Premier League

မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တုိ႔ရဲ႕ ပြဲႀကဳိအျမင္ ခန္႔မွန္းခ်က္မ်ား

လာမယ့္ ၾကာသပေတးေန႔နံနက္ ျမန္မာစံေတာ္ခ်ိန္ ၁ နာရီ ၄၅ မိနစ္မွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ အိမ္ကြင္း အစ္တီဟတ္မွာ ယွဥ္ၿပဳိင္ကစားၾကမယ့္ အာဆင္နယ္အသင္းရဲ႕ အေဝးကြင္းခရီးစဥ္မွာ ဘယ္လိုရလဒ္ေတြ ထြက္ေပၚလာမလဲဆုိတာအတြက္ ကၽြမ္းက်င္သူေတြရဲ႕ ခန္႔မွန္းခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

မာ့ခ္ ေလာရင္ဆန္ (ဘီဘီစီ) – စီးတီးရဲ႕ ေနာက္ဆုံးပြဲက ဒါဘီအရွဳံးပြဲဆုိေပမယ့္ သူတုိ႔ေတြ ဒါကို ေမ့ၿပီး ပုံမွန္ျပန္ျဖစ္ေနပါၿပီ။ သူတို႔ေတြအေနနဲ႔ အိမ္ကြင္းမွာ တုိက္စစ္ၿပီး တုိက္စစ္ ကစားဖို႔ ေကာင္းေကာင္းေလ့က်င့္ထားၾကမွာပါ။ အာဆင္နယ္ကေတာ့ သူတုိ႔ရဲ႕ ကြင္းလယ္နဲ႔ ေနာက္တန္းကို ခုိင္မာေအာင္လုပ္ဖို႔ ခုထက္ထိ အေျဖရွာ မရေသးဘူးလို႔ ထင္မိၿပီး လက္ရွိလူေတြနဲ႔လည္း မျဖစ္ႏုိင္ေသးပါဘူး။ ကၽြန္ေတာ္ကေတာ့ မန္စီးတီးဘက္ကပဲ ရွိမွာျဖစ္ၿပီး ကြင္းထဲမွာ ပရိသတ္ မပါဘဲ ကစားရေပမယ့္လည္း သူတုိ႔က ပိုေကာင္းတဲ့ ကစားသမားေတြရွိတာ အသိသာခ်ည္းပါပဲ။ (မန္စီးတီး ၂-၀ အာဆင္နယ္)

ခ်ာလီ နစ္ကိုလတ္စ္ (စကိုင္း စပို႔စ္) – အာဆင္နယ္ကစားသမားေဟာင္းကေတာ့ သူ႕ရဲ႕အသင္းအေၾကာင္း အထင္မႀကီးတဲ့ ပုံစံပဲျဖစ္ပါတယ္။ မန္စီးတီးရဲ႕ စနစ္တက် Pressing ကစားမယ့္အေပၚမွာ ေဒးဗစ္ လူးဝစ္ဇ္ ဦးေဆာင္လာတဲ့ ခံစစ္ပုိင္းက ဘယ္လိုမ်ဳိး အမွားအယြင္းေတြ က်ဴးလြန္ႏုိင္မလဲလို႔ ယူဆေနၿပီး တုိက္စစ္ကလည္း အခြင့္အေရးရတာနည္းမယ္လို႔ ဆုိပါတယ္။ မန္စီးတီးရဲ႕ တုိက္စစ္လ်င္ျမန္ပုံနဲ႔ အာဆင္နယ္တုိ႔ အစ္တီဟတ္မွာ အမွတ္ရႏုိင္ဘဲ အာတီတာအတြက္ ခက္ခဲတဲ့ ပြဲလို႔ သူက ခန္႔မွန္းထားပါတယ္။ (မန္စီးတီး ၃-၁ အာဆင္နယ္)

ၿဗိတိန္အားကစားဝက္ဘ္ဆုိက္ေတြကေတာ့ အာဆင္နယ္နည္းျပ မီခယ္ အာတီတာအေနနဲ႔ ဆရာေဟာင္းကို ျပန္လည္ရင္ဆုိင္ရာမွာ အေၾကာင္းေကာင္းေကာင္းသိထားေပမယ့္ ကစားသမားခ်င္းရဲ႕ ကြာလတီကြာျခားမွဳေၾကာင့္ မလြယ္ကူႏုိင္ဘူးလို႔ တစ္ညီတစ္ညြတ္တည္း သုံးသပ္ထားၾကၿပီး သူတုိ႔ေတြအေနနဲ႔ အာဆင္နယ္ရဲ႕ အေဝးကြင္းမွတ္တမ္းကိုလည္း စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

ဒီေန႔ပြဲအတြက္ ႏွစ္ဂိုး-ဂိုးမရွိလို႔ ခန္႔မွန္းထားတဲ့သူေတြ ေတာ္ေတာ္မ်ားၿပီး ေလာင္းကစားကုမၸဏီေတြရဲ႕ သံတမန္လုပ္ေနတဲ့ မုိက္ကယ္ အိုဝင္နဲ႔ ဒီမီတာ ဘာဘာေတာ့ဗ္တုိ႔ကေတာ့ လုိင္းေပၚတက္မလာေသးတဲ့အတြက္ သူတုိ႔ရဲ႕ ခန္႔မွန္းခ်က္ေတြကို မေတြ႕ရေသးတာေၾကာင့္ ရရွိသမွ်ကိုပဲ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

REF: BBC & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့် ကြာသပတေးနေ့နံနက် မြန်မာစံတော်ချိန် ၁ နာရီ ၄၅ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်း အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် အာဆင်နယ်အသင်းရဲ့ အဝေးကွင်းခရီးစဉ်မှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာအတွက် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မာ့ခ် လောရင်ဆန် (ဘီဘီစီ) – စီးတီးရဲ့ နောက်ဆုံးပွဲက ဒါဘီအရှုံးပွဲဆိုပေမယ့် သူတို့တွေ ဒါကို မေ့ပြီး ပုံမှန်ပြန်ဖြစ်နေပါပြီ။ သူတို့တွေအနေနဲ့ အိမ်ကွင်းမှာ တိုက်စစ်ပြီး တိုက်စစ် ကစားဖို့ ကောင်းကောင်းလေ့ကျင့်ထားကြမှာပါ။ အာဆင်နယ်ကတော့ သူတို့ရဲ့ ကွင်းလယ်နဲ့ နောက်တန်းကို ခိုင်မာအောင်လုပ်ဖို့ ခုထက်ထိ အဖြေရှာ မရသေးဘူးလို့ ထင်မိပြီး လက်ရှိလူတွေနဲ့လည်း မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်ကတော့ မန်စီးတီးဘက်ကပဲ ရှိမှာဖြစ်ပြီး ကွင်းထဲမှာ ပရိသတ် မပါဘဲ ကစားရပေမယ့်လည်း သူတို့က ပိုကောင်းတဲ့ ကစားသမားတွေရှိတာ အသိသာချည်းပါပဲ။ (မန်စီးတီး ၂-၀ အာဆင်နယ်)

ချာလီ နစ်ကိုလတ်စ် (စကိုင်း စပို့စ်) – အာဆင်နယ်ကစားသမားဟောင်းကတော့ သူ့ရဲ့အသင်းအကြောင်း အထင်မကြီးတဲ့ ပုံစံပဲဖြစ်ပါတယ်။ မန်စီးတီးရဲ့ စနစ်တကျ Pressing ကစားမယ့်အပေါ်မှာ ဒေးဗစ် လူးဝစ်ဇ် ဦးဆောင်လာတဲ့ ခံစစ်ပိုင်းက ဘယ်လိုမျိုး အမှားအယွင်းတွေ ကျူးလွန်နိုင်မလဲလို့ ယူဆနေပြီး တိုက်စစ်ကလည်း အခွင့်အရေးရတာနည်းမယ်လို့ ဆိုပါတယ်။ မန်စီးတီးရဲ့ တိုက်စစ်လျင်မြန်ပုံနဲ့ အာဆင်နယ်တို့ အစ်တီဟတ်မှာ အမှတ်ရနိုင်ဘဲ အာတီတာအတွက် ခက်ခဲတဲ့ ပွဲလို့ သူက ခန့်မှန်းထားပါတယ်။ (မန်စီးတီး ၃-၁ အာဆင်နယ်)

ဗြိတိန်အားကစားဝက်ဘ်ဆိုက်တွေကတော့ အာဆင်နယ်နည်းပြ မီခယ် အာတီတာအနေနဲ့ ဆရာဟောင်းကို ပြန်လည်ရင်ဆိုင်ရာမှာ အကြောင်းကောင်းကောင်းသိထားပေမယ့် ကစားသမားချင်းရဲ့ ကွာလတီကွာခြားမှုကြောင့် မလွယ်ကူနိုင်ဘူးလို့ တစ်ညီတစ်ညွတ်တည်း သုံးသပ်ထားကြပြီး သူတို့တွေအနေနဲ့ အာဆင်နယ်ရဲ့ အဝေးကွင်းမှတ်တမ်းကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒီနေ့ပွဲအတွက် နှစ်ဂိုး-ဂိုးမရှိလို့ ခန့်မှန်းထားတဲ့သူတွေ တော်တော်များပြီး လောင်းကစားကုမ္ပဏီတွေရဲ့ သံတမန်လုပ်နေတဲ့ မိုက်ကယ် အိုဝင်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ကတော့ လိုင်းပေါ်တက်မလာသေးတဲ့အတွက် သူတို့ရဲ့ ခန့်မှန်းချက်တွေကို မတွေ့ရသေးတာကြောင့် ရရှိသမျှကိုပဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။

REF: BBC & SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.