La Liga Premier League Transfer News

ေကာ္တင္ညဳိရဲ႕ လုပ္ခကို ဘာစီလိုနာ ခြဲေဝက်ခံေပးသြားဖို႔ အာဆင္နယ္နဲ႔ ညႇိႏွဳိင္းမည္

အာဆင္နယ္နဲ႔ ဘာစီလိုနာတုိ႔ ႏွစ္သင္းၾကားမွာ ဘရာဇီးလ္ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိအတြက္ ေဆြးေႏြးခဲ့ၿပီးမွ အငွားေျပာင္းေရႊ႕ေၾကးအတြက္ သေဘာတူညီခဲ့ေပမယ့္လည္း ကစားသမားရဲ႕ လစာေငြအတြက္ သေဘာမတူညီခဲ့လို႔ ေရွ႕မဆက္ႏုိင္ခဲ့တဲ့ ေဆြးေႏြးမွဳကို စပိန္သားေတြဘက္က ျပန္လည္စတင္သြားဖို႔ ရွိေနပါတယ္။

ကာတာလန္အသင္းဘက္က အဆုိျပဳခဲ့တဲ့ အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀ သန္းနဲ႔အတူ ေကာ္တင္ညဳိရဲ႕ လစာေငြကို အျပည့္အဝက်ခံေပးဖို႔ ကိစၥမွာ ေျမာက္လန္ဒန္အသင္းဘက္ကေတာ့ တစ္ပတ္စာ ေပါင္ႏွစ္သိန္းခြဲကို တစ္ႏွစ္စာ ေပးေခ်သြားရမယ့္ ပမာဏအတြက္ သေဘာတူညီဖုိ႔ လက္ရွိ ေငြေရးေၾကးေရး အေျခအေနေတြအရ မျဖစ္ႏုိင္ေတာ့တာလည္းျဖစ္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ကူးစက္မွဳေၾကာင့္ က်ဆင္းေနတဲ့ ဝင္ေငြက်ဆင္းမွဳေတြေၾကာင့္ အသင္းေတြအေနနဲ႔ နာမည္ႀကီးကစားသမားေတြအတြက္ ျမင့္မားတဲ့ လုပ္ခလစာ ေပးေခ်ဖို႔ အခက္အခဲေတြ ႀကဳံေနၾကခ်ိန္မွာ ဘာစီလိုနာကေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္လက္ေရြးစင္ကြင္းလယ္လူကို အငွားခ်ထားၿပီး အသုံးစရိတ္ ေလွ်ာ့ခ်ႏုိင္ဖို႔ ရည္ရြယ္ေနတာပါ။

ဒါေၾကာင့္ ဘာစီလိုနာဘက္က ေကာ္တင္ညဳိအတြက္ အငွားေျပာင္းေရႊ႕ေၾကး ၁၀ သန္းကို သေဘာတူညီခဲ့ၿပီးရင္ ကစားသမားရဲ႕ လစာေငြအတြက္ေတာ့ ခြဲေဝက်ခံေပးသြားဖို႔ အာဆင္နယ္အသင္းနဲ႔ ထပ္မံညႇိႏွဳိင္းသြားမွာျဖစ္ၿပီး ကုန္က်စရိတ္ေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ႏုိင္ဖို႔ ရည္ရြယ္ေနတယ္လုိ႔လည္း ဆုိပါတယ္။

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ အသင္းရဲ႕ ကြင္းလယ္ကို ထိန္းေက်ာင္းေပးၿပီး ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွိတဲ့ လီဗာပူးလ္ကစားသမားေဟာင္း ေကာ္တင္ညဳိဟာ အလိုရွိေနတဲ့ ပစ္မွတ္ထဲမွာ ထိပ္ဆုံးကပါဝင္ေနၿပီး သူနဲ႔အတူ ကြင္းလယ္အဖ်က္ အပါအဝင္ တျခားေနရာ ၄ ေနရာေလာက္ကိုလည္း ျဖည့္ဆည္းသြားဖို႔ ရည္ရြယ္ထားေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းကြားမှာ ဘရာဇီးလ်ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုအတွက် ဆွေးနွေးခဲ့ပြီးမှ အငှားပြောင်းရွှေ့ကြေးအတွက် သဘောတူညီခဲ့ပေမယ့်လည်း ကစားသမားရဲ့ လစာငွေအတွက် သဘောမတူညီခဲ့လို့ ရှေ့မဆက်နိုင်ခဲ့တဲ့ ဆွေးနွေးမှုကို စပိန်သားတွေဘက်က ပြန်လည်စတင်သွားဖို့ ရှိနေပါတယ်။

ကာတာလန်အသင်းဘက်က အဆိုပြုခဲ့တဲ့ အငှားပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့အတူ ကော်တင်ညိုရဲ့ လစာငွေကို အပြည့်အဝကျခံပေးဖို့ ကိစ္စမှာ မြောက်လန်ဒန်အသင်းဘက်ကတော့ တစ်ပတ်စာ ပေါင်နှစ်သိန်းခွဲကို တစ်နှစ်စာ ပေးချေသွားရမယ့် ပမာဏအတွက် သဘောတူညီဖို့ လက်ရှိ ငွေရေးကြေးရေး အခြေအနေတွေအရ မဖြစ်နိုင်တော့တာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကျဆင်းနေတဲ့ ဝင်ငွေကျဆင်းမှုတွေကြောင့် အသင်းတွေအနေနဲ့ နာမည်ကြီးကစားသမားတွေအတွက် မြင့်မားတဲ့ လုပ်ခလစာ ပေးချေဖို့ အခက်အခဲတွေ ကြုံနေကြချိန်မှာ ဘာစီလိုနာကတော့ အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူကို အငှားချထားပြီး အသုံးစရိတ် လျှော့ချနိုင်ဖို့ ရည်ရွယ်နေတာပါ။

ဒါကြောင့် ဘာစီလိုနာဘက်က ကော်တင်ညိုအတွက် အငှားပြောင်းရွှေ့ကြေး ၁၀ သန်းကို သဘောတူညီခဲ့ပြီးရင် ကစားသမားရဲ့ လစာငွေအတွက်တော့ ခွဲဝေကျခံပေးသွားဖို့ အာဆင်နယ်အသင်းနဲ့ ထပ်မံညှိနှိုင်းသွားမှာဖြစ်ပြီး ကုန်ကျစရိတ်တွေကို တတ်နိုင်သလောက် လျှော့ချနိုင်ဖို့ ရည်ရွယ်နေတယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအတွက်တော့ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်းပေးပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ လီဗာပူးလ်ကစားသမားဟောင်း ကော်တင်ညိုဟာ အလိုရှိနေတဲ့ ပစ်မှတ်ထဲမှာ ထိပ်ဆုံးကပါဝင်နေပြီး သူနဲ့အတူ ကွင်းလယ်အဖျက် အပါအဝင် တခြားနေရာ ၄ နေရာလောက်ကိုလည်း ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.