Premier League

မက်ဆီတောင် မရဖူးတဲ့ဆုကို ရရှိခဲ့တဲ့ မိုဟာမက် ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ရွှေခြေထောက်ဆုကို ၁၉ ကြိမ်မြောက် ရရှိတဲ့ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး တစ်ဖက်မှာလည်း မက်ဆီက ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မိုနာကိုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေ ပြုလုပ်ထားတာကြောင့် မိုဟာမက် ဆာလားဟာ ဆုကို ကိုယ်တိုင် တက်ရောက် လက်ခံရယူနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ဇနီးဖြစ်သူက ဂန္တဝင်ကစားသမားအများအပြား ရရှိခဲ့တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို လက်ခံရယူပေးခဲ့ပါတယ်။ မိုဟာမက် ဆာလားဟာ ရွှေခြေထောက်ဆုကို ရရှိခဲ့တာကြောင့် အီဂျစ်တိုက်စစ်မှူးရဲ့ခြေရာပုံတူကို မိုနာကိုမှာရှိတဲ့ ချန်ပီယံများလျှောက်လမ်းမှာ ပီလီ၊ ဒီယေဂို မာရာဒိုနာနဲ့ အခြားဂန္တဝင်ကစားသမားတွေရဲ့ ခြေရာနဲ့အတူ ထားရှိခြင်းခံရတော့မှာဖြစ်ပါတယ်။

“ကျွန်တော် ဆုရရှိတဲ့အခါမှာ အမြဲတမ်း အရမ်းပျော်ရွှင်ရပါတယ်။ ရွှေခြေထောက်ဆုက ကျွန်တော့်အတွက်တော့ အရမ်းထူးခြားတဲ့အဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဆုကို ကမ္ဘာ့ဘောလုံးလောကက ဂန္တဝင်ကစားသမားအများအပြားက ရရှိခဲ့တာကြောင့်ပါ။ အဲဒီအတွက် ကျွန်တော် ဒီဆုကို ထူးခြားတဲ့ဆုလို့ ယူဆပါတယ်”လို့ မိုဟာမက် ဆာလားက ပြောကြားခဲ့့ပါတယ်။

မိုဟာမက် ဆာလားဟာ ရွှေခြေထောက်ဆုအတွက် မက်ဆီ၊ ဂျရတ် ပီကေး၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ခေလီနီ၊ နေမာ၊ ရာမို့စ်၊ အဂွေရို၊ ဘန်ဇီးမား၊ လူကာကူးတို့လို ဆန်ခါတင်စာရင်းဝင် ကစားသမားတွေဆီက မယုံနိုင်ဖွယ် ခက်ခဲကြမ်းတမ်းတဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ပြီးမှ ရရှိခဲ့တာဖြစ်ပါတယ်။ ရွှေခြေထောက်ဆုဟာ ရရှိဖို့ မလွယ်ကူတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကြီးတစ်ခုဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီတောင် ဒီဆုကို ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

ရွှေခြေထောက်ဆုဟာ တစ်သက်မှာ တစ်ခါသာ ရရှိနိုင်တဲ့ ဆုတစ်ခုဖြစ်ပြီး လက်ရှိ ကစားနေဆဲဖြစ်တဲ့ အသက် ၂၈ နှစ်နဲ့အထက် ကစားသမားတွေကိုသာ ရွှေခြေထောက်ဆုကို ပေးအပ်တာဖြစ်ပါတယ်။ ကမ္ဘာတလွှားက မီဒီယာတွေက ကနဦးရွေးချယ်ထားတဲ့ ဆန်ခါတင် ၅၀ ဦးစာရင်းကို ရွှေခြေထောက်ဆုကော်မရှင်က ၁၀ ဦးအထိ ထပ်မံစစ်ထုတ်လိုက်ပြီး နောက်ဆုံး ၁၀ ဦးထဲက ဆုရရှိသူကို ပရိသတ်တွေက အွန်လိုင်းမဲပေးစနစ်နဲ့ ရွေးချယ်ပေးရတာဖြစ်ပါတယ်။

ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ ဆာလားရဲ့အထက်မှာ မက်ဆီ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ ဘန်ဇီးမားတို့ ရပ်တည်နိုင်ခဲ့ပေမယ့် အွန်လိုင်းပေါ်က ပရိသတ်တွေဟာ မိုဟာမက် ဆာလားရဲ့နောက်မှာ အများအပြားရှိတယ်ဆိုတာကို ရွှေခြေထောက်ဆုကို ၁၉ ကြိမ်မြောက် ရရှိခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ မိုဟာမက် ဆာလားမတိုင်မီ ရွှေခြေထောက်ဆုကို ရရှိခဲ့တဲ့ ဂန္တဝင်ကစားသမား ၁၈ ဦးရှိခဲ့ပြီး ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ဘယ်ကစားသမားတွေ ရရှိခဲ့ဖူးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ၂၀၀၃- ရောဘတ်တို ဘက်ဂီယို

၂။ ၂၀၀၄- ပါဗယ် နက်ဗက်

၃။ ၂၀၀၅- ရှက်ဗ်ချင်ကို

၄။ ၂၀၀၆- ရော်နယ်လ်ဒို နာဇာရီယို

၅။ ၂၀၀၇- အလက်ဆန်ဒရို ဒဲလ် ပီယာရို

၆။ ၂၀၀၈- ရော်ဘတ်တို ကားလို့စ်

၇။ ၂၀၀၉- ရော်နယ်လ်ဒင်ညို

၈။ ၂၀၁၀- ဖရန်စက်စ်ကို တော့တီ

၉။ ၂၀၁၁- ရိုင်ယန် ဂစ်

၁၀။ ၂၀၁၂- ဇလာတန် အီဘရာဟီမိုဗစ်

၁၁။ ၂၀၁၃- ဒီဒီယာ ဒရော့ဂ်ဘာ

၁၂။ ၂၀၁၄- အင်နီယေစတာ

၁၃။ ၂၀၁၅- ဆင်မြူရယ် အီတိုး

၁၄။ ၂၀၁၆- ဘူဖွန်

၁၅။ ၂၀၁၇- ကာဆီးလက်စ်

၁၆။ ၂၀၁၈- ကာဗာနီ

၁၇။ ၂၀၁၉- လူကာ မိုဒရစ်

၁၈။ ၂၀၂၀- ခရစ္စတီယာနို ရော်နယ်လ်ဒို

၁၉။ ၂၀၂၁- မိုဟာမက် ဆာလား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ေရႊေျခေထာက္ဆုကို ၁၉ ႀကိမ္ေျမာက္ ရရွိတဲ့ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး တစ္ဖက္မွာလည္း မက္ဆီက ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ဆြတ္ခူးနိုင္ခဲ့တာျဖစ္ပါတယ္။

မိုနာကိုမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကန႔္သတ္မႈေတြ ျပဳလုပ္ထားတာေၾကာင့္ မိုဟာမက္ ဆာလားဟာ ဆုကို ကိုယ္တိုင္ တက္ေရာက္ လက္ခံရယူနိုင္ျခင္း မရွိခဲ့ေပမယ့္လည္း ဇနီးျဖစ္သူက ဂႏၲဝင္ကစားသမားအမ်ားအျပား ရရွိခဲ့တဲ့ ဂုဏ္သိကၡာႀကီးမားတဲ့ဆုကို လက္ခံရယူေပးခဲ့ပါတယ္။ မိုဟာမက္ ဆာလားဟာ ေရႊေျခေထာက္ဆုကို ရရွိခဲ့တာေၾကာင့္ အီဂ်စ္တိုက္စစ္မႉးရဲ့ေျခရာပုံတူကို မိုနာကိုမွာရွိတဲ့ ခ်န္ပီယံမ်ားေလၽွာက္လမ္းမွာ ပီလီ၊ ဒီေယဂို မာရာဒိုနာနဲ႔ အျခားဂႏၲဝင္ကစားသမားေတြရဲ့ ေျခရာနဲ႔အတူ ထားရွိျခင္းခံရေတာ့မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ဆုရရွိတဲ့အခါမွာ အျမဲတမ္း အရမ္းေပ်ာ္ရႊင္ရပါတယ္။ ေရႊေျခေထာက္ဆုက ကၽြန္ေတာ့္အတြက္ေတာ့ အရမ္းထူးျခားတဲ့အဓိပၸာယ္ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီဆုကို ကမၻာ့ေဘာလုံးေလာကက ဂႏၲဝင္ကစားသမားအမ်ားအျပားက ရရွိခဲ့တာေၾကာင့္ပါ။ အဲဒီအတြက္ ကၽြန္ေတာ္ ဒီဆုကို ထူးျခားတဲ့ဆုလို႔ ယူဆပါတယ္”လို႔ မိုဟာမက္ ဆာလားက ေျပာၾကားခဲ့့ပါတယ္။

မိုဟာမက္ ဆာလားဟာ ေရႊေျခေထာက္ဆုအတြက္ မက္ဆီ၊ ဂ်ရတ္ ပီေကး၊ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ေခလီနီ၊ ေနမာ၊ ရာမို႔စ္၊ အေဂြရို၊ ဘန္ဇီးမား၊ လူကာကူးတို႔လို ဆန္ခါတင္စာရင္းဝင္ ကစားသမားေတြဆီက မယုံနိုင္ဖြယ္ ခက္ခဲၾကမ္းတမ္းတဲ့ ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ၿပီးမွ ရရွိခဲ့တာျဖစ္ပါတယ္။ ေရႊေျခေထာက္ဆုဟာ ရရွိဖို႔ မလြယ္ကူတဲ့ ဂုဏ္သိကၡာႀကီးမားတဲ့ ဆုႀကီးတစ္ခုျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီေတာင္ ဒီဆုကို ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

ေရႊေျခေထာက္ဆုဟာ တစ္သက္မွာ တစ္ခါသာ ရရွိနိုင္တဲ့ ဆုတစ္ခုျဖစ္ၿပီး လက္ရွိ ကစားေနဆဲျဖစ္တဲ့ အသက္ ၂၈ ႏွစ္နဲ႔အထက္ ကစားသမားေတြကိုသာ ေရႊေျခေထာက္ဆုကို ေပးအပ္တာျဖစ္ပါတယ္။ ကမၻာတလႊားက မီဒီယာေတြက ကနဦးေရြးခ်ယ္ထားတဲ့ ဆန္ခါတင္ ၅၀ ဦးစာရင္းကို ေရႊေျခေထာက္ဆုေကာ္မရွင္က ၁၀ ဦးအထိ ထပ္မံစစ္ထုတ္လိုက္ၿပီး ေနာက္ဆုံး ၁၀ ဦးထဲက ဆုရရွိသူကို ပရိသတ္ေတြက အြန္လိုင္းမဲေပးစနစ္နဲ႔ ေရြးခ်ယ္ေပးရတာျဖစ္ပါတယ္။

ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ ဆာလားရဲ့အထက္မွာ မက္ဆီ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဘန္ဇီးမားတို႔ ရပ္တည္နိုင္ခဲ့ေပမယ့္ အြန္လိုင္းေပၚက ပရိသတ္ေတြဟာ မိုဟာမက္ ဆာလားရဲ့ေနာက္မွာ အမ်ားအျပားရွိတယ္ဆိုတာကို ေရႊေျခေထာက္ဆုကို ၁၉ ႀကိမ္ေျမာက္ ရရွိခဲ့တာကို ၾကည့္ရင္ သိနိုင္ပါတယ္။ မိုဟာမက္ ဆာလားမတိုင္မီ ေရႊေျခေထာက္ဆုကို ရရွိခဲ့တဲ့ ဂႏၲဝင္ကစားသမား ၁၈ ဦးရွိခဲ့ၿပီး ဒီလို ဂုဏ္သိကၡာႀကီးမားတဲ့ဆုကို ဘယ္ကစားသမားေတြ ရရွိခဲ့ဖူးလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ၂၀၀၃- ေရာဘတ္တို ဘက္ဂီယို

၂။ ၂၀၀၄- ပါဗယ္ နက္ဗက္

၃။ ၂၀၀၅- ရွက္ဗ္ခ်င္ကို

၄။ ၂၀၀၆- ေရာ္နယ္လ္ဒို နာဇာရီယို

၅။ ၂၀၀၇- အလက္ဆန္ဒရို ဒဲလ္ ပီယာရို

၆။ ၂၀၀၈- ေရာ္ဘတ္တို ကားလို႔စ္

၇။ ၂၀၀၉- ေရာ္နယ္လ္ဒင္ညိဳ

၈။ ၂၀၁၀- ဖရန္စက္စ္ကို ေတာ့တီ

၉။ ၂၀၁၁- ရိုင္ယန္ ဂစ္

၁၀။ ၂၀၁၂- ဇလာတန္ အီဘရာဟီမိုဗစ္

၁၁။ ၂၀၁၃- ဒီဒီယာ ဒေရာ့ဂ္ဘာ

၁၂။ ၂၀၁၄- အင္နီေယစတာ

၁၃။ ၂၀၁၅- ဆင္ျမဴရယ္ အီတိုး

၁၄။ ၂၀၁၆- ဘူဖြန္

၁၅။ ၂၀၁၇- ကာဆီးလက္စ္

၁၆။ ၂၀၁၈- ကာဗာနီ

၁၇။ ၂၀၁၉- လူကာ မိုဒရစ္

၁၈။ ၂၀၂၀- ခရစၥတီယာနို ေရာ္နယ္လ္ဒို

၁၉။ ၂၀၂၁- မိုဟာမက္ ဆာလား

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.