Premier League

ဘောလုံးသမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ကစားသမားက ဘယ်သူလဲ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အာဆင်နယ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဘောလုံးသမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ တစ်ဖက် ၁ ဂိုးစီ ညီမျှနေတဲ့အချိန်မှာ ရော်နယ်လ်ဒိုက အလွန်သေသပ်တဲ့ ပင်နယ်တီဧရိယာထောင့်က ကန်သွင်းချက်၊ အညှာအတာကင်းမဲ့စွာ ကန်သွင်းခဲ့တဲ့ ပင်နယ်တီတို့နဲ့အတူ ယူနိုက်တက်အတွက် အနိုင် ၃ မှတ်ကို ရယူပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး ၈၀၀ ကျော်လွန်နိုင်ခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းတလျှောက်မှာ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းစံချိန်ဟာ တော်တော်လေးကို ထူးခြားတယ်ဆိုတာ သဘောတူကြမှာဖြစ်ပေမယ့် ဘောလုံးလောကမှာ ရော်နယ်လ်ဒိုက ဂိုးသွင်းအများဆုံး အမျိုးသားကစားသမားတွေထဲမှာ တစ်ဦးအဖြစ် ဘယ်နေရာမှာ ရပ်တည်နေလဲဆိုတာကတော့ တော်တော်ဖြေရခက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးခေတ်သစ်မတိုင်ခင် အားထားလို့မရတဲ့ ကစားသမားတွေရဲ့ အငြင်းပွားဖွယ် အချက်အလက်တွေကြောင့် ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ဖို့တော့ ထင်သလောက် မလွယ်ကူတာမို့လို့ပါ။

ဒါပေမယ့်လည်း talkSPORTက ဘောလုံးသမိုင်းစာအုပ်ကို အကောင်းဆုံး ရှာဖွေစီစစ်ပြီး ရော်နယ်လ်ဒိုအနေနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား ၁၀ ဦးထဲက ဘယ်နေရာလောက်မှာ ရပ်တည်နေလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။

၁၀။ တူလီယို မာရာဗီလ်ယာ(၁၉၈၈-၂၀၁၉)-၅၇၅ ဂိုး

ဘရာဇီးလ်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃ ဂိုး သွင်းယူပေးခဲ့ပြီး ဘိုတာဖိုဂို၊ ကိုရင်သီယန်စ်၊ ဖလူးမီးနန့်စ်တို့အတွက် ကစားပေးခဲ့တဲ့ကာလအပါအဝင် ကစားသမားဘဝမှာ ကလပ်အသင်း ၄၀ နီးပါးအတွက် ကစားပေးခဲ့ပါတယ်။

၉။ အူဗဲ့ ဇယ်လာ(၁၉၅၃-၁၉၇၈)-၅၇၅ ဂိုးနဲ့အထက်

ဂျာမန်ဂန္တဝင်တိုက်စစ်မှူးဟာ ဟမ်းဘတ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး ၅၀၀ နီးပါး သွင်းယူပေးခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၄၀ ကျော် သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ပွဲတည်း Cork Celtic အသင်းအတွက် ကစားပေးခဲ့တဲ့ပွဲစဉ်မှာလည်း အံ့အားသင့်ဖွယ် သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၈။ ဖဲရန့်စ် ဒိခ်(၁၉၄၀-၁၉၅၇)-၅၇၆ ဂိုးနဲ့အထက်

၂၀ ရာစုအလယ်မှာ လက်ချိုးရေလို့ရတဲ့ ဂိုးသွင်းအကောင်းဆုံး ဟန်ဂေရီတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဒိခ်ဟာ Szentlőrinci AC အသင်းအတွက် ကစားပေးခဲ့တဲ့ ကာလအတွင်း တစ်ပွဲကို ပျမ်းမျှ ၃ ဂိုးနှုန်းအထိ ကြောက်မက်ဖွယ် သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

၇။ ဂတ် မူလာ(၁၉၆၂-၁၉၈၁)-၇၃၄ ဂိုး

ဂျာမနီဂန္တဝင်တိုက်စစ်မှူး ဂတ် မူလာဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဘလွန်ဒေါဆုရှင် စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာက ပိုမိုကြီးကျယ်ခမ်းနားတဲ့ ကစားသမားဖြစ်စေခဲ့တာဖြစ်ပါတယ်။

၆။ ဖဲရန့်စ် ပွတ်စ်ကပ်စ်(၁၉၄၃-၁၉၆၆)-၇၄၆ ဂိုးနဲ့အထက်

ဟန်ဂေရီရဲ့ ဒုတိယ ဖဲရန့်စ်ဖြစ်တဲ့ ပွတ်စ်ကပ်ဟာ ဘူဒါပတ်စ် ဟွန်ဗီးဒ်နဲ့ ရီးရဲလ်မက်ဒရစ်အတွက် အလွန်ကောင်းမွန်တဲ့ အဆုံးသတ်သူဖြစ်ခဲ့တာကြောင့် ကွယ်လွန်ပြီးနောက် ဖီဖာက နှစ်စဉ် အကောင်းဆုံးသွင်းဂိုးတွေကို ပွတ်စ်ကပ်ရဲ့နာမည်နဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

၅။ လီယွန်နယ် မက်ဆီ(၂၀၀၃-လက်ရှိ)-၇၅၅ ဂိုး

မက်ဆီဟာ ရော်နယ်လ်ဒိုထက် ၁၅၅ ပွဲ လျော့နဲ့ ၇၅၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ သွင်းဂိုး စံချိန်ကိုလည်း များမကြာမီ ကာလမှာ လိုက်မီနိုင်ဖွယ်ရှိပါတယ်။

၄။ ပီလီ(၁၉၅၇-၁၉၇၇)-၇၆၇ ဂိုးနဲ့အထက်

ပီလီရဲ့ အင်စတာဂရမ် ဘိုင်အိုမှာ တင်ထားတဲ့ “တသက်တာ ထိပ်တန်း ဂိုးသွင်းရှင်စာရင်းကို ဦးဆောင်သူ(၁၂၈၃ ဂိုး)ဆိုတဲ့ အချက်အလက်ဟာ ခြေစမ်းပွဲတွေမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကို ဖယ်ရှားလိုက်ရင်တော့ အနည်းငယ် လျော့နည်းသွားမှာဖြစ်လို့ အတိအကျမဟုတ်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။

၃။ ရိုမာရီယို(၁၉၈၅-၂၀၀၇)-၇၇၂ ဂိုး

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးဟာ ပီလီနည်းတူ ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ကျော်ခဲ့တယ်လို့ ပြောကြားခဲ့သူဖြစ်ပြီး ရိုမာရီယိုဟာ ၁၉၉၄ ကမ္ဘာ့ဖလားအောင်မြင်မှုကို သွားရာလမ်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၅ ဂိုးအပါအဝင် တရားဝင်ရေတွက်ခံခဲ့ရတဲ့ သွင်းဂိုးက အနည်းဆုံး ၇၅၀ လောက် ရှိပါတယ်။

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို(၂၀၀၁-လက်ရှိ)-၈၀၁ ဂိုး

လက်ရှိမှာ ပြသနေတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရဆိုရင် ရော်နယ်လ်ဒိုက သွင်းဂိုးအများဆုံးဖြစ်နိုင်ပေမယ့် အချက်အလက်ပညာရှင်တွေနဲ့ ဘောလုံးသမိုင်းပညာရှင်တွေအချို့ကတော့ အဲဒီလို မပြောခဲ့ကြပါဘူး။

၁။ ဂျိုးဆက်ဖ် ဘစ်ကန်(၁၉၃၁-၁၉၅၆)-၈၀၅ ဂိုးနဲ့အထက်

၈၀၅ ဂိုးနဲ့အထက်ဆိုရင် ရော်နယ်လ်ဒိုလိုက်မီအောင် အတိအကျ ဂိုးသွင်းယူနိုင်ဖို့ ဘယ်လောက်ပမာဏလောက်လဲဆိုတာ သိချင်မှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုက ကစားသမားဘဝ သွင်းဂိုး ၇၆၀ မြောက်သွင်းဂိုးကို သွင်းယူခဲ့တဲ့အချိန်မှာ ချက်ဘောလုံးအဖွဲ့ချုပ်က ဂျိုးဆက်ဖ် ဘစ်ကန်ဟာ တရားဝင်ပွဲစဉ်တွေမှာ ၈၂၁ ဂိုးအထိ သွင်းယူခဲ့တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ Rec.Sport.Soccer Statistics Foundation က ဂျိုးဆက်ဖ် ဘစ်ကန်ဟာ စုစုပေါင်း ပွဲပေါင်း ၆၂၁ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၉၄၈ ဂိုးအထိ သွင်းယူခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဖီဖာကတော့ စုစုပေါင်းသွင်းဂိုး ၇၂၀ အောက်သာရှိတယ်လို့ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အာဆင္နယ္ကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ေဘာလုံးသမိုင္းမွာ မွတ္တိုင္သစ္တစ္ခု စိုက္ထူနိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ တစ္ဖက္ ၁ ဂိုးစီ ညီမၽွေနတဲ့အခ်ိန္မွာ ေရာ္နယ္လ္ဒိုက အလြန္ေသသပ္တဲ့ ပင္နယ္တီဧရိယာေထာင့္က ကန္သြင္းခ်က္၊ အညႇာအတာကင္းမဲ့စြာ ကန္သြင္းခဲ့တဲ့ ပင္နယ္တီတို႔နဲ႔အတူ ယူနိုက္တက္အတြက္ အနိုင္ ၃ မွတ္ကို ရယူေပးခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝ စုစုေပါင္းသြင္းဂိုး ၈၀၀ ေက်ာ္လြန္နိုင္ခဲ့တာျဖစ္ၿပီး ေဘာလုံးသမိုင္းတေလၽွာက္မွာ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ကစားသမားေတြထဲက တစ္ဦး ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ ဂိုးသြင္းစံခ်ိန္ဟာ ေတာ္ေတာ္ေလးကို ထူးျခားတယ္ဆိုတာ သေဘာတူၾကမွာျဖစ္ေပမယ့္ ေဘာလုံးေလာကမွာ ေရာ္နယ္လ္ဒိုက ဂိုးသြင္းအမ်ားဆုံး အမ်ိဳးသားကစားသမားေတြထဲမွာ တစ္ဦးအျဖစ္ ဘယ္ေနရာမွာ ရပ္တည္ေနလဲဆိုတာကေတာ့ ေတာ္ေတာ္ေျဖရခက္တဲ့ ေမးခြန္းျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးေခတ္သစ္မတိုင္ခင္ အားထားလို႔မရတဲ့ ကစားသမားေတြရဲ့ အျငင္းပြားဖြယ္ အခ်က္အလက္ေတြေၾကာင့္ ေရာ္နယ္လ္ဒိုနဲ႔ ႏွိုင္းယွဥ္ဖို႔ေတာ့ ထင္သေလာက္ မလြယ္ကူတာမို႔လို႔ပါ။

ဒါေပမယ့္လည္း talkSPORTက ေဘာလုံးသမိုင္းစာအုပ္ကို အေကာင္းဆုံး ရွာေဖြစီစစ္ၿပီး ေရာ္နယ္လ္ဒိုအေနနဲ႔ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ ကစားသမား ၁၀ ဦးထဲက ဘယ္ေနရာေလာက္မွာ ရပ္တည္ေနလဲဆိုတာကို ေဖာ္ျပခဲ့ပါတယ္။

၁၀။ တူလီယို မာရာဗီလ္ယာ(၁၉၈၈-၂၀၁၉)-၅၇၅ ဂိုး

ဘရာဇီးလ္တိုက္စစ္မႉးဟာ လက္ေရြးစင္အသင္းအတြက္ ၁၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၃ ဂိုး သြင္းယူေပးခဲ့ၿပီး ဘိုတာဖိုဂို၊ ကိုရင္သီယန္စ္၊ ဖလူးမီးနန႔္စ္တို႔အတြက္ ကစားေပးခဲ့တဲ့ကာလအပါအဝင္ ကစားသမားဘဝမွာ ကလပ္အသင္း ၄၀ နီးပါးအတြက္ ကစားေပးခဲ့ပါတယ္။

၉။ အူဗဲ့ ဇယ္လာ(၁၉၅၃-၁၉၇၈)-၅၇၅ ဂိုးနဲ႔အထက္

ဂ်ာမန္ဂႏၲဝင္တိုက္စစ္မႉးဟာ ဟမ္းဘတ္အသင္းတစ္သင္းတည္းအတြက္ သြင္းဂိုး ၅၀၀ နီးပါး သြင္းယူေပးခဲ့ၿပီး နိုင္ငံတကာသြင္းဂိုး ၄၀ ေက်ာ္ သြင္းယူနိုင္ခဲ့ပါတယ္။ တစ္ပြဲတည္း Cork Celtic အသင္းအတြက္ ကစားေပးခဲ့တဲ့ပြဲစဥ္မွာလည္း အံ့အားသင့္ဖြယ္ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

၈။ ဖဲရန႔္စ္ ဒိခ္(၁၉၄၀-၁၉၅၇)-၅၇၆ ဂိုးနဲ႔အထက္

၂၀ ရာစုအလယ္မွာ လက္ခ်ိဳးေရလို႔ရတဲ့ ဂိုးသြင္းအေကာင္းဆုံး ဟန္ေဂရီတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တဲ့ ဒိခ္ဟာ Szentlőrinci AC အသင္းအတြက္ ကစားေပးခဲ့တဲ့ ကာလအတြင္း တစ္ပြဲကို ပ်မ္းမၽွ ၃ ဂိုးႏႈန္းအထိ ေၾကာက္မက္ဖြယ္ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

၇။ ဂတ္ မူလာ(၁၉၆၂-၁၉၈၁)-၇၃၄ ဂိုး

ဂ်ာမနီဂႏၲဝင္တိုက္စစ္မႉး ဂတ္ မူလာဟာ ဘိုင္ယန္ျမဴးနစ္ရဲ့ ဘလြန္ေဒါဆုရွင္ စံခ်ိန္တင္ ဂိုးသြင္းရွင္ျဖစ္ၿပီး ကမၻာ့ဖလား ဗိုလ္လုပြဲမွာ အနိုင္ဂိုးကို သြင္းယူေပးခဲ့တာက ပိုမိုႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားျဖစ္ေစခဲ့တာျဖစ္ပါတယ္။

၆။ ဖဲရန႔္စ္ ပြတ္စ္ကပ္စ္(၁၉၄၃-၁၉၆၆)-၇၄၆ ဂိုးနဲ႔အထက္

ဟန္ေဂရီရဲ့ ဒုတိယ ဖဲရန႔္စ္ျဖစ္တဲ့ ပြတ္စ္ကပ္ဟာ ဘူဒါပတ္စ္ ဟြန္ဗီးဒ္နဲ႔ ရီးရဲလ္မက္ဒရစ္အတြက္ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္သူျဖစ္ခဲ့တာေၾကာင့္ ကြယ္လြန္ၿပီးေနာက္ ဖီဖာက ႏွစ္စဥ္ အေကာင္းဆုံးသြင္းဂိုးေတြကို ပြတ္စ္ကပ္ရဲ့နာမည္နဲ႔ ေပးအပ္ခဲ့တာျဖစ္ပါတယ္။

၅။ လီယြန္နယ္ မက္ဆီ(၂၀၀၃-လက္ရွိ)-၇၅၅ ဂိုး

မက္ဆီဟာ ေရာ္နယ္လ္ဒိုထက္ ၁၅၅ ပြဲ ေလ်ာ့နဲ႔ ၇၅၅ ဂိုးအထိ သြင္းယူထားတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ့ သြင္းဂိုး စံခ်ိန္ကိုလည္း မ်ားမၾကာမီ ကာလမွာ လိုက္မီနိုင္ဖြယ္ရွိပါတယ္။

၄။ ပီလီ(၁၉၅၇-၁၉၇၇)-၇၆၇ ဂိုးနဲ႔အထက္

ပီလီရဲ့ အင္စတာဂရမ္ ဘိုင္အိုမွာ တင္ထားတဲ့ “တသက္တာ ထိပ္တန္း ဂိုးသြင္းရွင္စာရင္းကို ဦးေဆာင္သူ(၁၂၈၃ ဂိုး)ဆိုတဲ့ အခ်က္အလက္ဟာ ေျခစမ္းပြဲေတြမွာ သြင္းယူခဲ့တဲ့ ဂိုးေတြကို ဖယ္ရွားလိုက္ရင္ေတာ့ အနည္းငယ္ ေလ်ာ့နည္းသြားမွာျဖစ္လို႔ အတိအက်မဟုတ္ဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

၃။ ရိုမာရီယို(၁၉၈၅-၂၀၀၇)-၇၇၂ ဂိုး

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးဟာ ပီလီနည္းတူ ကစားသမားဘဝ သြင္းဂိုး ၁၀၀၀ ေက်ာ္ခဲ့တယ္လို႔ ေျပာၾကားခဲ့သူျဖစ္ၿပီး ရိုမာရီယိုဟာ ၁၉၉၄ ကမၻာ့ဖလားေအာင္ျမင္မႈကို သြားရာလမ္းမွာ သြင္းယူခဲ့တဲ့ သြင္းဂိုး ၅ ဂိုးအပါအဝင္ တရားဝင္ေရတြက္ခံခဲ့ရတဲ့ သြင္းဂိုးက အနည္းဆုံး ၇၅၀ ေလာက္ ရွိပါတယ္။

၂။ ခရစၥတီယာနို ေရာ္နယ္လ္ဒို(၂၀၀၁-လက္ရွိ)-၈၀၁ ဂိုး

လက္ရွိမွာ ျပသေနတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြအရဆိုရင္ ေရာ္နယ္လ္ဒိုက သြင္းဂိုးအမ်ားဆုံးျဖစ္နိုင္ေပမယ့္ အခ်က္အလက္ပညာရွင္ေတြနဲ႔ ေဘာလုံးသမိုင္းပညာရွင္ေတြအခ်ိဳ႕ကေတာ့ အဲဒီလို မေျပာခဲ့ၾကပါဘူး။

၁။ ဂ်ိဳးဆက္ဖ္ ဘစ္ကန္(၁၉၃၁-၁၉၅၆)-၈၀၅ ဂိုးနဲ႔အထက္

၈၀၅ ဂိုးနဲ႔အထက္ဆိုရင္ ေရာ္နယ္လ္ဒိုလိုက္မီေအာင္ အတိအက် ဂိုးသြင္းယူနိုင္ဖို႔ ဘယ္ေလာက္ပမာဏေလာက္လဲဆိုတာ သိခ်င္မွာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုက ကစားသမားဘဝ သြင္းဂိုး ၇၆၀ ေျမာက္သြင္းဂိုးကို သြင္းယူခဲ့တဲ့အခ်ိန္မွာ ခ်က္ေဘာလုံးအဖြဲ႕ခ်ဳပ္က ဂ်ိဳးဆက္ဖ္ ဘစ္ကန္ဟာ တရားဝင္ပြဲစဥ္ေတြမွာ ၈၂၁ ဂိုးအထိ သြင္းယူခဲ့တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ Rec.Sport.Soccer Statistics Foundation က ဂ်ိဳးဆက္ဖ္ ဘစ္ကန္ဟာ စုစုေပါင္း ပြဲေပါင္း ၆၂၁ ပြဲကစားခဲ့ရာမွာ သြင္းဂိုး ၉၄၈ ဂိုးအထိ သြင္းယူခဲ့တယ္လို႔ ေဖာ္ျပခဲ့ၿပီး ဖီဖာကေတာ့ စုစုေပါင္းသြင္းဂိုး ၇၂၀ ေအာက္သာရွိတယ္လို႔ အသိအမွတ္ျပဳထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.