Ligue1

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ဘလွန်ဒေါဆုရရှိဖို့ ထိုက်တန်ကြောင်း ပေါ်လွွင်ခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့ညက ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိခဲ့ပြီး ဝေဖန်သံတွေ ဆူညံနေချိန်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်က ဘာကြောင့် မက်ဆီ ဆုရရှိဖို့ ထိုက်တန်လဲဆိုတာ အတိအကျပြသခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ အကြီးမားဆုံးတစ်ဦးချင်းဆုကို ရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီး နောက်ထပ်် ရွှေဘောလုံးကို ထပ်မံကိုင်မြှောက်ရင်း ပရိသတ်တွေကို စိတ်ပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ဘလွန်ဒေါ ရရှိတဲ့အကြိမ်ရေ ၂ ကြိမ် ပိုမို သာလွန်သွားခဲ့ပြီဖြစ်ပြီး မက်ဆီရဲ့ပရိသတ်တွေက အောင်ပွဲခံနေချိန်မှာ ဘောလုံးလောကအတွင်းမှာတော့ ဆုနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့သူတွေ အများအပြားရှိိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္တဝင်ဂိုးသမားဟောင်း ကာဆီးလက်စ်က ဘလွန်ဒေါဆုရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့သလို တိုနီ ခရူးစ်ကလည်း အာဂျင်တီးနားကြယ်ပွင့်ဆုရရှိသွားခဲ့မှုအပေါ် သံသယ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သွင်းဂိုးအများအပြားသွင်းယူပြီး စံချိန်တွေကို ရိုက်ချိုးခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးက ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့်ဖြစ်ပြီး အများစုကတော့ မက်ဆီက ယခုနှစ်မှာ ထူးထူးခြားခြား ဘာမှ မရရှိခဲ့ပေမယ့် မက်ဆီဖြစ်နေတာကြောင့် ဆုရရှိသွားတာလို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့ ဘက်တော်သားတွေကလည်း အချက်အလက်တွေနဲ့ ဗီဒီယိုတွေကို တန်ပြန်ပြသရင်း အာဂျင်တီးနားကြယ်ပွင့် ဆုရရှိသင့်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီထဲက ဗီဒီယိုဖိုင်တစ်ခုက မက်ဆီရဲ့ နွေရာသီတုန်းက ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေကို ပြသထားပြီး ရုပ်သံဖိုင်တွေစုစည်းထားတဲ့ ဗီဒီယိုထဲမှာ မက်ဆီဟာ တစ်ဦးတည်းရုန်းကန်ပြီးအသင်းကို ဖလားရယူပေးခဲ့တဲ့အတွက် အသင်းဖော်တွေက ၎င်းတို့ရဲ့ပုခုံးပေါ်ထမ်းတင်ပြီး ချီးကျူးဂုဏ်ပြုခဲ့တာကို ပြသခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီ ဘယ်လောက်ကောင်းမွန်ခဲ့လဲဆိုတာ မြင်တွေ့ရတဲ့အခါမှာ မက်ဆီ ဆုမရရှိသင့်ဘူးလို့ အငြင်းပွားဖို့ ခက်ခဲမှာဖြစ်ပြီး မက်ဆီသာ အကောင်းဆုံးပုံစံမှာ မရှိခဲ့ရင် အာဂျင်တီးနားအနေနဲ့ နှစ်ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့ နိုင်ငံတကာဆုဖလားကို ရဖို့ မျှော်လင့်နိုင်ဖွယ်ရှိမှာမဟုတ်တာ မြင်သာနေပါတယ်။

အဲဒီတော့ အလွန်ကောင်းမွန်တဲ့ ၂ နှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဆုမရရှိခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးအတွက် စိတ်မကောင်းဖြစ်မိရင်း အချို့တွေ ပြောနေသလို ဆုအခိုးယူခံရတာဆိုတဲ့ ပြောကြားမှုတွေဟာ မဟုတ်မှန်ကြောင်း အဲဒီဗီဒီယိုဖိုင်က သက်သေပြသနေတာဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဒီလို အကြိမ်အရေအတွက်ကို လိုက်မီဖို့ လွယ်ကူဖွယ်မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားခဲ့ပါတယ်။ “ဒီစံချိန်က ရိုက်ချိုးခံရနိုင်လားဆိုတာ ကျွန်တော် မသိပါဘူး။ ရိုက်ချိုးနိုင်တယ်ဆိုရင် အဲဒါကို ကျွန်တော် လက်ခံရမှာဖြစ်ပေမယ့် အဲဒီစံချိန်က ရိုက်ချိုးနိုင်ပါ့မလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ၇ ကြိမ်ဆိုတာက တကယ်ကို အထင်ကြီးစရာကောင်းနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ တနလၤာေန႔ညက ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိခဲ့ၿပီး ေဝဖန္သံေတြ ဆူညံေနခ်ိန္မွာ ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္က ဘာေၾကာင့္ မက္ဆီ ဆုရရွိဖို႔ ထိုက္တန္လဲဆိုတာ အတိအက်ျပသခဲ့ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ အႀကီးမားဆုံးတစ္ဦးခ်င္းဆုကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္္ ေရႊေဘာလုံးကို ထပ္မံကိုင္ေျမႇာက္ရင္း ပရိသတ္ေတြကို စိတ္ေပ်ာ္ရႊင္ေစခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ၎ရဲ့ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္လ္ဒိုထက္ ဘလြန္ေဒါ ရရွိတဲ့အႀကိမ္ေရ ၂ ႀကိမ္ ပိုမို သာလြန္သြားခဲ့ၿပီျဖစ္ၿပီး မက္ဆီရဲ့ပရိသတ္ေတြက ေအာင္ပြဲခံေနခ်ိန္မွာ ေဘာလုံးေလာကအတြင္းမွာေတာ့ ဆုနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့သူေတြ အမ်ားအျပားရွိိခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ဂိုးသမားေဟာင္း ကာဆီးလက္စ္က ဘလြန္ေဒါဆုရဲ့ တရားဝင္မႈကို ေမးခြန္းထုတ္ခဲ့သလို တိုနီ ခ႐ူးစ္ကလည္း အာဂ်င္တီးနားၾကယ္ပြင့္ဆုရရွိသြားခဲ့မႈအေပၚ သံသယ ရွိေနခဲ့တာျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းအရင္းကေတာ့ သြင္းဂိုးအမ်ားအျပားသြင္းယူၿပီး စံခ်ိန္ေတြကို ရိုက္ခ်ိဳးခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးက ဒုတိယေနရာမွာသာ ရပ္တည္နိုင္ခဲ့တာေၾကာင့္ျဖစ္ၿပီး အမ်ားစုကေတာ့ မက္ဆီက ယခုႏွစ္မွာ ထူးထူးျခားျခား ဘာမွ မရရွိခဲ့ေပမယ့္ မက္ဆီျဖစ္ေနတာေၾကာင့္ ဆုရရွိသြားတာလို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ့ ဘက္ေတာ္သားေတြကလည္း အခ်က္အလက္ေတြနဲ႔ ဗီဒီယိုေတြကို တန္ျပန္ျပသရင္း အာဂ်င္တီးနားၾကယ္ပြင့္ ဆုရရွိသင့္တယ္ဆိုတာကို သက္ေသျပဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီထဲက ဗီဒီယိုဖိုင္တစ္ခုက မက္ဆီရဲ့ ေႏြရာသီတုန္းက ကစားခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးခဲ့တာေတြကို ျပသထားၿပီး ႐ုပ္သံဖိုင္ေတြစုစည္းထားတဲ့ ဗီဒီယိုထဲမွာ မက္ဆီဟာ တစ္ဦးတည္း႐ုန္းကန္ၿပီးအသင္းကို ဖလားရယူေပးခဲ့တဲ့အတြက္ အသင္းေဖာ္ေတြက ၎တို႔ရဲ့ပုခုံးေပၚထမ္းတင္ၿပီး ခ်ီးက်ဴးဂုဏ္ျပဳခဲ့တာကို ျပသခဲ့ပါတယ္။

ကိုပါအေမရိကၿပိဳင္ပြဲမွာ မက္ဆီ ဘယ္ေလာက္ေကာင္းမြန္ခဲ့လဲဆိုတာ ျမင္ေတြ႕ရတဲ့အခါမွာ မက္ဆီ ဆုမရရွိသင့္ဘူးလို႔ အျငင္းပြားဖို႔ ခက္ခဲမွာျဖစ္ၿပီး မက္ဆီသာ အေကာင္းဆုံးပုံစံမွာ မရွိခဲ့ရင္ အာဂ်င္တီးနားအေနနဲ႔ ႏွစ္ကာလၾကာရွည္ေစာင့္ဆိုင္းခဲ့ရတဲ့ နိုင္ငံတကာဆုဖလားကို ရဖို႔ ေမၽွာ္လင့္နိုင္ဖြယ္ရွိမွာမဟုတ္တာ ျမင္သာေနပါတယ္။

အဲဒီေတာ့ အလြန္ေကာင္းမြန္တဲ့ ၂ ႏွစ္ကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဆုမရရွိခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးအတြက္ စိတ္မေကာင္းျဖစ္မိရင္း အခ်ိဳ႕ေတြ ေျပာေနသလို ဆုအခိုးယူခံရတာဆိုတဲ့ ေျပာၾကားမႈေတြဟာ မဟုတ္မွန္ေၾကာင္း အဲဒီဗီဒီယိုဖိုင္က သက္ေသျပသေနတာျဖစ္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ ဒီလို အႀကိမ္အေရအတြက္ကို လိုက္မီဖို႔ လြယ္ကူဖြယ္မရွိဘူးလို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ “ဒီစံခ်ိန္က ရိုက္ခ်ိဳးခံရနိုင္လားဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ ရိုက္ခ်ိဳးနိုင္တယ္ဆိုရင္ အဲဒါကို ကၽြန္ေတာ္ လက္ခံရမွာျဖစ္ေပမယ့္ အဲဒီစံခ်ိန္က ရိုက္ခ်ိဳးနိုင္ပါ့မလားဆိုတာ ကၽြန္ေတာ္ မေသခ်ာပါဘူး။ ၇ ႀကိမ္ဆိုတာက တကယ္ကို အထင္ႀကီးစရာေကာင္းေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.