Premier League

အကောင်းဆုံးကစားသမားဖြစ်လာပေမယ့် CR7 မက်ဆီတို့နဲ့ မတူ ကွဲပြားတဲ့ ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ဆောက်သမ်တန်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ညပွဲစဉ်အပြီးမှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ ပရိသတ်တစ်ဦးနဲ့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဝေဖန်မှုတွေ ခံရဖွယ်ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ ဂျိုတာ၊ သီယာဂို အယ်လ်ကန်တာရာ၊ ဗန်ဒိုက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၁ မှတ်အကွာမှာ ဆက်လက် ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလားက ကွင်းအတွင်းက ပရိသတ်တွေနဲ့ အပြန်အလှန် လက်ခုပ်တီး နှုတ်ဆက်နေတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ ကျူးကျော်ဝင်ရောက်သူတစ်ဦး ကွင်းအတွင်း ရောက်ရှိလာခဲ့ပါတယ်။

လက်ထဲမှာ ဖုန်းတစ်လုံးကိုင်ထားတဲ့ လီဗာပူးလ် ပရိသတ်တစ်ဦးက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်နဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်ပေမယ့် မိုဟာမက် ဆာလားက သဘောတူညီခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ မြင်တွေ့ရချက်အရ ဒေါသထွက်နေတဲ့ မိုဟာမက် ဆာလားဟာ ပရိသတ်ကို တားဆီးဖို့ လက်နဲ့ တွန်းထားခဲ့ပြီး အပြန်အလှန် စကားပြောနေချိန်မှာ လုံခြုံရေးတွေက ကွင်းအတွင်း ဝင်ရောက်လာတဲ့ ပရိသတ်ကို ဆွဲခေါ်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်ဟာ ဓာတ်ပုံတွဲရိုက်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကွင်းအတွင်း စွန့်စားဝင်ရောက်ခဲ့ပေမယ့် ဆာလားရဲ့ တုံ့ပြန်မှုကြောင့် အံ့အားသင့်ခဲ့ရပြီး အဲဒီနေရာမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့သာဆိုရင် အခုလို တုံ့ပြန်မှာမဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့်လည်း အသင်းအနေနဲ့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တဲ့အတွက် ကစားသမားတွေကို စိတ်ပျက်မိခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရာသီရဲ့ ထူးခြားတဲ့အချိန်အပိုင်းအခြားမှာ ထပ်ခါတလဲလဲ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲလိုမျိုး ကြုံတွေ့ရတဲ့အခါမှာ ဘောလုံးပွဲစဉ်တွေအကြောင်း ပြောဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာတွေ မရှိခဲ့ဘူးလဲဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော်တို့ တည်ငြိမ်မှု ကင်းမဲ့ခဲ့တယ်။ ကျွန်တော်တို့ တည်ငြိမ်မှုမရှိခဲ့ဘူး။ ကျွန်တော်တို့မှာ အချိန်ခဏလောက် ဗဟိုခံစစ်မရှိခဲ့တာကြောင့် မဟုတ်ပါဘူး။ အဲဒီအတွက် အဖြေကို ရှာခဲ့ပါတယ်။ ပြဿနာက ကျွန်တော်တို့ ကစားချင်တဲ့ကစားပုံမျိုး မကစားနိုင်ခဲ့လို့ တုန်လှုပ်ခဲ့ရတာပါ”

“ကျွန်တော်တို့မှာ အခုရှိနေတဲ့ တည်ငြိမ်မှုမျိုး မရှိခဲ့ဘဲ အားလုံးလည်း သူတို့ ဘာလုပ်မယ်ဆိုတာကို အတိအကျသိနေတာ သိသာပါတယ်။ ကျွန်တော်တို့ အဖြေကို ရှာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်နောက်တဆင့် တက်ခွင့် စောစောရမယ့် အဖြေ ရှာတွေ့ခဲ့လို့ တော်သေးတာပေါ့။ ဒီနှစ် ကျွန်တော်တို့ မယုံနိုင်ဖွယ် အကူအညီဖြစ်ခဲ့တဲ့ ရာသီကြိုကာလကို ပိုင်ဆိုင်ခဲ့ပြီး အထူးသဖြင့် တိုက်စစ်က မာနေးနဲ့ ဆာလားတို့အတွက် အကူအညီဖြစ်ခဲ့ပါတယ်။ သူတို့တွေက အမှတ်ရစရာ အရှည်လျားဆုံးရာသီကြိုကာလကို ရင်ဆိုင်ခဲ့ရတော့ ကျွန်တော်တို့ အရာတော်တော်များများကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပြီး တည်ငြိမ်မှုကို ရှာဖွေနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ေဆာက္သမ္တန္အသင္းကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ စေနေန႔ညပြဲစဥ္အၿပီးမွာ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာခဲ့တဲ့ ပရိသတ္တစ္ဦးနဲ႔ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ ေဝဖန္မႈေတြ ခံရဖြယ္ရွိေနပါတယ္။

လီဗာပူးလ္အသင္းဟာ ဂ်ိဳတာ၊ သီယာဂို အယ္လ္ကန္တာရာ၊ ဗန္ဒိုက္တို႔ရဲ့ သြင္းဂိုးေတြနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ခ်ဲလ္ဆီးအသင္းနဲ႔ ၁ မွတ္အကြာမွာ ဆက္လက္ ဖိအားေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲအၿပီးမွာ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ဆာလားက ကြင္းအတြင္းက ပရိသတ္ေတြနဲ႔ အျပန္အလွန္ လက္ခုပ္တီး ႏႈတ္ဆက္ေနတဲ့အခ်ိန္မွာ မေမၽွာ္လင့္ထားတဲ့ က်ဴးေက်ာ္ဝင္ေရာက္သူတစ္ဦး ကြင္းအတြင္း ေရာက္ရွိလာခဲ့ပါတယ္။

လက္ထဲမွာ ဖုန္းတစ္လုံးကိုင္ထားတဲ့ လီဗာပူးလ္ ပရိသတ္တစ္ဦးက ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္းဂိုးသြင္းရွင္နဲ႔အတူ ဓာတ္ပုံတြဲရိုက္ဖို႔ စိတ္ပိုင္းျဖတ္ထားပုံေပၚေပမယ့္ မိုဟာမက္ ဆာလားက သေဘာတူညီခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ ဓာတ္ပုံထဲမွာ ျမင္ေတြ႕ရခ်က္အရ ေဒါသထြက္ေနတဲ့ မိုဟာမက္ ဆာလားဟာ ပရိသတ္ကို တားဆီးဖို႔ လက္နဲ႔ တြန္းထားခဲ့ၿပီး အျပန္အလွန္ စကားေျပာေနခ်ိန္မွာ လုံျခဳံေရးေတြက ကြင္းအတြင္း ဝင္ေရာက္လာတဲ့ ပရိသတ္ကို ဆြဲေခၚသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ဟာ ဓာတ္ပုံတြဲရိုက္ခ်င္တဲ့စိတ္တစ္ခုတည္းနဲ႔ ကြင္းအတြင္း စြန႔္စားဝင္ေရာက္ခဲ့ေပမယ့္ ဆာလားရဲ့ တုံ႔ျပန္မႈေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး အဲဒီေနရာမွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔သာဆိုရင္ အခုလို တုံ႔ျပန္မွာမဟုတ္ဘူးဆိုတဲ့ ေျပာဆိုမႈေတြလည္း လူမႈကြန္ရက္ေပၚမွာ ရွိေနခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ကေလာ့ပ္က ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္မွာ ဂိုးျပတ္ အနိုင္ရရွိခဲ့ေပမယ့္လည္း အသင္းအေနနဲ႔ အခြင့္အေရးေတြ အမ်ားႀကီး ေပးခဲ့တဲ့အတြက္ ကစားသမားေတြကို စိတ္ပ်က္မိခဲ့တယ္လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ရာသီရဲ့ ထူးျခားတဲ့အခ်ိန္အပိုင္းအျခားမွာ ထပ္ခါတလဲလဲ ၿပီးခဲ့တဲ့ရာသီတုန္းက သူတို႔ကို ရႈံးနိမ့္ခဲ့တဲ့ပြဲလိုမ်ိဳး ၾကဳံေတြ႕ရတဲ့အခါမွာ ေဘာလုံးပြဲစဥ္ေတြအေၾကာင္း ေျပာဖို႔ မလြယ္ကူပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာ ဘာေတြ မရွိခဲ့ဘူးလဲဆိုတာ ကၽြန္ေတာ္ သိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ တည္ၿငိမ္မႈ ကင္းမဲ့ခဲ့တယ္။ ကၽြန္ေတာ္တို႔ တည္ၿငိမ္မႈမရွိခဲ့ဘူး။ ကၽြန္ေတာ္တို႔မွာ အခ်ိန္ခဏေလာက္ ဗဟိုခံစစ္မရွိခဲ့တာေၾကာင့္ မဟုတ္ပါဘူး။ အဲဒီအတြက္ အေျဖကို ရွာခဲ့ပါတယ္။ ျပႆနာက ကၽြန္ေတာ္တို႔ ကစားခ်င္တဲ့ကစားပုံမ်ိဳး မကစားနိုင္ခဲ့လို႔ တုန္လႈပ္ခဲ့ရတာပါ”

“ကၽြန္ေတာ္တို႔မွာ အခုရွိေနတဲ့ တည္ၿငိမ္မႈမ်ိဳး မရွိခဲ့ဘဲ အားလုံးလည္း သူတို႔ ဘာလုပ္မယ္ဆိုတာကို အတိအက်သိေနတာ သိသာပါတယ္။ ကၽြန္ေတာ္တို႔ အေျဖကို ရွာနိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ေနာက္တဆင့္ တက္ခြင့္ ေစာေစာရမယ့္ အေၿဖ ရွာေတြ႕ခဲ့လို႔ ေတာ္ေသးတာေပါ့။ ဒီႏွစ္ ကၽြန္ေတာ္တို႔ မယုံနိုင္ဖြယ္ အကူအညီျဖစ္ခဲ့တဲ့ ရာသီႀကိဳကာလကို ပိုင္ဆိုင္ခဲ့ၿပီး အထူးသျဖင့္ တိုက္စစ္က မာေနးနဲ႔ ဆာလားတို႔အတြက္ အကူအညီျဖစ္ခဲ့ပါတယ္။ သူတို႔ေတြက အမွတ္ရစရာ အရွည္လ်ားဆုံးရာသီႀကိဳကာလကို ရင္ဆိုင္ခဲ့ရေတာ့ ကၽြန္ေတာ္တို႔ အရာေတာ္ေတာ္မ်ားမ်ားကို အမွန္တကယ္ လုပ္ေဆာင္နိုင္ခဲ့ၿပီး တည္ၿငိမ္မႈကို ရွာေဖြနိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.