Premier League

ချဲလ်ဆီးနဲ့တွေ့တိုင်း ဆိုးရွားတဲ့ မှတ်တမ်းတွေကို ရော်နယ်လ်ဒို ပြောင်းလဲနိုင်မလား

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂိုးတွေ ပုံမှန်သွင်းယူနေကျ ကစားသမားဖြစ်ပြီး အသင်းတိုင်းနီးပါးကို အဲဒီအတိုင်း လုပ်နိုင်ခဲ့တာဖြစ်ပေမယ့် ပေါ်တူဂီကြယ်ပွင့်အတွက် ချဲလ်ဆီးအသင်းက အိပ်မက်ဆိုးတစ်ခုဖြစ်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ စုစုပေါင်း ၁၀၉၅ ပွဲ ကစားထားရာမှာ သွင်းဂိုး ၇၉၉ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူထားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းနဲ့ ကစားသမားဘဝတလျှောက် ၁၅ ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးကလည်း ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း သွင်းယူခဲ့တာဖြစ်ပြီး ဘယ်လောက်တောင် ချဲလ်ဆီးနဲ့ဆို ဂိုးကံခေလဲဆိုရင် အဲဒီပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးကန်သွင်းမှု မအောင်မြင်ခဲ့တာ အားလုံးမှတ်မိကြမယ်လို့ ထင်ပါတယ်။

ပိုပြီးဆိုးတာက ရော်နယ်လ်ဒိုဟာ အဲဒီညက ပင်နယ်တီကန်သွင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမား ၇ ဦးထဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတို့အတွက် ကစားပေးခဲ့ရာမှာ ချဲလ်ဆီးကို ၅ ကြိမ်သာ အနိုင်ရရှိထားခဲ့ပြီး ၄ ပွဲသရေ ၆ ပွဲရှုံး ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ယနေ့ညနေမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲစဉ်အတွက် စိုးရိမ်ကောင်း စိုးရိမ်နိုင်ပေမယ့် ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ရော်နယ်လ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ယူနိုက်တက်အနေနဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးအပေါ်မှာ အရမ်းအားကိုးထားလို့ မရနိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ရော်နယ်လ်ဒိုဟာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲသရေ ၄ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ခဲ့ပြီး အဲဒီပွဲစဉ်တွေထဲက ၂၀၀၅-၂၀၀၆ ရာသီ၊ ၂၀၀၈-၂၀၀၉ ရာသီအတွင်း ကစားခဲ့တဲ့ပွဲ ၂ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယနေ့ညနေပွဲစဉ်ဟာ မိုက်ကယ် ကားရစ်ရဲ့ နောက်ဆုံးတာဝန်ယူကိုင်တွယ်တဲ့ ပွဲစဉ်လည်း ဖြစ်ဖို့များနေတာကြောင့် ရော်နယ်လ်ဒို ခြေစွမ်းကောင်းနဲ့ ပွဲထွက်လာစေချင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ဂိုးေတြ ပုံမွန္သြင္းယူေနက် ကစားသမားျဖစ္ၿပီး အသင္းတိုင္းနီးပါးကို အဲဒီအတိုင္း လုပ္နိုင္ခဲ့တာျဖစ္ေပမယ့္ ေပၚတူဂီၾကယ္ပြင့္အတြက္ ခ်ဲလ္ဆီးအသင္းက အိပ္မက္ဆိုးတစ္ခုျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝ စုစုေပါင္း ၁၀၉၅ ပြဲ ကစားထားရာမွာ သြင္းဂိုး ၇၉၉ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူထားနိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားသမားဘဝတေလၽွာက္ ၁၅ ႀကိမ္ ေတြ႕ဆုံခဲ့ရာမွာေတာ့ ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီသြင္းဂိုးကလည္း ၂၀၀၈ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္မွာ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း သြင္းယူခဲ့တာျဖစ္ၿပီး ဘယ္ေလာက္ေတာင္ ခ်ဲလ္ဆီးနဲ႔ဆို ဂိုးကံေခလဲဆိုရင္ အဲဒီပင္နယ္တီအဆုံးအျဖတ္မွာ ဂိုးကန္သြင္းမႈ မေအာင္ျမင္ခဲ့တာ အားလုံးမွတ္မိၾကမယ္လို႔ ထင္ပါတယ္။

ပိုၿပီးဆိုးတာက ေရာ္နယ္လ္ဒိုဟာ အဲဒီညက ပင္နယ္တီကန္သြင္းခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ကစားသမား ၇ ဦးထဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ယူနိုက္တက္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔အတြက္ ကစားေပးခဲ့ရာမွာ ခ်ဲလ္ဆီးကို ၅ ႀကိမ္သာ အနိုင္ရရွိထားခဲ့ၿပီး ၄ ပြဲသေရ ၆ ပြဲရႈံး ရလဒ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ ယေန႔ညေနမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ စိုးရိမ္ေကာင္း စိုးရိမ္နိုင္ေပမယ့္ ေပၚတူဂီၾကယ္ပြင့္ဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ အသင္းရဲ့ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ေရာ္နယ္လ္ဒိုက ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ယူနိုက္တက္အေနနဲ႔ အသက္ ၃၆ ႏွစ္အရြယ္ တိုက္စစ္မႉးအေပၚမွာ အရမ္းအားကိုးထားလို႔ မရနိုင္တာျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၃ ပြဲနိုင္ ၃ ပြဲသေရ ၄ ပြဲရႈံး ရလဒ္ပိုင္ဆိုင္ခဲ့ၿပီး အဲဒီပြဲစဥ္ေတြထဲက ၂၀၀၅-၂၀၀၆ ရာသီ၊ ၂၀၀၈-၂၀၀၉ ရာသီအတြင္း ကစားခဲ့တဲ့ပြဲ ၂ ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ယေန႔ညေနပြဲစဥ္ဟာ မိုက္ကယ္ ကားရစ္ရဲ့ ေနာက္ဆုံးတာဝန္ယူကိုင္တြယ္တဲ့ ပြဲစဥ္လည္း ျဖစ္ဖို႔မ်ားေနတာေၾကာင့္ ေရာ္နယ္လ္ဒို ေျခစြမ္းေကာင္းနဲ႔ ပြဲထြက္လာေစခ်င္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.