Analysis Premier League

Preview: ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်အတွက် ဒီတစ်ပတ်မှာ တူဟယ်လ် ခေါင်းကိုက်သက်သာမလား

ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ပွဲမှာ အင်္ဂလန်ခံစစ်တောင်ပံတစ်စုံ ပျောက်ခဲ့ပြီး ဝတ်ဖို့ဒ်ရဲ့ ထိုးနှက်မှုကို တော်တော်လေး ကြံ့ကြံ့ခံခဲ့ရတဲ့ အခြေမှာ လက်ရှိကစားသမားတွေနဲ့ အားတင်းရုန်းကန်ခဲ့ရပြီး နည်းပြ သောမတ်စ် တူဟယ်လ်အတွက်ကတော့ မထင်မှတ်တဲ့ ဒဏ်ရာတွေက စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ချိန်မှာ ပြေလည်အောင် ဒီတစ်ပတ် ဖြေရှင်းသွားနိုင်မလား စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

ဂျာမန်သားနည်းပြအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ရီးစ်ဂျိမ်းစ် ပါဝင်လာနိုင်တယ်လို့ အတည်ပြုသွားခဲ့ပြီး ဒဏ်ရာအခြေအနေ ကောင်းမွန်နေသလို သူ့ရဲ့ ခံစစ်ပြဿနာတွေထဲက တစ်ခုအတွက် ခေါင်းကိုက်သက်သာသွားခဲ့ပြီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကို ခံစစ်သုံးယောက်တန်းမှာ လိုအပ်ရင် အသုံးပြုနိုင်ဖို့လည်း အဆင်ပြေသွားခဲ့တာပါ။

လက်ရှိအသင်းမှာတော့ ဝတ်ဖို့ဒ်နဲ့ပွဲက ဒဏ်ရာရသွားခဲ့တဲ့ ထရီဗိုရ် ချာလိုဘာ၊ မက်တီယို ကိုဗာချစ်၊ အန်ဂိုလို ကွန်တေတို့နဲ့အတူ ကာလကြာရှည် နားရမယ့် ဘန် ချေးလ်ဝဲလ်တို့ လွဲချော်ကြဦးမှာဖြစ်ပြီး ချဲလ်ဆီးတို့အနေနဲ့ အားတက်စရာကတော့ ဂျော်ဂျင်ညို၊ ရီးစ်ဂျိမ်းစ်နဲ့ တီမို ဗာနာတို့ ပါဝင်ကစားဖို့ ကြံ့ခိုင်နေတာပဲဖြစ်ပါတယ်။

ဝတ်ဖို့ဒ်နဲ့ပွဲမှာတော့ Pre-Assist တွေ ပေးနိုင်တယ်လို့ တိုက်စစ်မှာ ဂုဏ်ခံခဲ့ပေမယ့် ခံစစ်မှာ အားလုံးကို ဝန်ပိစေခဲ့တဲ့ မားကို့စ် အလွန်ဆိုရဲ့ နေရာက ပြဿနာက တကယ်ဖန်တီးခဲ့တာ မဟုတ်တဲ့ ပေးပို့မှုနှစ်ခုနဲ့ ထေလို့ မရချိန်မှာ ဝက်စ်ဟမ်းရဲ့ ဂျားရော့ဒ် ဘိုဝင်ရဲ့ လှည့်စားမှုနဲ့ အမြန်နှုန်းကို တားဆီးဖို့က တူဟယ်လ်အတွက် ပုစ္ဆာတစ်ပုဒ်လည်းဖြစ်နေခဲ့တာပါ။

ဒီအချိန်မှာ ၄၅ မိနစ်နဲ့ လူလဲခံရတာ နှစ်ကြိမ်ရှိသွားခဲ့ပေမယ့် လန်ဒန်မှာ ပျော်နေတယ်လို့ ဆိုထားခဲ့တဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို လိုအပ်ချက်အရ သူမကြိုက်တဲ့ တောင်ပံခံစစ်ကို ပြောင်းလဲသွားဖို့ တူဟယ်လ်က စဉ်းစားနေပြီး တောင်ပံမှာဆိုရင် ပရီးမီးယားလိဂ်ရဲ့ ဖျက်ထုတ်မှုအထာကို မနပ်သေးတဲ့ စပိန်သားအနေနဲ့ ပိုပြီး ခြေစွမ်းပြနိုင်မယ်လို့ပါ ယူဆနေပါတယ်။

“အဲ့ဒီပွဲတုန်းက စောစောစီးစီး အဝါကတ်ထိခဲ့သလို လုယူမှုတွေမှာလည်း ဒီက အဝင်အထွက်အထာတွေကို သူက မနပ်သေးတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကို အနီထိနိုင်တဲ့ အန္တရာယ်နဲ့ တစ်ယောက်လျော့ကစားရနိုင်တာကို ရှောင်ရှားခဲ့တာဖြစ်ပြီး လာမယ့်ပွဲတွေမှာတော့ သူက ကျွန်တော်တို့ကို Wing Back နေရာက ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က ဆိုသွားခဲ့တာပါ။

“ကျွန်တော်တို့အနေနဲ့ ဖိကစားတဲ့ အချိန်တွေမှာ သူ့ရဲ့ ဧရိယာထဲကို အချိန်ကိုက် နောက်ကနေ ရောက်လာတတ်တဲ့ အရည်အသွေးက ပိုပြီး အသုံးဝင်ပါလိမ့်မယ်။ အဆုံးသတ်ကောင်းမွန်မှုနဲ့ ဒုတိယမြောက် ပိတ်သွင်းနိုင်သူအဖြစ် သူ့ကို ထရိန်နင်မှာ မြင်ရပြီးပါပြီ။ လာမယ့်ပွဲတွေမှာ ချေလီရဲ့ ဒဏ်ရာကြောင့် လစ်ဟာနေချိန်မှာ သူက ကူညီနိုင်ပါလိမ့်မယ်။ ပွဲတိုင်းမှာ မားကို့စ်(အလွန်ဆို)ကို ယုံထားလို့ မရဘူးလေ”လို့လည်း သူက ရှင်းပြသွားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းနဲ့ ကစားရမယ့် ဒီညနေပွဲမှာတော့ ဘယ်ဘက် ခံစစ်တောင်ပံအတွက် ရွေးချယ်ခွင့်နှစ်မျိုးရှိနေပြီး သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊ ရူဒီဂါတို့ သုံးယောက်တန်းရဲ့ ဘယ်အစွန်မှာ အတွင်းကို ချိုးဝင်လာမယ့် ဘိုဝင်ကို ခုခံဖို့ ဂျာမန်သားနဲ့ တွဲဖက်ပြီး အသင်းကပ္ပတိန် အက်ဇ်ပီကို ရွေးချယ်မလား၊ တန်ပြန်ဖိအားပေးဖို့ ဘယ်သန် ဆာအူးလ်နဲ့ပဲ အထိုင်ချမလားတော့ စောင့်ကြည့်ရမှာပါတယ်။

အရှေ့လန်ဒန် ဝက်စ်ဟမ်းကွင်းကို အလယ်သွားမယ့် ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ ဂိုး-မန်ဒီ။ နောက်တန်း-ခရစ္စတင်ဆန်၊ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါ။ အလယ်တန်း-ရီးစ်ဂျိမ်းစ်၊ ဂျော်ဂျင်ညို၊ လော့ဖ်တပ်စ်ချိခ်၊ အက်ဇ်ပီလီကွေတာ(ဆာအူးလ်)။ ရှေ့တန်း-ဟဒ်ဆန်-အိုဒွိုင်း၊ လူကာကူး၊ မေဆန်မောင့်လို့တော့ ခန့်မှန်းထားနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ ၿပီးခဲ့တဲ့ ပြဲမွာ အဂၤလန္ခံစစ္ေတာင္ပံတစ္စုံ ေပ်ာက္ခဲ့ၿပီး ဝတ္ဖို႔ဒ္ရဲ႕ ထိုးႏွက္မႈကို ေတာ္ေတာ္ေလး ႀကံ့ႀကံ့ခံခဲ့ရတဲ့ အေျခမွာ လက္ရွိကစားသမားေတြနဲ႔ အားတင္း႐ုန္းကန္ခဲ့ရၿပီး နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ကေတာ့ မထင္မွတ္တဲ့ ဒဏ္ရာေတြက စိန္ေခၚမႈတစ္ရပ္ ျဖစ္ခဲ့ခ်ိန္မွာ ေျပလည္ေအာင္ ဒီတစ္ပတ္ ေျဖရွင္းသြားႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

ဂ်ာမန္သားနည္းျပအေနနဲ႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ရီးစ္ဂ်ိမ္းစ္ ပါဝင္လာႏိုင္တယ္လို႔ အတည္ျပဳသြားခဲ့ၿပီး ဒဏ္ရာအေျခအေန ေကာင္းမြန္ေနသလို သူ႔ရဲ႕ ခံစစ္ျပႆနာေတြထဲက တစ္ခုအတြက္ ေခါင္းကိုက္သက္သာသြားခဲ့ၿပီး အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကို ခံစစ္သုံးေယာက္တန္းမွာ လိုအပ္ရင္ အသုံးျပဳႏိုင္ဖို႔လည္း အဆင္ေျပသြားခဲ့တာပါ။

လက္ရွိအသင္းမွာေတာ့ ဝတ္ဖို႔ဒ္နဲ႔ပြဲက ဒဏ္ရာရသြားခဲ့တဲ့ ထရီဗိုရ္ ခ်ာလိုဘာ၊ မက္တီယို ကိုဗာခ်စ္၊ အန္ဂိုလို ကြန္ေတတို႔နဲ႔အတူ ကာလၾကာရွည္ နားရမယ့္ ဘန္ ေခ်းလ္ဝဲလ္တို႔ လြဲေခ်ာ္ၾကဦးမွာျဖစ္ၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ အားတက္စရာကေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ရီးစ္ဂ်ိမ္းစ္နဲ႔ တီမို ဗာနာတို႔ ပါဝင္ကစားဖို႔ ႀကံ့ခိုင္ေနတာပဲျဖစ္ပါတယ္။

ဝတ္ဖို႔ဒ္နဲ႔ပြဲမွာေတာ့ Pre-Assist ေတြ ေပးႏိုင္တယ္လို႔ တိုက္စစ္မွာ ဂုဏ္ခံခဲ့ေပမယ့္ ခံစစ္မွာ အားလုံးကို ဝန္ပိေစခဲ့တဲ့ မားကို႔စ္ အလြန္ဆိုရဲ႕ ေနရာက ျပႆနာက တကယ္ဖန္တီးခဲ့တာ မဟုတ္တဲ့ ေပးပို႔မႈႏွစ္ခုနဲ႔ ေထလို႔ မရခ်ိန္မွာ ဝက္စ္ဟမ္းရဲ႕ ဂ်ားေရာ့ဒ္ ဘိုဝင္ရဲ႕ လွည့္စားမႈနဲ႔ အျမန္ႏႈန္းကို တားဆီးဖို႔က တူဟယ္လ္အတြက္ ပုစာၦတစ္ပုဒ္လည္းျဖစ္ေနခဲ့တာပါ။

ဒီအခ်ိန္မွာ ၄၅ မိနစ္နဲ႔ လူလဲခံရတာ ႏွစ္ႀကိမ္ရွိသြားခဲ့ေပမယ့္ လန္ဒန္မွာ ေပ်ာ္ေနတယ္လို႔ ဆိုထားခဲ့တဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို လိုအပ္ခ်က္အရ သူမႀကိဳက္တဲ့ ေတာင္ပံခံစစ္ကို ေျပာင္းလဲသြားဖို႔ တူဟယ္လ္က စဥ္းစားေနၿပီး ေတာင္ပံမွာဆိုရင္ ပရီးမီးယားလိဂ္ရဲ႕ ဖ်က္ထုတ္မႈအထာကို မနပ္ေသးတဲ့ စပိန္သားအေနနဲ႔ ပိုၿပီး ေျခစြမ္းျပႏိုင္မယ္လို႔ပါ ယူဆေနပါတယ္။

“အဲ့ဒီပြဲတုန္းက ေစာေစာစီးစီး အဝါကတ္ထိခဲ့သလို လုယူမႈေတြမွာလည္း ဒီက အဝင္အထြက္အထာေတြကို သူက မနပ္ေသးတာကို ေတြ႕ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကို အနီထိႏိုင္တဲ့ အႏၲရာယ္နဲ႔ တစ္ေယာက္ေလ်ာ့ကစားရႏိုင္တာကို ေရွာင္ရွားခဲ့တာျဖစ္ၿပီး လာမယ့္ပြဲေတြမွာေတာ့ သူက ကြၽန္ေတာ္တို႔ကို Wing Back ေနရာက ကူညီႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္”လို႔ သတင္းစာရွင္းလင္းပြဲမွာ တူဟယ္လ္က ဆိုသြားခဲ့တာပါ။

“ကြၽန္ေတာ္တို႔အေနနဲ႔ ဖိကစားတဲ့ အခ်ိန္ေတြမွာ သူ႔ရဲ႕ ဧရိယာထဲကို အခ်ိန္ကိုက္ ေနာက္ကေန ေရာက္လာတတ္တဲ့ အရည္အေသြးက ပိုၿပီး အသုံးဝင္ပါလိမ့္မယ္။ အဆုံးသတ္ေကာင္းမြန္မႈနဲ႔ ဒုတိယေျမာက္ ပိတ္သြင္းႏိုင္သူအျဖစ္ သူ႔ကို ထရိန္နင္မွာ ျမင္ရၿပီးပါၿပီ။ လာမယ့္ပြဲေတြမွာ ေခ်လီရဲ႕ ဒဏ္ရာေၾကာင့္ လစ္ဟာေနခ်ိန္မွာ သူက ကူညီႏိုင္ပါလိမ့္မယ္။ ပြဲတိုင္းမွာ မားကို႔စ္(အလြန္ဆို)ကို ယုံထားလို႔ မရဘူးေလ”လို႔လည္း သူက ရွင္းျပသြားပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ ဒီညေနပြဲမွာေတာ့ ဘယ္ဘက္ ခံစစ္ေတာင္ပံအတြက္ ေ႐ြးခ်ယ္ခြင့္ႏွစ္မ်ိဳးရွိေနၿပီး သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊ ႐ူဒီဂါတို႔ သုံးေယာက္တန္းရဲ႕ ဘယ္အစြန္မွာ အတြင္းကို ခ်ိဳးဝင္လာမယ့္ ဘိုဝင္ကို ခုခံဖို႔ ဂ်ာမန္သားနဲ႔ တြဲဖက္ၿပီး အသင္းကပၸတိန္ အက္ဇ္ပီကို ေ႐ြးခ်ယ္မလား၊ တန္ျပန္ဖိအားေပးဖို႔ ဘယ္သန္ ဆာအူးလ္နဲ႔ပဲ အထိုင္ခ်မလားေတာ့ ေစာင့္ၾကည့္ရမွာပါတယ္။

အေရွ႕လန္ဒန္ ဝက္စ္ဟမ္းကြင္းကို အလယ္သြားမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ျဖစ္ႏိုင္ဖြယ္ လူစာရင္းကေတာ့ ဂိုး-မန္ဒီ။ ေနာက္တန္း-ခရစၥတင္ဆန္၊ သီယာဂို ေဆးလ္ဗား၊ ႐ူဒီဂါ။ အလယ္တန္း-ရီးစ္ဂ်ိမ္းစ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ အက္ဇ္ပီလီေကြတာ(ဆာအူးလ္)။ ေရွ႕တန္း-ဟဒ္ဆန္-အိုဒြိဳင္း၊ လူကာကူး၊ ေမဆန္ေမာင့္လို႔ေတာ့ ခန႔္မွန္းထားႏိုင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.