Premier League

ပရီးမီးယားလိဂ္ျပန္စရင္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တုိ႔ကို တြဲဖက္ၿပီး နည္းစနစ္ေျပာင္းမယ့္ ဆုိးလ္ရွား

အသင္းရဲ႕ ကိုဗစ္-၁၉ ေနာက္ပိုင္း ပထမဆုံးပြဲကို ျပန္လည္စတင္ဖို႔ရွိေနတဲ့ လာမယ့္ ေသာၾကာေန႔ည ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ အေဝးကြင္းပြဲစဥ္ကစၿပီး မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ကြင္းလယ္ၾကယ္ပြင့္ႏွစ္ေယာက္ျဖစ္တဲ့ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ကို နည္းစနစ္ေျပာင္းလဲၿပီး တြဲဖက္ေပးသြားဖို႔ ရွိေနပါတယ္။

ပုံမွန္အားျဖင့္ Deep-Lying Playmaker ေနရာမွာ ကစားေလ့ရွိတဲ့ ေပါ့ဘာဟာ ေနာက္ပုိင္းႏွစ္ေတြမွာ ဒီေနရာမွာ ကစားရင္း ေျခစြမ္းအနည္းငယ္ ေလ်ာ့က်လာခဲ့လို႔ ဆုိးလ္ရွားအေနနဲ႔ အေျပာင္းအလဲလုပ္တဲ့အေနနဲ႔ လာမယ့္ပြဲေတြမွာ နံပါတ္ ၁၀ ေနရာ တုိက္စစ္မွဴးေနာက္ကေန Advanced Playmaker Role မွာ အထိုင္ခ်သြားဖို႔ ရွိတယ္လုိ႔ ဆုိပါတယ္။

အသက္ပုိမိုငယ္ရြယ္ၿပီး လ်င္ျမန္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကိုေတာ့ ေနာက္ကေန နံပါတ္ ၈ ဆန္ဆန္ လုိက္ပါကစားေစဖို႔ စီစဥ္ေနၿပီး ေနာက္ကေန ဖရက္ဒ္ ဒါမွမဟုတ္ စေကာ့ မက္ေတာ္မီေနးနဲ႔ ေထာက္ကန္ေပးမွာျဖစ္လို႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ ကြင္းလယ္ရဲ႕ ထိပ္ကေန ေျခစြမ္းျပခဲ့တဲ့ ေပၚတူဂီသားတစ္ေယာက္ လာမယ့္ပြဲေတြမွာ အေျပာင္းအလဲနဲ႔အတူ ေျခစြမ္းျပႏုိင္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

ယူႏုိက္တက္ရဲ႕ ကစားသမားအားလုံး ဒဏ္ရာကင္းေစေနတဲ့ အေနအထားက သူတုိ႔ရဲ႕ လာမယ့္ပရီးမီးယားလိဂ္ေျပးလမ္းမွာ အဆင့္ ၅ ေနရာကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔နဲ႔ အေျခအေနေပးရင္ ခ်ဲလ္ဆီးရဲ႕ အဆင့္ ၄ ကိုပါ ဆက္လက္လုယူႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေစၿပီး ဒီအထဲမွာမွ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ အတြဲအဖက္ရဲ႕ အသီးအပြင့္ေတြ ရရွိလာရင္ေတာ့ ပရိသတ္ေတြအတြက္ စိတ္တုိင္းက်လာႏုိင္ဖို႔ ရွိေနပါတယ္။

နည္းျပ ဆုိးလ္ရွားအေနနဲ႔ အသင္းရဲ႕ ကစားသမားေတြကိုလည္း စိတ္ဓာတ္ျမႇင့္တင္တဲ့ အေနနဲ႔ စပါးစ္နဲ႔ ရင္ဆိုင္မေတြ႕ခင္ နည္းျပေဟာင္း ေမာ္ရင္ညဳိကို တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ဟာ မိမိရဲ႕လက္ထဲမွာမွ အရင္ထက္ ပုိမုိတုိးတက္လာခဲ့တယ္လုိ႔လည္း ေျပာၾကားထားခဲ့ၿပီး လာမယ့္ ပြဲစဥ္အတြက္ ႀကဳိတင္ျပင္ဆင္မွဳေတြ ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းရဲ့ ကိုဗစ်-၁၉ နောက်ပိုင်း ပထမဆုံးပွဲကို ပြန်လည်စတင်ဖို့ရှိနေတဲ့ လာမယ့် သောကြာနေ့ည တော့တင်ဟမ် ဟော့စပါးစ်နဲ့ အဝေးကွင်းပွဲစဉ်ကစပြီး မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို နည်းစနစ်ပြောင်းလဲပြီး တွဲဖက်ပေးသွားဖို့ ရှိနေပါတယ်။

ပုံမှန်အားဖြင့် Deep-Lying Playmaker နေရာမှာ ကစားလေ့ရှိတဲ့ ပေါ့ဘာဟာ နောက်ပိုင်းနှစ်တွေမှာ ဒီနေရာမှာ ကစားရင်း ခြေစွမ်းအနည်းငယ် လျော့ကျလာခဲ့လို့ ဆိုးလ်ရှားအနေနဲ့ အပြောင်းအလဲလုပ်တဲ့အနေနဲ့ လာမယ့်ပွဲတွေမှာ နံပါတ် ၁၀ နေရာ တိုက်စစ်မှူးနောက်ကနေ Advanced Playmaker Role မှာ အထိုင်ချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အသက်ပိုမိုငယ်ရွယ်ပြီး လျင်မြန်တဲ့ ဘရူနို ဖာနန်ဒက်စ်ကိုတော့ နောက်ကနေ နံပါတ် ၈ ဆန်ဆန် လိုက်ပါကစားစေဖို့ စီစဉ်နေပြီး နောက်ကနေ ဖရက်ဒ် ဒါမှမဟုတ် စကော့ မက်တော်မီနေးနဲ့ ထောက်ကန်ပေးမှာဖြစ်လို့ ပြီးခဲ့တဲ့ ပွဲတွေမှာ ကွင်းလယ်ရဲ့ ထိပ်ကနေ ခြေစွမ်းပြခဲ့တဲ့ ပေါ်တူဂီသားတစ်ယောက် လာမယ့်ပွဲတွေမှာ အပြောင်းအလဲနဲ့အတူ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားအားလုံး ဒဏ်ရာကင်းစေနေတဲ့ အနေအထားက သူတို့ရဲ့ လာမယ့်ပရီးမီးယားလိဂ်ပြေးလမ်းမှာ အဆင့် ၅ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ အခြေအနေပေးရင် ချဲလ်ဆီးရဲ့ အဆင့် ၄ ကိုပါ ဆက်လက်လုယူနိုင်ဖို့ မျှော်လင့်ချက်ရှိစေပြီး ဒီအထဲမှာမှ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ အတွဲအဖက်ရဲ့ အသီးအပွင့်တွေ ရရှိလာရင်တော့ ပရိသတ်တွေအတွက် စိတ်တိုင်းကျလာနိုင်ဖို့ ရှိနေပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ကစားသမားတွေကိုလည်း စိတ်ဓာတ်မြှင့်တင်တဲ့ အနေနဲ့ စပါးစ်နဲ့ ရင်ဆိုင်မတွေ့ခင် နည်းပြဟောင်း မော်ရင်ညိုကို တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ မိမိရဲ့လက်ထဲမှာမှ အရင်ထက် ပိုမိုတိုးတက်လာခဲ့တယ်လို့လည်း ပြောကြားထားခဲ့ပြီး လာမယ့် ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.