Analysis Premier League

ပေါလ်မာဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) အတွက် ခန့်မှန်းချက်များ

ဝက်စ်ဟမ်း-ချဲလ်ဆီး
အမှားတွေ လုပ်ထားပြီး အဆင့် ၄ နေရာကို ကာကွယ်ရမယ့် ဝက်စ်ဟမ်းနဲ့ နောက်က တစ်မှတ်အကွာနဲ့ နှစ်မှတ်အကွာမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို ခွာချမထားနိုင်တဲ့ ချဲလ်ဆီးတို့ တွေ့ဆုံမယ့် အရှေ့-အနောက် လန်ဒန်ဒါဘီကတော့ ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာပါ။ နောက်ဆုံး သုံးပွဲမှာ နိုင်ပွဲပျောက်နေတဲ့ ဒေးဗစ် မွိုက်စ်နဲ့ ဂိုးသွင်းကောင်းတဲ့ နောက်ခံအစွန်လူတွေ ဒဏ်ရာရထားတဲ့ သောမတ်စ် တူဟယ်လ်တို့အတွက် ဒီတစ်ပွဲက အမှားခံလို့မရသလို ဝတ်ဖို့ဒ်နဲ့ပွဲလိုမျိုး ကံကောင်းဖို့လည်း လိုအပ်နေတာပါ။

အဝေးကွင်းမှာ နှစ်ပွဲဆက်တိုက် ကစားရတယ်ဆိုပေမယ့် လန်ဒန်မြို့နဲ့ သိပ်မဝေးတဲ့ ဝတ်ဖို့ဒ်၊ လန်ဒန်မြို့တွင်းက ဝက်စ်ဟမ်းတို့နဲ့ ကစားရတာက ချဲလ်ဆီးတို့အတွက် ခရီးပန်းမှုကို လျော့နည်းစေမှာဖြစ်ပြီး လူကာကူးကို ပြန်ပွဲထုတ်ဖို့ အချိန်လို့လည်း ယူဆရပါတယ်။ တည်ကန်ဘောတွေ ကောင်းတဲ့ ဝက်စ်ဟမ်းနဲ့ ဒဏ်ရာတွေကြောင့် ယိုင်နဲ့နေတဲ့ ချဲလ်ဆီးတို့ အမှတ်ခွဲယူသွားရင်လည်း မထူးဆန်းဘူးပဲ ဆိုရမှာဖြစ်ပါတယ်။ (ဝက်စ်ဟမ်း 1-1 ချဲလ်ဆီး)

နယူးကာဆယ်လ်ယူနိုက်တက်-ဘန်လေ
နယူးကာဆယ်လ်တို့အတွက် နိုင်ပွဲရသင့်တဲ့ အခွင့်အရေးကြီးကြီးမားမားကို ပြရရင် ဒီနေ့ပွဲထက် ပိုကောင်းတာ ရှိမှာ မဟုတ်ပါဘူး။ ဒါက သူတို့ကို တန်းဆင်းဇုန်က ရုန်းထွက်ဖို့နဲ့ ဒီရာသီ ပထမဆုံးနိုင်ပွဲရဖို့ မိုးနတ်မင်းပေးတဲ့ အခွင့်အရေးဖြစ်ပြီး လီဗာပူးလ်၊ ယူနိုက်တက်၊ စီးတီး၊ လက်စတာတို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိနေချိန်မှာ အက်ဒီဟောင်းအတွက် ဒီပွဲက မလွတ်တမ်း ဆုပ်ကိုင်ထားရမယ့် သုံးမှတ်လည်းဖြစ်ပါတယ်။ ဘန်လေကတော့ ခံစစ်ပိတ် ကစားလာမှာဖြစ်ပြီး ဝုလ်ဗ်စ်ကို ဇီးဇီးသရေကျခဲ့သလိုမျိုး ဒီနေ့ပွဲကို ရင်ဆိုင်လာမှာဖြစ်လို့ သူတို့ မရှုံးဘူးလို့ဆိုရင်လည်း ဖြစ်နိုင်တာပါပဲ။ (နယူးကာဆယ်လ် 1-1 ဘန်လေ)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်-လီဗာပူးလ်
ဝုလ်ဗ်စ်တို့အနေနဲ့ ထိပ်ပိုင်းကို ရောက်နေပေမယ့် ဂိုးသွင်းစွမ်းရည်ကျဆင်းနေတာက သူတို့ကို ထင်တိုင်းမပေါက်ဘဲ ဖြစ်စေပြီး နော့ဝစ်ချ်၊ ဘန်လေတို့နဲ့ ဂိုးမရှိသရေတွေက နစ်နာစေခဲ့သလို ထိပ်ဆုံး လေးငါးသင်းထဲ ဝင်ဖို့က အခွင့်အရေးတွေကို ဖန်တီးအသုံးချနိုင်မှပဲ ဖြစ်မှာပါ။ လီဗာပူးလ်ကတော့ ငါတို့ကို တားမယ့်ကောင်ရှိရင် ထွက်ခဲ့လို့ အော်နေတဲ့ အသင်းဖြစ်ပြီး ဂိုးသွင်းကြမ်းသလို နှစ်ဂိုးလောက်သာ ရသွားခဲ့ရင် ဝုလ်ဗ်စ်တို့ ပြန်လာနိုင်ဖို့ ခက်မှာပါ။ မိုဆာလားကို ဘယ်သူက ယှဉ်နိုင်မှာလဲ? ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ဒီနေ့မှာလည်း လီဗာပူးလ်အတွက် နိုင်ပွဲ ထပ်ပြီး ယူပေးပါလိမ့်မယ်။ (ဝုလ်ဗ်စ် 0-3 လီဗာပူးလ်)

ဆောက်သမ်တန်-ဘရိုက်တန်
အမှတ်တွေကို လွှင့်ပစ်ထားခဲ့ကြတဲ့ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဘရိုက်တန်တို့ကတော့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ကွင်းလယ်မှာ ကောင်းကောင်းကစားနိုင်ပေမယ့် ဂိုးမသွင်းတတ်လို့ အမှတ်မရတဲ့ ပုံစံကို ပြန်ရောက်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ ဝက်စ်ဟမ်းကို အနိုင် ကစားနိုင်ခဲ့သင့်တာဖြစ်သလို အိမ်ရှင်အဖြစ် ကစားရမယ့် ဆောက်သမ်တန်တို့ကလည်း လက်စတာကို အနိုင်ရနိုင်ခဲ့ပေမယ့် သရေပဲ ကျခဲ့ရပါတယ်။ သူတို့ နှစ်သင်းစလုံးမှာ ပွဲတွေကို အနိုင်ရဖို့ လုံလောက်တဲ့ စိတ်ဓာတ်ပိုင်း ရှိမနေဘူးလို့ သုံးသပ်ရမှာဖြစ်ပြီး ဒီနေ့ပွဲကလည်း သရေပဲဖြစ်ဦးမှာပါ။ (ဆောက်သမ်တန် 1-1 ဘရိုက်တန်)

ဝတ်ဖို့ဒ်-မန်ချက်စတာစီးတီး
ဆောင်းရာသီ ပွဲကျပ်ကာလမှာမှ ရာနီရေးရီ ရောက်လာခဲ့တာက ပရီးမီးယားလိဂ်အသင်းကြီးတွေကို ဒုက္ခလာပေးနေတာနဲ့ တူနေပါတယ်။ မန်ချက်စတာယူနိုက်တက်ကို သုတ်သင်ရှင်းလင်းခဲ့သလို ချဲလ်ဆီးကိုလည်း ရုန်းကန်ခဲ့စေပြီး သူတို့ရဲ့ တန်ပြန်တိုက်စစ်မှာ ကောင်းမွန်တဲ့ ကစားသမား များပြားမှုက မန်စီးတီးကိုလည်း အခက်တွေ့စေဦးမှာပါ။ မန်စီးတီးကတော့ သူတို့ရဲ့ တစ်ဖက်အသင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ကစားပုံမျိုးနဲ့ ကစားပြနေ ပေမယ့် အခွင့်အရေးတွေကို အသုံးချတတ်ဖို့တော့ ကြိုးစားရဦးမှာဖြစ်သလို အဝေးကွင်းမှာတော့ ဂိုးသွင်းအားလည်း ကျဆင်းနေပါတယ်။ ဘာနာဒို ဆေးလ်ဗားက ဒီဘရိုင်းနား မရှိချိန်မှာ အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီး စတာလင်၊ မာရက်ဇ်တို့ရဲ့ ပူးပေါင်းမှုနဲ့ ဒီပွဲကို အနိုင်ယူသွားလောက်ပါတယ်။ (ဝတ်ဖို့ဒ် 1-3 မန်စီးတီး)

လိဒ်စ်ယူနိုက်တက်-ဘရန့်ဖို့ဒ်
ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ လိဒ်စ်တို့ စိတ်ဓာတ်တက်ကြွနေနိုင်ပြီး လက်ရှိမှာ တန်းဆင်းဇုန်နဲ့လည်း အမှတ်ဖြတ်ထားနိုင်ခဲ့လို့ ဘီယယ်လ်ဆာရဲ့ လူတွေအနေနဲ့ ယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။ စပါးစ်နဲ့ပွဲက ဘရန့်ဖို့ဒ်ရဲ့ ကစားပုံကတော့ ဆိုးဆိုးရွားရွားဖြစ်ပြီး ဒီပုံစံအတိုင်းဆိုရင် ကစားပုံကောင်းတဲ့ အသင်းတွေရဲ့ ဝုန်းတာကို ခံရဦးမှာပါ။ သူတို့ရဲ့ ကစားပုံက ပရီးမီးယားလိဂ်အဆင့်ကို ရောက်လိုက်မရောက်လိုက်နဲ့ မတည်ငြိမ်ဘူးလို့ ဆိုရမယ့်အချိန်မှာ ဒီတစ်ပွဲအတွက်တော့ လိဒ်စ်တို့က အထက်စီးကနေ အနိုင်ယူသွားဖို့ များနေပါတယ်။ (လိဒ်စ် 2-0 ဘရန့်ဖို့ဒ်)

မန်ချက်စတာယူနိုက်တက်-ခရစ္စတယ်လ်ပဲလေ့စ်
အာဆင်နယ်နဲ့ပွဲက ကစားပုံနဲ့ ခြေစွမ်းအရတော့ နည်းပြသစ်အနေနဲ့ အသင်းကို သိပ်ပြီး ပြင်ဆင်ဖို့ လိုမယ် မထင်ပါဘူး။ ရော်နယ်လ်ဒိုက ဂိုးသွင်းဖို့ လုပ်ဦးမယ့်အချိန်မှာ ရန်းနစ်ခ်အနေနဲ့ သူနဲ့ ဂျာမနီမှာ မျက်မှန်းတန်းမိပြီးသား ဆန်ချိုကို ပွဲထွက်ခွင့် ပေးဖို့ ရှိနိုင်ပါတယ်။ အသင်းကို ၆ လတာ ကိုင်တွယ်ဖို့ တနင့်တပိုး ပေးထားတဲ့ ငွေကြေးအရ ဂျာမန်သားအနေနဲ့ အကောင်းဆုံးလုပ်ပြရဖို့ ရှိနေပြီး ဒီတစ်ပတ်မှာလည်း ပရိသတ်တွေက အိမ်ကွင်း နိုင်ပွဲ မျှော်လင့်ကြဦးမှာပါ။ ပဲလေ့စ်မှာတော့ လက်ရှိခံစစ်သမားတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ကစားသမားမျိုးတွေ ပိုင်ဆိုင်ထားလို့ အန္တရာယ်ပေးဖို့ ဖြစ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဒီပွဲက အိမ်ရှင်တွေအတွက် မဖြစ်ရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ (မန်ယူနိုက်တက် 2-2 ပဲလေ့စ်)

တော့တင်ဟမ်ဟော့စပါးစ်-နော့ဝစ်ချ်စီးတီး
စပါးစ်အသင်းရဲ့ ကစားပုံက နော့ဝစ်ချ်နဲ့ပွဲမှာ အတွဲအဖက် ပြန်မိလာခဲ့ပြီး လက်ခံလို့ရတဲ့ အနေအထားတစ်ခုကို ပြန်ရောက်လာခဲ့ပါတယ်။ အဆင့် ၄ အတွင်းကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်မိထားပြီး သူတို့အနေနဲ့ လုပ်ဖို့ရာက နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို ဆက်တိုက် အနိုင်ယူဖို့ပါပဲ။ ခရစ္စမတ် ပွဲကျပ်ကာလကို အန်တိုနီယို ကွန်တီတစ်ယောက် ကောင်းကောင်းဖြတ်ကျော်နိုင်မလား စောင့်ကြည့်ရမှာဖြစ်သလို ဟာရီကိန်းကတော့ တစ်ပွဲ မဟုတ် တစ်ပွဲတော့ ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။ နယူးကာဆယ်လ်ကို အဝေးကွင်းမှာ နော့ဝစ်ချ်တို့ သရေရခဲ့ပေမယ့် ဒီနေ့ကတော့ စပါးစ်နိုင်ပွဲအပြင် တခြားမရှိလောက်တာပါ။ (စပါးစ် 3-0 နော့ဝစ်ချ်)

အက်စတန်ဗီလာ-လက်စတာစီးတီး
လက်စတာကို ကြိုက်ပေမယ့် သူတို့အနေနဲ့ အမှားတွေရဲ့ ဒဏ်ကို ကြိုးစားဖြတ်ကျော်နေရတာကို တွေ့နေရပါတယ်။ တိုက်စစ်ကောင်းသလောက် ခံစစ်ညံ့တဲ့ မြေခွေးတွေအနေနဲ့ မက်ဒီဆန် ထူးချွန်ပေမယ့် ရလဒ်တွေကတော့ အားရစရာနည်းနေတာပါ။ အက်စတန်ဗီလာကတော့ ခံစစ်ပိုကောင်းတဲ့ အသင်းဖြစ်ပြီး ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ ရုန်းကန်နိုင်သလို နည်းပြသစ်လက်ထဲမှာ ကစားပုံ တိုးတက်လာခဲ့ပါတယ်။ နှစ်ဖက်အပြန်အလှန်သွင်းပြီး ဂိုးများမယ့် ပွဲတစ်ပွဲလို့ ခန့်မှန်းချင်ပြီး အဖက်ဖက်က ခြုံငုံစဉ်းစားရရင်တော့ နိုင်မယ့်ဘက်မှာ အိမ်ရှင်တို့ ပေါ်ထွက်လာနိုင်ပါတယ်။ (ဗီလာ 3-2 လက်စတာ)

အဲဗာတန်-အာဆင်နယ်
ဒီရာသီမှာ အသင်းကြီးလေးသင်းကို ရှုံးထားတဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ကစားခွင့်ရပါ့မလားတော့ စဉ်းစားချင်စရာပါပဲ။ သူတို့တွေအနေနဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့ကို အဝေးကွင်းနှစ်ပွဲဆက်တိုက် ရှုံးပွဲဆက်ခဲ့ပေမယ့် ဂွတ်ဒီဆန်ပါ့ခ်မှာတော့ မိနစ် ၉၀ လောက်ပဲ နည်းပြဘဝ အချိန်ကာလကို လက်ချိုးရေတွက်ရတော့မယ့် ဘင်နီတက်ဇ်နဲ့ အတွေ့မှာ ရလဒ်တွေ ပြောင်းလဲနိုင်ပါတယ်။ တကယ်တော့ အာဆင်နယ်က ကံမကောင်းခဲ့တဲ့ အသင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဂိုးရသင့်တဲ့ အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရတာပါ။ အနိုင်ရသင့်တဲ့ အသင်းမျိုးတွေဆိုရင်တော့ ရလဒ်ကောင်းတွေ မလွဲတမ်း ရယူနေတဲ့ အသင်းအနေနဲ့ အဲဗာတန်နဲ့ပွဲမှာတော့ သုံးမှတ်ရအောင် ကျစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ (အဲဗာတန် 1-2 အာဆင်နယ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္း-ခ်ဲလ္ဆီး
အမွားေတြ လုပ္ထားၿပီး အဆင့္ ၄ ေနရာကို ကာကြယ္ရမယ့္ ဝက္စ္ဟမ္းနဲ႔ ေနာက္က တစ္မွတ္အကြာနဲ႔ ႏွစ္မွတ္အကြာမွာ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ကို ခြာခ်မထားႏိုင္တဲ့ ခ်ဲလ္ဆီးတို႔ ေတြ႕ဆုံမယ့္ အေရွ႕-အေနာက္ လန္ဒန္ဒါဘီကေတာ့ ဒီတစ္ပတ္အတြက္ စိတ္ဝင္စားစရာပါ။ ေနာက္ဆုံး သုံးပြဲမွာ ႏိုင္ပြဲေပ်ာက္ေနတဲ့ ေဒးဗစ္ မြိဳက္စ္နဲ႔ ဂိုးသြင္းေကာင္းတဲ့ ေနာက္ခံအစြန္လူေတြ ဒဏ္ရာရထားတဲ့ ေသာမတ္စ္ တူဟယ္လ္တို႔အတြက္ ဒီတစ္ပြဲက အမွားခံလို႔မရသလို ဝတ္ဖို႔ဒ္နဲ႔ပြဲလိုမ်ိဳး ကံေကာင္းဖို႔လည္း လိုအပ္ေနတာပါ။

အေဝးကြင္းမွာ ႏွစ္ပြဲဆက္တိုက္ ကစားရတယ္ဆိုေပမယ့္ လန္ဒန္ၿမိဳ႕နဲ႔ သိပ္မေဝးတဲ့ ဝတ္ဖို႔ဒ္၊ လန္ဒန္ၿမိဳ႕တြင္းက ဝက္စ္ဟမ္းတို႔နဲ႔ ကစားရတာက ခ်ဲလ္ဆီးတို႔အတြက္ ခရီးပန္းမႈကို ေလ်ာ့နည္းေစမွာျဖစ္ၿပီး လူကာကူးကို ျပန္ပြဲထုတ္ဖို႔ အခ်ိန္လို႔လည္း ယူဆရပါတယ္။ တည္ကန္ေဘာေတြ ေကာင္းတဲ့ ဝက္စ္ဟမ္းနဲ႔ ဒဏ္ရာေတြေၾကာင့္ ယိုင္နဲ႔ေနတဲ့ ခ်ဲလ္ဆီးတို႔ အမွတ္ခြဲယူသြားရင္လည္း မထူးဆန္းဘူးပဲ ဆိုရမွာျဖစ္ပါတယ္။ (ဝက္စ္ဟမ္း 1-1 ခ်ဲလ္ဆီး)

နယူးကာဆယ္လ္ယူႏိုက္တက္-ဘန္ေလ
နယူးကာဆယ္လ္တို႔အတြက္ ႏိုင္ပြဲရသင့္တဲ့ အခြင့္အေရးႀကီးႀကီးမားမားကို ျပရရင္ ဒီေန႔ပြဲထက္ ပိုေကာင္းတာ ရွိမွာ မဟုတ္ပါဘူး။ ဒါက သူတို႔ကို တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔နဲ႔ ဒီရာသီ ပထမဆုံးႏိုင္ပြဲရဖို႔ မိုးနတ္မင္းေပးတဲ့ အခြင့္အေရးျဖစ္ၿပီး လီဗာပူးလ္၊ ယူႏိုက္တက္၊ စီးတီး၊ လက္စတာတို႔နဲ႔ ဆက္တိုက္ကစားရဖို႔ ရွိေနခ်ိန္မွာ အက္ဒီေဟာင္းအတြက္ ဒီပြဲက မလြတ္တမ္း ဆုပ္ကိုင္ထားရမယ့္ သုံးမွတ္လည္းျဖစ္ပါတယ္။ ဘန္ေလကေတာ့ ခံစစ္ပိတ္ ကစားလာမွာျဖစ္ၿပီး ဝုလ္ဗ္စ္ကို ဇီးဇီးသေရက်ခဲ့သလိုမ်ိဳး ဒီေန႔ပြဲကို ရင္ဆိုင္လာမွာျဖစ္လို႔ သူတို႔ မရႈံးဘူးလို႔ဆိုရင္လည္း ျဖစ္ႏိုင္တာပါပဲ။ (နယူးကာဆယ္လ္ 1-1 ဘန္ေလ)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္-လီဗာပူးလ္
ဝုလ္ဗ္စ္တို႔အေနနဲ႔ ထိပ္ပိုင္းကို ေရာက္ေနေပမယ့္ ဂိုးသြင္းစြမ္းရည္က်ဆင္းေနတာက သူတို႔ကို ထင္တိုင္းမေပါက္ဘဲ ျဖစ္ေစၿပီး ေနာ့ဝစ္ခ်္၊ ဘန္ေလတို႔နဲ႔ ဂိုးမရွိသေရေတြက နစ္နာေစခဲ့သလို ထိပ္ဆုံး ေလးငါးသင္းထဲ ဝင္ဖို႔က အခြင့္အေရးေတြကို ဖန္တီးအသုံးခ်ႏိုင္မွပဲ ျဖစ္မွာပါ။ လီဗာပူးလ္ကေတာ့ ငါတို႔ကို တားမယ့္ေကာင္ရွိရင္ ထြက္ခဲ့လို႔ ေအာ္ေနတဲ့ အသင္းျဖစ္ၿပီး ဂိုးသြင္းၾကမ္းသလို ႏွစ္ဂိုးေလာက္သာ ရသြားခဲ့ရင္ ဝုလ္ဗ္စ္တို႔ ျပန္လာႏိုင္ဖို႔ ခက္မွာပါ။ မိုဆာလားကို ဘယ္သူက ယွဥ္ႏိုင္မွာလဲ? ကမာၻ႔အေကာင္းဆုံးကစားသမားဟာ ဒီေန႔မွာလည္း လီဗာပူးလ္အတြက္ ႏိုင္ပြဲ ထပ္ၿပီး ယူေပးပါလိမ့္မယ္။ (ဝုလ္ဗ္စ္ 0-3 လီဗာပူးလ္)

ေဆာက္သမ္တန္-ဘ႐ိုက္တန္
အမွတ္ေတြကို လႊင့္ပစ္ထားခဲ့ၾကတဲ့ ႏွစ္သင္းစလုံးအတြက္ အေရးပါတဲ့ပြဲျဖစ္ၿပီး ဘ႐ိုက္တန္တို႔ကေတာ့ ၿပီးခဲ့တဲ့ ရာသီကလိုမ်ိဳး ကြင္းလယ္မွာ ေကာင္းေကာင္းကစားႏိုင္ေပမယ့္ ဂိုးမသြင္းတတ္လို႔ အမွတ္မရတဲ့ ပုံစံကို ျပန္ေရာက္သြားၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ ဝက္စ္ဟမ္းကို အႏိုင္ ကစားႏိုင္ခဲ့သင့္တာျဖစ္သလို အိမ္ရွင္အျဖစ္ ကစားရမယ့္ ေဆာက္သမ္တန္တို႔ကလည္း လက္စတာကို အႏိုင္ရႏိုင္ခဲ့ေပမယ့္ သေရပဲ က်ခဲ့ရပါတယ္။ သူတို႔ ႏွစ္သင္းစလုံးမွာ ပြဲေတြကို အႏိုင္ရဖို႔ လုံေလာက္တဲ့ စိတ္ဓာတ္ပိုင္း ရွိမေနဘူးလို႔ သုံးသပ္ရမွာျဖစ္ၿပီး ဒီေန႔ပြဲကလည္း သေရပဲျဖစ္ဦးမွာပါ။ (ေဆာက္သမ္တန္ 1-1 ဘ႐ိုက္တန္)

ဝတ္ဖို႔ဒ္-မန္ခ်က္စတာစီးတီး
ေဆာင္းရာသီ ပြဲက်ပ္ကာလမွာမွ ရာနီေရးရီ ေရာက္လာခဲ့တာက ပရီးမီးယားလိဂ္အသင္းႀကီးေတြကို ဒုကၡလာေပးေနတာနဲ႔ တူေနပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကို သုတ္သင္ရွင္းလင္းခဲ့သလို ခ်ဲလ္ဆီးကိုလည္း ႐ုန္းကန္ခဲ့ေစၿပီး သူတို႔ရဲ႕ တန္ျပန္တိုက္စစ္မွာ ေကာင္းမြန္တဲ့ ကစားသမား မ်ားျပားမႈက မန္စီးတီးကိုလည္း အခက္ေတြ႕ေစဦးမွာပါ။ မန္စီးတီးကေတာ့ သူတို႔ရဲ႕ တစ္ဖက္အသင္းကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္တဲ့ ကစားပုံမ်ိဳးနဲ႔ ကစားျပေန ေပမယ့္ အခြင့္အေရးေတြကို အသုံးခ်တတ္ဖို႔ေတာ့ ႀကိဳးစားရဦးမွာျဖစ္သလို အေဝးကြင္းမွာေတာ့ ဂိုးသြင္းအားလည္း က်ဆင္းေနပါတယ္။ ဘာနာဒို ေဆးလ္ဗားက ဒီဘ႐ိုင္းနား မရွိခ်ိန္မွာ အေကာင္းဆုံးကစားသမားျဖစ္လာခဲ့ၿပီး စတာလင္၊ မာရက္ဇ္တို႔ရဲ႕ ပူးေပါင္းမႈနဲ႔ ဒီပြဲကို အႏိုင္ယူသြားေလာက္ပါတယ္။ (ဝတ္ဖို႔ဒ္ 1-3 မန္စီးတီး)

လိဒ္စ္ယူႏိုက္တက္-ဘရန႔္ဖို႔ဒ္
ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ ေနာက္ဆုံးမိနစ္ ပင္နယ္တီနဲ႔ အႏိုင္ရခဲ့တဲ့ လိဒ္စ္တို႔ စိတ္ဓာတ္တက္ႂကြေနႏိုင္ၿပီး လက္ရွိမွာ တန္းဆင္းဇုန္နဲ႔လည္း အမွတ္ျဖတ္ထားႏိုင္ခဲ့လို႔ ဘီယယ္လ္ဆာရဲ႕ လူေတြအေနနဲ႔ ယုံၾကည္မႈ ပိုရွိလာႏိုင္ပါတယ္။ စပါးစ္နဲ႔ပြဲက ဘရန႔္ဖို႔ဒ္ရဲ႕ ကစားပုံကေတာ့ ဆိုးဆိုး႐ြား႐ြားျဖစ္ၿပီး ဒီပုံစံအတိုင္းဆိုရင္ ကစားပုံေကာင္းတဲ့ အသင္းေတြရဲ႕ ဝုန္းတာကို ခံရဦးမွာပါ။ သူတို႔ရဲ႕ ကစားပုံက ပရီးမီးယားလိဂ္အဆင့္ကို ေရာက္လိုက္မေရာက္လိုက္နဲ႔ မတည္ၿငိမ္ဘူးလို႔ ဆိုရမယ့္အခ်ိန္မွာ ဒီတစ္ပြဲအတြက္ေတာ့ လိဒ္စ္တို႔က အထက္စီးကေန အႏိုင္ယူသြားဖို႔ မ်ားေနပါတယ္။ (လိဒ္စ္ 2-0 ဘရန႔္ဖို႔ဒ္)

မန္ခ်က္စတာယူႏိုက္တက္-ခရစၥတယ္လ္ပဲေလ့စ္
အာဆင္နယ္နဲ႔ပြဲက ကစားပုံနဲ႔ ေျခစြမ္းအရေတာ့ နည္းျပသစ္အေနနဲ႔ အသင္းကို သိပ္ၿပီး ျပင္ဆင္ဖို႔ လိုမယ္ မထင္ပါဘူး။ ေရာ္နယ္လ္ဒိုက ဂိုးသြင္းဖို႔ လုပ္ဦးမယ့္အခ်ိန္မွာ ရန္းနစ္ခ္အေနနဲ႔ သူနဲ႔ ဂ်ာမနီမွာ မ်က္မွန္းတန္းမိၿပီးသား ဆန္ခ်ိဳကို ပြဲထြက္ခြင့္ ေပးဖို႔ ရွိႏိုင္ပါတယ္။ အသင္းကို ၆ လတာ ကိုင္တြယ္ဖို႔ တနင့္တပိုး ေပးထားတဲ့ ေငြေၾကးအရ ဂ်ာမန္သားအေနနဲ႔ အေကာင္းဆုံးလုပ္ျပရဖို႔ ရွိေနၿပီး ဒီတစ္ပတ္မွာလည္း ပရိသတ္ေတြက အိမ္ကြင္း ႏိုင္ပြဲ ေမွ်ာ္လင့္ၾကဦးမွာပါ။ ပဲေလ့စ္မွာေတာ့ လက္ရွိခံစစ္သမားေတြကို ေကာင္းေကာင္းဒုကၡေပးႏိုင္တဲ့ ကစားသမားမ်ိဳးေတြ ပိုင္ဆိုင္ထားလို႔ အႏၲရာယ္ေပးဖို႔ ျဖစ္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဒီပြဲက အိမ္ရွင္ေတြအတြက္ မျဖစ္ရင္လည္း အံ့ဩစရာေတာ့ မဟုတ္ပါဘူး။ (မန္ယူႏိုက္တက္ 2-2 ပဲေလ့စ္)

ေတာ့တင္ဟမ္ေဟာ့စပါးစ္-ေနာ့ဝစ္ခ်္စီးတီး
စပါးစ္အသင္းရဲ႕ ကစားပုံက ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ အတြဲအဖက္ ျပန္မိလာခဲ့ၿပီး လက္ခံလို႔ရတဲ့ အေနအထားတစ္ခုကို ျပန္ေရာက္လာခဲ့ပါတယ္။ အဆင့္ ၄ အတြင္းကို ဝင္ေရာက္ႏိုင္မယ့္ အခြင့္အေရးကို ဆုပ္ကိုင္မိထားၿပီး သူတို႔အေနနဲ႔ လုပ္ဖို႔ရာက ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲေတြကို ဆက္တိုက္ အႏိုင္ယူဖို႔ပါပဲ။ ခရစၥမတ္ ပြဲက်ပ္ကာလကို အန္တိုနီယို ကြန္တီတစ္ေယာက္ ေကာင္းေကာင္းျဖတ္ေက်ာ္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္သလို ဟာရီကိန္းကေတာ့ တစ္ပြဲ မဟုတ္ တစ္ပြဲေတာ့ ဂိုးသြင္းႏိုင္မယ္လို႔ ယုံၾကည္ရပါတယ္။ နယူးကာဆယ္လ္ကို အေဝးကြင္းမွာ ေနာ့ဝစ္ခ်္တို႔ သေရရခဲ့ေပမယ့္ ဒီေန႔ကေတာ့ စပါးစ္ႏိုင္ပြဲအျပင္ တျခားမရွိေလာက္တာပါ။ (စပါးစ္ 3-0 ေနာ့ဝစ္ခ်္)

အက္စတန္ဗီလာ-လက္စတာစီးတီး
လက္စတာကို ႀကိဳက္ေပမယ့္ သူတို႔အေနနဲ႔ အမွားေတြရဲ႕ ဒဏ္ကို ႀကိဳးစားျဖတ္ေက်ာ္ေနရတာကို ေတြ႕ေနရပါတယ္။ တိုက္စစ္ေကာင္းသေလာက္ ခံစစ္ညံ့တဲ့ ေျမေခြးေတြအေနနဲ႔ မက္ဒီဆန္ ထူးခြၽန္ေပမယ့္ ရလဒ္ေတြကေတာ့ အားရစရာနည္းေနတာပါ။ အက္စတန္ဗီလာကေတာ့ ခံစစ္ပိုေကာင္းတဲ့ အသင္းျဖစ္ၿပီး ခက္ခဲတဲ့ အေျခအေနမ်ိဳးေတြမွာ ႐ုန္းကန္ႏိုင္သလို နည္းျပသစ္လက္ထဲမွာ ကစားပုံ တိုးတက္လာခဲ့ပါတယ္။ ႏွစ္ဖက္အျပန္အလွန္သြင္းၿပီး ဂိုးမ်ားမယ့္ ပြဲတစ္ပြဲလို႔ ခန႔္မွန္းခ်င္ၿပီး အဖက္ဖက္က ၿခဳံငုံစဥ္းစားရရင္ေတာ့ ႏိုင္မယ့္ဘက္မွာ အိမ္ရွင္တို႔ ေပၚထြက္လာႏိုင္ပါတယ္။ (ဗီလာ 3-2 လက္စတာ)

အဲဗာတန္-အာဆင္နယ္
ဒီရာသီမွာ အသင္းႀကီးေလးသင္းကို ရႈံးထားတဲ့ အာဆင္နယ္တို႔ ခ်န္ပီယံလိဂ္ကစားခြင့္ရပါ့မလားေတာ့ စဥ္းစားခ်င္စရာပါပဲ။ သူတို႔ေတြအေနနဲ႔ လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔ကို အေဝးကြင္းႏွစ္ပြဲဆက္တိုက္ ရႈံးပြဲဆက္ခဲ့ေပမယ့္ ဂြတ္ဒီဆန္ပါ့ခ္မွာေတာ့ မိနစ္ ၉၀ ေလာက္ပဲ နည္းျပဘဝ အခ်ိန္ကာလကို လက္ခ်ိဳးေရတြက္ရေတာ့မယ့္ ဘင္နီတက္ဇ္နဲ႔ အေတြ႕မွာ ရလဒ္ေတြ ေျပာင္းလဲႏိုင္ပါတယ္။ တကယ္ေတာ့ အာဆင္နယ္က ကံမေကာင္းခဲ့တဲ့ အသင္းျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ဂိုးရသင့္တဲ့ အခြင့္အေရးေတြကို လက္လႊတ္ခဲ့ရတာပါ။ အႏိုင္ရသင့္တဲ့ အသင္းမ်ိဳးေတြဆိုရင္ေတာ့ ရလဒ္ေကာင္းေတြ မလြဲတမ္း ရယူေနတဲ့ အသင္းအေနနဲ႔ အဲဗာတန္နဲ႔ပြဲမွာေတာ့ သုံးမွတ္ရေအာင္ က်စ္သြားလိမ့္မယ္လို႔ ထင္ပါတယ္။ (အဲဗာတန္ 1-2 အာဆင္နယ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.