International

ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ ရေနစ်နေချိန်မှာ ကာတာရောက်သွားပြီဖြစ်တဲ့ မက်ဆီနဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းဟာ အင်္ဂါနေ့ညက ဘရာဇီးလ်အသင်းနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် သချင်္ာနည်းအရ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိဖို့အတွက် လုံလောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကန်သွင်းချက်ဟာ ဂိုးသမား အယ်လစ်ဆန်လက်ထဲကို တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကမ္ဘာ့ဖလားဝင်ခွင့် ရရှိခဲ့ပြီးဖြစ်တဲ့ ဘရာဇီးလ်အသင်းဟာ တိုက်စစ်ဆင်နိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး ကျော်ကြားတဲ့ နိုင်ပွဲ ရရှိနိုင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ တည်ငြိမ်တဲ့လက်စွမ်းနဲ့ မေးခွန်းထုတ်စရာ အဆုံးသတ်ပိုင်းကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ပွဲစဉ်ဟာ ဟဲဗီးဝိတ်အသင်း ၂ သင်းကြား တွေ့ဆုံမှုဖြစ်တာကြောင့် ထုံးစံအတိုင်း ရုပ်ပိုင်းဆိုင်ရာအရ တင်းမာမှုများ ရှိခဲ့ပြီး ဘရာဇီးလ်ပရိသတ်တွေဟာ လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကို တံတောင်နဲ့တွတ်ခဲ့တဲ့ အိုတာမန်ဒီကို အနီကတ်ပြသတာ မြင်ချင်ခဲ့ကြပေမယ့်လည်း ဒိုင်လူကြီးက အပြစ်ပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ဟာ တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့် ရပ်တည်မှုမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ၂ သင်းစလုံးဟာ ခြေစစ်ပွဲမှာ ရှုံးပွဲမရှိတဲ့အသင်းတွေအဖြစ် ရပ်တည်နိုင်ခဲ့သလို အာဂျင်တီးနားအသင်းကလည်း ပြိုင်ပွဲစုံ ရှုံးပွဲမရှိတဲ့ စံချိန်ကို ၂၇ ပွဲအထိ ဆက်လက်တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲဝင်ခွင့်ရဖို့ မသေချာဖြစ်နေချိန်မှာ ဘရာဇီးလ်အသင်းနဲ့ ဂိုးမရှိ သရေကျသွားခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ CONMEBOL အုပ်စုမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကစားဖို့ လက်ကျန် ၄ ပွဲကျန်ရှိနေသေးပေမယ့် ဆော​လျင်စွာနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၂၈ နှစ်ကြာ ဆုဖလားနဲ့ ဝေးကွာနေမှုကို ကိုပါအမေရိကဖလားနဲ့ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သလို လက်ရှိမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းသွားတော့မှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ အာဂျင်တီးနားအသင်းဟာ ရုရှားမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၁၆ သင်းရှုံးထွက်အဆင့်မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ ဒီယေဂို မာရာဒိုနာက ကမ္ဘာ့ဖလားအောင်မြင်မှု ရယူပေးခဲ့ပြီးနောက်ပိုင်း ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာ အမြင့်မားဆုံးအောင်မြင်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဂ်င္တီးနားအသင္းဟာ အဂၤါေန႔ညက ဘရာဇီးလ္အသင္းနဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၿပီးေနာက္ ဂိုးမရွိသေရရလဒ္ထြက္ေပၚခဲ့တာေၾကာင့္ သခ်ၤာနည္းအရ ကမၻာ့ဖလားဝင္ခြင့္ရရွိဖို႔အတြက္ လုံေလာက္သြားခဲ့ၿပီျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ အာဂ်င္တီးနားလက္ေရြးစင္အသင္းေခါင္းေဆာင္ မက္ဆီဟာ မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးခဲ့ၿပီး ပြဲခ်ိန္ ေနာက္ဆုံးမိနစ္မွာ ဂိုးသြင္းယူနိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ၎ရဲ့ ကန္သြင္းခ်က္ဟာ ဂိုးသမား အယ္လစ္ဆန္လက္ထဲကို တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

နိုဝင္ဘာ ၁၁ ရက္ေန႔မွာ ကမၻာ့ဖလားဝင္ခြင့္ ရရွိခဲ့ၿပီးျဖစ္တဲ့ ဘရာဇီးလ္အသင္းဟာ တိုက္စစ္ဆင္နိုင္မယ့္ အခြင့္အလမ္းေတြ ပိုမိုဖန္တီးနိုင္ခဲ့ၿပီး ေက်ာ္ၾကားတဲ့ နိုင္ပြဲ ရရွိနိုင္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားဂိုးသမား အီမီလီယာနို မာတီနက္ဇ္ရဲ့ တည္ၿငိမ္တဲ့လက္စြမ္းနဲ႔ ေမးခြန္းထုတ္စရာ အဆုံးသတ္ပိုင္းေၾကာင့္ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ပြဲစဥ္ဟာ ဟဲဗီးဝိတ္အသင္း ၂ သင္းၾကား ေတြ႕ဆုံမႈျဖစ္တာေၾကာင့္ ထုံးစံအတိုင္း ႐ုပ္ပိုင္းဆိုင္ရာအရ တင္းမာမႈမ်ား ရွိခဲ့ၿပီး ဘရာဇီးလ္ပရိသတ္ေတြဟာ လိဒ္စ္ေတာင္ပံကစားသမား ရာဖင္ညာကို တံေတာင္နဲ႔တြတ္ခဲ့တဲ့ အိုတာမန္ဒီကို အနီကတ္ျပသတာ ျမင္ခ်င္ခဲ့ၾကေပမယ့္လည္း ဒိုင္လူႀကီးက အျပစ္ေပးခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ဟာ ေတာင္အေမရိက ကမၻာ့ဖလားေျခစစ္ပြဲအုပ္စုအဆင့္ ရပ္တည္မႈမွာ ဆက္လက္ ဦးေဆာင္နိုင္ခဲ့ၿပီး ၂ သင္းစလုံးဟာ ေျခစစ္ပြဲမွာ ရႈံးပြဲမရွိတဲ့အသင္းေတြအျဖစ္ ရပ္တည္နိုင္ခဲ့သလို အာဂ်င္တီးနားအသင္းကလည္း ၿပိဳင္ပြဲစုံ ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို ၂၇ ပြဲအထိ ဆက္လက္တိုးျမႇင့္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ေရာ္နယ္ဒိုရဲ့ ေပၚတူဂီအသင္းဟာ ၂၀၂၂ ကာတာ ကမၻာ့ဖလားပြဲဝင္ခြင့္ရဖို႔ မေသခ်ာျဖစ္ေနခ်ိန္မွာ ဘရာဇီးလ္အသင္းနဲ႔ ဂိုးမရွိ သေရက်သြားခဲ့တဲ့ မက္ဆီရဲ့ အာဂ်င္တီးနားအသင္းဟာ CONMEBOL အုပ္စုမွာ ကမၻာ့ဖလားေျခစစ္ပြဲအတြက္ ကစားဖို႔ လက္က်န္ ၄ ပြဲက်န္ရွိေနေသးေပမယ့္ ေဆာ​လ်င္စြာနဲ႔ ၂၀၂၂ ကာတာ ကမၻာ့ဖလားဝင္ခြင့္လက္မွတ္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီရဲ့ အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၂၈ ႏွစ္ၾကာ ဆုဖလားနဲ႔ ေဝးကြာေနမႈကို ကိုပါအေမရိကဖလားနဲ႔ အဆုံးသတ္နိုင္ခဲ့ၿပီျဖစ္သလို လက္ရွိမွာလည္း ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရရွိဖို႔ ႀကိဳးပမ္းသြားေတာ့မွာလည္း ျဖစ္ပါတယ္။

ကမၻာ့ဖလားခ်န္ပီယံ ၂ ႀကိမ္ျဖစ္ခဲ့ဖူးတဲ့ အာဂ်င္တီးနားအသင္းဟာ ႐ုရွားမွာ က်င္းပခဲ့တဲ့ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲတုန္းက ၁၆ သင္းရႈံးထြက္အဆင့္မွာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ၁၉၈၆ ခုႏွစ္မွာ ဒီေယဂို မာရာဒိုနာက ကမၻာ့ဖလားေအာင္ျမင္မႈ ရယူေပးခဲ့ၿပီးေနာက္ပိုင္း ၂၀၁၄ ကမၻာ့ဖလားတုန္းက ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့တာ အျမင့္မားဆုံးေအာင္ျမင္မႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.