Match Report Premier League

သီယာဂို ဆေးလ်ဗားလည်း မကယ်နိုင်ဘဲ ဝက်စ်ဟမ်းဆီ ရုပ်ပျက်ခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာလည်း သူတို့ရဲ့ ပြဿနာရွေးချယ်မှုဖြစ်ခဲ့တဲ့ ဘယ်နောက်ခံနေရာမှာ မားကို့စ် အလွန်ဆိုနဲ့ပဲ ဆက်သုံးခဲ့ရပြီး ရီးစ်ဂျိမ်းစ် ပြန်ပါလာခဲ့သလို သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊ ရူဒီဂါတို့နဲ့ နောက်တန်းကို တည်ဆောက်ခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ဂျော်ဂျင်ညို၊ လော့ဖ်တပ်စ်ချိခ်၊ ဇီးယက်ရှ်၊ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ ၃-၄-၃ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။

ခံစစ်ကို ပိုမိုဦးစားပေးပြီး ၃-၄-၂-၁ ပုံစံ ပြန်ပြောင်းနေတဲ့ ဝက်စ်ဟမ်းကတော့ ရာသီအစက လိုင်းနပ်ပုံမှန်ရနေတဲ့ ဖော်နယ်လ်စ်နဲ့ ဘင်ရာမာတို့လို ကစားသမားတွေကို အရန်ခုံပို့ပစ်ခဲ့ပြီး လန်ဇီနီ၊ ဘိုဝင်၊ အန်တိုနီယိုတို့ရဲ့ တိုက်စစ်ကို မြင်ခဲ့ရသလို ရိုက်စ်၊ ဆိုးချက်ခ်၊ ဆိုဖာလ်၊ ဇူးမားတို့လို ဦးစားပေးတွေ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ပွဲက ခါးထိသွားတဲ့ ခရက်စ်ဝဲလ်ကတော့ အသင်းကနေ လွဲချော်ဆဲဖြစ်ခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ ညာခြမ်းက ရီးစ်ဂျိမ်းစ် ချိုးပေးတာကို ဇီးယက်ရှ်ပိတ်တာ မပိုင်နိုင်လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို သီယာဂို ဆေးလ်ဗားကတော့ ခံစစ်မှာ အနည်းငယ် အမှားများနေပြီး သူ့ရဲ့ အမှားတွေကနေ နှစ်မိနစ်အတွင်း ရတဲ့ အခွင့်အရေးနှစ်ကြိမ်ကို ဘိုဝင်နဲ့ ဆိုးချက်ခ်တို့ အသုံးမချနိုင်ခဲ့လို့သာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ရီးစ်ဂျိမ်းစ်ရဲ့ ဧရိယာအပြင်က ကန်ချက်ကို ဖာဘီယန်စကီး ကာကွယ်ခဲ့ရသလို ပွဲချိန် မိနစ် ၂၀ မှာတော့ ထောင့်ကန်ဘောကနေ ဝက်စ်ဟမ်းနောက်ခံလူ ဒေါ်ဆန်ရဲ့ အနီးကပ်ကန်ချက်ကို ဂိုးသမား မန်ဒီ ကာကွယ်ခဲ့ရပြီး ချဲလ်ဆီးခံစစ်ကတော့ ဒီနေ့မှာ အကောင်းဆုံးပုံစံမျိုး ရှိမနေတာကို တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဟာဗတ်ဇ်ကြောင့် ရတဲ့ ထောင့်ကန်ဘောကနေ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး မေဆန်မောင့်ရဲ့
ကန်တင်ပေးပို့မှုကို ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဝက်စ်ဟမ်းခံစစ်သမားတွေကြားထဲကနေ မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဂိုးသမား ဖာဘီယန်စကီး အငိုက်မိပြီး ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ဘယ်ခြမ်းက ဂျွန်ဆန်ရဲ့ ဖြတ်တင်ဘောကနေ ကျလာတဲ့ ဘောလုံးကို ညာနောက်ခံလူ ဆိုဖာလ်က Volley ကန်သွင်းရာမှာ ဂိုးသမား မန်ဒီ လွတ်ထွက်သွားခဲ့တာကို သီယာဂို ဆေးလ်ဗားက ဂိုးစည်းရှေ့က ရှင်းထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ချေပဂိုး မပေးရဘဲ သက်သာခဲ့ရပေမယ့် ပွဲချိန် ၃၈ မိနစ်မှာတော့ လူမကြည့်ဘဲ နောက်ပြန်ပေးတဲ့ ဂျော်ဂျင်ညိုရဲ့ အမှားကနေ ဘိုဝင်နဲ့ မန်ဒီတို့ အပြိုင်လုရာကနေ ပင်နယ်တီ ပေးခဲ့ရတာပါ။

မန်ဒီအနေနဲ့ ဖြစ်သလို ရှင်းထုတ်ရမယ့်အစား ဘောလုံးထိန်းရာကနေ ဘောစရှည်ထွက်သွားပြီး ကန်ထုတ်ဖို့ ကြိုးစားချိန်မှာ ဘိုဝင်ကတော့ ပါးပါးနပ်နပ်နဲ့ ခွင်ဝင်အောင် ဆွဲစားသွားခဲ့တာလည်းဖြစ်ပြီး ဒီပင်နယ်တီကိုတော့ ကွင်းလယ်လူ လန်ဇီနီက ဆီနီဂေါဂိုးသမားရဲ့ အားနည်းတဲ့ ပင်နယ်တီ ကာကွယ်မှုကို အေးအေးဆေးဆေးပဲ လှည့်စားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့အတွက် ချေပဂိုး ပြန်လည်ရယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး နောက်တစ်ကြိမ် သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းမှာ ဘောလုံးရခဲ့တဲ့ ဇီးယက်ရှ်ရဲ့ ဖြတ်တင်ဘောကို မေဆန်မောင့်က ဂိုးဧရိယာအတွင်းကနေ မြေမကျ Volley ကန်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမား မတားဆီးနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်အစမှာတော့ ဒဏ်ရာအနည်းငယ် ရသွားပုံပေါ်တဲ့ ဟာဗတ်ဇ်အစား လူကာကူးကို ချဲလ်ဆီးတို့ ထည့်သွင်းခဲ့ပြီး ဝက်စ်ဟမ်းကတော့ နာကျင်အချိန်ပိုမှာ ညာသန် ဂျွန်ဆန်ကို ဘယ်နောက်ခံလူစစ်စစ် မာဆူအာကူးနဲ့ လဲထားခဲ့တဲ့ အပြောင်းအလဲလုပ်မှုနဲ့ ဧည့်သည်တွေကို ပုံစံတကျ ဖိအားပေးဖို့ ကြိုးစားနေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ အခွင့်အရေးနှစ်ကြိမ်လောက်ကို အသုံးချမထားနိုင်တဲ့ ချဲလ်ဆီးတို့ ခံစားခဲ့ရပြီး ရူဒီဂါနဲ့ အလွန်ဆိုတို့ကို ကျော်ဖြတ်ပြီး အနီးကပ် ချိုးပေးခဲ့တဲ့ ဆိုဖာလ်ရဲ့ ပေးပို့မှုကို ဘိုဝင်က ခရစ္စတင်ဆန်ရဲ့ ခြေကြားကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီရဲ့ ကာကွယ်မှုက အနည်းငယ်နောက်ကျခဲ့တာကြောင့် နှစ်ဂိုးစီ သရေဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာ မေဆန်မောင့် ကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမားကို မကျော်နိုင်ခဲ့သလို ချဲလ်ဆီးဘက်က ဇီးယက်ရှ်နဲ့ အလွန်ဆိုအစား ဟဒ်ဆန်-အိုဒွိုင်းနဲ့ ပူလီရှစ်ချ်တို့ ဝင်ရောက်ကစားခဲ့ပြီး ဝက်စ်ဟမ်းဘက်ကတော့ ဇူးမားနဲ့ လန်ဇီနီတို့နေရာမှာ ဖော်နယ်လ်စ်နဲ့ ဘင်ရာမာတို့ ဝင်ရောက်ကစားခဲ့သလို အနိုင်ဂိုးရှာဖွေဖို့ ကြိုးစားသွားခဲ့ကြပါတယ်။

ဂိုးသမား မန်ဒီကတော့ ဒီနေ့ပွဲမှာ အာရုံစူးစိုက်မှု နည်းပါးနေတာကို တွေ့ခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာ ဘိုဝင်ရဲ့ ပိတ်သွင်းမှုက ခြေတစ်လှမ်း နောက်သာကျမနေခဲ့ရင် ဂိုးပေးရမယ့် အနေအထားမှာ ရှိခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ ဂျော်ဂျင်ညိုရဲ့ ကန်ချက်က ဝက်စ်ဟမ်းနောက်ခံလူတွေနဲ့ထိပြီး ထွက်ခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ နောက်ကနေ Come Back Win ဖြစ်စေဖို့ တတိယဂိုး သွင်းယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရခဲ့တဲ့ လက်ပစ်ဘောကို အန်တိုနီယိုနဲ့ အပေးအယူလုပ်ပြီး ဖြတ်တင်ခဲ့တဲ့ မာဆူအာကူးရဲ့ ဘောလုံးက လော့ဖ်တပ်စ်ချိခ်နဲ့ အနည်းငယ်ထိပြီး ဂိုးထဲကို တိုက်ရိုက်သွားခဲ့ရာမှာ ရှေ့ကို လာမယ့်လို့ ခန့်မှန်းပြီး အာရုံမရတဲ့ ဂိုးသမား မန်ဒီတစ်ယောက် မကာကွယ်နိုင်ခဲ့ဘဲ လက်ဖျားနဲ့ ထိရုံနဲ့ ကျေနပ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ချေးလ်ဝဲလ်နဲ့ ကွန်တေတို့တွေ ဒဏ်ရာရသွားခဲ့ပြီးကတည်းက ရုန်းကန်နေခဲ့ရတဲ့ ချဲလ်ဆီးတို့ ဒီရာသီမှာ ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး သုံးဂိုးအထိ ခွင့်ပြုခဲ့ရတဲ့ ခံစစ်ဆိုးရွားမှုနဲ့ပါ ရင်ဆိုင်ခဲ့ရသလို ဝက်စ်ဟမ်းတို့ကတော့ သူတို့ရဲ့ အဆင့် ၄ ကို ထိန်းသိမ်းနိုင်ဖို့ အိမ်ကွင်းမှာ အဖိုးတန် Come Back နိုင်ပွဲကို ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ ရမှတ် ၃၃ မှတ်ထက် တိုးမလာခဲ့ဘဲ လီဗာပူးလ်နဲ့ မန်စီးတီးတို့ နိုင်တာနဲ့ အဆင့် ၃ အထိ ဆင်းပေးရဖို့ ဖြစ်လာခဲ့သလို ဝက်စ်ဟမ်းကတော့ ရမှတ် ၂၇ မှတ်နဲ့ သူတို့နေရာကို ခြိမ်းခြောက်နေတဲ့ စပါးစ်အသင်းလက်က ပြေးလွတ်နိုင်ဖို့ ကြိုးစားမျှော်လင့်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီပွဲကျပ်တွေရဲ့ အလှည့်အပြောင်းတွေကတော့ အစပျိုးလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာလည္း သူတို႔ရဲ႕ ျပႆနာေ႐ြးခ်ယ္မႈျဖစ္ခဲ့တဲ့ ဘယ္ေနာက္ခံေနရာမွာ မားကို႔စ္ အလြန္ဆိုနဲ႔ပဲ ဆက္သုံးခဲ့ရၿပီး ရီးစ္ဂ်ိမ္းစ္ ျပန္ပါလာခဲ့သလို သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊ ႐ူဒီဂါတို႔နဲ႔ ေနာက္တန္းကို တည္ေဆာက္ခဲ့သလို ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ဇီးယက္ရွ္၊ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ ၃-၄-၃ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ခံစစ္ကို ပိုမိုဦးစားေပးၿပီး ၃-၄-၂-၁ ပုံစံ ျပန္ေျပာင္းေနတဲ့ ဝက္စ္ဟမ္းကေတာ့ ရာသီအစက လိုင္းနပ္ပုံမွန္ရေနတဲ့ ေဖာ္နယ္လ္စ္နဲ႔ ဘင္ရာမာတို႔လို ကစားသမားေတြကို အရန္ခုံပို႔ပစ္ခဲ့ၿပီး လန္ဇီနီ၊ ဘိုဝင္၊ အန္တိုနီယိုတို႔ရဲ႕ တိုက္စစ္ကို ျမင္ခဲ့ရသလို ႐ိုက္စ္၊ ဆိုးခ်က္ခ္၊ ဆိုဖာလ္၊ ဇူးမားတို႔လို ဦးစားေပးေတြ ပါဝင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲက ခါးထိသြားတဲ့ ခရက္စ္ဝဲလ္ကေတာ့ အသင္းကေန လြဲေခ်ာ္ဆဲျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ ညာျခမ္းက ရီးစ္ဂ်ိမ္းစ္ ခ်ိဳးေပးတာကို ဇီးယက္ရွ္ပိတ္တာ မပိုင္ႏိုင္လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရသလို သီယာဂို ေဆးလ္ဗားကေတာ့ ခံစစ္မွာ အနည္းငယ္ အမွားမ်ားေနၿပီး သူ႔ရဲ႕ အမွားေတြကေန ႏွစ္မိနစ္အတြင္း ရတဲ့ အခြင့္အေရးႏွစ္ႀကိမ္ကို ဘိုဝင္နဲ႔ ဆိုးခ်က္ခ္တို႔ အသုံးမခ်ႏိုင္ခဲ့လို႔သာ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ရီးစ္ဂ်ိမ္းစ္ရဲ႕ ဧရိယာအျပင္က ကန္ခ်က္ကို ဖာဘီယန္စကီး ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ေထာင့္ကန္ေဘာကေန ဝက္စ္ဟမ္းေနာက္ခံလူ ေဒၚဆန္ရဲ႕ အနီးကပ္ကန္ခ်က္ကို ဂိုးသမား မန္ဒီ ကာကြယ္ခဲ့ရၿပီး ခ်ဲလ္ဆီးခံစစ္ကေတာ့ ဒီေန႔မွာ အေကာင္းဆုံးပုံစံမ်ိဳး ရွိမေနတာကို ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဟာဗတ္ဇ္ေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကေန ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ေမဆန္ေမာင့္ရဲ႕
ကန္တင္ေပးပို႔မႈကို ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားက ဝက္စ္ဟမ္းခံစစ္သမားေတြၾကားထဲကေန ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ ဂိုးသမား ဖာဘီယန္စကီး အငိုက္မိၿပီး ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဘယ္ျခမ္းက ဂြၽန္ဆန္ရဲ႕ ျဖတ္တင္ေဘာကေန က်လာတဲ့ ေဘာလုံးကို ညာေနာက္ခံလူ ဆိုဖာလ္က Volley ကန္သြင္းရာမွာ ဂိုးသမား မန္ဒီ လြတ္ထြက္သြားခဲ့တာကို သီယာဂို ေဆးလ္ဗားက ဂိုးစည္းေရွ႕က ရွင္းထုတ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး မေပးရဘဲ သက္သာခဲ့ရေပမယ့္ ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ လူမၾကည့္ဘဲ ေနာက္ျပန္ေပးတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ အမွားကေန ဘိုဝင္နဲ႔ မန္ဒီတို႔ အၿပိဳင္လုရာကေန ပင္နယ္တီ ေပးခဲ့ရတာပါ။

မန္ဒီအေနနဲ႔ ျဖစ္သလို ရွင္းထုတ္ရမယ့္အစား ေဘာလုံးထိန္းရာကေန ေဘာစရွည္ထြက္သြားၿပီး ကန္ထုတ္ဖို႔ ႀကိဳးစားခ်ိန္မွာ ဘိုဝင္ကေတာ့ ပါးပါးနပ္နပ္နဲ႔ ခြင္ဝင္ေအာင္ ဆြဲစားသြားခဲ့တာလည္းျဖစ္ၿပီး ဒီပင္နယ္တီကိုေတာ့ ကြင္းလယ္လူ လန္ဇီနီက ဆီနီေဂါဂိုးသမားရဲ႕ အားနည္းတဲ့ ပင္နယ္တီ ကာကြယ္မႈကို ေအးေအးေဆးေဆးပဲ လွည့္စားႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းတို႔အတြက္ ေခ်ပဂိုး ျပန္လည္ရယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုး ေနာက္တစ္ႀကိမ္ သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းမွာ ေဘာလုံးရခဲ့တဲ့ ဇီးယက္ရွ္ရဲ႕ ျဖတ္တင္ေဘာကို ေမဆန္ေမာင့္က ဂိုးဧရိယာအတြင္းကေန ေျမမက် Volley ကန္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ ဝက္စ္ဟမ္းခံစစ္နဲ႔ ဂိုးသမား မတားဆီးႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္အစမွာေတာ့ ဒဏ္ရာအနည္းငယ္ ရသြားပုံေပၚတဲ့ ဟာဗတ္ဇ္အစား လူကာကူးကို ခ်ဲလ္ဆီးတို႔ ထည့္သြင္းခဲ့ၿပီး ဝက္စ္ဟမ္းကေတာ့ နာက်င္အခ်ိန္ပိုမွာ ညာသန္ ဂြၽန္ဆန္ကို ဘယ္ေနာက္ခံလူစစ္စစ္ မာဆူအာကူးနဲ႔ လဲထားခဲ့တဲ့ အေျပာင္းအလဲလုပ္မႈနဲ႔ ဧည့္သည္ေတြကို ပုံစံတက် ဖိအားေပးဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ကို အသုံးခ်မထားႏိုင္တဲ့ ခ်ဲလ္ဆီးတို႔ ခံစားခဲ့ရၿပီး ႐ူဒီဂါနဲ႔ အလြန္ဆိုတို႔ကို ေက်ာ္ျဖတ္ၿပီး အနီးကပ္ ခ်ိဳးေပးခဲ့တဲ့ ဆိုဖာလ္ရဲ႕ ေပးပို႔မႈကို ဘိုဝင္က ခရစၥတင္ဆန္ရဲ႕ ေျခၾကားကေန အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီရဲ႕ ကာကြယ္မႈက အနည္းငယ္ေနာက္က်ခဲ့တာေၾကာင့္ ႏွစ္ဂိုးစီ သေရျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ေမဆန္ေမာင့္ ႀကိဳးစားခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဝက္စ္ဟမ္းခံစစ္နဲ႔ ဂိုးသမားကို မေက်ာ္ႏိုင္ခဲ့သလို ခ်ဲလ္ဆီးဘက္က ဇီးယက္ရွ္နဲ႔ အလြန္ဆိုအစား ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ပူလီရွစ္ခ်္တို႔ ဝင္ေရာက္ကစားခဲ့ၿပီး ဝက္စ္ဟမ္းဘက္ကေတာ့ ဇူးမားနဲ႔ လန္ဇီနီတို႔ေနရာမွာ ေဖာ္နယ္လ္စ္နဲ႔ ဘင္ရာမာတို႔ ဝင္ေရာက္ကစားခဲ့သလို အႏိုင္ဂိုးရွာေဖြဖို႔ ႀကိဳးစားသြားခဲ့ၾကပါတယ္။

ဂိုးသမား မန္ဒီကေတာ့ ဒီေန႔ပြဲမွာ အာ႐ုံစူးစိုက္မႈ နည္းပါးေနတာကို ေတြ႕ခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာ ဘိုဝင္ရဲ႕ ပိတ္သြင္းမႈက ေျခတစ္လွမ္း ေနာက္သာက်မေနခဲ့ရင္ ဂိုးေပးရမယ့္ အေနအထားမွာ ရွိခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ ကန္ခ်က္က ဝက္စ္ဟမ္းေနာက္ခံလူေတြနဲ႔ထိၿပီး ထြက္ခဲ့လို႔ နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေနာက္ကေန Come Back Win ျဖစ္ေစဖို႔ တတိယဂိုး သြင္းယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ရခဲ့တဲ့ လက္ပစ္ေဘာကို အန္တိုနီယိုနဲ႔ အေပးအယူလုပ္ၿပီး ျဖတ္တင္ခဲ့တဲ့ မာဆူအာကူးရဲ႕ ေဘာလုံးက ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ အနည္းငယ္ထိၿပီး ဂိုးထဲကို တိုက္႐ိုက္သြားခဲ့ရာမွာ ေရွ႕ကို လာမယ့္လို႔ ခန႔္မွန္းၿပီး အာ႐ုံမရတဲ့ ဂိုးသမား မန္ဒီတစ္ေယာက္ မကာကြယ္ႏိုင္ခဲ့ဘဲ လက္ဖ်ားနဲ႔ ထိ႐ုံနဲ႔ ေက်နပ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေခ်းလ္ဝဲလ္နဲ႔ ကြန္ေတတို႔ေတြ ဒဏ္ရာရသြားခဲ့ၿပီးကတည္းက ႐ုန္းကန္ေနခဲ့ရတဲ့ ခ်ဲလ္ဆီးတို႔ ဒီရာသီမွာ ဒုတိယေျမာက္ရႈံးပြဲ ႀကဳံေတြ႕ခဲ့ရၿပီး သုံးဂိုးအထိ ခြင့္ျပဳခဲ့ရတဲ့ ခံစစ္ဆိုး႐ြားမႈနဲ႔ပါ ရင္ဆိုင္ခဲ့ရသလို ဝက္စ္ဟမ္းတို႔ကေတာ့ သူတို႔ရဲ႕ အဆင့္ ၄ ကို ထိန္းသိမ္းႏိုင္ဖို႔ အိမ္ကြင္းမွာ အဖိုးတန္ Come Back ႏိုင္ပြဲကို ရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ ရမွတ္ ၃၃ မွတ္ထက္ တိုးမလာခဲ့ဘဲ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ႏိုင္တာနဲ႔ အဆင့္ ၃ အထိ ဆင္းေပးရဖို႔ ျဖစ္လာခဲ့သလို ဝက္စ္ဟမ္းကေတာ့ ရမွတ္ ၂၇ မွတ္နဲ႔ သူတို႔ေနရာကို ၿခိမ္းေျခာက္ေနတဲ့ စပါးစ္အသင္းလက္က ေျပးလြတ္ႏိုင္ဖို႔ ႀကိဳးစားေမွ်ာ္လင့္ခြင့္ရခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ ေဆာင္းရာသီပြဲက်ပ္ေတြရဲ႕ အလွည့္အေျပာင္းေတြကေတာ့ အစပ်ိဳးလာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.