International Match Report

နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးသွင်းပြီး နော်ဝေနဲ့ တူရကီကို အသည်းခွဲတဲ့ နယ်သာလန်

နောက်ဆုံးအချိန်အထိ အုပ်စုထိပ်ဆုံးသုံးသင်းကြားမှာ အုပ်စုဗိုလ်ရော ဒုတိယပါ သတ်မှတ်လို့ မရနိုင်သေးတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု(G)ရဲ့ အပိတ်ပွဲစဉ်တွေက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး နယ်သာလန်၊ နော်ဝေနဲ့ တူရကီတို့ကြားမှာ ပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့သလို ပရိသတ်တွေ စိတ်ဝင်စားခဲ့ရတဲ့ ပွဲစဉ်တွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့ကြပါတယ်။

နယ်သာလန်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရတာကြောင့် ပြိုင်ဘက်တွေထက် တစ်ပန်းသာနေချိန်မှာ ဗန်ဒိုက်၊ ဒီလစ်ချ်၊ ဒမ်းဖရီးစ်၊ ဘလင်းတို့ကို ခံစစ်မှာ အသုံးပြုခဲ့ပြီး ဗိုင်နယ်လ်ဒွမ်နဲ့ ဒီယုံးတို့ရဲ့ ကွင်းလယ်ရှေ့က ကလာ့စ်ဆန်၊ ဘာ့ဂ်ဗိန်းနဲ့ ဒန်ဂျူးမားတို့ကို ကစားခိုင်းခဲ့သလို တိုက်စစ်မှာတော့ ဂိုးသွင်းဘုရင် ဒီပိုင်းကို ပွဲထုတ်ခဲ့ပါတယ်။

ဟားလန်း မပါဝင်နိုင်သေးတဲ့ နော်ဝေကတော့ နောက်ဆုံးပွဲတွေမှာ ရုန်းကန်နေခဲ့ရတဲ့ သူတို့အသင်းကို တတ်နိုင်သမျှ အကောင်းဆုံး ရွေးချယ်ပွဲထုတ်ခဲ့ပြီး အော်ဒီဂွါဒ်၊ အယ်လ်ယူနူစီ၊ နော်မန်း၊ ဆော်လော့သ်တို့လို ခြေစွမ်းပြနေသူတွေနဲ့ ခင်းကျင်းလာခဲ့သလို အဝေးကွင်းမှာ ဒတ်ချ်တွေကို အနိုင်ယူဖို့ မျှော်လင့်ရင်း ယှဉ်ပြိုင်လာခဲ့တာပါ။

ပွဲစတာနဲ့ နယ်သာလန်တို့ကပဲ အိမ်ကွင်းမှာ ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အများစုကိုလည်း ရယူနိုင်ခဲ့သလို ပွဲချိန် ၁၃ မိနစ်မှာ ဗိုင်နယ်လ်ဒွမ် ပေးတာကို ဒီပိုင်း အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့လို့ ဘောလုံးက ပျော့သွားခဲ့ပြီး ဂိုးသမား နီလန်း ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ကစားသမားချင်း ကွာလတီနဲ့ လုပ်အားနှုန်း ကွာဟမှုတွေကြောင့် အိမ်ရှင် ဒတ်ချ်တွေရဲ့ ပွဲလိုပဲ ဖြစ်နေခဲ့ပြီး အမြန်နှုန်းချင်း မယှဉ်နိုင်မှုကလည်း နော်ဝေတို့ကို နောက်တစ်ဆင့်တက်နိုင်ဖို့ လိုအပ်တဲ့ ရလဒ်ရယူနိုင်ပါ့မလားလို့ သံသယဖြစ်စေပြီး ဧည့်သည်တွေအနေနဲ့ တိုက်စစ်ဆင်မှုရော ဂိုးပေါက်တည့်မှုပါ နည်းပါးလွန်းနေခဲ့တာပါ။

အခွင့်အရေးတွေကို ဒန်ဂျူးမားနဲ့ ဒီပိုင်းတို့ အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့သလို ဂိုးသမား နီလန်းကလည်း အမှားအယွင်း မရှိခဲ့တာကြောင့် ပထမပိုင်းမှာ နယ်သာလန်တို့ ဦးဆောင်နိုင်မယ့်အရေးက ဝေးခဲ့ပြီး အောက်ရောက်နေတဲ့ နော်ဝေတို့ကို ဂိုးမသွင်းနိုင်ခဲ့ဘဲ ၄၅ မိနစ်အပြီးမှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ နော်ဝေတို့ လူစားလဲပြီး တိုက်စစ်မြှင့်လာခဲ့ပေမယ့် နယ်သာလန်တို့ပဲ တောင်ပံတိုက်စစ်အားတွေနဲ့ မောင်းကစားပြီး ပွဲကို ထိန်းသိမ်းသွားနိုင်ခဲ့သလို ပွဲချိန် ၆၆ မိနစ်နဲ့ ၇၇ မိနစ်တွေမှ ဘာ့ဂ်ဗိန်းတင်ပေးတာကို ဒန်ဂျူးမားနဲ့ ဒီပိုင်းတို့ ပထမပိုင်းကလိုပဲ ဖြုန်းတီးခဲ့ကြတာကြောင့် ခြေစွမ်းသာပေမယ့် ပွဲက မပြတ်ဘဲဖြစ်နေခဲ့တာပါ။

တစ်ဖက်က မွန်တီနီဂရိုးနဲ့ တူရကီတို့ပွဲစဉ်မှာ တူရကီက အဝေးကွင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ အက်တာကိုးလူး၊ ကွတ်ချူးတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရနေပြီး ရမှတ် ၂၁ မှတ်အထိ စုဆောင်းထားနိုင်ခဲ့တာကြောင့် နယ်သာလန်တို့ အမှားခံလို့ မရတော့ဘဲ တိုက်စစ်မြှင့်လာခဲ့ရပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ အော်ဒီဂွါဒ်တစ်ယောက်တည်းနဲ့ ယှဉ်ကစားနေရတဲ့ နော်ဝေတို့ ဘောလုံးပျက်ရာကနေ နယ်သာလန်တို့ တန်ပြန်တိုက်စစ်ဆင်လာခဲ့ပြီး ဘလင်းပေးတဲ့ ဘောလုံးကို ရသွားတဲ့ ဒန်ဂျူးမားက ညာခြမ်းကို ခင်းပေးခဲ့ရာမှာ လွတ်နေတဲ့ ဘာ့ဂ်ဗိန်းက ညာခြေနဲ့ ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် အသင်းကို အတင်အချလုပ်ဖို့ လူအင်အားရှိမနေခဲ့တဲ့ နော်ဝေတို့ ပုံစံက ကောင်းမလာခဲ့ဘဲ တိုက်စစ်ဖွင့်ကစားခဲ့တာက အထိနာဖို့ဖြစ်လာခဲ့သလို နာကျင်အချိန်ပို တစ်မိနစ်မှာတော့ ထောင့်ကန်ဘောက ထွက်လာတဲ့ ဘောလုံးကို ဘာ့ဂ်ဗိန်းက တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမားနဲ့အတွေ့မှာ ဘေးက ပါလာတဲ့ ဒီပိုင်းကို ထိုးပေးရာမှာ တစ်ချိန်လုံးလွဲချော်နေတဲ့ ဘာစီလိုနာတိုက်စစ်မှူးက ပိတ်သွင်းပြီး အနိုင်ပြတ်သား သွားစေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ နယ်သာလန်တို့ ၇ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၂၃ မှတ်နဲ့ အုပ်စု(G)ကနေ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပြီး တူရကီတို့ကတော့ ရမှတ် ၂၁ မှတ်နဲ့ ဒုတိယနေရာက နောက်တစ်ဆင့် Play-off ကို ဖြတ်သန်းရတော့မှာဖြစ်သလို ဟားလန်းမပါတဲ့ နော်ဝေတို့ကတော့ အစွမ်းမဲ့ခဲ့ပြီး ရမှတ် ၁၈ မှတ်အထိ စုဆောင်းနိုင်ခဲ့ပေမယ့် အုပ်စုက တက်ဖို့ မလုံလောက်ခဲ့ဘဲ ကာတာကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာက္ဆုံးအခ်ိန္အထိ အုပ္စုထိပ္ဆုံးသုံးသင္းၾကားမွာ အုပ္စုဗိုလ္ေရာ ဒုတိယပါ သတ္မွတ္လို႔ မရႏိုင္ေသးတဲ့ ကမာၻ႔ဖလားေျခစစ္ပြဲ ဥေရာပဇုန္ အုပ္စု(G)ရဲ႕ အပိတ္ပြဲစဥ္ေတြက စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး နယ္သာလန္၊ ေနာ္ေဝနဲ႔ တူရကီတို႔ၾကားမွာ ၿပိဳင္ဆိုင္မႈေတြက ျပင္းထန္ခဲ့သလို ပရိသတ္ေတြ စိတ္ဝင္စားခဲ့ရတဲ့ ပြဲစဥ္ေတြကို ၿပီးခဲ့တဲ့ အဂၤါေန႔ညက ကစားခဲ့ၾကပါတယ္။

နယ္သာလန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကစားရတာေၾကာင့္ ၿပိဳင္ဘက္ေတြထက္ တစ္ပန္းသာေနခ်ိန္မွာ ဗန္ဒိုက္၊ ဒီလစ္ခ်္၊ ဒမ္းဖရီးစ္၊ ဘလင္းတို႔ကို ခံစစ္မွာ အသုံးျပဳခဲ့ၿပီး ဗိုင္နယ္လ္ဒြမ္နဲ႔ ဒီယုံးတို႔ရဲ႕ ကြင္းလယ္ေရွ႕က ကလာ့စ္ဆန္၊ ဘာ့ဂ္ဗိန္းနဲ႔ ဒန္ဂ်ဴးမားတို႔ကို ကစားခိုင္းခဲ့သလို တိုက္စစ္မွာေတာ့ ဂိုးသြင္းဘုရင္ ဒီပိုင္းကို ပြဲထုတ္ခဲ့ပါတယ္။

ဟားလန္း မပါဝင္ႏိုင္ေသးတဲ့ ေနာ္ေဝကေတာ့ ေနာက္ဆုံးပြဲေတြမွာ ႐ုန္းကန္ေနခဲ့ရတဲ့ သူတို႔အသင္းကို တတ္ႏိုင္သမွ် အေကာင္းဆုံး ေ႐ြးခ်ယ္ပြဲထုတ္ခဲ့ၿပီး ေအာ္ဒီဂြါဒ္၊ အယ္လ္ယူႏူစီ၊ ေနာ္မန္း၊ ေဆာ္ေလာ့သ္တို႔လို ေျခစြမ္းျပေနသူေတြနဲ႔ ခင္းက်င္းလာခဲ့သလို အေဝးကြင္းမွာ ဒတ္ခ်္ေတြကို အႏိုင္ယူဖို႔ ေမွ်ာ္လင့္ရင္း ယွဥ္ၿပိဳင္လာခဲ့တာပါ။

ပြဲစတာနဲ႔ နယ္သာလန္တို႔ကပဲ အိမ္ကြင္းမွာ ဖိကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကိုလည္း ရယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၃ မိနစ္မွာ ဗိုင္နယ္လ္ဒြမ္ ေပးတာကို ဒီပိုင္း အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ထိခ်က္မမွန္ခဲ့လို႔ ေဘာလုံးက ေပ်ာ့သြားခဲ့ၿပီး ဂိုးသမား နီလန္း ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ကစားသမားခ်င္း ကြာလတီနဲ႔ လုပ္အားႏႈန္း ကြာဟမႈေတြေၾကာင့္ အိမ္ရွင္ ဒတ္ခ်္ေတြရဲ႕ ပြဲလိုပဲ ျဖစ္ေနခဲ့ၿပီး အျမန္ႏႈန္းခ်င္း မယွဥ္ႏိုင္မႈကလည္း ေနာ္ေဝတို႔ကို ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ လိုအပ္တဲ့ ရလဒ္ရယူႏိုင္ပါ့မလားလို႔ သံသယျဖစ္ေစၿပီး ဧည့္သည္ေတြအေနနဲ႔ တိုက္စစ္ဆင္မႈေရာ ဂိုးေပါက္တည့္မႈပါ နည္းပါးလြန္းေနခဲ့တာပါ။

အခြင့္အေရးေတြကို ဒန္ဂ်ဴးမားနဲ႔ ဒီပိုင္းတို႔ အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့သလို ဂိုးသမား နီလန္းကလည္း အမွားအယြင္း မရွိခဲ့တာေၾကာင့္ ပထမပိုင္းမွာ နယ္သာလန္တို႔ ဦးေဆာင္ႏိုင္မယ့္အေရးက ေဝးခဲ့ၿပီး ေအာက္ေရာက္ေနတဲ့ ေနာ္ေဝတို႔ကို ဂိုးမသြင္းႏိုင္ခဲ့ဘဲ ၄၅ မိနစ္အၿပီးမွာ ဂိုးမရွိသေရ ရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ေနာ္ေဝတို႔ လူစားလဲၿပီး တိုက္စစ္ျမႇင့္လာခဲ့ေပမယ့္ နယ္သာလန္တို႔ပဲ ေတာင္ပံတိုက္စစ္အားေတြနဲ႔ ေမာင္းကစားၿပီး ပြဲကို ထိန္းသိမ္းသြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၆ မိနစ္နဲ႔ ၇၇ မိနစ္ေတြမွ ဘာ့ဂ္ဗိန္းတင္ေပးတာကို ဒန္ဂ်ဴးမားနဲ႔ ဒီပိုင္းတို႔ ပထမပိုင္းကလိုပဲ ျဖဳန္းတီးခဲ့ၾကတာေၾကာင့္ ေျခစြမ္းသာေပမယ့္ ပြဲက မျပတ္ဘဲျဖစ္ေနခဲ့တာပါ။

တစ္ဖက္က မြန္တီနီဂ႐ိုးနဲ႔ တူရကီတို႔ပြဲစဥ္မွာ တူရကီက အေဝးကြင္းမွာ ကြင္းလယ္ကစားသမားေတြျဖစ္ၾကတဲ့ အက္တာကိုးလူး၊ ကြတ္ခ်ဴးတို႔ရဲ႕ ဂိုးေတြနဲ႔ အႏိုင္ရေနၿပီး ရမွတ္ ၂၁ မွတ္အထိ စုေဆာင္းထားႏိုင္ခဲ့တာေၾကာင့္ နယ္သာလန္တို႔ အမွားခံလို႔ မရေတာ့ဘဲ တိုက္စစ္ျမႇင့္လာခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္တစ္ေယာက္တည္းနဲ႔ ယွဥ္ကစားေနရတဲ့ ေနာ္ေဝတို႔ ေဘာလုံးပ်က္ရာကေန နယ္သာလန္တို႔ တန္ျပန္တိုက္စစ္ဆင္လာခဲ့ၿပီး ဘလင္းေပးတဲ့ ေဘာလုံးကို ရသြားတဲ့ ဒန္ဂ်ဴးမားက ညာျခမ္းကို ခင္းေပးခဲ့ရာမွာ လြတ္ေနတဲ့ ဘာ့ဂ္ဗိန္းက ညာေျခနဲ႔ ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ အသင္းကို အတင္အခ်လုပ္ဖို႔ လူအင္အားရွိမေနခဲ့တဲ့ ေနာ္ေဝတို႔ ပုံစံက ေကာင္းမလာခဲ့ဘဲ တိုက္စစ္ဖြင့္ကစားခဲ့တာက အထိနာဖို႔ျဖစ္လာခဲ့သလို နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ထြက္လာတဲ့ ေဘာလုံးကို ဘာ့ဂ္ဗိန္းက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမားနဲ႔အေတြ႕မွာ ေဘးက ပါလာတဲ့ ဒီပိုင္းကို ထိုးေပးရာမွာ တစ္ခ်ိန္လုံးလြဲေခ်ာ္ေနတဲ့ ဘာစီလိုနာတိုက္စစ္မႉးက ပိတ္သြင္းၿပီး အႏိုင္ျပတ္သား သြားေစခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ နယ္သာလန္တို႔ ၇ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၂၃ မွတ္နဲ႔ အုပ္စု(G)ကေန တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခဲ့ၿပီး တူရကီတို႔ကေတာ့ ရမွတ္ ၂၁ မွတ္နဲ႔ ဒုတိယေနရာက ေနာက္တစ္ဆင့္ Play-off ကို ျဖတ္သန္းရေတာ့မွာျဖစ္သလို ဟားလန္းမပါတဲ့ ေနာ္ေဝတို႔ကေတာ့ အစြမ္းမဲ့ခဲ့ၿပီး ရမွတ္ ၁၈ မွတ္အထိ စုေဆာင္းႏိုင္ခဲ့ေပမယ့္ အုပ္စုက တက္ဖို႔ မလုံေလာက္ခဲ့ဘဲ ကာတာကမာၻ႔ဖလားကို ႏႈတ္ဆက္ခဲ့ရေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.