နေပြန်ပြီဆိုတော့ ဘာဖြစ်ဖြစ် အပြည့်အဝ ဇွတ်တိုးသွားနိုင်တဲ့ သဘောပဲ။ ပြီးတော့ အူဘာမီယန်းနဲ့ ဂျိန်းခဲ့တာက ပြန်လှည့်လို့ရနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ လာကာဇက် ဂိုးမသွင်းရင် ဂိုးသွင်းမယ့်သူကို ရှာရမှာပဲဖြစ်ပြီး အူဘာနဲ့တော့ ဇာတ်လမ်းဖြတ်တာကပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

၆။ ဒီရာသီမှာ ဘယ်သူက စိတ်ပျက်စရာအကောင်းဆုံးလဲ
CS: “လူကာကူးပေါ့ဗျာ။ ရာသီအစကတော့ သူဟာ ချဲလ်ဆီးရှေ့တန်းတွေထဲမှာ ကွဲပြားခြားနားတဲ့သူအဖြစ် ရလဒ်ကောင်းတွေကို ပွဲတိုင်းပဲ ယူပေးတော့မလိုလိုနဲ့ နောက်တော့ ဂိုးတွေပါ ပျောက်ပြီး ချန်ပီယံလောင်းစာရင်းထဲက ထွက်သွားစေခဲ့တာပါ။ စက်တင်ဘာကလည်းက ပရီးမီးယားလိဂ်ဂိုးနှစ်ဂိုးပဲ ရသေးပြီး နည်းပြ တူဟယ်လ်ကိုလည်း အင်တာဗျူးမှာ ဖဲ့ခဲ့သေးတယ်ဆိုတော့ သူက ကျွန်တော့်အတွက် စိတ်ပျက်စရာအကောင်းဆုံးပါပဲ”

MK: “ကျွန်တော့်အတွက်တော့ ဂျေဒန် ဆန်ချိုပါ။ သူ့ရဲ့ ပြသခဲ့ဖူးတဲ့ စွမ်းဆောင်ရည်တွေက အတော်လေးကြီးမားခဲ့သလောက် လက်ရှိမှာတော့ စိတ်ပျက်စရာပုံစံကိုပဲ ပြသနေခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်ရာသီဝက်မှာ သူ့အနေနဲ့ ဒါကို ပြောင်းလဲနိုင်ရင် ယူနိုက်တက်တို့အတွက် တော်တော်လေး ကောင်းလာနိုင်မှာဖြစ်ပါတယ်”

၇။ လက်ရှိအခြေအနေမှာ အကောင်းဆုံး စွမ်းနိုင်သူက ဘယ်သူလဲ
MK: “ဒီယိုဂို ဂျိုတာကို ကျွန်တော်တော့ ရွေးချင်ပါတယ်။ သူက လီဗာပူးလ်အသင်းနဲ့ စာချုပ်ခေါ်ယူလိုက်ကတည်းက တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဒဏ်ရာရခဲ့ပေမယ့်လည်း ပုံစံကောင်းဆီ ပြန်လာနိုင်ခဲ့တာပါ။ သူ့ကို ဘာဖြစ်လို့ နည်းပြ ယာဂန် ကလော့ပ်က ခေါ်ယူဖို့ ငမ်းငမ်းတက်ဖြစ်ခဲ့တာလဲဆိုတာ အားလုံးက အဖြေရလောက်ပြီဖြစ်ပြီး အသင်းရဲ့ ရှေ့တန်းမှာ ဆာလား၊ မာနေးတို့နဲ့အတူ ဦးစားပေးဖြစ်နေပါပြီ”

CS: “ကျွန်တော့်အတွက်ကတော့ ဒက်ကလန် ရိုက်စ်ပါပဲ။ ယူရို ၂၀၂၀ မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလိပ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အရင်က ဗဟိုခံစစ်လို့ ထင်ခဲ့ရပေမယ့် လက်ရှိမှာတော့ အကောင်းဆုံး ကွင်းလယ်လူဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ Box to Box ကစားပုံနဲ့ တစ်ဖက် ကစားသမားတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်တဲ့ အစွမ်းက ဂိုးပေါက်ခြိမ်းခြောက်နိုင်သူလည်းဖြစ်လာစေခဲ့ပါတယ်။ သူ့ကြောင့် မဟုတ်ရင် ဝက်စ်ဟမ်းတို့နဲ့ ထိပ်ဆုံးလေးသင်းက ဘုန်းကြီးနဲ့ ဘီးလို ဆိုင်တော့မှာ မဟုတ်ပါဘူး”

၈။ VAR ကို တိုးတက်ဖို့ ဘာတွေ လုပ်သင့်သလဲ
CS: “ကစားသမားဟောင်းတွေကို ဒီနေရာမှာ ပြန်ပြီး တာဝန်ပေး ပါဝင်စေသင့်ပါတယ်။ VAR ကို ကူညီဖို့ အဆင်သင့်ဖြစ်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ဘောလုံးကစားဖူးတဲ့သူမှ ပြီးခဲ့တဲ့ ပဲလေ့စ်ပွဲမှာ ဂိုးသမားက ဂျိုတာကို ဖောင်းမလုပ်ခဲ့ဘူးဆိုတာကို သိမှာပါ။ VAR ဒိုင် ခရိတ် ပေါ်ဆန်ရဲ့ ဆေးထိုးမှုမှာ ကီဗင် ဖရန့်က ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်မခိုင်မာခဲ့သလို သူတို့ချင်းလည်း တကယ်တမ်း ထိခိုက်မှု နည်းခဲ့ပါတယ်။ ဒါက ကစားသမားချင်းမှ မြင်နိုင်သိနိုင်မှာပါ”

MK: “ဟုတ်တယ် ခရစ္စ၊ ခင်ဗျားပြောတဲ့ ဒီလို ကစားသမားဟောင်းတွေ ပါလာရမယ့် ပုံစံကိုတော့ ကျွန်တော် တကယ်ကြိုက်မိတယ်။ VAR နဲ့ ဆုံးဖြတ်မယ်ဆိုရင် ကွင်းထဲမှာ ဘယ်လိုကစားကြတယ်ဆိုတာ သိတဲ့ ကစားသမားဟောင်းတွေမှ အဆင်ပိုပြေမယ်။ ဘယ်သူက ဘာဆိုတာ သူတို့ဆိုရင် ပိုသိမှာပဲလေ။ ပြီးတော့ မော်နီတာကို သွားကြည့်ရင်လည်း ဒိုင်လူကြီးက စတော့ခ်လီပါ့ခ်က VAR ဒိုင်ရဲ့ အကြံပေးတာကို မခံဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရမယ်ဗျ။ တကယ်တော့ VAR က ဝင်ပြောဖို့ဆိုတာ ဒိုင်လူကြီးက အမှားအကြီးကြီးလုပ်မှ လိုတာပါ”

၉။ နော့ဝစ်ချ်၊ နယူးကာဆယ်လ်၊ ဝတ်ဖို့ဒ်၊ ဘန်လေတို့ထဲက ဘယ်သူ ရှင်သန်မလဲ
MK: “နယူးကာဆယ်လ်တို့ လက်ကျန်ဈေးကွက်မှာ လိုအပ်တဲ့သူတွေ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သူတို့ပဲပေါ့ဗျာ။ လက်ကျန် အပြောင်းအရွှေ့တစ်ပတ်ကတော့ အက်ဒီဟောင်းနဲ့ သူတို့အသင်းအတွက် အရေးပါတဲ့ ရက်တွေ ဖြစ်လာမှာပါ။ ကျွန်တော့်အနေနဲ့ ဒင်းန် စမစ်နဲ့ နော့ဝစ်ချ်ရဲ့ စွမ်းဆောင်မှုတွေကိုလည်း ချီးကျူးရမှာဖြစ်ပြီး တကယ်တော့ သူ့အနေနဲ့ ဗီလာက အထုတ်ပယ်ခံခဲ့ရတာဟာ လုံးဝမတန်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်”

CS: “ဘန်လေမှာ တန်းဆင်းဇုန်ရုန်းတဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ နယူးကာဆယ်လ်မှာတော့ ပိုက်ဆံရှိတယ်။ ဝတ်ဖို့ဒ်ကတော့ ရာနီရေးရီကို ထုတ်ထားပြီးပြီမို့ သူတို့တွေ ဘာလုပ်ပြနိုင်မလဲ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော့်အနေနဲ့တော့ ဒင်းန် စမစ်အတွက် ခင်ဗျားပြောတာကို ထောက်ခံပါတယ်။ နော့ဝစ်ချ်အသင်းနဲ့ နော်ဖော့ခ်မှာ အိမ်နီးချင်းတွေဖြစ်နေလို့ ပြောတာလို့ ဆိုချင်လဲဆိုပေါ့ဗျာ။ တန်းဆင်းဇုန်က လွတ်မှာက သူတို့လို့ပဲ ထင်ပါတယ်”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: BBC Match Day ပ႐ိုဂရမ္နဲ႔ အဂၤလန္က နာမည္ႀကီး ေဘာလုံးတင္ဆက္သူေတြျဖစ္ၾကတဲ့ အာဆင္နယ္ ခံစစ္မႉးေဟာင္း မာတင္ ကီးယြန္းနဲ႔ ဘလက္ဘန္း/ခ်ဲလ္ဆီး/ဆဲလ္တစ္ တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္တို႔က ပရီးမီးယားလိဂ္ရဲ႕ လက္ရွိအခ်ိန္အထိ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြထဲက စိတ္ဝင္စားစရာတခ်ိဳ႕နဲ႔ ရာသီကုန္မွာ ဘာေတြျဖစ္မလဲဆိုတာေတြကို သုံးသပ္ေပးသြားခဲ့ပါတယ္။

၁။ သုံးေကာင္တြဲ ဆက္ေျပးဖို႔ ျဖစ္ႏိုင္ဦးမလား
CS: “ျမင္ရတဲ့အတိုင္းဆိုရင္ေတာ့ ႏွစ္ေကာင္တည္းလို႔ ဆိုရေတာ့မွာပါပဲ။ လီဗာပူးလ္အေနနဲ႔ သူတို႔ရဲ႕ လုပ္ႏိုင္စြမ္းနဲ႔ စီးတီးကို လိုက္ၿပီး ဖိအား ေပးဦးမွာပါ။ ခ်ဲလ္ဆီးကိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ ရာသီအစက တူဟယ္လ္နဲ႔ လူကာကူးတို႔ေၾကာင့္ပဲ ခ်န္ပီယံျဖစ္ဖို႔ တစ္ေပးခဲ့ေပမယ့္ အခုေတာ့ သူတို႔ ႏွစ္ေယာက္ေၾကာင့္ပဲ လက္ေလွ်ာ့ရေတာ့မယ္ ထင္ပါတယ္။ ဂြါဒီယိုလာကေတာ့ သူ႔ရဲ႕ ေလးႀကိမ္ေျမာက္ ခ်န္ပီယံအျဖစ္ ျပင္ဆင္ေနၿပီေပါ့”

MK: “ကြၽန္ေတာ္ကေတာ့ ရာသီအစကတည္းက စီးတီးပဲ၊ ခုလည္း စီးတီးပဲ… စိတ္မေျပာင္းပါဘူး။ သူတို႔အေနနဲ႔ ထိပ္ဆုံး Big Six နဲ႔ ရလဒ္ေတြ ေကာင္းၿပီး ဒီရာသီမွာ သူတို႔ေတြနဲ႔ ေတြ႕တဲ့ အေဝးကြင္းေတြမွာ ၁၂ မွတ္ပဲ ေလ်ာ့ခဲ့သလို ႏိုင္သင့္ႏိုင္ထိုက္သမွ် ယူခဲ့တာပါ။ လီဗာပူးလ္ကေတာ့ လက္ထဲမွာ တစ္ပြဲအက်န္နဲ႔ ၆ မွတ္အကြာက လိုက္ဦးမယ္လို႔ ေျပာႏိုင္ပါတယ္။ ရာသီမကုန္မခ်င္း ဘာကိုမွ အာမခံမထားႏိုင္တဲ့အတြက္ အလွည့္အေျပာင္းေတြကို ရင္ဆိုင္ႏိုင္ဖို႔ ဂြါဒီယိုလာနဲ႔ မန္စီးတီးကစားသမားေတြ ႀကိဳးစားရမွာပါ”

၂။ အဆင့္ ၄ အတြင္း ဝင္မွာ ဘယ္သူေတြလဲ
MK: “မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဒီလူစာရင္းႀကီးနဲ႔ အဆင့္ ၄ ေတာ့ ရသင့္တယ္လို႔ ထင္ပါတယ္။ စပါးစ္ကေတာ့ ပြဲက်န္လက္ထဲ ရွိေနၿပီး ယူႏိုက္တက္နဲ႔ ေတြ႕မယ့္ပြဲက အဆုံးအျဖတ္ ျဖစ္လာႏိုင္ပါတယ္။ ယူႏိုက္တက္တို႔အေနနဲ႔ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ မႏိုင္တဲ့ ဘရန႔္ဖို႔ဒ္ကို အေဝးကြင္းမွာ အႏိုင္ကစားလိုက္တာက ယုံလို႔ရတယ္လို႔ ဆိုႏိုင္ၿပီး သူတို႔ေတြ ရာသီကုန္မွာ ရပ္တည္မႈ ေကာင္းႏိုင္မယ္ ထင္ပါတယ္”

CS: “ကြၽန္ေတာ္လည္း တူတူပါပဲ။ အဆင့္ ၄ အတြက္ ယူႏိုက္တက္ကိုပဲ ေထာက္ခံခ်င္ပါတယ္။ ရန္းနစ္ခ္ကို မယုံေပမယ့္ ကစားသမားေတြနဲ႔ ပရိသတ္ေတြရဲ႕ အင္အားကိုေတာ့ ယုံၾကည္ႏိုင္ပါတယ္။ အခုက သူတို႔ေတြအေနနဲ႔ ျဖစ္သင့္တဲ့ ေျခစြမ္းထက္ နိမ့္ပါးေနေသးလို႔သာ လက္ရွိအေနအထားမွာ ရွိေနတာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔သာ လက္ရွိပုံစံထက္ ပိုေကာင္းလာမယ္ဆိုရင္ သူတို႔ေတြအေနနဲ႔ ရပ္တည္မႈ ျမင့္မားလာမွာပါ”

၃။ ယူႏိုက္တက္ကို တစ္ေပးရင္ ဝက္စ္ဟမ္း၊ စပါးစ္၊ အာဆင္နယ္တို႔က ဘယ္လဲ
CS: “သူတို႔ထဲမွာ အေကာင္းဆုံးနည္းျပကို ပိုင္ဆိုင္ထားတဲ့ စပါးစ္ကို ယူႏိုက္တက္ၿပီးရင္ အဆင့္ ၄ ဝင္ႏိုင္တဲ့ အသင္းအျဖစ္ အသိအမွတ ျပဳရမွာပါ။ သူတို႔ရဲ႕ စီမံကိန္းအတြက္ အေကာင္းဆုံးသြားႏိုင္ဖို႔ ကြၽန္ေတာ့္ကို ယုံၾကည္ေစပါတယ္။ အန္တိုနီယို ကြန္တီက ႏိုင္ပြဲဖန္တီးရွင္ ေအာင္စိတ္နဲ႔ လူျဖစ္ၿပီး သူတို႔အသင္းကို ေနာက္တစ္ဆင့္ျမင့္မားေအာင္ ဘုတ္အဖြဲ႕ရဲ႕ အကူအညီနဲ႔ တြန္းတင္ေပးႏိုင္မွာပါ။ ေဒးဗစ္မြိဳက္စ္ကေတာ့ သူတို႔ အသင္းမွာ ဖိအားမရွိလို႔ လြတ္လြတ္လပ္လပ္ ႀကိဳးစားလာႏိုင္ေပမယ့္ ကြၽန္ေတာ့္အတြက္က အရန္ထပ္ေ႐ြးရရင္ ကြန္တီရဲ႕ အသင္းပါပဲ”

MK: “ဒီအတြက္ ထင္ေၾကးေပးဖို႔ကေတာ့ ခက္ခက္ပဲဗ်… ယူႏိုက္တက္နဲ႔ဆိုရင္ စုစုေပါင္း အသင္းေလးသင္းေတာင္ ရွိေနတာကိုး။ သူတို႔ေတြအေနနဲ႔ ၂၀၁၃ ကတည္းက ခ်န္ပီယံအဆင့္မွာ မရွိေတာ့ဘဲ ေလွ်ာက်လာခဲ့အၿပီးမွာ ျပန္ႀကိဳးစားေနရတုန္းပါပဲ။ စပါးစ္ကေတာ့ ၂၀၀၈ က ဖလားတစ္လုံး ရဖူးၿပီး ဝက္စ္ဟမ္းက ဖလားမရတာ ၁၉၈၀ ကတည္းကပဲ။ ကြၽန္ေတာ္ကေတာ့ ေနာက္ထပ္ျဖစ္ႏိုင္မယ့္အသင္းဆိုရင္ အာဆင္နယ္ကိုပဲ ေ႐ြးမွာပါ”

၄။ စပါးစ္အတြက္ ကြန္တီ ဘာေတြ ျပင္ဆင္ဖို႔ လိုေနသလဲ
MK: “ကြန္တီကေတာ့ သူဘာလိုလဲဆိုတာ သူသိၿပီး ကြန္ေတ၊ ႐ူဒီဂါ၊ အလြန္ဆိုနဲ႔ ဂ်ီ႐ူးတို႔လို ကစားသမားေတြကို ခ်ဲလ္ဆီးဆီ ေခၚခဲ့ဖူးသလို လူကာကူးကိုလည္း အင္တာမီလန္ဆီ မ,ခဲ့ဖူးသူျဖစ္ပါတယ္။ စပါးစ္တို႔အေနနဲ႔ေတာ့ ကြန္တီ့ကို ေဈးကြက္ထဲမွာ ေငြသုံးခြင့္ ေပးလိုက္႐ုံနဲ႔ ႀကီးႀကီးမားမား ေျပာင္းလဲတိုးတက္လာႏိုင္ၿပီး ဒါက သူတို႔ကို အဆင့္ ၄ ဝင္ေစမယ့္ အရာပါ”

CS: “ဟာရီကိန္းက ကမာၻ႔အဆင့္ဆို ဆြန္ေဟာင္မင္က ဆရာႀကီးျဖစ္ၿပီး ဘာ့ဂ္ဗိုင္းက ေျခစြမ္းေျခစရွိသူလို႔ ဆိုမယ့္အခ်ိန္မွာ က်န္တဲ့ ကစားသမား ေတာ္ေတာ္မ်ားမ်ားက ဒီထက္ေကာင္းဖို႔ လိုေနတာပါ။ ကြန္တီအေနနဲ႔ ခံစစ္သမားေကာင္းေတြရယ္ ကြင္းလယ္ဖန္တီးရွင္ေတြရယ္ လိုေနပါတယ္။ ဟာရီ ဝင့္ခ္စ္က ေကာင္းတယ္ဆိုေပမယ့္ အမ်ားႀကီး လိုပါေသးတယ္။ သူ႔ကို ေငြမေပးဘူးဆိုရင္ေတာ့ ကြန္တီ လစ္သြားႏိုင္ၿပီး ဒါက သိပ္ေတာ့ မဆန္းပါဘူး”

၅။ အာတီတာနဲ႔ အူဘာမီယန္းကို ေျပလည္ႏိုင္ဦးမွာလား
MK: “ေနာက္ဆုံးေလးပြဲမွာ အာဆင္နယ္တို႔ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ သိပ္ေကာင္းတဲ့ လူငယ္ေတြ ပိုင္ဆိုင္ထားေပမယ့္ ဦးေဆာင္မယ့္ အရည္အေသြးျမင့္ ဝါရင့္တိုက္စစ္မႉး မရွိဘူးျဖစ္ေနတယ္။ အာတီတာက အူဘာမီယန္းရဲ႕ လက္ပတ္ကို ျဖဳတ္လိုက္တာ ေတာ္ေတာ္ၾကမ္းတဲ့ အကြက္လို႔ ဆိုလို႔ရၿပီး အသင္းရဲ႕ အနာဂတ္အတြက္ေတာ့ သူ႔အေနနဲ႔ ဒါကို ေျပလည္ေအာင္ လုပ္လိမ့္မယ္လို႔ ထင္ပါတယ္။ သူေရာက္စက အူဘာမီယန္းရဲ႕ အစြမ္းနဲ႔ အက္ဖ္ေအဖလားကို ရလိုက္တာ မေမ့သင့္ပါဘူး။ အာဆင္နယ္အသင္းအေနနဲ႔လည္း သူ႔ရဲ႕ ဂိုးေတြကို လိုအပ္မွာပါ”

CS: “မဟုတ္ေသးဘူး ထင္တယ္ မာတင္… အာတီတာက ဒီအသင္းမွာ ဘုတ္အဖြဲ႕ ေထာက္ခံမႈကို ရထားတဲ့ ဆရာႀကီးေနာ္။ အိုေဇးလ္နဲ႔ ဂြန္ဒူဇီတို႔ ျပႆနာေတြမွာလည္း သူ႔ဘက္က ျပတ္ျပတ္သားသား အႏိုင္ယူခဲ့တယ္။ ခုလည္း ဘုတ္အဖြဲ႕က သူ႔ကို စာခ်ဳပ္သစ္ေပးဖို႔ လုပ္ေနျပန္ၿပီဆိုေတာ့ ဘာျဖစ္ျဖစ္ အျပည့္အဝ ဇြတ္တိုးသြားႏိုင္တဲ့ သေဘာပဲ။ ၿပီးေတာ့ အူဘာမီယန္းနဲ႔ ဂ်ိန္းခဲ့တာက ျပန္လွည့္လို႔ရႏိုင္တဲ့ ကိစၥ မဟုတ္ပါဘူး။ လာကာဇက္ ဂိုးမသြင္းရင္ ဂိုးသြင္းမယ့္သူကို ရွာရမွာပဲျဖစ္ၿပီး အူဘာနဲ႔ေတာ့ ဇာတ္လမ္းျဖတ္တာကပဲ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္”

၆။ ဒီရာသီမွာ ဘယ္သူက စိတ္ပ်က္စရာအေကာင္းဆုံးလဲ
CS: “လူကာကူးေပါ့ဗ်ာ။ ရာသီအစကေတာ့ သူဟာ ခ်ဲလ္ဆီးေရွ႕တန္းေတြထဲမွာ ကြဲျပားျခားနားတဲ့သူအျဖစ္ ရလဒ္ေကာင္းေတြကို ပြဲတိုင္းပဲ ယူေပးေတာ့မလိုလိုနဲ႔ ေနာက္ေတာ့ ဂိုးေတြပါ ေပ်ာက္ၿပီး ခ်န္ပီယံေလာင္းစာရင္းထဲက ထြက္သြားေစခဲ့တာပါ။ စက္တင္ဘာကလည္းက ပရီးမီးယားလိဂ္ဂိုးႏွစ္ဂိုးပဲ ရေသးၿပီး နည္းျပ တူဟယ္လ္ကိုလည္း အင္တာဗ်ဴးမွာ ဖဲ့ခဲ့ေသးတယ္ဆိုေတာ့ သူက ကြၽန္ေတာ့္အတြက္ စိတ္ပ်က္စရာအေကာင္းဆုံးပါပဲ”

MK: “ကြၽန္ေတာ့္အတြက္ေတာ့ ေဂ်ဒန္ ဆန္ခ်ိဳပါ။ သူ႔ရဲ႕ ျပသခဲ့ဖူးတဲ့ စြမ္းေဆာင္ရည္ေတြက အေတာ္ေလးႀကီးမားခဲ့သေလာက္ လက္ရွိမွာေတာ့ စိတ္ပ်က္စရာပုံစံကိုပဲ ျပသေနခဲ့ပါတယ္။ ဒါေပမယ့္ လက္က်န္ရာသီဝက္မွာ သူ႔အေနနဲ႔ ဒါကို ေျပာင္းလဲႏိုင္ရင္ ယူႏိုက္တက္တို႔အတြက္ ေတာ္ေတာ္ေလး ေကာင္းလာႏိုင္မွာျဖစ္ပါတယ္”

၇။ လက္ရွိအေျခအေနမွာ အေကာင္းဆုံး စြမ္းႏိုင္သူက ဘယ္သူလဲ
MK: “ဒီယိုဂို ဂ်ိဳတာကို ကြၽန္ေတာ္ေတာ့ ေ႐ြးခ်င္ပါတယ္။ သူက လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္ေခၚယူလိုက္ကတည္းက ေတာက္ေလွ်ာက္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဒဏ္ရာရခဲ့ေပမယ့္လည္း ပုံစံေကာင္းဆီ ျပန္လာႏိုင္ခဲ့တာပါ။ သူ႔ကို ဘာျဖစ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္က ေခၚယူဖို႔ ငမ္းငမ္းတက္ျဖစ္ခဲ့တာလဲဆိုတာ အားလုံးက အေျဖရေလာက္ၿပီျဖစ္ၿပီး အသင္းရဲ႕ ေရွ႕တန္းမွာ ဆာလား၊ မာေနးတို႔နဲ႔အတူ ဦးစားေပးျဖစ္ေနပါၿပီ”

CS: “ကြၽန္ေတာ့္အတြက္ကေတာ့ ဒက္ကလန္ ႐ိုက္စ္ပါပဲ။ ယူ႐ို ၂၀၂၀ မွာ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ အဂၤလိပ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အရင္က ဗဟိုခံစစ္လို႔ ထင္ခဲ့ရေပမယ့္ လက္ရွိမွာေတာ့ အေကာင္းဆုံး ကြင္းလယ္လူျဖစ္ေနခဲ့ပါတယ္။ သူ႔ရဲ႕ Box to Box ကစားပုံနဲ႔ တစ္ဖက္ ကစားသမားေတြကို အလြယ္တကူ ျဖတ္ေက်ာ္ႏိုင္တဲ့ အစြမ္းက ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္သူလည္းျဖစ္လာေစခဲ့ပါတယ္။ သူ႔ေၾကာင့္ မဟုတ္ရင္ ဝက္စ္ဟမ္းတို႔နဲ႔ ထိပ္ဆုံးေလးသင္းက ဘုန္းႀကီးနဲ႔ ဘီးလို ဆိုင္ေတာ့မွာ မဟုတ္ပါဘူး”

၈။ VAR ကို တိုးတက္ဖို႔ ဘာေတြ လုပ္သင့္သလဲ
CS: “ကစားသမားေဟာင္းေတြကို ဒီေနရာမွာ ျပန္ၿပီး တာဝန္ေပး ပါဝင္ေစသင့္ပါတယ္။ VAR ကို ကူညီဖို႔ အဆင္သင့္ျဖစ္ေနၾကတဲ့သူေတြလည္း အမ်ားႀကီးပါပဲ။ ေဘာလုံးကစားဖူးတဲ့သူမွ ၿပီးခဲ့တဲ့ ပဲေလ့စ္ပြဲမွာ ဂိုးသမားက ဂ်ိဳတာကို ေဖာင္းမလုပ္ခဲ့ဘူးဆိုတာကို သိမွာပါ။ VAR ဒိုင္ ခရိတ္ ေပၚဆန္ရဲ႕ ေဆးထိုးမႈမွာ ကီဗင္ ဖရန႔္က ကိုယ့္ဆုံးျဖတ္ခ်က္ကို ကိုယ္မခိုင္မာခဲ့သလို သူတို႔ခ်င္းလည္း တကယ္တမ္း ထိခိုက္မႈ နည္းခဲ့ပါတယ္။ ဒါက ကစားသမားခ်င္းမွ ျမင္ႏိုင္သိႏိုင္မွာပါ”

MK: “ဟုတ္တယ္ ခရစၥ၊ ခင္ဗ်ားေျပာတဲ့ ဒီလို ကစားသမားေဟာင္းေတြ ပါလာရမယ့္ ပုံစံကိုေတာ့ ကြၽန္ေတာ္ တကယ္ႀကိဳက္မိတယ္။ VAR နဲ႔ ဆုံးျဖတ္မယ္ဆိုရင္ ကြင္းထဲမွာ ဘယ္လိုကစားၾကတယ္ဆိုတာ သိတဲ့ ကစားသမားေဟာင္းေတြမွ အဆင္ပိုေျပမယ္။ ဘယ္သူက ဘာဆိုတာ သူတို႔ဆိုရင္ ပိုသိမွာပဲေလ။ ၿပီးေတာ့ ေမာ္နီတာကို သြားၾကည့္ရင္လည္း ဒိုင္လူႀကီးက စေတာ့ခ္လီပါ့ခ္က VAR ဒိုင္ရဲ႕ အႀကံေပးတာကို မခံဘဲ လြတ္လြတ္လပ္လပ္ ဆုံးျဖတ္ရမယ္ဗ်။ တကယ္ေတာ့ VAR က ဝင္ေျပာဖို႔ဆိုတာ ဒိုင္လူႀကီးက အမွားအႀကီးႀကီးလုပ္မွ လိုတာပါ”

၉။ ေနာ့ဝစ္ခ်္၊ နယူးကာဆယ္လ္၊ ဝတ္ဖို႔ဒ္၊ ဘန္ေလတို႔ထဲက ဘယ္သူ ရွင္သန္မလဲ
MK: “နယူးကာဆယ္လ္တို႔ လက္က်န္ေဈးကြက္မွာ လိုအပ္တဲ့သူေတြ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ သူတို႔ပဲေပါ့ဗ်ာ။ လက္က်န္ အေျပာင္းအေ႐ႊ႕တစ္ပတ္ကေတာ့ အက္ဒီေဟာင္းနဲ႔ သူတို႔အသင္းအတြက္ အေရးပါတဲ့ ရက္ေတြ ျဖစ္လာမွာပါ။ ကြၽန္ေတာ့္အေနနဲ႔ ဒင္းန္ စမစ္နဲ႔ ေနာ့ဝစ္ခ်္ရဲ႕ စြမ္းေဆာင္မႈေတြကိုလည္း ခ်ီးက်ဴးရမွာျဖစ္ၿပီး တကယ္ေတာ့ သူ႔အေနနဲ႔ ဗီလာက အထုတ္ပယ္ခံခဲ့ရတာဟာ လုံးဝမတန္ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္”

CS: “ဘန္ေလမွာ တန္းဆင္းဇုန္႐ုန္းတဲ့ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိတယ္။ နယူးကာဆယ္လ္မွာေတာ့ ပိုက္ဆံရွိတယ္။ ဝတ္ဖို႔ဒ္ကေတာ့ ရာနီေရးရီကို ထုတ္ထားၿပီးၿပီမို႔ သူတို႔ေတြ ဘာလုပ္ျပႏိုင္မလဲ ေစာင့္ၾကည့္ရဦးမွာပါ။ ကြၽန္ေတာ့္အေနနဲ႔ေတာ့ ဒင္းန္ စမစ္အတြက္ ခင္ဗ်ားေျပာတာကို ေထာက္ခံပါတယ္။ ေနာ့ဝစ္ခ်္အသင္းနဲ႔ ေနာ္ေဖာ့ခ္မွာ အိမ္နီးခ်င္းေတြျဖစ္ေနလို႔ ေျပာတာလို႔ ဆိုခ်င္လဲဆိုေပါ့ဗ်ာ။ တန္းဆင္းဇုန္က လြတ္မွာက သူတို႔လို႔ပဲ ထင္ပါတယ္”

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.