Premier League Transfer News

အာဆင်နယ်ရဲ့ ပေါင်သန်း ၆၀ တိုက်စစ်ဘတ်ဂျက်နဲ့ လူငယ်တွေ တောင့်ခံပေးရမယ့် ဒီဇင်ဘာ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ စီနီယာတိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ အလက်ဇန်းဒါး လာကာဇက်တို့ဟာ လက်ရှိအနေအထားနဲ့ ပရီးမီးယားလိဂ်မှာ ဘာအဆင့်မှ မရှိတဲ့ အကြောင်းကို အသင်းကြီးတွေနဲ့ တွေ့တဲ့ ပွဲတိုင်းမှာ ကောင်းကောင်းကြီး သဘောပေါက် နားလည်ခဲ့ရအပြီးမှာ ဇန်နဝါရီကတော့ အသင်းရဲ့ ကျရှုံးမှုတွေကို ရပ်တန့်ဖို့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်လို့ ဆိုနေကြပါတယ်။

အသင်းရဲ့ ပိုင်ရှင် ဂျော့ရှ် ခရိုယန်ကီအနေနဲ့ ဆောင်းရာသီမှာ တိုက်စစ်မှူးတစ်ဦး ဖြည့်တင်းဖို့ ပေါင်သန်း ၆၀ အထိ ခွင့်ပြုသွားမယ်လို့လည်း သိရပြီး ဒီပမာဏက လက်ရှိဈေးကွက်ထဲက သူတို့လိုချင်တဲ့ တိုက်စစ်မှူးတချို့ကို ဂုတ်ကနေဆွဲပြီး ခေါ်လို့ရသလို မလိုအပ်သူတွေကိုလည်း သွားတော့လို့ ပြတ်ပြတ်သားသား ပြောနိုင်စေမှာပါ။

လက်ရှိမှာတော့ အာဆင်နယ်တို့အနေနဲ့ တစ်ပတ် ပေါင်သုံးသိန်းခွဲနဲ့ ပိုက်ဘောမိထားတဲ့ အူဘာမီယန်းကို စာချုပ်ကုန်ချိန် ၂၀၂၃ ခုနှစ် နွေရာသီအထိ ပိုက်ဆံထိုင်ပေးနေရဖို့ ရှိနေသလို အသင်းကနေ ဒီကြားထဲမှာ အကြောင်းတစ်ခုခုနဲ့ ထွက်သွားပါစေလို့ပဲ ထိုင်ဆုတောင်းရမှာဖြစ်ပြီး ထားလို့မကောင်း ရောင်းလို့မထွက်ဘဲ လိုချင်တဲ့ အသင်းတွေကတောင် ပိုက်ဆံသုံးချင်စိတ်မရှိတဲ့ လာကာဇက်နဲ့ နကီးတီးယားတို့ကိုတော့ လာမယ့်နွေမှာ ရှင်းထုတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ သူတို့ရဲ့ ဆောင်းရာသီ ရွှေ့ကွက်ကတော့ တော်တော်လေး အရေးပါပြီး အသင်းရဲ့ တည်ငြိမ်မှုနဲ့ ဥရောပဝင်ခွင့်ကို ယူရိုပါလိဂ်လောက် အနည်းဆုံး ရယူနိုင်ဖို့ တိုက်စစ်မှူးကောင်းတစ်ဦး ထပ်မံခေါ်ယူရဖို့ ရှိနေသလို နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဒီဇင်ဘာအတွင်းမှာ ဒဏ်ရာကနေ ပြန်လာဖို့ ရှိနေတဲ့ အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ခေါ်ယူသွားလိုနေတာပါ။

အထောင်တိုက်စစ်မှာ ကစားနိုင်ပြီး ကြုံသလို ဂိုးသွင်းနိုင်တဲ့ အဆုံးသတ်သမားကောင်းတစ်ဦး လိုအပ်နေတဲ့ အာဆင်နယ်အသင်းအတွက်တော့ အသက် ၂၄ နှစ်အရွယ် အဲဗာတန်တိုက်စစ်မှူးဟာ အဖက်ဖက်က ပြည့်စုံသလို ဂုဏ်ထူးမှတ်ရထားသူဖြစ်ပြီး ဒီရာသီအစက ဒဏ်ရာရမသွားခင်အထိ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာလည်း သုံးဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အရန်အစီအစဉ်အနေနဲ့တော့ လီလ်အသင်းရဲ့ ဂျိုနသန် ဒေးဗစ်ကို စောင့်ကြည့်နေပြီး တောင်ပံသမားပိုဆန်တဲ့ ကနေဒါသားကတော့ ဦးစားပေး မဟုတ်သလို အာတီတာအနေနဲ့ ကဲလ်ဗတ်-လူဝင်ကိုသာ ပေါင်သန်း ၆၀ နဲ့ အဆင်မပြေရင် ဆိုစီဒက်ရဲ့ အလက်ဇန်းဒါး အီဆက်ခ်ကို ကမ်းလှမ်းသွားဖွယ် ရှိနေပြီး ဖီအိုရင်တီးနားရဲ့ ဒူရှန် ဗလာဟိုဗစ်ချ်အတွက်လည်း သူ့အသင်းဘက်က အေးဂျင့်နဲ့ မပြောဘဲ တိုက်ရိုက်လာပြောပါလို့ တံခါးဖွင့်ပေးထားတာကြောင့် တစ်ခုခု ထူးခြားလာနိုင်ဖွယ်ရှိနေတာပါ။

ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မစားရ ဝခမန်း တိုက်စစ်မှူးသစ် မရှိဘဲ အာဆင်နယ်တို့ သူမလာခင် တစ်လလောက် ရုန်းကန်ရဦးမှာဖြစ်ပြီး အသင်းက ကြီးပေါကြီးတွေ အားမကိုးရချိန်မှာ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီ နေရာပိုရလာဖို့ ရှိနေသလို ဘူကာယို ဆာကာ၊ အီမီးလ် စမစ်ရိုးနဲ့ မာတင် အော်ဒီဂွါဒ်တို့ လူငယ်အုပ်စုကပဲ တောင့်ခံပေးသွားရဖို့ ရှိနေပြီး အဲဗာတန်ပွဲမှာ ပြီးခဲ့တဲ့ အရှုံးအတွက် ဘယ်လို ပေါက်ကွဲလာမလဲ စောင့်ကြည့်ရဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ စီနီယာတိုက္စစ္မႉးႏွစ္ေယာက္ျဖစ္တဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ အလက္ဇန္းဒါး လာကာဇက္တို႔ဟာ လက္ရွိအေနအထားနဲ႔ ပရီးမီးယားလိဂ္မွာ ဘာအဆင့္မွ မရွိတဲ့ အေၾကာင္းကို အသင္းႀကီးေတြနဲ႔ ေတြ႕တဲ့ ပြဲတိုင္းမွာ ေကာင္းေကာင္းႀကီး သေဘာေပါက္ နားလည္ခဲ့ရအၿပီးမွာ ဇန္နဝါရီကေတာ့ အသင္းရဲ႕ က်ရႈံးမႈေတြကို ရပ္တန႔္ဖို႔ အေျပာင္းအလဲေတြ ျဖစ္လာေတာ့မယ္လို႔ ဆိုေနၾကပါတယ္။

အသင္းရဲ႕ ပိုင္ရွင္ ေဂ်ာ့ရွ္ ခ႐ိုယန္ကီအေနနဲ႔ ေဆာင္းရာသီမွာ တိုက္စစ္မႉးတစ္ဦး ျဖည့္တင္းဖို႔ ေပါင္သန္း ၆၀ အထိ ခြင့္ျပဳသြားမယ္လို႔လည္း သိရၿပီး ဒီပမာဏက လက္ရွိေဈးကြက္ထဲက သူတို႔လိုခ်င္တဲ့ တိုက္စစ္မႉးတခ်ိဳ႕ကို ဂုတ္ကေနဆြဲၿပီး ေခၚလို႔ရသလို မလိုအပ္သူေတြကိုလည္း သြားေတာ့လို႔ ျပတ္ျပတ္သားသား ေျပာႏိုင္ေစမွာပါ။

လက္ရွိမွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ တစ္ပတ္ ေပါင္သုံးသိန္းခြဲနဲ႔ ပိုက္ေဘာမိထားတဲ့ အူဘာမီယန္းကို စာခ်ဳပ္ကုန္ခ်ိန္ ၂၀၂၃ ခုႏွစ္ ေႏြရာသီအထိ ပိုက္ဆံထိုင္ေပးေနရဖို႔ ရွိေနသလို အသင္းကေန ဒီၾကားထဲမွာ အေၾကာင္းတစ္ခုခုနဲ႔ ထြက္သြားပါေစလို႔ပဲ ထိုင္ဆုေတာင္းရမွာျဖစ္ၿပီး ထားလို႔မေကာင္း ေရာင္းလို႔မထြက္ဘဲ လိုခ်င္တဲ့ အသင္းေတြကေတာင္ ပိုက္ဆံသုံးခ်င္စိတ္မရွိတဲ့ လာကာဇက္နဲ႔ နကီးတီးယားတို႔ကိုေတာ့ လာမယ့္ေႏြမွာ ရွင္းထုတ္ႏိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။

ဒီအခ်ိန္မွာ သူတို႔ရဲ႕ ေဆာင္းရာသီ ေ႐ႊ႕ကြက္ကေတာ့ ေတာ္ေတာ္ေလး အေရးပါၿပီး အသင္းရဲ႕ တည္ၿငိမ္မႈနဲ႔ ဥေရာပဝင္ခြင့္ကို ယူ႐ိုပါလိဂ္ေလာက္ အနည္းဆုံး ရယူႏိုင္ဖို႔ တိုက္စစ္မႉးေကာင္းတစ္ဦး ထပ္မံေခၚယူရဖို႔ ရွိေနသလို နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဒီဇင္ဘာအတြင္းမွာ ဒဏ္ရာကေန ျပန္လာဖို႔ ရွိေနတဲ့ အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေခၚယူသြားလိုေနတာပါ။

အေထာင္တိုက္စစ္မွာ ကစားႏိုင္ၿပီး ႀကဳံသလို ဂိုးသြင္းႏိုင္တဲ့ အဆုံးသတ္သမားေကာင္းတစ္ဦး လိုအပ္ေနတဲ့ အာဆင္နယ္အသင္းအတြက္ေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ အဲဗာတန္တိုက္စစ္မႉးဟာ အဖက္ဖက္က ျပည့္စုံသလို ဂုဏ္ထူးမွတ္ရထားသူျဖစ္ၿပီး ဒီရာသီအစက ဒဏ္ရာရမသြားခင္အထိ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ သုံးပြဲမွာလည္း သုံးဂိုးသြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အရန္အစီအစဥ္အေနနဲ႔ေတာ့ လီလ္အသင္းရဲ႕ ဂ်ိဳနသန္ ေဒးဗစ္ကို ေစာင့္ၾကည့္ေနၿပီး ေတာင္ပံသမားပိုဆန္တဲ့ ကေနဒါသားကေတာ့ ဦးစားေပး မဟုတ္သလို အာတီတာအေနနဲ႔ ကဲလ္ဗတ္-လူဝင္ကိုသာ ေပါင္သန္း ၆၀ နဲ႔ အဆင္မေျပရင္ ဆိုစီဒက္ရဲ႕ အလက္ဇန္းဒါး အီဆက္ခ္ကို ကမ္းလွမ္းသြားဖြယ္ ရွိေနၿပီး ဖီအိုရင္တီးနားရဲ႕ ဒူရွန္ ဗလာဟိုဗစ္ခ်္အတြက္လည္း သူ႔အသင္းဘက္က ေအးဂ်င့္နဲ႔ မေျပာဘဲ တိုက္႐ိုက္လာေျပာပါလို႔ တံခါးဖြင့္ေပးထားတာေၾကာင့္ တစ္ခုခု ထူးျခားလာႏိုင္ဖြယ္ရွိေနတာပါ။

ဒါေပမယ့္ လက္ရွိအေျခအေနမွာေတာ့ မစားရ ဝခမန္း တိုက္စစ္မႉးသစ္ မရွိဘဲ အာဆင္နယ္တို႔ သူမလာခင္ တစ္လေလာက္ ႐ုန္းကန္ရဦးမွာျဖစ္ၿပီး အသင္းက ႀကီးေပါႀကီးေတြ အားမကိုးရခ်ိန္မွာ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီ ေနရာပိုရလာဖို႔ ရွိေနသလို ဘူကာယို ဆာကာ၊ အီမီးလ္ စမစ္႐ိုးနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ လူငယ္အုပ္စုကပဲ ေတာင့္ခံေပးသြားရဖို႔ ရွိေနၿပီး အဲဗာတန္ပြဲမွာ ၿပီးခဲ့တဲ့ အရႈံးအတြက္ ဘယ္လို ေပါက္ကြဲလာမလဲ ေစာင့္ၾကည့္ရဖို႔ ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.