Premier League Transfer News

တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းေက်ာ္ အလိုရွိေနတဲ့ အာဆင္နယ္ပစ္မွတ္ေတာင္ပံသမား

အာဆင္နယ္အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ဦးျဖစ္တဲ့ ဘုန္းေမာက္ေတာင္ပံကစားသမား ႐ိုင္ယန္ ဖေရဆာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ကို ျငင္းပယ္ခဲ့ၿပီး စာခ်ဳပ္ကုန္ဆုံးေအာင္ ေစာင့္ဆုိင္းေနတာဟာ လက္ရွိ လစ္ဘာတီကြင္းမွာ ရရွိေနတဲ့ လစာေငြထက္ ျမင့္မားတဲ့ ပမာဏကို လိုခ်င္လို႔ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဇြန္လကုန္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၂၆ ႏွစ္အရြယ္ စေကာ့တလန္ကစားသမားဟာ ေတာင္ပံတင္သာ မဟုတ္ဘဲ ကြင္းလယ္မွာလည္း ကစားႏုိင္သူျဖစ္ၿပီး လက္ရွိပရီးမီးယားလိဂ္ရာသီကုန္ဆုံးခ်ိန္ျဖစ္တဲ့ ဇူလုိင္လကုန္အထိ အသင္းနဲ႔ ကာလတုိစာခ်ဳပ္ကိုေတာ့ ျငင္းဆန္ထားခဲ့သူလည္း ျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္းကုန္ခ်ိန္မွာ ေနာက္ထပ္ ဘယ္အသင္းကို ေျပာင္းရမလဲဆုိတာကို ေရြးခ်ယ္ၿပီးၿပီလို႔ ဖေရဆာက သူ႕ရဲ႕ သူငယ္ခ်င္းေတြကို ေျပာၾကားထားၿပီးၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ေနာက္အသင္းဆီကေန ကမ္းလွမ္းမယ့္စာခ်ဳပ္ကိုေတာ့ ေပါင္တစ္သိန္းနဲ႔အထက္ အလိုရွိေနတယ္ လုိ႔လည္းဆိုပါတယ္။

ဘုန္းေမာက္အသင္းကို စေကာ့တလန္ကလပ္ အဘာဒင္းအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ေလးသိန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ကစားသမားဟာ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ္ရဲ႕ ဖန္တီးမွဳမွတ္တမ္းမွာ အီဒင္ ဟာဇက္ကိုေတာင္ မနီး႐ိုးစြဲလုိက္ႏုိင္ခဲ့သူျဖစ္ၿပီး တစ္ရာသီအတြင္း ၁၄ ဂိုး ဖန္တီးေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဖေရဆာရဲ႕ ေအးဂ်င့္ျဖစ္သူအေနနဲ႔ အာဆင္နယ္အသင္းဆီကို ေခၚယူဖို႔ အခြင့္အေရးအတြက္ ကမ္းလွမ္းထားတယ္လို႔ဆုိၿပီး ေျမာက္လန္ဒန္အသင္းအေနနဲ႔ေတာ့ လာမယ့္ရာသီကုန္ခ်ိန္က်မွ ကစားသမားေခၚယူဖို႔ကို ေဆာင္ရြက္သြားဖြယ္ရွိေနတာေၾကာင့္ ေလာေလာဆယ္မွာ အေကာင္အထည္ေပၚဖြယ္မရွိေသးေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန် ဖရေဆာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းပယ်ခဲ့ပြီး စာချုပ်ကုန်ဆုံးအောင် စောင့်ဆိုင်းနေတာဟာ လက်ရှိ လစ်ဘာတီကွင်းမှာ ရရှိနေတဲ့ လစာငွေထက် မြင့်မားတဲ့ ပမာဏကို လိုချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်လကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၂၆ နှစ်အရွယ် စကော့တလန်ကစားသမားဟာ တောင်ပံတင်သာ မဟုတ်ဘဲ ကွင်းလယ်မှာလည်း ကစားနိုင်သူဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်ရာသီကုန်ဆုံးချိန်ဖြစ်တဲ့ ဇူလိုင်လကုန်အထိ အသင်းနဲ့ ကာလတိုစာချုပ်ကိုတော့ ငြင်းဆန်ထားခဲ့သူလည်း ဖြစ်ပါတယ်။

စာချုပ်သက်တမ်းကုန်ချိန်မှာ နောက်ထပ် ဘယ်အသင်းကို ပြောင်းရမလဲဆိုတာကို ရွေးချယ်ပြီးပြီလို့ ဖရေဆာက သူ့ရဲ့ သူငယ်ချင်းတွေကို ပြောကြားထားပြီးပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး နောက်အသင်းဆီကနေ ကမ်းလှမ်းမယ့်စာချုပ်ကိုတော့ ပေါင်တစ်သိန်းနဲ့အထက် အလိုရှိနေတယ် လို့လည်းဆိုပါတယ်။

ဘုန်းမောက်အသင်းကို စကော့တလန်ကလပ် အဘာဒင်းအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်လေးသိန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှုမှတ်တမ်းမှာ အီဒင် ဟာဇက်ကိုတောင် မနီးရိုးစွဲလိုက်နိုင်ခဲ့သူဖြစ်ပြီး တစ်ရာသီအတွင်း ၁၄ ဂိုး ဖန်တီးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖရေဆာရဲ့ အေးဂျင့်ဖြစ်သူအနေနဲ့ အာဆင်နယ်အသင်းဆီကို ခေါ်ယူဖို့ အခွင့်အရေးအတွက် ကမ်းလှမ်းထားတယ်လို့ဆိုပြီး မြောက်လန်ဒန်အသင်းအနေနဲ့တော့ လာမယ့်ရာသီကုန်ချိန်ကျမှ ကစားသမားခေါ်ယူဖို့ကို ဆောင်ရွက်သွားဖွယ်ရှိနေတာကြောင့် လောလောဆယ်မှာ အကောင်အထည်ပေါ်ဖွယ်မရှိသေးကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.