Premier League

အာဆင်နယ်နဲ့ပွဲမှာ ထူးထူးဆန်းဆန်း ဒဏ်ရာရသွားလို့ ပဲလေ့စ်နဲ့ပွဲ ပါဖို့ မသေချာတော့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို အာဆင်နယ်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတယ်လို့ သိရပါတယ်။

တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအားလုံးဟာ မန်ချက်စတာယူနိုက်တက်ကို ပထမဆုံးအကြိမ် စတင်ကိုင်တွယ်မယ့် ယာယီနည်းပြသစ် ရန်းနစ်ခ်ကို အာရုံစိုက် စောင့်ကြည့်နေကြတာဖြစ်ပေမယ့် ဂျာမန်လူမျိုးနည်းပြအနေနဲ့ အသင်းရဲ့ထိပ်တန်း ဂိုးသွင်းရှင်မပါဝင်ဘဲ ခရစ္စတယ် ပဲလေ့စ်ကို ယှဉ်ပြိုင်သွားရဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ညနေက အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ ဂိုးပေါင်း ၈၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် The Sun ရဲ့ ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး ယူနိုက်တက်သတင်းရင်းမြစ်အချို့ရဲ့ သတင်းပေးချက်အရ အဲဒီဒူးဒဏ်ရာဟာ ပင်နယ်တီကနေ ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံချိန်မှာ ရရှိခဲ့တာဖြစ်ပြီး လေထဲကနေ တစ်ပတ်လည်ပြီး ပြန်အကျမှာ ဒဏ်ရာရရှိသွားခဲ့တာလို့ ယူဆရပါတယ်။

ရော်နယ်လ်ဒိုဟာ ပွဲစဉ်တလျှောက်လုံးကို ဒူးဒဏ်ရာကို ကြိတ်မှိတ်သည်းခံရင်း ဆက်လက်ကစားနေခဲ့တာဖြစ်ပြီး ပွဲကစားချိန်ပြည့်ဖို့ ၂ မိနစ်အလိုမှာ အန်သိုနီ မာစီယယ်လ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတဲ့အခါမှာတော့ ကွင်းအတွင်းကနေ ပုံမှန်မဟုတ်တဲ့လမ်းလျှောက်ပုံနဲ့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်က သောကြာနေ့မှာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးကို ၎င်းရဲ့တိုက်စစ်အမြန်ဆင်ပြီး ဂိုးသွင်းတဲ့ ကစားပုံမှာ ဘယ်လိုအသုံးပြုဖို့ စီစဉ်ထားလဲလို့ မေးမြန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

“ခရစ္စတီယာနိုကို အာဆင်နယ်နဲ့ပွဲစဉ် ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရတာက အသက် ၃၆ နှစ်အရွယ်မှာတောင် သူက အံ့အားသင့်စရာ ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူ့အသက်အရွယ်မှာ ဒီလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကစားနေနိုင်သေးတဲ့ ကစားသမားမျိုး ကျွန်တော် ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ သူက ကွဲပြားခြားနားမှုတွေကို အလွယ်တကူလုပ်နိုင်ဆဲဖြစ်တဲ့ ကစားသမားပါ”

“အဲဒီတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ တစ်သင်းလုံးကို တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာပါ။ ခရစ္စတီယာနို တစ်ယောက်တည်းကို မဟုတ်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာပေါ်က ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးလိဂ်မှာ ကစားနေတာဖြစ်တာကြောင့် ကစားသမားတွေအားလုံး ကစားနိုင်တဲ့အခြေအနေမှာရှိနေဖို့ လိုအပ်ပါတယ်။ ခရစ္စတီယာနိုဆီကနေ ကျွန်တော် မြင်ခဲ့ရတာက သူက အသင်းထဲကို သူ့ရဲ့အားစိုက်ထုတ်မှုကို ထည့်သွင်းနိုင်ဖို့ သူ လုပ်နေတဲ့အရာထက်ကို ပိုလုပ်ချင်တဲ့ဆန္ဒရှိပါတယ်။ သူ့ရဲ့အသင်းဖော်တွေကလည်း အဲဒီအတိုင်း လုပ်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာကနေ အဆင့် ၇ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၁၂ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔မွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္ကို အာဆင္နယ္နဲ႔ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနတယ္လို႔ သိရပါတယ္။

တကမၻာလုံးက ေဘာလုံးပရိသတ္ေတြအားလုံးဟာ မန္ခ်က္စတာယူနိုက္တက္ကို ပထမဆုံးအႀကိမ္ စတင္ကိုင္တြယ္မယ့္ ယာယီနည္းျပသစ္ ရန္းနစ္ခ္ကို အာ႐ုံစိုက္ ေစာင့္ၾကည့္ေနၾကတာျဖစ္ေပမယ့္ ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ အသင္းရဲ့ထိပ္တန္း ဂိုးသြင္းရွင္မပါဝင္ဘဲ ခရစၥတယ္ ပဲေလ့စ္ကို ယွဥ္ၿပိဳင္သြားရဖြယ္ရွိေနတာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္ေပၚတူဂီတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔ညေနက အာဆင္နယ္ကို ၃-၂ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုး သြင္းယူနိုင္ခဲ့တာေၾကာင့္ ကစားသမားဘဝ ဂိုးေပါင္း ၈၀၀ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္ၿပီး သမိုင္းမွတ္တိုင္သစ္ စိုက္ထူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ The Sun ရဲ့ ေဖာ္ျပခ်က္အရ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ပြဲစဥ္အတြင္း ဒူးဒဏ္ရာ ရရွိသြားခဲ့ၿပီး ယူနိုက္တက္သတင္းရင္းျမစ္အခ်ိဳ႕ရဲ့ သတင္းေပးခ်က္အရ အဲဒီဒူးဒဏ္ရာဟာ ပင္နယ္တီကေန ဦးေဆာင္ဂိုးကို သြင္းယူၿပီးေနာက္ ေအာင္ပြဲခံခ်ိန္မွာ ရရွိခဲ့တာျဖစ္ၿပီး ေလထဲကေန တစ္ပတ္လည္ၿပီး ျပန္အက်မွာ ဒဏ္ရာရရွိသြားခဲ့တာလို႔ ယူဆရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ပြဲစဥ္တေလၽွာက္လုံးကို ဒူးဒဏ္ရာကို ႀကိတ္မွိတ္သည္းခံရင္း ဆက္လက္ကစားေနခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ျပည့္ဖို႔ ၂ မိနစ္အလိုမွာ အန္သိုနီ မာစီယယ္လ္နဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရတဲ့အခါမွာေတာ့ ကြင္းအတြင္းကေန ပုံမွန္မဟုတ္တဲ့လမ္းေလၽွာက္ပုံနဲ႔ ထြက္ခြာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ယာယီနည္းျပသစ္ ရာ့လ္ဖ္ ရန္းနစ္ခ္က ေသာၾကာေန႔မွာ ယူနိုက္တက္နည္းျပအျဖစ္ ပထမဆုံးသတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ၿပီး အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးကို ၎ရဲ့တိုက္စစ္အျမန္ဆင္ၿပီး ဂိုးသြင္းတဲ့ ကစားပုံမွာ ဘယ္လိုအသုံးျပဳဖို႔ စီစဥ္ထားလဲလို႔ ေမးျမန္းျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

“ခရစၥတီယာနိုကို အာဆင္နယ္နဲ႔ပြဲစဥ္ ဒုတိယပိုင္းမွာ ျမင္ေတြ႕ခဲ့ရတာက အသက္ ၃၆ ႏွစ္အရြယ္မွာေတာင္ သူက အံ့အားသင့္စရာ ထိပ္တန္းပေရာ္ဖက္ရွင္နယ္တစ္ေယာက္ပါ။ သူ႔အသက္အရြယ္မွာ ဒီလို ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈနဲ႔ ကစားေနနိုင္ေသးတဲ့ ကစားသမားမ်ိဳး ကၽြန္ေတာ္ ဘယ္တုန္းကမွ မျမင္ေတြ႕ခဲ့ဖူးပါဘူး။ သူက ကြဲျပားျခားနားမႈေတြကို အလြယ္တကူလုပ္နိုင္ဆဲျဖစ္တဲ့ ကစားသမားပါ”

“အဲဒီေတာ့ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ တစ္သင္းလုံးကို တိုးတက္ေအာင္ ဘယ္လိုလုပ္နိုင္မလဲဆိုတာပါ။ ခရစၥတီယာနို တစ္ေယာက္တည္းကို မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ကမၻာေပၚက ယွဥ္ၿပိဳင္မႈအျပင္းထန္ဆုံးလိဂ္မွာ ကစားေနတာျဖစ္တာေၾကာင့္ ကစားသမားေတြအားလုံး ကစားနိုင္တဲ့အေျခအေနမွာရွိေနဖို႔ လိုအပ္ပါတယ္။ ခရစၥတီယာနိုဆီကေန ကၽြန္ေတာ္ ျမင္ခဲ့ရတာက သူက အသင္းထဲကို သူ႔ရဲ့အားစိုက္ထုတ္မႈကို ထည့္သြင္းနိုင္ဖို႔ သူ လုပ္ေနတဲ့အရာထက္ကို ပိုလုပ္ခ်င္တဲ့ဆႏၵရွိပါတယ္။ သူ႔ရဲ့အသင္းေဖာ္ေတြကလည္း အဲဒီအတိုင္း လုပ္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အာာဆင္နယ္အသင္းကို အနိုင္ရရွိခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၁၀ ေနရာကေန အဆင့္ ၇ အထိ တက္လွမ္းနိုင္ခဲ့ေပမယ့္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ၁၂ မွတ္ကြာဟေနဆဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.