Bundesliga Ligue1

လီဗန်ဒေါ့ဗ်စကီးရဲ့ ဘလွန်ဒေါဆု ခိုးယူခံခဲ့ရတယ်ဆိုတာ အားလုံးရှေ့မှာ ဝန်ခံခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့ညမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါဆုပေးပွဲမှာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး ဘောလုံးသမိုင်းတလျှောက် ဘယ်သူမှ လိုက်မီဖို့မလွယ်တဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ပြီးခဲ့တဲ့ နွေရာသီမှာ ကိုပါအမေရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဘာစီလိုနာအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ရာသီမှာ နောက်ထပ် ပီချီချီဖလားကို ရရှိခဲ့ပြီးနောက် အောင်မြင်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ မက်ဆီဟာ ၎င်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဘလွန်ဒေါဆု ၂ ခုအထိ အသာစီး ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဘလွန်ဒေါဆုသမိုင်းတလျှောက်မှာ ဆုအများဆုံးရရှိထားတဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနှစ် ဘလွန်ဒေါဆုဟာ မက်ဆီရဲ့ ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့အောင်ပွဲတွေထဲက တစ်ခုလို့ ဆိုရမှာဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ ဘောလုံးပရိသတ်အများစုနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကသာ အမှန်တကယ် ထိုက်တန်တဲ့ ဆုရရှိသူဖြစ်ခဲ့တယ်လို့ ထင်မြင်ခဲ့ကြလို့ ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ သွင်းဂိုး ၆၀ ကျော်အထိ သွင်းယူနိုင်ခဲ့အတွက် အကောင်းဆုံး တိုက်စစ်မှူးဆုကို ပေးအပ်ခြင်းခံခဲ့ရပြီး လောင်းကစားဒိုင်တွေကလည်း ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုပေးပွဲမှာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးကစားသမားအဖြစ် လောင်းကြေးဖွင့်ခဲ့ကြပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၀ ခုနှစ် ဘလွန်ဒေါဆုကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် လွဲခေါ်ခဲ့ရတဲ့အတွက် ယခုနှစ်အတွက် ဘလွန်ဒေါဆုကို ရရှိသင့်တယ်လို့ အားလုံးက ခံစားနေရတာဖြစ်ပြီး ဆုရရှိခဲ့တဲ့ မက်ဆီကိုယ်တိုင်ကလည်း စင်မြင့်ပေါ်တက်ပြီး ဆုလက်ခံရယူချိန်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးအတွက် စိတ်မကောင်းစွာနဲ့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားရဲ့ ဘလွန်ဒေါဆုနဲ့ ခင်ဗျားက ထိုက်တန်ပါတယ်။ မနှစ်က အားလုံးက ခင်ဗျားဟာ ဆုကျိန်းသေရရှိမယ့်သူလို့ အားလုံးက တညီတညွတ်တည်း ပြောဆိုခဲ့ကြတာပါ”လို့ မက်ဆီက လီဗန်ဒေါ့ဗ်စကီးကို စင်မြင့်ပေါ်ကနေ တိုက်ရိုက် ချီးကျူးဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ မှတ်ချက်စကားကို အင်္ဂလန်ဂန္တဝင် ဂယ်ရီ လိုင်နီကာက “မက်ဆီ သဘောတူတယ်။ မက်ဆီပြောတာ မှန်တယ်။ လီဗန်ဒေါ့ဗ်စကီးကို ဆုပေးလိုက်ပါ။ လုပ်ဖို့ အရမ်းလွယ်ကူတဲ့အရာဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ”လို့ တွစ်တာမှာ ရေးသားပြီး တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ တနလၤာေန႔ညမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြက္ ဘလြန္ေဒါဆုေပးပြဲမွာ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ၿပီး ေဘာလုံးသမိုင္းတေလွ်ာက္ ဘယ္သူမွ လိုက္မီဖို႔မလြယ္တဲ့ မွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ကိုပါအေမရိကဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး ဘာစီလိုနာအတြက္ ေနာက္ဆုံးကစားေပးခဲ့တဲ့ရာသီမွာ ေနာက္ထပ္ ပီခ်ီခ်ီဖလားကို ရရွိခဲ့ၿပီးေနာက္ ေအာင္ျမင္တဲ့ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့တဲ့အတြက္ ဆုခ်ီးျမႇင့္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ မက္ဆီဟာ ၎ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဘလြန္ေဒါဆု ၂ ခုအထိ အသာစီး ရယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဘလြန္ေဒါဆုသမိုင္းတေလွ်ာက္မွာ ဆုအမ်ားဆုံးရရွိထားတဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီႏွစ္ ဘလြန္ေဒါဆုဟာ မက္ဆီရဲ႕ ခက္ခက္ခဲခဲ ရယူခဲ့ရတဲ့ေအာင္ပြဲေတြထဲက တစ္ခုလို႔ ဆိုရမွာျဖစ္ၿပီး ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးပရိသတ္အမ်ားစုနဲ႔ ေဘာလုံးေဝဖန္သုံးသပ္သူေတြက ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကသာ အမွန္တကယ္ ထိုက္တန္တဲ့ ဆုရရွိသူျဖစ္ခဲ့တယ္လို႔ ထင္ျမင္ခဲ့ၾကလို႔ ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္းမွာ သြင္းဂိုး ၆၀ ေက်ာ္အထိ သြင္းယူႏိုင္ခဲ့အတြက္ အေကာင္းဆုံး တိုက္စစ္မႉးဆုကို ေပးအပ္ျခင္းခံခဲ့ရၿပီး ေလာင္းကစားဒိုင္ေတြကလည္း ဖီဖာရဲ႕ အေကာင္းဆုံးကစားသမားဆုေပးပြဲမွာ အႏိုင္ရရွိဖို႔ ေရပန္းအစားဆုံးကစားသမားအျဖစ္ ေလာင္းေၾကးဖြင့္ခဲ့ၾကပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၀ ခုႏွစ္ ဘလြန္ေဒါဆုကို ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါအေျခအေနေၾကာင့္ လြဲေခၚခဲ့ရတဲ့အတြက္ ယခုႏွစ္အတြက္ ဘလြန္ေဒါဆုကို ရရွိသင့္တယ္လို႔ အားလုံးက ခံစားေနရတာျဖစ္ၿပီး ဆုရရွိခဲ့တဲ့ မက္ဆီကိုယ္တိုင္ကလည္း စင္ျမင့္ေပၚတက္ၿပီး ဆုလက္ခံရယူခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးအတြက္ စိတ္မေကာင္းစြာနဲ႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားရဲ႕ ဘလြန္ေဒါဆုနဲ႔ ခင္ဗ်ားက ထိုက္တန္ပါတယ္။ မႏွစ္က အားလုံးက ခင္ဗ်ားဟာ ဆုက်ိန္းေသရရွိမယ့္သူလို႔ အားလုံးက တညီတၫြတ္တည္း ေျပာဆိုခဲ့ၾကတာပါ”လို႔ မက္ဆီက လီဗန္ေဒါ့ဗ္စကီးကို စင္ျမင့္ေပၚကေန တိုက္႐ိုက္ ခ်ီးက်ဴးဂုဏ္ျပဳသြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ မွတ္ခ်က္စကားကို အဂၤလန္ဂႏၲဝင္ ဂယ္ရီ လိုင္နီကာက “မက္ဆီ သေဘာတူတယ္။ မက္ဆီေျပာတာ မွန္တယ္။ လီဗန္ေဒါ့ဗ္စကီးကို ဆုေပးလိုက္ပါ။ လုပ္ဖို႔ အရမ္းလြယ္ကူတဲ့အရာျဖစ္ၿပီး လုပ္သင့္လုပ္ထိုက္တဲ့ အရာပါ”လို႔ တြစ္တာမွာ ေရးသားၿပီး တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.