Bundesliga Premier League Transfer News

ဟာဗတ္ဇ္ကို ေခၚယူေပးဖို႔ အားကစားဒါ႐ိုက္တာကို မန္စီးတီးပရိသတ္ေတြ ေတာင္းဆိုေနၾက

ေလဗာကူဆင္အသင္းကေန လာမယ့္ရာသီကုန္မွာ ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္ကို နည္းျပ ပက္ပ္ ဂြါဒီယိုလာက စိတ္ဝင္စားေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ခ်ိန္မွာ မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ သူတုိ႔ရဲ႕ အားကစားဒါ႐ုိက္တာ ဇီကီ ဘီဂီရီစတိန္းကို ေခၚယူေပးဖို႔ ေတာင္းဆုိေနၾကတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ေငြသုံးႏုိင္တဲ့ အသင္းႀကီးေတြျဖစ္ၾကတဲ့ လီဗာပူးလ္၊ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔ရဲ႕ ေရဒါေတြထဲမွာ ရိွေနၿပီး ေခၚယူဖို႔လည္း မၾကာမီအခ်ိန္အတြင္း ခ်ဥ္းကပ္ေဆြးေႏြးလာတာကို ခံရႏုိင္တဲ့ အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမန္ကြင္းလယ္လူကို မလိုခ်င္တဲ့အသင္း ေတာ္ေတာ္ေလးရွားမယ္လို႔ ဘုိင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီ ဖလစ္ခ္ကလည္း ဝန္ခံထားခဲ့ဖူးပါတယ္။

ေလဗာကူဆင္အသင္းကေန ေပါင္သန္း ၈၀ ေလာက္နဲ႔ ေရာင္းခ်ႏုိင္တဲ့ ဟာဗတ္ဇ္ဟာ ကြင္းလယ္လူတစ္ဦးထက္ပုိၿပီး အသင္းရဲ႕တုိက္စစ္မွာ ပုိမိုအသုံးဝင္ႏုိင္တဲ့သူျဖစ္တဲ့အျပင္ တုိက္စစ္မွဴးနဲ႔ ေတာင္ပံေတြမွာပါ လိုအပ္ရင္ ကစားေပးႏိုင္သူျဖစ္လို႔ ပရိသတ္ေတြက အသင္းကေန ထြက္ခြာမယ့္ ေဒးဗစ္ ေဆးလ္ဗားနဲ႔ လီရြဳိင္း ဆာေနးတုိ႔ရဲ႕ေနရာေတြမွာ အလိုရွိေနတာျဖစ္ပါတယ္။

ဒီရာသီမွာမွ အသင္းေခါင္းေဆာင္ျဖစ္လာခဲ့ၿပီး သူ႕ရဲ႕ အသင္းနဲ႔ ေနာက္ဆုံးရာသီကို ျဖတ္သန္းေနတဲ့ ေဒးဗစ္ ေဆးလ္ဗားကေတာ့ ရာသီကို လွလွပပ ပိတ္သိမ္းရမယ့္အစား ကိုဗစ္-၁၉ ေၾကာင့္ အခ်ိန္ေတြ မကိုက္ဘဲျဖစ္ခဲ့ရၿပီး အသင္းနဲ႔ ရာသီကုန္ခ်ိန္အထိ ကစားေပးဖို႔ေတာ့ ကာလတုိစာခ်ဳပ္ကို သက္တမ္းတုိးထားခဲ့ရပါေသးတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဟာဗတ္ဇ္အတြက္ေတာ့ လက္ဦးမွဳ ရယူဖို႔ထက္ တျခားအသင္းေတြထက္ ေနာက္က်မသြားေအာင္ဘဲ အတတ္ႏုိင္ဆုံးႀကဳိးစားရဖို႔ ရွိေနၿပီး ယူအီးအက္ဖ္ေအရဲ႕ ဥေရာပပြဲပယ္ျပစ္ဒဏ္ အျဖဴအမည္းသည္းကြဲေတာ့မွ ကစားသမားေခၚယူဖို႔အတြက္ အာ႐ုံစိုက္ႏိုင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လေဗာကူဆင်အသင်းကနေ လာမယ့်ရာသီကုန်မှာ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို နည်းပြ ပက်ပ် ဂွါဒီယိုလာက စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြခဲ့ချိန်မှာ မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အားကစားဒါရိုက်တာ ဇီကီ ဘီဂီရီစတိန်းကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ငွေသုံးနိုင်တဲ့ အသင်းကြီးတွေဖြစ်ကြတဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ရေဒါတွေထဲမှာ ရှိနေပြီး ခေါ်ယူဖို့လည်း မကြာမီအချိန်အတွင်း ချဉ်းကပ်ဆွေးနွေးလာတာကို ခံရနိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူကို မလိုချင်တဲ့အသင်း တော်တော်လေးရှားမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်ကလည်း ဝန်ခံထားခဲ့ဖူးပါတယ်။

လေဗာကူဆင်အသင်းကနေ ပေါင်သန်း ၈၀ လောက်နဲ့ ရောင်းချနိုင်တဲ့ ဟာဗတ်ဇ်ဟာ ကွင်းလယ်လူတစ်ဦးထက်ပိုပြီး အသင်းရဲ့တိုက်စစ်မှာ ပိုမိုအသုံးဝင်နိုင်တဲ့သူဖြစ်တဲ့အပြင် တိုက်စစ်မှူးနဲ့ တောင်ပံတွေမှာပါ လိုအပ်ရင် ကစားပေးနိုင်သူဖြစ်လို့ ပရိသတ်တွေက အသင်းကနေ ထွက်ခွာမယ့် ဒေးဗစ် ဆေးလ်ဗားနဲ့ လီရွိုင်း ဆာနေးတို့ရဲ့နေရာတွေမှာ အလိုရှိနေတာဖြစ်ပါတယ်။

ဒီရာသီမှာမှ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူ့ရဲ့ အသင်းနဲ့ နောက်ဆုံးရာသီကို ဖြတ်သန်းနေတဲ့ ဒေးဗစ် ဆေးလ်ဗားကတော့ ရာသီကို လှလှပပ ပိတ်သိမ်းရမယ့်အစား ကိုဗစ်-၁၉ ကြောင့် အချိန်တွေ မကိုက်ဘဲဖြစ်ခဲ့ရပြီး အသင်းနဲ့ ရာသီကုန်ချိန်အထိ ကစားပေးဖို့တော့ ကာလတိုစာချုပ်ကို သက်တမ်းတိုးထားခဲ့ရပါသေးတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဟာဗတ်ဇ်အတွက်တော့ လက်ဦးမှု ရယူဖို့ထက် တခြားအသင်းတွေထက် နောက်ကျမသွားအောင်ဘဲ အတတ်နိုင်ဆုံးကြိုးစားရဖို့ ရှိနေပြီး ယူအီးအက်ဖ်အေရဲ့ ဥရောပပွဲပယ်ပြစ်ဒဏ် အဖြူအမည်းသည်းကွဲတော့မှ ကစားသမားခေါ်ယူဖို့အတွက် အာရုံစိုက်နိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.