Bundesliga Premier League Transfer News

ဆာေနးအတြက္ ဘိုင္ယန္ရဲ႕ ေဈးဆစ္မခံဘဲ ပယ္ခ်ထားခဲ့တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသင္းကေန ထြက္ခြာဖို႔ရွိေနတဲ့ ေတာင္ပံကစားသမား လီ႐ြဳိင္း ဆာေနးအတြက္ ဘုိင္ယန္ျမဴးနစ္ရဲ႕ မျဖစ္ႏုိင္တဲ့ ေဈးဆစ္မွဳကို လုံးဝလက္ခံစဥ္းစားေနမွာမဟုတ္ဘဲ သတ္မွတ္တန္ေၾကးတစ္ရပ္ကို ခိုင္ခိုင္မာမာ ဆုပ္ကိုင္ထားတယ္လို႔ သိရပါတယ္။

ကစားသမားက အသင္းက ထြက္ခြာခ်င္ေနလုိ႔သာ ေရာင္းခ်ေပးရမွာျဖစ္တဲ့ မန္စီးတီးအေနနဲ႔ တကယ္တမ္းေတာ့ ဆာေနးကို အသင္းရဲ႕ အဓိကကစားသမားတစ္ေယာက္အျဖစ္ ရွဳျမင္ထားတာျဖစ္ၿပီး သူမပါဝင္ႏုိင္တဲ့ ဒီရာသီမွာ အသင္းရဲ႕ ေတာင္ပံတုိက္စစ္ေတြဟာ အရင္ေလာက္ မထိေရာက္တာကိုလည္း ျမင္ေတြ႕ေနရပါတယ္။

မတတ္သာလုိ႔ ေရာင္းခ်ရမယ္ဆုိရင္ေတာ့ မန္စီးတီးတာဝန္ရွိသူေတြအေနနဲ႔ အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္ေတာင္ပံကစာသမားအတြက္ ေပါင္ ၆၂ သန္း (ယူ႐ိုသန္း ၇၀) ေတာင္းဆုိသြားမွာျဖစ္ၿပီး မေခၚယူရင္ေတာ့ ပုိေတာင္ႀကဳိက္ေသးတယ္လို႔ ဆိုႏုိင္တဲ့ အေနအထားမွာ ဘုိင္ယန္ျမဴးနစ္ဘက္က ကမ္းလွမ္းမွဳေတြကို ေဘာင္မဝင္လို႔ ပယ္ခ်ထားတာလည္းျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ခ်န္ပီယံျဖစ္လုဆဲဆဲ ဂ်ာမန္အင္အားႀကီး ဘာေဗးရီးယားသားေတြကေတာ့ ဆာေနးဟာ ေပါင္ ၃၅ သန္းထက္ ပုိမတန္ဘူးလို႔ မန္စီးတီးတာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြ ေဒါသထြက္ေစမယ့္ စကားကို ေျပာၾကားထားခဲ့သလို ေနာက္ဆုံးသတင္းေတြအရ ေပါင္ ၃၆ သန္းနဲ႔ ကမ္းလွမ္းထားတယ္လို႔လည္း ဆိုပါတယ္။

ဒူးအရြတ္ စုတ္ျပဲတဲ့ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာခ်ိန္မွာ ဘုိင္ယန္အေနနဲ႔ ဒီဒဏ္ရာနဲ႔ တစ္ႏွစ္က်န္ စာခ်ဳပ္သက္တမ္းကို အေၾကာင္းျပၿပီး ေဈးဆစ္လာခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက ေပါင္သန္း ၁၀၀ နဲ႔ သေဘာတူညီမွဳ ပ်က္ျပယ္ခဲ့ခ်ိန္မွာ အခြင့္အေရး ယူလြန္းတဲ့ ပုံစံကို ျပသလာခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ခဲ့ရင္ေတာင္ အမုန္းေတြနဲ႔ အၿပီးသတ္ရဖြယ္ရွိတယ္လုိ႔လည္း သုံးသပ္ေဖာ္ျပလုိက္ရပါတယ္။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ဘိုင်ယန်မြူးနစ်ရဲ့ မဖြစ်နိုင်တဲ့ ဈေးဆစ်မှုကို လုံးဝလက်ခံစဉ်းစားနေမှာမဟုတ်ဘဲ သတ်မှတ်တန်ကြေးတစ်ရပ်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတယ်လို့ သိရပါတယ်။

ကစားသမားက အသင်းက ထွက်ခွာချင်နေလို့သာ ရောင်းချပေးရမှာဖြစ်တဲ့ မန်စီးတီးအနေနဲ့ တကယ်တမ်းတော့ ဆာနေးကို အသင်းရဲ့ အဓိကကစားသမားတစ်ယောက်အဖြစ် ရှုမြင်ထားတာဖြစ်ပြီး သူမပါဝင်နိုင်တဲ့ ဒီရာသီမှာ အသင်းရဲ့ တောင်ပံတိုက်စစ်တွေဟာ အရင်လောက် မထိရောက်တာကိုလည်း မြင်တွေ့နေရပါတယ်။

မတတ်သာလို့ ရောင်းချရမယ်ဆိုရင်တော့ မန်စီးတီးတာဝန်ရှိသူတွေအနေနဲ့ အသက် ၂၄ နှစ်အရွယ် ဂျာမန်တောင်ပံကစာသမားအတွက် ပေါင် ၆၂ သန်း (ယူရိုသန်း ၇၀) တောင်းဆိုသွားမှာဖြစ်ပြီး မခေါ်ယူရင်တော့ ပိုတောင်ကြိုက်သေးတယ်လို့ ဆိုနိုင်တဲ့ အနေအထားမှာ ဘိုင်ယန်မြူးနစ်ဘက်က ကမ်းလှမ်းမှုတွေကို ဘောင်မဝင်လို့ ပယ်ချထားတာလည်းဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံဖြစ်လုဆဲဆဲ ဂျာမန်အင်အားကြီး ဘာဗေးရီးယားသားတွေကတော့ ဆာနေးဟာ ပေါင် ၃၅ သန်းထက် ပိုမတန်ဘူးလို့ မန်စီးတီးတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ ဒေါသထွက်စေမယ့် စကားကို ပြောကြားထားခဲ့သလို နောက်ဆုံးသတင်းတွေအရ ပေါင် ၃၆ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။

ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာချိန်မှာ ဘိုင်ယန်အနေနဲ့ ဒီဒဏ်ရာနဲ့ တစ်နှစ်ကျန် စာချုပ်သက်တမ်းကို အကြောင်းပြပြီး ဈေးဆစ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း ၁၀၀ နဲ့ သဘောတူညီမှု ပျက်ပြယ်ခဲ့ချိန်မှာ အခွင့်အရေး ယူလွန်းတဲ့ ပုံစံကို ပြသလာခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင်တောင် အမုန်းတွေနဲ့ အပြီးသတ်ရဖွယ်ရှိတယ်လို့လည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: SKY GERMANY
PHOTOS CREDIT TO OWNERS
SPORTS A2Z.