Bundesliga Other Leagues Premier League

Golden Boy ဆုအတြက္ အာဆင္နယ္အသင္းမွ လူငယ္ေလးဦး လ်ာထားစာရင္းတြင္ ပါဝင္ေန

အာဆင္နယ္အသင္းက လူငယ္ကစားသမား ၄ ဦးဟာ ဥေရာပရဲ႕ အေကာင္းဆုံးနဲ႔ တန္ဖိုးအရွိဆုံးလူငယ္ေတြကို ေပးအပ္ခ်ီးျမႇင့္တဲ့ Golden Boy ဆုအတြက္ ပဏာမ အေယာက္ ၁၀၀ မွာ အမည္စာရင္းတင္သြင္းခံထားရၿပီး အမ်ားဆုံး ေရြးခ်ယ္ခံရတဲ့ အသင္းေတြထဲမွာေတာ့ ေဒါ့မြန္၊ ဂ်ဴဗင္တပ္စ္၊ ခ်ဲလ္ဆီးတို႔နဲ႔အၿပဳိင္ ျဖစ္ေနခဲ့ပါတယ္။

ဒီကစားသမား ၄ ဦးကေတာ့ အသင္းႀကီးရဲ႕ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္လ္ မာတီနယ္လီ၊ ေတာင္ပံကစားသမား ဘူကာယို ဆာကာ၊ ယူ-၂၃ တိုက္စစ္မွဴး ထေရး ကြဳိင္းလ္နဲ႔ စိန္႔အက္တီယန္ဆီ အငွားခ်ထားခဲ့တဲ့ ဝီလီယမ္ ဆာလီဘာတုိ႔ျဖစ္ၾကၿပီး အာဆင္နယ္လူငယ္ေတြရဲ႕ ေျခစြမ္းအတြက္လည္း ဂုဏ္ယူႏုိင္စရာျဖစ္ခဲ့ပါတယ္။

ႏွစ္စဥ္ႏွစ္တုိင္း ေရြးခ်ယ္ေလ့ရွိတဲ့ ဒီဆုအတြက္ သတ္မွတ္စံခ်ိန္စံညႊန္းေတြကေတာ့ ဥေရာပမွာ တစ္ရာသီ ကစားခဲ့ဖူးတဲ့သူျဖစ္ရမွာျဖစ္ၿပီး အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားေတြကို ပဏာမလူစာရင္း အဆင့္ဆင့္ကို ျဖတ္သန္းေစရင္း စိစစ္ေရြးထုတ္ၿပီးမွ ခ်ီးျမႇင့္တာလည္းျဖစ္ပါတယ္။

ဒီဆုအတြက္ အာဆင္နယ္ကစားသမားေတြ ရယူႏုိင္လိမ့္မယ္လို႔ အာမခံခ်က္ မရွိေပမယ့္လည္း ဒီစာရင္းထဲမွာ ပါဝင္လာတာကိုက ဂုဏ္ယူစရာျဖစ္သလို လူငယ္အကယ္ဒမီနဲ႔ ကစားသမားေခၚယူေရးအဖြဲ႕ေတြအတြက္ မွတ္ေက်ာက္တင္စရာ စစ္တမ္းတစ္ခုဆုိရင္းလည္း မမွားႏုိင္တာျဖစ္ပါတယ္။

၂၀၁၉-၂၀ ရာသီအတြက္ ေပးအပ္မယ့္ ဒီဆုအတြက္ေတာ့ ေဒါ့မြန္ကစားသမားႏွစ္ဦးက ေရပန္းအစားဆုံးျဖစ္ေနၿပီး ေနာ္ေဝတုိက္စစ္မွဴး အာလင္း ဟားလန္းနဲ႔ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိတုိ႔က ဦးေဆာင္ေနခဲ့သလို ရီးရဲလ္မက္ဒရစ္ရဲ႕ ဘရာဇီးလ္သား သုံးဦးကလည္း ၿခိမ္းေျခာက္လာႏုိင္ၿပီး မန္စီးတီးရဲ႕ ဖိုဒန္နဲ႔ မန္ယူရဲ႕ ဂရင္းဝုဒ္တုိ႔ကလည္း ေလွ်ာ့တြက္လို႔မရတဲ့ စာရင္းထဲ ပါဝင္ေနေၾကာင္း သိရွိရပါတယ္။

REF: TUTTO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက လူငယ်ကစားသမား ၄ ဦးဟာ ဥရောပရဲ့ အကောင်းဆုံးနဲ့ တန်ဖိုးအရှိဆုံးလူငယ်တွေကို ပေးအပ်ချီးမြှင့်တဲ့ Golden Boy ဆုအတွက် ပဏာမ အယောက် ၁၀၀ မှာ အမည်စာရင်းတင်သွင်းခံထားရပြီး အများဆုံး ရွေးချယ်ခံရတဲ့ အသင်းတွေထဲမှာတော့ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ ချဲလ်ဆီးတို့နဲ့အပြိုင် ဖြစ်နေခဲ့ပါတယ်။

ဒီကစားသမား ၄ ဦးကတော့ အသင်းကြီးရဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီ၊ တောင်ပံကစားသမား ဘူကာယို ဆာကာ၊ ယူ-၂၃ တိုက်စစ်မှူး ထရေး ကွိုင်းလ်နဲ့ စိန့်အက်တီယန်ဆီ အငှားချထားခဲ့တဲ့ ဝီလီယမ် ဆာလီဘာတို့ဖြစ်ကြပြီး အာဆင်နယ်လူငယ်တွေရဲ့ ခြေစွမ်းအတွက်လည်း ဂုဏ်ယူနိုင်စရာဖြစ်ခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ရွေးချယ်လေ့ရှိတဲ့ ဒီဆုအတွက် သတ်မှတ်စံချိန်စံညွှန်းတွေကတော့ ဥရောပမှာ တစ်ရာသီ ကစားခဲ့ဖူးတဲ့သူဖြစ်ရမှာဖြစ်ပြီး အသက် ၂၁ နှစ်အောက် ကစားသမားတွေကို ပဏာမလူစာရင်း အဆင့်ဆင့်ကို ဖြတ်သန်းစေရင်း စိစစ်ရွေးထုတ်ပြီးမှ ချီးမြှင့်တာလည်းဖြစ်ပါတယ်။

ဒီဆုအတွက် အာဆင်နယ်ကစားသမားတွေ ရယူနိုင်လိမ့်မယ်လို့ အာမခံချက် မရှိပေမယ့်လည်း ဒီစာရင်းထဲမှာ ပါဝင်လာတာကိုက ဂုဏ်ယူစရာဖြစ်သလို လူငယ်အကယ်ဒမီနဲ့ ကစားသမားခေါ်ယူရေးအဖွဲ့တွေအတွက် မှတ်ကျောက်တင်စရာ စစ်တမ်းတစ်ခုဆိုရင်းလည်း မမှားနိုင်တာဖြစ်ပါတယ်။

၂၀၁၉-၂၀ ရာသီအတွက် ပေးအပ်မယ့် ဒီဆုအတွက်တော့ ဒေါ့မွန်ကစားသမားနှစ်ဦးက ရေပန်းအစားဆုံးဖြစ်နေပြီး နော်ဝေတိုက်စစ်မှူး အာလင်း ဟားလန်းနဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုတို့က ဦးဆောင်နေခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ်သား သုံးဦးကလည်း ခြိမ်းခြောက်လာနိုင်ပြီး မန်စီးတီးရဲ့ ဖိုဒန်နဲ့ မန်ယူရဲ့ ဂရင်းဝုဒ်တို့ကလည်း လျှော့တွက်လို့မရတဲ့ စာရင်းထဲ ပါဝင်နေကြောင်း သိရှိရပါတယ်။

REF: TUTTO SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.