La Liga Premier League Transfer News

ပါေတး၊ ႐ိုကာ၊ ခ်ာကာတို႔နဲ႔ အာဆင္နယ္အေျပာင္းအေရႊ႕တို႔ရဲ႕လားရာ

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီအတြက္ အသင္းရဲ႕ ကြင္းလယ္ကို ျဖည့္ဆည္းဖို႔ ခ်ိတ္ဆက္ေနရာမွာ ကြင္းလယ္ကစားသမား တစ္ေယာက္ကို မျဖစ္မေန ေခၚယူဖို႔ လ်ာထားတယ္ဆုိေပမယ့္ အေျခအေနေပးရင္ ၃ ေယာက္အထိ ေခၚယူႏုိင္ၿပီး ဘာစီလိုနာက အငွားနဲ႔ ေရာက္လာႏုိင္တဲ့ ဖလိပီ ေကာ္တင္ညဳိရဲ႕ ေနာက္က ေထာက္ပံ့ေပးမယ့္ကြင္းလယ္အတြက္ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။

အသင္းမွာ အငွားနဲ႔ ကစားေနေပမယ့္ သို႔ေလာသို႔ေလာျဖစ္စရာ ပုိ႔စ္ေတြကို တြစ္တာမွာ ခဏခဏတင္ေလ့ရွိၿပီး ေနာက္ဆုံးပုိ႔စ္မွာ Next Betis လို႔ ဆုိထားခဲ့တဲ့ ဒါနီ စီဘာေယာ့စ္ေနရာအတြက္ ကစားသမားတစ္ဦး ျဖည့္ဆည္းဖို႔၊ ဒါမွမဟုတ္ လူငယ္ေတြထဲက အသုံးျပဳရဖို႔ ရွိေနၿပီး လက္ရွိမွာေတာ့ အာဆင္နယ္ရဲ႕ ကြင္းလယ္တားဂက္ေတြက ဒီလိုေနရာကိုလည္း ကစားေပးႏုိင္တဲ့သူမ်ဳိး ပါဝင္ေနခဲ့တာပါ။

စပိန္လာလီဂါကလပ္ အက္စ္ပန္ညဳိနဲ႔ ေလ်ာ္ေၾကးစာခ်ဳပ္ ေပါင္ ၃၆ သန္း ပါရွိေနၿပီး ေပါင္ ၂၂ သန္းေလာက္နဲ႔ ေခၚယူႏုိင္မယ့္ မာ့ခ္ ႐ိုကာဟာ ကြင္းလယ္မွာ စီဘာေယာ့စ္ေနရာကို အစားထိုးႏုိင္သလို ဘယ္သန္ကစားသမားအျဖစ္ ကြင္းလယ္အဖ်က္နဲ႔ Deep Lying Playmaker ေနရာေတြကို တာဝန္ယူေပးႏုိင္လုိ႔ သူ႕ကို ေခၚယူရင္ ဘာေတြျဖစ္လာႏုိင္လဲလို႔ အာဆင္နယ္ပရိသတ္ေတြ အေတြးပြားေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ျဖစ္ႏုိင္တာကေတာ့ မာ့ခ္ ႐ိုကာကို တကယ္တမ္း အသုံးခ်ႏုိင္မယ္ဆုိရင္ အသင္းကေန ေနရာဖယ္ေပးရမယ့္သူက ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာျဖစ္လာဖြယ္ရွိၿပီး သူ႕အတြက္ ေျပာင္းေရႊ႕ေၾကးနဲ႔ အသုံးစရိတ္ကို ကာမိႏုိင္ဖို႔ လုပ္ေဆာင္သြားႏုိင္ၿပီး ေသာမတ္စ္ ပါေတးရဲ႕ ေခၚယူမွဳကိုေတာ့ ႏွစ္ဦးထဲက တစ္ဦးပဲ ေရြးဆုိတဲ့ ပုံစံမ်ဳိးျဖစ္လာဖို႔ မရွိဘဲ ကြင္းလယ္အထိုင္ႏွစ္ဦးရဲ႕ ညာျခမ္းမွာ မာမာထန္ထန္နဲ႔ အသုံးျပဳႏုိင္မယ့္ အခြင့္အေရးကို လက္လႊတ္သြားဖို႔ကေတာ့ ျဖစ္ႏုိင္ေျခနည္းေနပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လူးကပ္စ္ ေတာ္ရဲရားကိုလည္း အီတလီေျမကို ေရာင္းခ်သြားႏုိင္ၿပီး အာတီတာအတြက္ ကြင္းလယ္အထိုင္ဟာ ပါေတးနဲ႔ ႐ိုကာတုိ႔ ႏွစ္ဦးျဖစ္လာႏုိင္သလို တစ္ဦးက အဖ်က္နဲ႔ တစ္ဦးက ေဘာလုံးအခ်င္းအက်င္းကို လုပ္ေဆာင္လာဖြယ္ရွိၿပီး အသင္းတစ္သင္းရဲ႕ အင္ဂ်င္လုိ႔ ေခၚတဲ့ ကြင္းလယ္ပုိင္းမွာေတာ့ ႀကီးႀကီးမားမား အေျပာင္းအလဲေတြကို အေျပာင္းအေရႊ႕ဖြင့္ခ်ိန္မွာ ျမင္ေတြ႕ရႏုိင္မယ္လို႔ သုံးသပ္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: THE BOOT ROOM
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီအတွက် အသင်းရဲ့ ကွင်းလယ်ကို ဖြည့်ဆည်းဖို့ ချိတ်ဆက်နေရာမှာ ကွင်းလယ်ကစားသမား တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူဖို့ လျာထားတယ်ဆိုပေမယ့် အခြေအနေပေးရင် ၃ ယောက်အထိ ခေါ်ယူနိုင်ပြီး ဘာစီလိုနာက အငှားနဲ့ ရောက်လာနိုင်တဲ့ ဖလိပီ ကော်တင်ညိုရဲ့ နောက်က ထောက်ပံ့ပေးမယ့်ကွင်းလယ်အတွက် စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

အသင်းမှာ အငှားနဲ့ ကစားနေပေမယ့် သို့လောသို့လောဖြစ်စရာ ပို့စ်တွေကို တွစ်တာမှာ ခဏခဏတင်လေ့ရှိပြီး နောက်ဆုံးပို့စ်မှာ Next Betis လို့ ဆိုထားခဲ့တဲ့ ဒါနီ စီဘာယော့စ်နေရာအတွက် ကစားသမားတစ်ဦး ဖြည့်ဆည်းဖို့၊ ဒါမှမဟုတ် လူငယ်တွေထဲက အသုံးပြုရဖို့ ရှိနေပြီး လက်ရှိမှာတော့ အာဆင်နယ်ရဲ့ ကွင်းလယ်တားဂက်တွေက ဒီလိုနေရာကိုလည်း ကစားပေးနိုင်တဲ့သူမျိုး ပါဝင်နေခဲ့တာပါ။

စပိန်လာလီဂါကလပ် အက်စ်ပန်ညိုနဲ့ လျော်ကြေးစာချုပ် ပေါင် ၃၆ သန်း ပါရှိနေပြီး ပေါင် ၂၂ သန်းလောက်နဲ့ ခေါ်ယူနိုင်မယ့် မာ့ခ် ရိုကာဟာ ကွင်းလယ်မှာ စီဘာယော့စ်နေရာကို အစားထိုးနိုင်သလို ဘယ်သန်ကစားသမားအဖြစ် ကွင်းလယ်အဖျက်နဲ့ Deep Lying Playmaker နေရာတွေကို တာဝန်ယူပေးနိုင်လို့ သူ့ကို ခေါ်ယူရင် ဘာတွေဖြစ်လာနိုင်လဲလို့ အာဆင်နယ်ပရိသတ်တွေ အတွေးပွားနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဖြစ်နိုင်တာကတော့ မာ့ခ် ရိုကာကို တကယ်တမ်း အသုံးချနိုင်မယ်ဆိုရင် အသင်းကနေ နေရာဖယ်ပေးရမယ့်သူက ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာဖြစ်လာဖွယ်ရှိပြီး သူ့အတွက် ပြောင်းရွှေ့ကြေးနဲ့ အသုံးစရိတ်ကို ကာမိနိုင်ဖို့ လုပ်ဆောင်သွားနိုင်ပြီး သောမတ်စ် ပါတေးရဲ့ ခေါ်ယူမှုကိုတော့ နှစ်ဦးထဲက တစ်ဦးပဲ ရွေးဆိုတဲ့ ပုံစံမျိုးဖြစ်လာဖို့ မရှိဘဲ ကွင်းလယ်အထိုင်နှစ်ဦးရဲ့ ညာခြမ်းမှာ မာမာထန်ထန်နဲ့ အသုံးပြုနိုင်မယ့် အခွင့်အရေးကို လက်လွှတ်သွားဖို့ကတော့ ဖြစ်နိုင်ခြေနည်းနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လူးကပ်စ် တော်ရဲရားကိုလည်း အီတလီမြေကို ရောင်းချသွားနိုင်ပြီး အာတီတာအတွက် ကွင်းလယ်အထိုင်ဟာ ပါတေးနဲ့ ရိုကာတို့ နှစ်ဦးဖြစ်လာနိုင်သလို တစ်ဦးက အဖျက်နဲ့ တစ်ဦးက ဘောလုံးအချင်းအကျင်းကို လုပ်ဆောင်လာဖွယ်ရှိပြီး အသင်းတစ်သင်းရဲ့ အင်ဂျင်လို့ ခေါ်တဲ့ ကွင်းလယ်ပိုင်းမှာတော့ ကြီးကြီးမားမား အပြောင်းအလဲတွေကို အပြောင်းအရွှေ့ဖွင့်ချိန်မှာ မြင်တွေ့ရနိုင်မယ်လို့ သုံးသပ်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: THE BOOT ROOM
PHOTOS CREDIT TO OWNERS
SPORTS A2Z.