La Liga Premier League Transfer News

ပါေတးရဲ႕ အစားထိုးမွဳကို တီကို သတ္မွတ္ၿပီးျဖစ္လို႔ အာဆင္နယ္အတြက္ သတင္းေကာင္းျဖစ္လာ

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕ခ်င္ေနတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ ဆႏၵကို လုိက္ေလ်ာေပးဖို႔ ရွိေနၿပီး ထပ္မံစည္း႐ုံးေတာ့မွာ မဟုတ္ဘဲ သူ႕ေနရာမွာ အစားထိုးဖို႔ ကစားသမားသစ္တစ္ဦးကို ခ်ိတ္ဆက္ေနၿပီလို႔ သိရပါတယ္။

ဝန္တ မက္ထ႐ိုပိုလီတာႏိုကြင္းမွာ ရွစ္ႏွစ္နီးပါးကစားခဲ့ၿပီးျဖစ္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ ဂါနာကြင္းလယ္လူဟာ အသင္းဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်ထားၿပီးေနာက္ပုိင္း အာဆင္နယ္အသင္းနဲ႔ သတင္းေတြက ေတာ္ေတာ္ေလးခိုင္မာေနတာျဖစ္ၿပီး အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ခ်ိန္ ေရာက္တဲ့အထိ ေအးေအးလူလူ ေစာင့္ဆုိင္းသြားဖို႔လည္း ရွိေနပါတယ္။

တခ်ဳိ႕သတင္းေတြအရေတာ့ အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ ပါေတးနဲ႔ ပုဂၢဳိလ္ေရးအရ သေဘာတူညီထားတယ္လို႔လည္း ဆုိေနၾကၿပီး အက္သလက္တီကိုဘက္က သတ္မွတ္ထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၂ သန္းကို ေပးဖို႔၊ ဒါမွမဟုတ္ တျခားတစ္နည္းနည္းနဲ႔ သေဘာတူညီေအာင္ ညႇိႏွဳိင္းေဆြးေႏြးဖို႔ပဲ က်န္ေတာ့တယ္လို႔လည္း ဆိုပါတယ္။

အက္သလက္တီကိုကေတာ့ ပါေတးရဲ႕ ေနရာအတြက္ ကစားသမားသစ္ ရွာေဖြေနၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ေခၚယူထားတဲ့ မားကို႔စ္ ေယာ္ရန္ေတးကို သုံးႏိုင္သလို ထပ္မံအင္အားျဖည့္တဲ့အေနနဲ႔ ဒီႏွစ္မွာ တန္းတက္လာခဲ့ၿပီး တန္းဆင္းဇုန္ထဲ ေရာက္ေနတဲ့ မာေယာ့ကာရဲ႕ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူ အီဒရစ္ဆူး ဘာဘာကို ေခၚယူသြားဖို႔လည္း ရွိေနတာပါ။

ပါေတးနဲ႔ ေအးဂ်င့္ကုမၸဏီတစ္ခုတည္းက ကစားသမားျဖစ္ၿပီး ဂါနာလက္ေရြးစင္အသင္းေဖာ္လည္းျဖစ္တဲ့ အီဒရစ္ဆူး ဘာဘာဟာ ႏုိင္ငံအသင္းမွာ ႏွစ္ပြဲ ပါဝင္ကစားၿပီးသူလည္းျဖစ္သလို ႏွစ္ပြဲစလုံးမွာလည္း ပါေတးနဲ႔ တြဲဖက္ကစားခြင့္ရထားသူျဖစ္ၿပီး အက္သလက္တီကိုအေနနဲ႔ေတာ့ ယူ႐ို ၁၀ သန္းေလာက္နဲ႔ ေခၚယူသြားႏုိင္မယ္လို႔လည္း သိရွိရပါတယ္။

REF: THE BOOT ROOM & ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ ရှိနေပြီး ထပ်မံစည်းရုံးတော့မှာ မဟုတ်ဘဲ သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တစ်ဦးကို ချိတ်ဆက်နေပြီလို့ သိရပါတယ်။

ဝန်တ မက်ထရိုပိုလီတာနိုကွင်းမှာ ရှစ်နှစ်နီးပါးကစားခဲ့ပြီးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ဂါနာကွင်းလယ်လူဟာ အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချထားပြီးနောက်ပိုင်း အာဆင်နယ်အသင်းနဲ့ သတင်းတွေက တော်တော်လေးခိုင်မာနေတာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန် ရောက်တဲ့အထိ အေးအေးလူလူ စောင့်ဆိုင်းသွားဖို့လည်း ရှိနေပါတယ်။

တချို့သတင်းတွေအရတော့ အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ပါတေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားတယ်လို့လည်း ဆိုနေကြပြီး အက်သလက်တီကိုဘက်က သတ်မှတ်ထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၄၂ သန်းကို ပေးဖို့၊ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ သဘောတူညီအောင် ညှိနှိုင်းဆွေးနွေးဖို့ပဲ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။

အက်သလက်တီကိုကတော့ ပါတေးရဲ့ နေရာအတွက် ကစားသမားသစ် ရှာဖွေနေပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ခေါ်ယူထားတဲ့ မားကို့စ် ယော်ရန်တေးကို သုံးနိုင်သလို ထပ်မံအင်အားဖြည့်တဲ့အနေနဲ့ ဒီနှစ်မှာ တန်းတက်လာခဲ့ပြီး တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ မာယော့ကာရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ အီဒရစ်ဆူး ဘာဘာကို ခေါ်ယူသွားဖို့လည်း ရှိနေတာပါ။

ပါတေးနဲ့ အေးဂျင့်ကုမ္ပဏီတစ်ခုတည်းက ကစားသမားဖြစ်ပြီး ဂါနာလက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ အီဒရစ်ဆူး ဘာဘာဟာ နိုင်ငံအသင်းမှာ နှစ်ပွဲ ပါဝင်ကစားပြီးသူလည်းဖြစ်သလို နှစ်ပွဲစလုံးမှာလည်း ပါတေးနဲ့ တွဲဖက်ကစားခွင့်ရထားသူဖြစ်ပြီး အက်သလက်တီကိုအနေနဲ့တော့ ယူရို ၁၀ သန်းလောက်နဲ့ ခေါ်ယူသွားနိုင်မယ်လို့လည်း သိရှိရပါတယ်။

REF: THE BOOT ROOM & ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.